Rock Page

Rock  Page

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rock Page, Rajshahi Division.

23/06/2025

လူ့ပတ်ဝန်းကျင်မှာတော့
လူအမျိုးမျိုး စိတ်အထွေထွေပါ။
ဒီလိုလူတွေထဲမှာ ကြောက်စရာအကောင်းဆုံးလူတွေကို ပြပါဆိုရင် အယောင်ဆောင်ကောင်းတဲ့
သူတွေပဲဖြစ်တယ်။
ရိုးသားချင်ယောင်ဆောင်မယ်..
ဖြူစင်ချင်ယောင်ဆောင်မယ်
မသိသလို၊ မတတ်သလို လုပ်မယ်..
တစ်ဖက်သားအပေါ်ကောင်းချင်ယောင်ဆောင်မယ်

ဒီလိုလူမျိုးတွေနဲ့တွေ့ရင်
ကိုယ့်ကိုယ်ကိုယ်တောင်လူဆိုးလို့
ထင်မှတ်သွားရလောက်အောင်ထိကို
ဖြစ်တတ်ကြတယ်။
သူတို့ရဲ့အယောင်ဆောင်ကောင်းမှုတွေကြား
ကိုယ်တွေက သူ့တို့လောက်မှမတော်ဘူး၊
မတတ်ဘူး၊ မကောင်းဘူး
ဆိုပြီး ဖြစ်လာကြတယ်။

ဒီလိုအယောင်ဆောင်ကျွမ်းကျင်တဲ့သူတွေက
ပုံမှန်သူတွေထက်ကို ပိုပြီးကောင်းပြတတ်တယ်၊
ပိုပြီးသိတတ်ပြတတ်တယ်..။
ဒီလိုလူမျိုးတွေကို ကြုံဖူးတယ့်သူတွေရှိသလို
မကြုံဖူးသေးတဲ့သူတွေလည်း ရှိကြပါတယ်။
တကယ်လို့ ကြုံတွေ့ခဲ့ရင်တော့
အကောင်းဆုံးနည်းလမ်းက
လျစ်လျူရှုပါ..။ ကိုယ်ပေါင်းစိတ်ခွာနေပါ။
သူတို့ပြောတဲ့စကားတွေကို
လိုက်ပြီးမခံစားပါနဲ့။ အတတ်နိုင်ဆုံး
သူတို့နဲ့မပတ်သက်မိအောင်
ဆင်ခြင်ပြီးနေလိုက်ပါ။

ကဲ ဒီလိုလူတွေဘယ်နှစ်ယောက်လောက်တွေ့ခဲ့ပြီးပြီလဲ..?

မူရင်းရေးသားသူကိုလေးစားစွာဖြင့် Credit

13/06/2025

မေတ္တာ မထားချင်နေ
မယုတ်မာနဲ့

စေတနာ မထားချင်နေ
မနှောင့်ယှက်နဲ့

ကရုဏာ မထားချင်နေ
မကောက်ကျစ်နဲ့

မယုံကြည်ချင်နေ
မစော်ကားနဲ့

နားမလည်ချင်နေ
တဖက်သတ် မတွေးနဲ့

မကူညီချင်နေ
ဖျက်လို ဖျက်ဆီးမလုပ်နဲ့

အထင်မကြီးချင်နေ
ခွဲခြားမဆက်ဆံနဲ့

မချီးမြှောက်ချင်နေ
မရှုံ့ချနဲ့

အကောင်းမပြောချင်နေ
အတင်းမတုတ်နဲ့

အမှန်မပြောချင်နေ
မလှည့်စားနဲ့

တကယ်တော့
အရာရာတိုင်းက
ကိုယ်ချင်းစာစိတ် လေးကိုသာ
လက်ကိုင်ထားလိုက်ရင်

အို....
လောကရယ်...လှလိုက်မယ့်ဖြစ်ခြင်း။



#စာပေ

11/06/2025

လူတွေကိုနိုင်ချင်ရင်
မေတ္တာတရားတွေ အမြဲပေးပါနော်

10/06/2025

...

