With Love Ywet Nu

With Love Ywet Nu

Share

Beauty and Fragrance Ambassador of Hermes(Paris)-TRSS Abu Dhabi Duty Free 🧡🐎

Photos from With Love Ywet Nu's post 25/02/2026

TRSS is hiring..✨ Scan the QR code to apply. 😚

23/01/2026

🚨🚨🚨
TRSS is hiring..
Beauty & Fragrance ပိုင်းမှာအတွေ့အကြုံရှိတဲ့သူဆိုရင် Brand Ambassador position ကိုတန်းလျှောက်ကြည့်ပါ... မရှိပဲ တစ်ခြား Field ကဆိုရင်လဲ အတွေ့အကြုံရအောင် Sales professionals အနေနဲ့ လျှောက်ကြည့်ပါ
Good luck 🍀

02/12/2025

ဒီရေမွှေးနဲ့ပတ်သတ်ပြီးအမှတ်တရရှိတယ် သူ့ကို Launched လုပ်တဲ့အချိန်မှာ Hermes ရဲ့ပထမဆုံး eyeshadow palette တွေကိုလဲ launched လုပ်ဖို့ ပြင်နေတဲ့အချိန်ပေါ့ အဲအချိန်မှာ Hermes အတွက် Chinese-Speaker makeup Artist လိုတယ်ဆိုပြီး ကိုယ့်ကိုယ် second Interview မှာ ပြောတာ အဲဒါနဲ့ သူတို့ကိုသေချာပြောပြဖြစ်သေးတယ် ငါက Chinese ကို HSK level 1 နဲ့ 2 ပဲတတ်ထားတာ တကယ်လို့ ဒီပစ္စည်း ဘယ်လောက်လဲ duōshǎo qián? လို့မေးရင် ငါဖြေတတ်တယ်ဆိုပြီး ရှေ့မှာချထားတဲ့ Stapler ကိုကောက်ကိုင်ပြီး ပြောလိုက်တော့ အင်တာဗျုးလုပ်တဲ့ အမျိူးသမီးက Don’t worry, We will mention little chinese. တဲ့ တကယ်တော့ Chinese လဲလက်တွေ့မှာအရမ်းကြီးလိုအပ်မနေပါဘူး မလေ့လာပဲပစ်ထားတာကြာတော့အခုဆိုသင်ထားတာတွေတောင်လုံးဝမေ့နေပြီ
အဲလိုနဲ့ပဲ Third Interview အတွက် Hermes ရဲ့ Area Manager နဲ့ Sales Delegate က emailနဲ့ဆက်သွယ်လာတယ် အဲတုန်းက Sigma Beauty မှာ Beauty Advisor အနေနဲ့လုပ်နေတဲ့အချိန်ပေါ့ Faces, April Beauty တို့လိုဆိုင်အကြီးကြီးတွေမှာတာဝန်ကျတော့ အဲဆိုင်တွေကရေမွှေးလဲရောင်းတော့အဲကလူတွေဆီကလေ့လာ ကိုယ်လဲဝင်ရောင်း ဘလော့တွေရှာဖတ် ယူကျူကလေ့လာ အဲဒါတွေရဲ့ကျေးဇူးကြောင့် Hermes နဲ့အင်တာဗျုးမှာ Role play လဲကောင်းကောင်းလုပ်နိုင်တယ် မေးသမျှမေးခွန်းတွေဆက်တိုက်ကိုအထစ်အငေါ့မရှိ ဆက်တိုက်ဖြေပြီးတော့ အောင်မြင်သွားတာ...အဲအချိန်မှာ သူတို့ eyeshadow launched လုပ်ဖို့အတွက် Beauty ပိုင်းနိုင်တဲ့လူကလဲလိုနေတယ် ကိုယ်နဲ့အတူ ပြိုင်ဖက်တွေလဲအများကြီးပေါ့ အာရဗစ်တွေလဲပါတယ် သိတဲ့အတိုင်းသူတို့က ဒီလောကကိုစိုးမိုးထားတာလေ (Beauty Field) အခုအချိန်ထိ ဘာမဆိုသိချင်ရင် YouTube, Instagram, Google ကနေအကုန်လေ့လာတယ် အဲအကျိူးဆက်တွေကြောင့်ဒီအလုပ်ရလာတာပဲ...အလုပ်ကိုသူများထက်လဲပိုကြိုးစားပြတယ် မြန်မာဆိုပြီး အတွေ့အကြုံနည်းတယ်ဆိုပြီး နှိမ်လို့မရအောင် အထင်မသေးအောင် အဲဒါကြောင့်စိတ်လဲတအားပင်ပန်းပြီးအလုပ်ထွက်ချင်တဲ့အချိန်တွေလဲရှိတယ် ဘာရယ်မဟုတ်ဒီရေမွှေးကို မြင်တော့အရင်ကအကြောင်းတွေပြန်စဉ်းစားမိတာ အခူတော့ Hermes နဲ့ လက်တွဲတာ ၂ နှစ်ကျော်လာပြီပေါ့ တကယ်ကောင်းတဲ့ဘရန်းပါ 🫠 နောက်ထပ် ဒီကနေ တစ်ခြားဘရန်းပြောင်းရမယ်ဆိုရင် နောက်ထပ်လုပ်ချင်တဲ့ ဘရန်းအကြီးကြီး နှစ်ခုရှိတယ်. 😬

