Wai Hlan Myanmar
မဂ်လာပါဗျာ🙂🙂🙂
ကောင်းသော်နေ့လေးဖြစ်ပါစေ🙏🙏🙏
အဲ့ဒီကောင်မလေးလေ ...
ပြုံးယောင်သမ်းနေတဲ့
နှုတ်ခမ်းပါးလေးအောက်မှာ
နာကျင်စရာတွေအများကြီးကို
ဖိကိုက်ထားတတ်တယ်
ပျော်ချင်ယောင်ဆောင်ထားတဲ့
မျက်၀န်းတစ်စုံက
တစ်နေရာရာကို ငေးပြီး
မျက်ရည်တွေ လဲ့နေတတ်တယ် ။
ဘာဖြစ်နေလဲမေးရင်
အဆင်ပြေတယ်ဆိုတဲ့ အဖြေပဲ
ပေးတတ်တဲ့
ကောင်မလေးပေါ့
တစ်ခုခုဆို
မြိုသိပ်မထားနဲ့လေဆိုပြီး
အားပေးတတ်သလောက်
သူကျ အများကြီး မြိုသိပ်ထားတတ်တယ်
အဆင်ပြေသွားမှာပါဆိုတဲ့
စကားတွေနဲ့
နှစ်သိမ့်ပေးတတ်သလောက်
သူကိုယ်တိုင်ကျ
အထီးကျန်နေတတ်တယ် ။
အဲ့ဒီကောင်မလေးပေါ့ ...
အဲ့ဒီကောင်မလေးကလေ ...
ပါးလျလျ နှုတ်ခမ်းလေးပိုင်တယ်
လောကကြီးကပေးတဲ့
လောကဓံကြမ်းကြမ်းကို
ခပ်ပြုံးပြုံးလေး ကျော်နိုင်ဖို့
ကြိုးစားနေတယ်
ဒီလောက်ပဲပေါ့ ...
ပျော်တယ် မပျော်ဘူးဆိုတဲ့
စကားတွေ အများကြီးမသုံးတော့သလို
အဲ့ဒီအရာတွေက
သူနဲ့ မသက်ဆိုင်သလိုမျိုး
ခပ်ချေချေလေး ...
ဖြတ်သန်းတယ် ။
ဒီလောက်ပါပဲ ...
#ကျေးကို
ကျွန်တော် အသည်းကွဲတုန်းကဆိုရင်လေ ...
ခင်ဗျား လူတစ်ယောက်ကို
သည်းသည်းမည်းမည်း ချစ်ခဲ့ဖူးလား
ဒါဆို ...
ခင်ဗျားလဲ ကျွန်တော့်လို
နာကျင်ခဲ့ရမှာပဲနော်
ကျွန်တော်တို့က
ချစ်ခဲ့တဲ့ နှစ်တွေကြာတယ်
ပြီးတော့လေ ...
မက်ခဲ့တဲ့ အိပ်မက်တွေများတယ်
ထားခဲ့တဲ့ မျှော်လင့်ချက်တွေများတယ်
သူကလဲ သိပ်ချစ်ခဲ့ဖူးတာ
ကျွန်တော်ကလဲ
သိပ်ချစ်ခဲ့ရတာ
ဒါပေမယ့်
အဆုံးသတ်တွေကတော့
လမ်းခွဲခြင်းတွေပဲပေါ့ ။
ကျွန်တော်
ဆွဲထားခဲ့သေးတယ်
ထွက်မသွားဖို့
အများကြီး တောင်းပန်ခဲ့ဖူးသေးတယ်
ထွက်မသွားရင်ပြီးရောဆိုတဲ့စိတ်နဲ့
ရပ်နေမိသေးတယ်
ဒါပေမယ့်လေ
ကိုယ့်အရှေ့မှာ သူငိုနေတဲ့
မျက်ရည်တွေကိုကြည့်နေရတာ
ပိုနာကျင်ရတယ်လေ
ကိုယ်သာ သူ့အနားက ထွက်သွားရင်
သူ ပျော်ရမှာ
ဒါပေမယ့်
ကိုယ်တော့ အသည်းတွေကွဲရမယ်ပေါ့
နောက်ဆုံးတော့ ...
