Moe
Changes
10/06/2026
အနောက်က
တကောက်ကောက်လိုက်နေမှ
အချစ်မဟုတ်ပါဘူး
အဝေးကြီးပြေးထွက်ပေးရဲတာလည်း အချစ်ပါပဲ
#ဆန်းကျော်စွာဝင်း
゚viralシ
05/06/2026
မင်းနဲ့ ငါကြားက
အကွာအဝေးက မိုင်တွေများပေမယ့်…
လွမ်းတဲ့စိတ်ကတော့
နေ့တိုင်း မင်းဆီကို ရောက်နေတုန်းပဲ။ 🤍
31/05/2026
ယခုနှစ်မှာ
အထူးသဖြင့်
ငါတို့ နမ်းခွင့်မရသော
ပန်းများ ပွင့်ပါစေ။
#အောင်ချိမ့်
26/05/2026
"ကိုယ့်အသက်တောင် ကိုယ်မပိုင်ဘဲ
သူစိမ်းတစ်ယောက်ကို ပိုင်ချင်တာကလဲ
စိတ္တဇရောဂါပဲ။"
#ချည်
23/05/2026
တစ်ကယ် ချစ်ခဲ့တဲ့သူအတွက်
မငိုဘူး..မဟုတ်ဘူး။
မငိုရဲတာ.........
တစ်နေ့နေ့ 🥰
19/04/2026
အကယ်၍...
အဲဒီနေ့က သာမာန်နှုတ်ဆက်နေကျအတိုင်း နံနက်ခင်းတစ်ခုကို မစတင်ခဲ့ရင်
အဲဒီနေ့က အူကြောင်ကြောင်လူတစ်ယောက်သာ ငါ့မြင်ကွင်းထဲရောက်မလာခဲ့ရင်
အဲဒီနေ့က ငါအားလပ်တဲ့ သာမာန်နွေဦးရာသီနေ့ရက်တစ်ခုသာ မဟုတ်ခဲ့ရင်
အခုလို ငါရှုပ်ထွေးနေမှာ မဟုတ်ဘူး။
အခုလို ငါလေးလံနေမှာ မဟုတ်ဘူး။
အခုလို ငါ့ကိုငါ ပျောက်ဆုံးနေမှာမဟုတ်ဘူး။
တစ်နေရာရာကိုငေးကြည့်ပြီး ဘာကိုမှမမြင်ရတဲ့အခါ၊တေးသွားတစ်ခုကို ဖွင့်ထားပြီး ဘာကိုမှမကြားတဲ့အခါ၊ရယ်စရာတွေပြောနေရင်း လှိုက်ခနဲဝမ်းနည်းလာတဲ့အခါ၊လူတွေအများကြီးကြားထဲရှိနေရင်း ငါတစ်ယောက်ထဲဖြစ်နေတဲ့အခါ ငါဟာ ကိုယ့်ကိုကိုယ် ပြန်ရှာဖွေသင့်ပြီ မဟုတ်ဘူးလား။
အရင်လို တိတ်တိတ်ဆိတ်ဆိတ် အသက်ရှူမယ်။
အရင်လို ငါနှစ်သက်တဲ့ စာအုပ်တစ်အုပ်ကို အထပ်ထပ်အခါခါ ဖတ်မယ်။
အရင်လို ပေါ့ပေါ့ပါးပါး နှလုံးသားတစ်ခုနဲ့ ဘဝရဲ့လမ်းတွေ လျှောက်မယ်။
အရင်လို အပူအပင်ကင်းကင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမယ်။
ဘဝကို လိုအင်ဆန္ဒနည်းနည်း၊နောင်တနည်းနည်းနဲ့ ဖြတ်သန်းမယ်။
ဒီလောက်ပဲ မျှော်လင့်ပါတယ်။
_မေယာ
#အက်ဆေး
ပစ်ပစ်ခါခါကြီးမုန်းနေရင်
နှစ်နှစ်ကာကာချစ်တာလည်း
အပြစ်ပါပဲ ။
မင်းလည်း သိပ်ပင်ပမ်းခဲ့မှာ
ငါ လက်အုပ်ချီခဲ့ကြောင်း
မင်းခြေဖမိုးလေး သိပါစေတော့။
- တာရာညို