🤣🤣

10/06/2025

၁။ ငွေစုပါ ။
ကိုယ့်ဝင်ငွေရဲ့အနည်းဆုံး ဆယ်ပုံတစ်ပုံကို ကိုယ့်ရဲ့
စုငွေ အတွက် အရင်ဖယ်ထားပါ ။
အသုံးစားရိတ်ထဲ
မထည့်လိုက်ပါနဲ့ ။

၂။ အသုံးစားရိတ်ကို ထိန်းချုပ်ပါ ။
လိုချင်တာနဲ့ လိုအပ်တာကို ကွဲကွဲပြားပြား သိပါစေ ။
သုံးငွေ နဲ့ ဖြုန်းငွေကို ခွဲခြားတတ်ပါစေ ။

၃။ စုဆောင်းထားတဲ့ငွေကို တိုးပွားအောင် လုပ်ပါ ။

၄။ ဖြတ်လမ်းနဲ့ ငွေအမြန် တိုးပွားနည်းထက် သမ္မာအာဇီဝကျကျ မှန်ကန်တဲ့လမ်းကို လျှောက်ပြီး
ဖြေးဖြေးချင်း ကြိုးစားပါ ။

၅။ကိုယ်ပိုင်အိမ်ဆောက်နိုင်အောင် ကြိုးစားပါ ။

၆။ ပုံမှန်ဝင်ငွေရှိပါစေ ။
ဝင်ငွေနည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဆယ်ပုံတစ်ပုံကိုစုဖြစ်အောင် စုပါ ။ အနာဂတ်အတွက်
ရေရှည်ခိုင်မြဲရေးအတွက် ကြိုတင်ပြင်ဆင်မူရှိပါစေ ။

၇။ ကိုယ့်ရဲ့စွမ်းရည်ကို မြင့်တင်ပါ ။
ကိုယ့်ရဲ့ဝင်ငွေ ပိုတိုးအောင် ကြိုးစားပါ ။ လူတစ်ယောက်ဟာ အမြဲတိုးတတ်ဖို့ လိုပါတယ် ။ လုပ်ငန်းမှာ ပိုကျွမ်းကျင်အောင် အမြဲလေ့လာပါ ။ မိမိစွမ်းရည် ပိုတိုးတက်ဖို့ လေးစားထိုက်သူဖြစ်ဖို့ မိမိအပြုအမူ
ဂုဏ်သိက္ခာများကို စောင့်ထိန်းပါ ။

၈။ ကူညီပါ သို့သော် ချင့်ချိန်ပြီးကူညီပါ ။
သူရဲ့ ဝန်ထုတ်ဝန်ပိုးက ကိုယ့်ကျောပေါ်တင်ပြီး ထမ်းပိုးပေးရတာ မဖြစ်စေရန် ချင့်ချိန်ပါ ။ နောင်တကြီးစွာ
မရမိစေရန် ကြိုတင် စဥ်းစားမှု အနည်းငယ်ပြုပါ ။

၉။ အချိန်ဆွဲတတ်တဲ့ အကျင့်ကို ပြင်ပါ ။
ကံကြမ္မာကောင်းကို မစောင့်ပါနဲ့ ။ ကံဆိုတာ ဉာဏ်အမြော်အမြင်နဲ့ ဝိရိယထားပြီး အလုပ်ကြိုးစားခြင်းပါပဲ ။

၁၀။ အလုပ်လုပ်ပါ ။
အလုပ်က လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ ။
အလုပ်လုပ်ရင် အရည်အချင်းပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်စေပါတယ် ။ ဘယ်သူဘယ်ဝါက အသိအမှတ်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ အရေးမစိုက်နဲ့ ။ အရေးကြီးတာ ကိုယ်အလုပ် ကောင်းနေဖို့ပါပဲ ။ ကျကျနနလုပ်တဲ့ အလုပ်တစ်ခုဟာ လုပ်သူကို တစ်နည်းမဟုတ်တနည်း
ကောင်းကျိုးပြုစမြဲ ဖြစ်သည် ။

၁၁.ဘဝမှာအရေးကြီးဆုံးအချက်က
ကျန်းမာရေး လိုက်စားပါ
အစားအစာကို စနစ်တကျစားပါ
တစ်နေ့တစ်နာရီ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
ကျန်းမာမှ သင်လုပ်ချင်တာကို လုပ်နိုင်မှာပါ

Credit

09/06/2025

အမှန်တရား......

...

