Shop for Myanmar - UK

Shop for Myanmar - UK

Share

Buy Daily accessories; shampoo, body wash, washing liquid, perfume, etc. A certain % of profit made

Photos from Shop for Myanmar - UK's post 24/06/2023

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်မွေးနေ့ပွဲမှာ ဒီ ရေမွှေး hand gel လေးတွေကို ရန်ကုန် တပ်ရင်း 5101 အတွက် ရောင်းပါ့မယ်နော်။ Myanmar Accountancy Club (MAC) စားပွဲမှာ ဝယ်လို့ရပါတယ်။ တဘူးကို £2 နဲ့ပါ။ အနံ့လေးက ရေမွှေးနံ့လေးနဲ့မို့ သုံးလို့ကောင်းပါတယ်🤩 ရောင်းရငွေ အကုန်လုံး ရန်ကုန် တပ်ရင်း 5101 ရန်ကုန်အတွက် အလင်းစက်အတွက်လှူမှာပါ။
ရန်ကုန် campaign မှာ UK က ခုချိန်ထိ £6000 ကျော်ပဲရှိပါသေးတယ်။ ခါတိုင်း campaign တွေမှာဆို ဒီထက်ပါဝင်ထားကြလို့ ဘာလို့ ရန်ကုန် PDF campaign အတွက်ကို ဒီလောက်နည်းနေတာလဲလို့ စဉ်းစားရင်း ကြံရာမရ မရှိရှိတာလေး နည်းနည်းရလဲ နည်းနည်းဆိုပြီး ဒါလေးတွေရောင်းတာပါ 😬 နက်ဖြန်ပွဲကိုရောက်ရင် MAC table မှာ ဒါလေးတွေ တယောက်တဘူးလောက် ဝယ်ယူအားပေးကြပါဦးလို့ 🙏😁
MAC က ကူညီပေးတဲ့ အမကိုလဲကျေးဇူးတင်ပါတယ်❣️
#ရန်ကုန်
#တပ်ရင်း5101
#တပ်ရင်း၅၁၀၁

26/11/2022

ရှေ့လတုန်းက Shop for Myanmar UK ကနေရောင်းရတဲ့ အရင်းရော အမြတ်ရော မြန်မာငွေ ၅ သိန်းကို တောင်ပိုင်းတိုင်း စစ်ဆင်ရေးအတွက် အလှူငွေထည့်သွင်းခဲ့ပါတယ် (Page name ကို မှားရေးထားတာလေးကတော့ သူတို့လဲ busy နေတာဆိုတော့ ပြန်မပြင်ခိုင်းတော့ပါဘူး)
Page ကနေ ဝယ်ယူအားပေးခဲ့သူများကိုကျေးဇူးတင်ပါတယ် 🙏 ထပ်လဲအားပေးကြပါဦးနော် 🤗
Christmas လဲရောက်တော့မှ ဆိုတော့ Versace perfume လေးတွေလဲအားပေးကြပါဦး 😊😊
ရောင်းရတဲ့ငွေအမြတ်ကို မြန်မာပြည်အတွက်လှူပါ့မယ် 🤍

Photos from Shop for Myanmar - UK's post 29/09/2022

ခုလာမယ့် Sunday 2nd October မှာပြသမယ့် ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပွဲကိုလာကြမယ့်သူများကို ကြော်ငြာချင်လို့ပါ၊
Shop For Myanmar(UK) ကနေ Verset Perfume နဲ့ Verset hand gel လေးတွေ order ချင်ရင် အဲ့နေ့ကျ ယူလာပေးလို့ရပါတယ်လို့၊
Perfume price တွေနဲ့ အကြောင်းလေးသိချင်ရင် အောက်က Link တွေမှာဝင်ကြည့်ကြည့်ပါနော်၊ ဝယ်သုံးဖူးသူတိုင်း ကြိုက်လို့အမြဲထပ်မှာကြပါတယ်၊ မှန်တာပြော မအလ မြန်မြန်ကြွပါစေ 😬
Hand gel လေးကလဲ perfume hand gel လေးမို့ အနံ့မွှေးမွှေးလေးနဲ့ သုံးလို့ကောင်းပါတယ်၊ Hand gel လေးက တဘူး- £2 💸ပါ၊ Page ကတခြား shower gel/ lotions စတာတွေမှာချင်လဲ ယူလာပေးပါ့မယ်၊
ရောင်းရတဲ့ အကျိုးအမြတ်ကို မြန်မာပြည်အတွက် လှူတဲ့အထဲထည့်ပါ့မယ်၊
ကိုပေါက်ရုပ်ရှင်လက်မှတ်မဝယ်ရသေးရင်လဲ ဝယ်လိုက်ကြပါဦးနော် free food တွေလဲကျွေးမှာပါတဲ့🤗

Verset Perfume for Him post link -https://m.facebook.com/story.php?story_fbid=110816198365471&id=110459731734451&mibextid=n3ss3t

Verset Perfume for Her post link - https://m.facebook.com/story.php?story_fbid=110811038365987&id=110459731734451&mibextid=n3ss3t