အသည်းကွဲရမယ့် လမ်းကိုပဲ ရွေးရုံတတ်နိုင်ခဲ့တာလေ
ကျွန်တော် ...
အသည်းကွဲတုန်းကဆိုရင်လေ
အနာဂတ်တွေဟာ
ပျောက်ရတယ်
သူနဲ့အတူဆိုပြီး မက်ခဲ့တဲ့အိပ်မက်တွေအားလုံးကို
ရင်နာနာနဲ့ မေ့ပစ်ရတယ်
ဒီလောက်နှစ်တွေ အကြာကြီးမက်ခဲ့တာလေ
ကိုယ့်အတွက်ဆိုပြီး
သီးသန့် ဘယ်ရှိပါ့မလဲ
အဲ့တော့ ...
အိပ်မက်တွေ အားလုံးဟာ တကယ်ပဲ ပျောက်ရတယ်
မနက်နိုးလာတယ်
ညတွေ မိုးချုပ်သွားတယ်
လုပ်ရမယ်ဆိုတဲ့ အရာကိုလုပ်တယ်
ဒီလောက်ပဲ
ငါ ဘာလုပ်ချင်တယ်
ငါ ဘာစားချင်တယ်ဆိုတဲ့
အိပ်မက်လေးတောင်
နည်းနည်းလေး ရှိမနေတော့ဘူး
အဆင်ပြေပါတယ်ဆိုတဲ့
စကားကို သုံးတယ်
ဘယ်သူနဲ့ မတွေ့နိုင်တဲ့
အခန်းကျဥ်းလေးထဲမှာထိုင်တယ်
ဒီလိုနဲ့ ရက်တွေ ရက်တွေ
ကုန်သွားခဲ့တာ
တစ်နေ့လုံး နေတာအကောင်း
သူ့အကြောင်း ခေါင်းထဲ ၀င်လာရင်
ဖုန်းဆက်ချင်တဲ့စိတ်တွေရယ်
စာပို့ချင်တဲ့စိတ်တွေရယ်က
ထိန်းမနိုင်သိမ်းမရနဲ့
နောက်ဆုံး
ကိုယ်ပဲ မအိပ်နိုင်ဖြစ်ရတာမျိုးလေ
ထားပါတော့ ...
ကျော်ဖြတ်ခဲ့တာ ဘယ်ဟုတ်ပါ့မလဲ
နှစ်တွေ အများကြီးကို
ဒီတိုင်း ကျော်လွန်ခဲ့ကြတာပါ
အချိန်ကြာလာလို့
နည်းနည်းလေး နေနိုင်လာတာလောက်ရှိတာပါ
နေသားမကျသေးဘူး
ပြီးတော့ အနာမကျက်သေးဘူး
ပြီးတော့ မမေ့နိုင်သေးဘူး
ဒါပေမယ့်
လွမ်းပါတယ်ဆိုပြီး
မဆိုင်တော့တဲ့ လူတစ်ယောက်ကို
တမ်းတနေလို့လဲ မရဘူး
ချစ်ပါတယ်ဆိုပြီး
ပြောပြနေလို့လဲ မဖြစ်ဘူးလေ ...
ပိုချစ်တဲ့သူက ပိုနာကျင်ရတယ်ဆိုတဲ့
စကားဟာလဲ မှန်တယ်
ပိုမျှော်လင့်မိတဲ့သူက ပိုခံစားရတယ်ဆိုတဲ့
စကားဟာလဲ မှန်တယ်
အများကြီး ရင်းထားတဲ့လူက
ဘ၀နဲ့ရင်းပြီး ရှုံးရတယ်ဆိုတာကလဲ
မှန်တယ် ...