12/09/2025

Apparel Group က hiring လုပ်နေပါတယ် လိုအပ်တဲ့သူတွေအလုပ်ရပါစေ အောက်က QR code လေး scan ဖတ်ပြီးတော့ CV share လိုက်နော် AUH နဲ့ Al Ain အတွက်ပါပဲနော်
We are hiring for the below positions. Great Opportunity to refer your friends and contacts who are available in UAE.😊

*Available Positions:*
Store Manager, Assistant Store Manager, Beauty Advisor, Sales Associate, Stock Coordinator

📍 *Locations: Abu Dhabi & Al Ain only*

👉 Scan the QR Code below and share your profile!

03/09/2025

ထိရောက်တဲ့နည်းလမ်းနဲ့ CV aka Resume လုပ်နည်း
-အလုပ်လျှောက်တိုင်း CV က word or JPG ဖြစ်နေရင် PDF file အနေနဲ့ပြောင်းပါ
-ကြည်လင်ပြတ်သားပြီး professional ကျကျရိုက်ထားတဲ့ passport size ဓာတ်ပုံ CVအတွက်ရိုက်ပါ
-CV ထဲရိုက်တဲ့ font တွေက simple ဖြစ်ပါစေ ညီညာပါစေ
-ဖတ်တဲ့သူလွယ်ကူစေရန် Section ခွဲခြင်း, Bullet points လေးတွေ ထည့်ခြင်း, Heading (ခေါင်းစဉ်) ကို ထင်ထင်ရှားရှားရေးခြင်း..

အပေါ်ကအချက်တွေနဲ့ ညီတဲ့ CV ဟာအလုပ်လျှောက်တဲ့အခါကိုယ့်ကိုယ်သူများတွေနဲ့ကွဲထွက်စေမှာပါသေချာပါတယ် CV က First impression ပါ သေချာလေးလုပ်တတ်ကြပါစေ

With Love Ywet Nu

Photos from With Love Ywet Nu's post 27/08/2025

A new launched Barenia Eau De Parfum Intense..
more powerful, more mysterious, Hermes Chypre…🫶🏻
I am already in love…🫠

Photos from With Love Ywet Nu's post 27/08/2025

မင်္ဂလာပါ ဒီပိုစ့်လေးကတော့ ယူအေအီးမှာရောက်နေတဲ့ Beauty (makeup,skincare) and Fragrance ပိုင်းကို စိတ်ဝင်စားတဲ့ မြန်မာလူမျိူး မိန်းကလေးရော ယောကျာ်းလေးအတွက်ပါရည်ရွယ်ပါတယ်. အခူနောက်ပိုင်း Beauty and Fragrance field မှာလုပ်နေတဲ့သူဆိုရင် ဒီအောက်ကပုံမှာပြထားတဲ့ Brand ကြီး ၃ ခု ဒီနိုင်ငံ(UAE) မှာလာဖွင့်တာ သိကြမှာပါ။ Letoile က တစ်လကို ၆၀၀၀ ကစပေးတယ်လို့ကြားထားပါတယ် ကျန်တဲ့နှစ်ဆိုင်က ဘယ်လောက်ပေးလဲတော့မသိသေးပါဘူးရှင်။ ပြောချင်တာကတော့ အဲဒီ Brand ကြီး ၃ ခုကို LinkedIn သွား search box မှာရိုက်ထည့်ပြီးတော့ Follow လုပ် Job alert 🚨 create လုပ်ပါ... Job alert create လုပ်တာ လွယ်ပါတယ် ကိုယ့်လျှောက်ချင်တဲ့ position ကိုရိုက်ထည့် ကိုယ်လုပ်ချင်တဲ့ location city ကိုရွေး.. ဒါပါပဲ.. သူတို့ hiring ရှိရင် ကိုယ့်ဆီမှာ Noti လာတတ်ပါတယ် အဲအခါသူများထက်ဦးအောင် လျှောက်ပေါ့ လက်သွက်ဖို့နဲ့ CV ကောင်းဖို့တော့လိုပါတယ် အခုမှ beauty field ကိုစဝင်မယ့်လူဖြစ်ဖြစ် ရောက်ထားပြီးသားလူပဲဖြစ်ဖြစ် လျှောက်လို့ရပါတယ် try ကြည့်ပေါ့ အကျိုးမယုတ်ပါဘူး X beauty ကတော့ အခုလောလောလတ်လတ်ကို hiring တွေရှိနေပါတယ် အင်တာဗျုးရခဲ့ရင်လဲ ဆိုင်ထဲဝင်လေ့လာပါ ဘာဘရန်းတွေရှိလဲ ဘယ်နိုင်ငံက franchise ယူထားတာလဲဆိုတာမျိုးလေးတွေ...Beauty and Fragrance field က မထင်ထားလောက်အောင် Demand များတဲ့ field ပါ ဒါကြောင့် သင်ကအခုမှ ဒီ field ထဲစလှမ်းဖို့ရှိတယ်ဆိုရင် လစာနည်းသည် များသည်မကြည့်ပဲ စသာစလိုက်ပါရှင်...စာရေးသူကိုယ်တိုင်လဲအဲလိုပဲစခဲ့ပြီးတော့ နှစ်လပဲလုပ်ရသေးတယ် ဘရန်းပေါင်းများစွာက Interview တွေရခဲ့ပါတယ် ကိုယ်ကချည်း ခေါင်းခေါက်ရွေးခဲ့တာပါ... မှန်သောစကားပါ... ဒါကြောင့် ဘယ်လောက်လစာနဲ့ ဖြစ်ဖြစ် အတွေ့အကြုံယူတယ် stepping stone လို့သဘောထားပြီး ဒီ field ထဲကို ဘယ်အပေါက်ကရရ ဝင်ခဲ့ကြပါလို့ဖိတ်ခေါ်ရင်း...
With Love Ywet Nu 😘