Photos from Shop for Myanmar - UK's post 17/09/2022

အားလုံးပဲ မင်္ဂလာပါ…မြန်မာပြည်အတွက် Fundraising အနေနဲ့ နေ့စဉ် အသုံးလိုတဲ့ ပစ္စည်းလေးတွေရောင်းချင်ပါတယ်၊ (သူများတွေလို ဟင်းလဲမချက်တတ်တော့ ဆိုင်မှာရှိတဲ့ ပစ္စည်းတွေပဲ ရောင်းပြီး ရသလောက် ရံပုံငွေရှာချင်လို့ပါ 😬)
ကိုယ့်ကို UK မှာ လူတွေသိပ်မသိကြတော့ Fundraising background လေးနည်းနည်းပြောပြပါ့မယ်နော်…GenY for Revolution (official CRPH-OFP fundraiser group page) https://www.facebook.com/y4revolution/ ရဲ့ UK admin ပါ၊ GenY for Revolution က ကျောင်းတုန်းက သူငယ်ချင်းတွေ နဲ့ စလုပ်ခဲ့တဲ့ group ပါ၊ ဒီသူငယ်ချင်းတွေက US, Japan တို့မှာပါ၊ ဆိုတော့ UK မှာ ကိုယ်တယောက်တည်း admin ပါ 😅 အဓိက online ကနေပဲ Fundraising ဝိုင်းလုပ်ပေးခဲ့တာများပါတယ်၊
ခု Shop for Myanmar-UK page မှာ ရောင်းတဲ့ ပစ္စည်းလေးတွေက အကျိုးအမြတ်များကို မြန်မာပြည်အတွက်လှူသွားပါ့မယ်၊
နေ့စဉ်သုံး ပစ္စည်းများဖြစ်တဲ့ tissues, shower gel, perfume စတဲ့ ပစ္စည်းများကို ဝယ်ယူအားပေးကြပါဦးနော်၊ အမြဲတမ်းသုံးနေရတဲ့ ပစ္စည်းတွေဆိုတော့ တခြားမှာ ဝယ်မယ့်အစား ဒီကနေဝယ်ရင်း နဲ့ မြန်မာပြည်အတွက် အားဖြည့်ပြီးသားလဲဖြစ်ပါတယ်🤩 သက်သက်ကြီး အလှူငွေထည့်နေရတာလဲ မဟုတ်ပဲ ကိုယ်သုံးမယ့်ပစ္စည်းကိုပဲ ဝယ်ယူအားပေးရတာဆိုတော့ တချက်ခုတ် ၂ ချက်ပြတ်ပေါ့ 😬
ပစ္စည်းများကို တမျိုးထက်မှာရင် London location ပေါ်မူတည်ပြီး ၂ ပတ် တခါလောက်တော့ delivery လုပ်ပေးမယ်စိတ်ကူးပါတယ်၊ အိမ်မှာ tissues တို့ Shower Gel တို့ ကုန်ခါနီးလောက်ကျ ကြိုမှာထားပေါ့နော်😁
Verset Perfume လေးကိုလဲ စမ်းသုံးကြည့်ဖို့ ဖိတ်ခေါ်ပါတယ်၊ နာမည်ကြီး brand တွေရဲ့ အနံံ့တွေနဲ့ တထေရာတည်းပါ၊ ဒီက ဝယ်သုံးဖူးတဲ့ သူငယ်ချင်းတွေရော ဆိုင်က လာဝယ်သူတွေရောက အနံ့ လေးတွေလဲကောင်း စျေးနှူန်းလဲချိုသာလို့ အားလုံးကြိုက်ကြပါတယ်..Pharmacy တွေမှာပဲဝယ်လို့ရတဲ့ perfume လေးပါ၊ 15 ml size လေးတွေလဲရှိလို့ အရင် အသေးလေးတွေ နဲ့ စမ်းသုံးကြည့်လို့ရပါတယ် ☺️

တပုံချင်းစီမှာ စျေးလေးတွေ ကြည့်လို့ရပါတယ်၊ မှာချင်ရင် message me or inbox on the page ပါနော်၊
Shop for Myanmar-UK page ကိုလဲ like and follow လေးလုပ်ပေးကြပါဦး 🙏
တခြား pharmacy မှာရနိုင်တဲ့ ပစ္စည်းများ မှာယူလိုလျှင်လဲ ဆက်သွယ်မေးမြန်းနိင်ပါတယ်နော်

Verset Perfume for Him post link -https://m.facebook.com/story.php?story_fbid=110816198365471&id=110459731734451&mibextid=n3ss3t

Verset Perfume for Her post link - https://m.facebook.com/story.php?story_fbid=110811038365987&id=110459731734451&mibextid=n3ss3t