ထားပါ .. သင်ခန်းစာပဲပေါ့
ဒါပေမယ့်
နှလုံးသားတစ်ခုလုံး ရင်းရဲ့ရတာတော့ မတန်ဘူး
မျက်ရည်တွေ အများကြီးကုန်ခဲ့ရတာတော့ မတန်ဘူး
#ကျေးကို
ကျေးဇူးပြုပြီးတော့ ဘယ်တော့မှ ပြန်မလာပါနဲ့တော့ ...
ဘယ်တော့မဆို မျှော်နေရခြင်းတွေကိုပဲ အမြဲထွေးပွေ့ထားမိတဲ့ အချိန်တွေကို လွှတ်ချချင်နေပြီသိလား ။ မျှော်လင့်ချက်လေးပေးခဲ့မယ် ပြီးရင် အချိန်တွေ အကြာကြီးထပ်ပြီးတော့ ပျောက်သွားမယ် ပြီးရင် အရမ်းပဲ ကြင်နာသလို စကားလုံးချိုချိုလေးတွေသုံးမယ် ။ အဲ့ဒီနည်းနဲ့ ထပ်ပီးနာကျင်စေဥိးမယ်ပဲ မဟုတ်လား ... အဲ့လို လုပ်မယ်ဆိုတာကို သိသိရဲ့နဲ့ အမြဲတစေခွင့်လွှတ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်ကိုလေ နင် အမှတ်မရှိတာလားဆိုပြီး မှန်ကြည့်တိုင်း မေးနေမိတယ် ။
လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်က ချစ်ခဲ့တယ်ဆိုတာကို ထားလိုက်ချင်ပြီ မေ့ထားလိုက်ချင်ပြီ ဒါမှမဟုတ် မင်းကို အပြီးတိုင် ပျောက်သွားစေချင်ပြီ .. တချို့ရက်တွေမှာ မနည်းနေနိုင်အောင် နေနေရတာ ဒါပေမယ့် ပြန်ပေါ်လာရင် အရင်ကထက် ပိုချစ်လာမိတာပါပဲ ... ဘယ်တော့မှ မချစ်တော့ဘူးဆိုပြီး တွေးလိုက်မိရင် အရင်ကထက် ပိုလွမ်းလာတတ်တဲ့ နှလုံးသားကလည်း ကိုယ့်ကို သစ္စာတွေဖောက်တယ် ...
ဒီတစ်ခါ ဝေးခဲ့ခြင်းက အဆုံးတိုင် ဝေးသွားခြင်းတွေပဲ ဖြစ်စေချင်နေတော့တယ် သိလား ... နေနိုင်သွားလို့လည်း မဟုတ်ဘူး မချစ်တော့လို့လည်း မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် မနိုင်ခြင်းတွေနဲ့ ကိုယ့်ဘ၀ကိုယ် မနည်း ပြန်တည်ဆောက်ရမှာမို့ပါ ... ခင်ဗျားပြန်ပေါ်လာရင် ခင်ဗျားအဆင်ပြေရဲ့လားဆိုတဲ့ အတွေးတွေနဲ့ ဆက်ပြီး လုံးပါးပါးနေဖို့များတယ် ... ကျွန်တော့်ကို အရင်လိုပြန်ချစ်မှာပါဆိုပြီး ရူးနေမိမှာလည်း စိုးတယ် ... မချစ်ပဲ နေနိုင်အောင် နေကြည့်ပါသေးတယ် မလွမ်းပဲ နေနိုင်အောင် နေခဲ့ပါသေးတယ် ဒါပေမယ့် အရာရာမှာ ခင်ဗျားပဲ ရှိတာမို့ ...
