Mayu Foundation

Mayu Foundation

Share

Create your career, Transform your life

Photos from Mayu Foundation 's post 11/03/2026

We support not only skills for career but also skills in your subconcious mind.

သင်၏မသိစိတ်ထဲက အမြူတည်၀ါသနာတိကို
ထောက်ပံ့ပီးလျက်ဟိပါရေ

#သံစဥ်ချိုမြMRCတေးဂီတ

Photos from Mayu Foundation 's post 10/03/2026

Your oppotunity is right at the door.
အခွင့်အရီးဆိုစွာ နှစ်ခါမလာ
ရဟိနီရေ အချိန်အခါကောင်းမှာ သင့်၏
အရည်အသွီးကို MRC မှာ မြှင့်တင်လိုက်ပါ။

Photos from Mayu Foundation 's post 08/03/2026

ကရာတေး အားကစပ်နည်းနှင့် လူငယ်များ၏ ကိုယ်စိတ်နှစ်ခုလုံး ကျန်းမာရီးတိကို စောင့်ရှောက်မြှင့်တင်ပီးခြင်း။

08/03/2026

ဇာအချိန်မဆို ကြုံလာရနိုင်ရေ အနာဂတ်စိန်ခေါ်မှု ပြဿနာတိဆိုစွာ လူငယ်တိုင်းအတွက် အချိန်တိုင်းမှာ အသင့်စောင့်ကြိုပနာ ဟိနီတတ်ပါရေ။ အခက်အခဲများ၏ အရွိတစ်ခုအတွက် ကျော်လွှားမှုတိုင်းမှာ အရီအသွီးတိနန့် အရည်အချင်းတိကို တည်ဆောက်ထားဖို့ လိုအပ်ပါရေ။

ဒေပုံထဲက မြင်ကွင်းချေကတော့ခါ အနာဂတ်အတွက် အိမ်စာ သို့မဟုတ် အနာဂတ်အတွက် လက်တွိပြင်ဆင်မှုတိထဲက ခေတ်နန့်အညီ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစိုင်တခုပါယေ။ ယင်း အခွင့်အရီးချေတစ်ခုကို သင့်အတွက်လေ့ လိုအပ်တေဆိုကေ ကရို့ Classroom ထဲကနီ ကြိုဆိုပါရေ။
Final English Test

08/03/2026

Final English Test

08/03/2026

MAYU FOUNDATION – Mayu Regional Centre (MRC)
ဂုဏ်ယူစွာဖြင့် ဖွင့်လှစ်ထားဟိသော ပရိုဂရမ်
🎓 သင်တန်းအမည်
လူငယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (YPDP) – အပတ်စဉ် (၂)

🎯 တက်ရောက်သင့်သူများ
🟢 အသက် (၁၈) မှ (၂၆) နှစ်အတွင်းရှိ လူငယ်များ
🟢 တက္ကသိုလ်ကျောင်းသား/သူများနှင့် ဘွဲ့ရလူငယ်များ
🟢 အနာဂတ်တွင် သင်တန်းဆရာနှင့် ခေါင်းဆောင်ဖြစ်လိုသူများ
🟢 အင်္ဂလိပ်စာ + ခေါင်းဆောင်မှု + လုပ်ငန်းခွင်ကျွမ်းကျင်မှုများကို သင်ယူလိုသော လူငယ်များ

🌟 “သင်၏စွမ်းဆောင်ရည်ကို မြှင့်တင်ပါ၊ သင်၏အနာဂတ်ကို ပြောင်းလဲပါ”

🕹️ အစီအစဉ် မိတ်ဆက်
လူငယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (YPDP) – အပတ်စဉ် (၂)
ဤအစီအစဉ်သည် အောက်ပါအရည်အချင်းများ ပေါ်ထွက်လာစေရန် စနစ်တကျ ရေးဆွဲထားခြင်း ဖြစ်သည် -
🏳️ မိမိကိုယ်ကို ယုံကြည်မှုရှိသော လူငယ်ခေါင်းဆောင်များ
🏳️ ကျွမ်းကျင်သော သင်တန်းဆရာများ (TOT)
🏳️ အနာဂတ် စီမံခန့်ခွဲသူများ
🏳️ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်သော လူငယ်ပညာရှင်များ

