Review by Chaw

Review by Chaw

Share

Bon Voyage Chaw ����

10/10/2023

"ကိုယ်ချင်းစာတရား"

စာတွေ မရေးဖြစ်တာကြာပြီ။ စိတ်မပါတာက တစ်ကြောင်း ကိုယ့်ကိုယ်ကို ပြန်ရှာနေရတာ တစ်ကြောင်းနဲ့မို့ စာရေးဖို့ အချိန်မပေးနိုင်ခဲ့ဘူး။
မတရားခံနေရတဲ့ ရပ်ဝန်းကနေ ထွက်ပြေးခဲ့တဲ့ အချိန် ၊ တိုင်းတပါးမှာ ခေတ်မှီတိုးတက်နေတဲ့ပတ်ဝန်းကျင်မှာ တစ်ကိုယ်စာ သက်တောင့်သက်သာ နေနိုင်ခဲ့ပေမည့် စိတ်အေးလက်အေး နေနေရတဲ့ ကိုယ့်ဘဝကိုယ် မသတီခဲ့ဘူး။ အဲ့တော့ ကိုယ်နိုင်သလောက် ဝန်ကို ဝင်ထမ်းရင်း တရွေ့ရွေ့တော့ ရှေ့ဆက်ခဲ့သေးတာ တစ်နှစ်ကျော်သည်ထိပဲ။
အချိန် နှစ်နှစ်နီးပါးရောက်လာတော့ ကံကြမ္မာက တစ်မျိုးဖန်လာပြန်တယ်။ ပိုကောင်းဖို့လို့ပဲ ပြောရမယ်၊ လူစစ်ပွဲပေါင်းများစွာကို တွေ့ကြုံကျော်ဖြတ်အပြီးမှာ အတွေးတွေ အမြင်တွေ ရှုထောင့်တွေ အားလုံး အရင်နဲ့မတူ ပြောင်းလဲလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုတော့ သိပ်သတိမထားမိပေမည့် ကိုယ့်ကိုချစ်တဲ့ သူတွေရဲ့ သတိပေးစကားတွေကြောင့် ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖြစ်ခဲ့တယ်။
လုပ်လက်စ အလုပ်တွေ ယူထားတဲ့တာဝန်တွေကို အားလုံးရပ်ပြီး အပြည့်အဝ အနားယူပစ်လိုက်ဖို့ အကြံပေးခဲ့တဲ့ တစ်စုံတစ်ယောက်ကို ဒီနေရာကနေ အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။
ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်နေကြတာချင်းတူတူ အနစ်နာခံ ပေးဆပ်သူတို့ကို လေးစားအားကျမိပါတယ်။ ကိုယ်မှ သူတို့လောက် သတ္တိမရှိတာတော့ အမှန်အတိုင်း ဝန်ခံရဲပါတယ်။ ဒါပေမည့် ကိုယ်လျှောက်ခဲ့ရတဲ့လမ်းတိုင်းဟာလဲ ချောမွေ့တော့ မနေခဲ့ပါဘူး။ ကံကောင်းထောက်မစွာနဲ့ လဲနေချိန်တိုင်း ပြန်ထနိုင်အောင် ကူညီပံ့ပိုးပေးခဲ့တဲ့ မိသားစုနဲ့ ဆရာသမား မိတ်ရင်းဆွေရင်းများကြောင့် အကြိမ်ကြိမ်ပြန်လည် ရပ်တည်နိုင်ခဲ့တာပါ။
ကိုယ်ချင်းစာတရားလို့ ခေါင်းစဉ်တပ်ရတာက "ပြောမယုံ ကြုံဖူးမှသိ" ဆိုတဲ့ စကားစုလေးလိုပဲ ကိုယ်တိုင် ကြုံရမှ နားလည်နိုင်မည့် အဖြစ်အပျက်တွေကို စာပြန်စီမနေနိုင်တော့ပါဘူး။ ကိုယ်တိုင် သိစိတ်မှာရော မသိစိတ်မှာပါ မနည်းဖျောက်ဖျက်ထားရတဲ့ အတိတ်ဆိုးတွေမို့ပါ။
ဝေဖန်ရတာ လွယ်ပါတယ်၊ ကိုယ်တိုင်ကြုံရတဲ့အခါမှ ကိုယ်ချင်းစာနိုင်တာမို့ မကြုံဖူးသေးသူတွေကိုလဲ ကြုံပါစေလို့ ဆုမတောင်းရက်ပါဘူး။ လူတော် မဟုတ်ရင်တောင် လူကောင်းဖြစ်ချင်တဲ့ ကိုယ့်ရည်မှန်းချက်ကို ပြည့်ဝနိုင်ဖို့ တစ်ရွေ့ချင်း ရှေ့ဆက်ရင်း........စိတ်ရင်းနဲ့ကိုယ်ချင်းစာစိတ် မွေးနိုင်သူများ ဖြစ်ကြပါ‌စေလို့ ဆန္ဒပြုလိုက်ပါတယ်💝
စာကြွင်း - ငှက်သံလေးတွေကြားရင်း စာရေးရတာကို ကော်ဖီသောက်ရတာထက် ပိုစွဲလမ်းခဲ့တဲ့ နေ့ရက်များ ✍️ 📖

11/09/2023

Late Lunch!

Photos from Review by Chaw's post 22/08/2023

Time to eat 😋🤤😁

Photos from Dessert Bar Handmade Bakery's post 18/08/2023

Photos from The Luxe Corner's post 17/08/2023

Hugo လေးတွေ မိုက်စ်.....

Photos from The Luxe Corner's post 17/08/2023

Photos from Review by Chaw's post 17/08/2023

Best Chocolate for me 🤤 😋

Photos from Blissful Being's post 06/08/2023

💛🧡❤️🩵🩷🤍🖤🤎💜💙💚♥️🩶

Want your business to be the top-listed Beauty Salon in Dubai?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

UAE
Dubai
00000