တစ်ခုခုဆို အရင်လို တတွတ်တွတ်ပြောပြချင်နေမိတဲ့စိတ်တွေကို ထိန်းထားရတာ ဘယ်လောက်ခက်ခဲလည်းဆိုတာကို သိရဲ့လား ... ခင်ဗျားချော့မသိပ်ပဲ မအိပ်တတ်တဲ့ ဒီလူက ညတွေအိပ်ပျော်ဖို့ကို အိပ်မရတဲ့ ညတွေအများကြီးကို ဖြတ်သန်းခဲ့ရတာ ... ဘာဖြစ်နေလဲဆိုပြီး ဘယ်တုန်းကမှ မမေးခဲ့တာကိုတောင် ဒီနေ့လေဆိုပြီး အစချီပြီး ပြောပြချင်နေမိတာ ... အဲ့ဒီအကျင့်တွေဟာ လွယ်လွယ်လေး ပျောက်သွားဦးမယ် မထင်ဘူးမလား ...
တစ်သက်လုံး အနားရှိနေမှာပါဆိုတဲ့ ကတိတွေ မတည်ချင်နေပါကွာ .. တစ်သက်လုံးချစ်နေမှာဆိုတဲ့ ကတိတွေကို ဖောက်ဖျက်ပြီးသွားပြီဆိုရင်လည်း ထားပါကွာ ... ဒါပေမယ့် ဒီတစ်ကြီမ်မှာပဲ နောက်ဆုံးသော ကတိလေးတစ်ခုပဲ တောင်းမယ် ... ကျေးဇူးပြုပြီးတော့ ဒီတစ်ကြိမ်ဝေးပြီးသွားရင် ကျွန်တော်တို့ ဘယ်တော့မှ ပြန်မဆုံကြရအောင်လား ... ကျေးဇူးပြုပြီးတော့ ဒီလူဆီကို နောက်တစ်ကြိမ် ပြန်မလာပါနဲ့လား ... နောက်တစ်ကြိမ်ဆိုရင်လည်း ခင်ဗျားကို ချစ်မိသွားမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိနေလို့ ခင်ဗျားကို အနူးအညွှတ်တောင်းပန်နေခြင်းပါပဲ ...
#ကျေးကို(ရင်နှင့်ရင်း၍ ရေးသည်)
တိတ်ဆိတ်ပေးလိုက်တယ်နော် ...
စာတွေ မပို့တော့ဘူးကလေး
ဖုန်းတွေ မဆက်တော့ဘူး ကလေး
မင်းပျော်နေမယ်ထင်လို့
ပျော်နေသလိုပဲ
နေခိုင်းလိုက်တာပါ
ချစ်လားဆိုတဲ့
မေးခွန်းတွေမေးပြီး
ဘာလို့ အပင်ပန်းခံနေတော့မှာလဲ
မလွမ်းဘူးလားမေးပြီး
ဘာလို့
ညာခိုင်းနေတော့မှာလဲ
ပျော်သလိုပဲနေပါ ...
အရင်လိုပဲ
ပျော်နေပါ
ခဏဆုံခဲ့တယ်ပေါ့
သဘောထားချင်းမတိုက်ဆိုင်လို့
လွဲခဲ့တယ်ပေါ့
ဒီအဖြေကပဲ
အကောင်းဆုံးဖြစ်မှာပါ ။
#ကျေးကို
😺💔
ကျွန်ုပ်ရဲ့🌍ကြီး☺☺
02/08/2022
အကျိုးရရှိပါက နောက်ထပ် ရှယ်ပေးပါနော်💪🏻💪🏻💪🏻🙏🙏🙏
သင်ရော Duck Syndrome ကို ခံစားနေရပြီလား သုံးသပ်ပါ
*ဘဲတစ်ကောင်ရေကူးနေတာကို မြင်ယောင်ကြည့်ပါ
ဘဲလေးဟာ ရေပေါ်မှာ တည်တည်ငြိမ်ငြိမ် သွားလာနေပေမယ့် ရေအောက်မှာတော့ သူ့ရဲ့ခြေထောက်က အဆက်မပြတ် ကူးခတ်နေရပါတယ်
အခုခေတ် Social Media တွေ ပေါ်လာတဲ့အခါ လူတော်တော်များများလည်း Duck Syndrome ကို ခံစားလာရပါတယ်
ဘာကြောင့်လဲ?