08/06/2025

ရှေ့မဆက်ချင်လောက်အောင်
အရမ်းပင်ပန်းလာတဲ့အခါ

တစ်ခုပဲ တွေးကြည့်ပါ ...
ကျွန်တော်တို့တွေ
ရှေ့မဆက်ပဲ နေလိုက်လို့ရလား

မရဘူးဆိုရင်
ကျွန်တော်တို့မှာ ရွေးချယ်စရာမှ မရှိတာ

ပင်ပန်းလွန်းနေရင်
ခဏနားပေါ့
ပြီးရင်
ခရီးဆုံးတဲ့အထိ ကျွန်တော်တို့ဆက်လျှောက်မယ်လေ

တစ်နေရာရာမှာတော့
နားခိုရာဆိုတာ ရှိမှာပါ ။

#ကျေးကို

08/06/2025

လူတိုင်းက သူ့ယုံကြည်မှုနဲ့သူပါ
ကျနော်ကတော့ ဗုဒ္ဓကိုယုံတယ်
ဥပမာ - ဝ၊ဋ်ဆိုတဲ့စကားတစ်လုံးတည်းနဲ့ ။
https://t.me/songsforthatoneperson

07/06/2025

» ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း «
**************************************
(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။

(၂) အကြွေးနဲ့ကင်းအောင်နေပါ။

(၃) လိုအပ်တာထက် ပိုမပြောပါနှင့်။

(၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။

(၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။

(၆) အထူးသဖြင့် သူတို့အပြန်အလှန်မဆက်ဆံရင် တစ်ချို့လူတွေကို သင်သွားရောက်လည်ပတ်ပုံကို လျှော့ချပါ။

(၇) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ။

(၈) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို ရပ်တန့်ပါ။

(၉) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။

(၁၀) အမြဲတမ်း မင်းရဲ့ အကောင်းဆုံးပုံစံ ကိုင်တွယ်သင့်သည့်ပုံစံကို ဝတ်ဆင်ပါ။

(၁၁) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။

(၁၂) အချိန်ကိုလေးစားပါ။

(၁၃) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေးမှာ မနေပါနဲ့ နေရာပြောင်းရွှဲ့ လမ်းလျှောက်ပါ။

(၁၄) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။

(၁၅) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည်ချင်းတွေမြင့်တင်ပါ။

(၁၆) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။

(၁၇) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြားသောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါနှင့်။

(၁၈) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။

(၁၉) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။

(၂၀) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။

Credit

ကျန်းမာ​ပျော်ရွှင် ချမ်း​မြေ့ကြပါ​စေ...

အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...

❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞

❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞

❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်လေ။❞

Zaw Win - Jobs4U
KBS International College
================ # # # # #===============

07/06/2025

တိရိစ္ဆာန်ကို လူလိုဆက်ဆံ
လူကို တိရိစ္ဆာန်လိုဆက်ဆံတဲ့ခေတ်

အမေများနေ့ လိုင်းပေါ်မှာတင်ပေမယ့်
မြေပြင်မှာဘိုးဘွားရိပ်သာ တိုးလာတဲ့ခေတ်

တဏှာကို မေတ္တာနဲ့အချိုသတ်ပြီး
မိဘမဲ့ဂေဟာ တိုးလာတဲ့ခေတ်

အမှန်ပြောရင် လူမုန်းများပြီး
မုသားပြောမှ လူချစ်လူခင် များတဲ့ခေတ်

ရုပ်ဝတ္ထုနောက်ကိုလိုက် မပြည့်နိုင်တဲ့
အလိုဆန္ဒတွေကို ဖြည့်ရင်း
စိတ်ဓာတ်တွေ ပိုပိုပျက်ပြားတဲ့ခေတ်

ငွေကိုဘုရားလို ကိုးကွယ်ပြီး
ဘုရားကို စော်ကားဖို့ ဝန်မလေးတဲ့ခေတ်

ဆေးဝါးတွေ ခေတ်မှီပေမယ့်
ရောဂါတွေသာ ပိုပိုတိုးလာတဲ့ခေတ်

ရှင်နေတုန်းမှာ မုဒိတာမပွားပဲ
သေခါမှ ဂရုဏာပွားတဲ့ခေတ် ။

Want your business to be the top-listed Beauty Salon in Rajshahi Division?
Click here to claim your Sponsored Listing.

Telephone

Website

Address


Rajshahi Division