🕹️ အဓိကဘာသာရပ် ရွေးချယ်နိုင်မှု (Major Options)
🔷 မိမိစိတ်ဝင်စားရာ အဓိကဘာသာရပ်ကို ရွေးချယ်ပါ -
၁။ ဆရာဖြစ် သင်တန်း (TOT)📌
အနာဂတ်တွင် သင်တန်းဆရာ၊ ပညာပေးသူနှင့် လမ်းညွှန်ပြသသူ ဖြစ်လိုသူများအတွက်။

၂။ စီမံခန့်ခွဲမှု ကျွမ်းကျင်မှု (Management Skills)📌
အနာဂတ်တွင် ခေါင်းဆောင်များ၊ မန်နေဂျာများနှင့် စီမံကိန်း ညှိနှိုင်းရေးမှူး ဖြစ်လိုသူများအတွက်။
🔗 ပူးတွဲသင်ကြားပေးမည့် ဘာသာရပ်များ (Minor Subjects)
💡 ကျောင်းသားတိုင်း အောက်ပါတို့ကို သင်ယူရမည် -
* အင်္ဂလိပ်စာ အထူးသင်တန်း (Level A2 to B1)
* လူမှုဘဝ ကျွမ်းကျင်မှုများ (Life Skills)
* ကွန်ပျူတာ အခြေခံသင်တန်း
* လူမှုသဟဇာတဖြစ်ရေး သင်တန်း (Social Cohesion)

YPDP သို့ဇာကြောင့် တက်ရောက်သင့်လဲ?

🔥 သင်ရို့ရရှိမည့် အကျိုးကျေးဇူးများ -
✔ ပရော်ဖက်ရှင်နယ် ဆက်သွယ်ပြောဆိုမှု ကျွမ်းကျင်မှုများ
✔ ခေါင်းဆောင်မှုနှင့် လူရှေ့သူရှေ့ စကားပြောဆိုနိုင်မှု ယုံကြည်ချက်
✔ လက်တွေ့ကျသော ကွန်ပျူတာ ကျွမ်းကျင်မှုများ
✔ လူမှုရေး တာဝန်ယူမှုနှင့် အသင်းအဖွဲ့ဖြင့် လုပ်ဆောင်နိုင်စွမ်း
✔ အလုပ်အကိုင် အခွင့်အလမ်းနှင့် လုပ်ငန်းခွင် အသင့်ဖြစ်မှု
> ဤအစီအစဉ်သည် သင်တန်းတစ်ခုမျှသာ မဟုတ်ဘဲ သင်၏ ဘဝခရီးလမ်းကို ပြောင်းလဲပေးမည့် အခွင့်အလမ်းတစ်ခု ဖြစ်သည်။

သင်တန်း အသေးစိတ်
📍 စီစဉ်သူ - MRC
📅 အပတ်စဉ် - (၂)
🗓 လျှောက်လွှာပိတ်ရက် - ၁၀.၄.၂၀၂၆
📝 သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန်
🕒 သင်တန်းကာလ - (၁၀) လ

🚨 လူဦးရေ ကန့်သတ်ထားပါသည်။
အရင် လျှောက်ထားပြီး သင်၏ အနာဂတ်ကို စိတ်ချစွာ တည်ဆောက်လိုက်ပါ။
Telegram ဆက်သွယ်ရန် -
📍 ရုံးခန်းလိပ်စာ - ဘူးသီးတောင်မြို့
📧 အီးမေးလ် - [email protected]

YPDP Batch 2 တွင် တက်ရောက်နိုင်ရန်
သတ်မှတ်ထားသော စံနှုန်းများ

၁။ စနစ်ဟောင်းဆယ်တန်းအောင်နှင့်အထက်၊ စနစ်သစ် ၁၂ တန်းအောင်ရမည်။

၂။ သင်တန်းကာလတစ်ခုလုံး ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

၃။ လူမျိုးဘာသာမခွဲခြားဘဲ စုပေါင်းနီထိုင်နိုင်သူဖြစ်ရမည်။

၄။ Internship ကာလတွင် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း အလုပ်လုပ်နိုင်သူဖြစ်ရမည်။

၅။ MRC ​မှ အခါအားလျော်စွာချမှတ်သော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်

Want your business to be the top-listed Beauty Salon in Dhaka?
Click here to claim your Sponsored Listing.

Category

Website

Address

Dhaka
1212