27/08/2025

Hello Guys, 🚨🚨🚨
Emirates is hiring. Emirates group career page ကို သွားပြီး sign up လုပ်လျှောက်ပါ အလုပ်တွေ အများကြီးခေါ်နေပါတယ် link ကို comment section မှာချပေးထားပါတယ်...🍀

19/08/2025

The besttt sunscreen I have ever tried…
Last skincare step မှာသုံးပါတယ် အဲအပေါ်ကနေ မိတ်ကပ်လိမ်းရင် မိတ်ကပ်ကတော်တော် Glow တယ် ပြီးတော့မျက်နှာက ပိုပြီး နူးညံ့ပြီး အသားအရည်က bouncy ဖြစ်နေသလို ရေဓာတ်ပြည့်နေသလိုခံစားရတယ် မယုံရင်သုံးကြည့်... Beauty of Joseon က sun protection တွေကအရမ်းကောင်းလို့ နဂိုထဲက နာမည်ကြီးပြီးသားပါ ဒီပုံထဲကပြထားတဲ့ Aqua Fresh က SPF 50 PA++++ ပါပြီး combination/oily skin type သမားတွေ Acne Prone skin သမားအတွက်တော်တော်အဆင်ပြေပါတယ် (tried and tested on my acne prone skin type)
Highly recommended ပါ တစ်ဘူးကို ဝယ်တူန်းက ဒဟမ်း ကိုးဆယ်ကျော်ပေးခဲ့ရတယ် အခုတော့ Myaster app မှာ 69.3 AED နဲ့ဈေးချထားတာတွေ့ရတယ် အမြဲတန်းသုံးဖြစ်တော့မယ့် မရှိမဖြစ် sun protection ပါ 🥰

17/08/2025

ဘယ်လောက်တောင်ကြိုက်သလဲဆိုတာလေ စာဖွဲ့ပြလို့တောင်မရလို့ အမြန်ဆုံးသွားဝယ်ပြီး သုံးကြည့်လိုက်ပါလို့ Highly recommended..🥰

08/08/2025

💥💥💥 FYI
Hiring!!! ဒီလိုရှယ်ပေးလို့တကယ်အလုပ်ရသွားတဲ့မြန်မာတွေရှိလို့ ဝိုင်းရှယ်ချင်းဖြစ် ကုသိုလ်ယူပါ... Job description ကိုသေချာဖတ်ပါ အဆုံးမှာ email address ပါ ပါတယ် CV ကောင်းကောင်းပြင်ပါ ပုံလှလှ pro ကျကျရိုက်ပါ Tips💥 သူတို့ကိုယ့် email မြင်နိုင်အောင် Monday to Friday 9 am onwards ရုံးချိန်းအတွင်းလျှောက်ပါ အင်တာဗျူး call မရမချင်း ဇွဲရှိရှိ လျှောက်ပါ email ပို့ရင်လဲ CV ကြီးပဲမပို့ပါနဲ့ Intro လေးရေးပါ အရှည်ကြီးရေးဖို့မလိုပါ ၅/၆ ကြောင်းလောက်ရေးနိုင်ရင်ရပါတယ် CV မှာ Cashier ကိုကျွမ်းကျင်စွာကိုင်နိုင်ကြောင်းရေးပါ အဓိက Sales pro က cashier and Customer service ပိုင်းပါ...
Link in the comment section to apply…

Want your business to be the top-listed Beauty Salon in Dubai?
Click here to claim your Sponsored Listing.

Telephone

Website

Address

Al Rigga
Dubai