လူတိုင်းက သူတို့ရဲ့ အပေါ်ယံကောင်းကွက်တွေချည်းပဲ Social Media ပေါ်မှာ တင်ကြပါတယ်။
*ဆိုင်ကောင်းကောင်းမှာ ညစာသွားစားတဲ့ပုံတွေတင်တယ်
* iPhone, လက်ကိုင်အိတ် ဝယ်လိုက်တဲ့ပုံတွေ တင်ကြတယ်။
*Luxury ခရီးတွေ ထွက်နေတဲ့ပုံတွေတင်ကြတယ်။
*Surprise လက်ဆောင်ရတဲ့အကြောင်း ရေးတင်ကြတယ်။
*ဝင်ငွေဘယ်လောက်ရကြောင်း၊ မိဘကို ဘယ်လိုပြုစုကြောင်း တင်ကြတယ်။
စသဖြင့် လူအများစု တင်လိုက်တဲ့ Post တွေရဲ့ 95% က အကောင်းတွေချည်းပါပဲ။
~Psychologists တွေရဲ့ စကားနဲ့ပြောရရင် လူတိုင်းက သူတို့ဘဝရဲ့ highlight တွေကိုပဲ social media ပေါ် တင်ကြတာပါ~
ဒီလိုမျိုး လူအများရဲ့ ကောင်းကွက်တွေကို မြင်တွေ့ရဖန်များလာတဲ့အခါ လူတိုင်းရဲ့ စိတ်ထဲမှာ သူများတွေဘဝက သာယာလိုက်တာ၊ အပူအပင်ကင်းလိုက်တာ လို့တွေးမိပြီး ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်လာကြတယ်
ဒါဟာ Duck Syndrome ပါပဲ။
Social Media ပေါ်က သူများတွေရဲ့ ကောင်းကွက်တွေကို မြင်ရလေလေ ကိုယ့်ဘဝကိုယ် မကျေနပ်၊ အားမရဖြစ်လာလေလေပါပဲ
စိတ်ပညာလေ့လာမှုတွေအရ Social Media အသုံးများတဲ့လူတွေမှာ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေကို Social Media သိပ်မသုံးတဲ့သူတွေထက် ပိုခံစားရတယ်လို့ဆိုပါတယ်။
Stamford တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာလည်း ဘဝကို အပူအပင်ကင်းကင်းနဲ့ သာယာပျော်ရွှင်စွာ ဖြတ်သန်းနေတယ်လို့ လူအများထင်ကြတဲ့လူတော်တော်များများက
တကယ်တမ်း ဘဝမှာ ပိုရုန်းကန်နေကြရပါတယ်တဲ့
သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို တဒင်္ဂမေ့သွားအောင် social media ပေါ်မှာ ကောင်းကွက်တွေပဲ ရွေးတင်နေကြတာပါ။
ဒါဆိုရင် Duck Syndrome မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?
တကယ်တော့ လူတိုင်း အခက်အခဲ၊ ပြဿနာတွေ ရင်ဆိုင်နေရပါတယ် ထုတ်မပြတာပဲရှိတာပါ
လူတိုင်းမှာ ကိုယ်မသိတဲ့ ဒုက္ခတွေ၊ ပြဿနာတွေ ရှိနေတယ်ဆိုတာ အမြဲတမ်းသတိရပါ
သူများတွေရဲ့ highlight နဲ့ ကိုယ့်ရဲ့ darkside တွေကို သွားမယှဥ်ပါနဲ့
တကယ်အခက်အခဲဖြစ်နေရင် အပြင်မှာခင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို အကူအညီတောင်းပါ
ဒါဆိုရင် ကိုယ်တစ်ယောက်တည်း ပြဿနာတွေရှိနေတယ်လို့ မခံစားရတော့သလို Duck Syndrome လည်း မဖြစ်တော့ပါဘူး
Click here to claim your Sponsored Listing.
Category
Address
Dhaka

28/09/2022