Photos from Shop for Myanmar - UK's post 30/07/2022

Shop for Myanmar မှာ ဘာတွေရနိုင်မလဲ

Daily အိမ်သုံးလိုတဲ့ dish washing liquid, hand wash, tissues, shower gel, medicines စတာတွေ အပြင် တခြားပစ္စည်းတွေလဲ ရနိုင်ပါတယ်။ Perfume တွေလဲရနိုင်ပါတယ်နော်။
Coke, 7up, Fanta စတဲ့ အအေးတွေကိုလဲ ကပ်လိုက် စျေးနှုန်းတန်တန် နဲ့ ဝယ်ယူနိုင်ပါတယ်။
အမြဲတမ်း သုံးနေရမယ့် ဒီ ပစ္စည်းတွေကို အကုန်စုမှာပြီး ဝယ်ယူအားပေးနိုင်ပါတယ်။ ကုန်ခါနီး list လုပ်ပြီး ကြိုမှာထားရင် ပစ္စည်းတွေ အားလုံးစုပြီး ပို့ပေးပါ့မယ်။ (Around London only)
Shop for Myanmar က ရတဲ့ profit တချို့ကို မြန်မာပြည်အတွက် လှူဒါန်းသွားပါ့မယ်။
ရနိုင်တဲ့ ပစ္စည်းတွေကို page မှာ ဖြေးဖြေးချင်းစီ စျေးတွေနဲ့ သေချာတင်ပေးသွားမှာမို့ stay tune ပါနော် 😁
အခုတော့ဆိုင်က shelvesပေါ်ကပစ္စည်းပုံတွေအရင်တင်ပေးလိုက်ပါတယ်။ Order မှာချင်တာရှိရင် comment or send a message ပါ🤩

18/07/2022

First order 😍 15 ml bottles

Photos from Shop for Myanmar - UK's post 15/07/2022

Contactless အဖျားတိုင်းစက် - £22.00
Careway Digital tens pain reliever machine - £16.99
Careway Pain Reliever replacement pads - £4.00

(Free delivery)

Note: some profits made from this page will go towards Myanmar

Photos from Shop for Myanmar - UK's post 15/07/2022

VERSET Perfume For Him

VERSET က ရေမွှေးလေးတွေက နာမည်ကြီး ရေမွှေး brand တွေ နဲ့ တူတဲ့ အနံ့လေးတွေရှိပါတယ်။
ကိုယ်သုံးနေကျ နာမည်ကြီး ရေမွှေး brand ကို ဟိုနား ဒီနားသွားရင် စွပ်ဖို့ နှမြောတယ်ဆိုရင် ဒီ Verset ရေမွှေးလေး ကို စွပ်သွားလို့ရပါတယ်။

💸စျေးနှူန်းလဲ သက်သာပါတယ် 👇🏼
15 ml - £5.30
50 ml - £12.40
100 ml - £20.10
(Delivery fees may apply)

တပုံချင်းစီမှာ ဘယ် နာမည်ကြီး ရေမွှေး နဲ့ အနံ့ချင်းဆင်တယ်ဆိုတာ ရေးပေးထားပါတယ်။

Note: ဒီ page က ရတဲ့ profit ထဲက တချို့တဝက်ကို မြန်မာပြည်အတွက်လိုတဲ့အထဲ ထည့်လှူသွားမှာပါ

For Her - https://www.facebook.com/110459731734451/posts/110811038365987/?d=n

Photos from Shop for Myanmar - UK's post 15/07/2022

VERSET Perfume For Her

VERSET က ရေမွှေးလေးတွေက နာမည်ကြီး ရေမွှေး brand တွေ နဲ့ တူတဲ့ အနံ့လေးတွေဖြစ်အောင် လုပ်ထားတာပါ။ အနံ့လေးတွေက big brand တွေအတိုင်း အရမ်းကောင်းပြီး စျေးနှုန်းလေးတွေကလဲ သင့်တော်တာကြောင့် သုံးပျော်ပါတယ်။
ကိုယ်သုံးနေကျ နာမည်ကြီး ရေမွှေး brand ကို ဟိုနား ဒီနားသွားရင် စွပ်ဖို့ နှမြောတယ်ဆိုရင် ဒီ Verset ရေမွှေးလေး ကို စွပ်သွားလို့ရပါတယ်။

💸စျေးနှူန်းလဲ သက်သာပါတယ် 👇🏼
15 ml - £5.30 (UK) 23,000 kyats (pre-order if from Myanmar)
50 ml - £12.40 (UK) 43,000 kyats (pre-order if from Myanmar)
100 ml - £20.10 (UK) 63,000 kyats (pre-order if from Myanmar)
(Delivery fees may apply)

တပုံချင်းစီမှာ ဘယ် နာမည်ကြီး ရေမွှေး နဲ့ အနံ့ချင်းဆင်တယ်ဆိုတာ ရေးပေးထားပါတယ်။

Note: ဒီ page က ရတဲ့ profit ထဲက တချို့တဝက်ကို မြန်မာပြည်အတွက်လိုတဲ့အထဲ ထည့်လှူသွားမှာပါ

For Him - https://www.facebook.com/110459731734451/posts/110816198365471/?d=n

Want your business to be the top-listed Beauty Salon in London?
Click here to claim your Sponsored Listing.

Category

Website

Address

London