Journeys Away From Home
Life, food, and journeys far from home but close to heart
21/09/2025
📍Kotor, Montenegro 🇲🇪
21/09/2025
Kirkstall Abbey 📍Leeds, Yorkshire, England.
20/09/2025
“အရှေ့ဥရောပသို့ ခရီးတခေါက်"
ဒီတခေါက် ရောက်ခဲ့တဲ့နေရာကတော့ အရှေ့ဥရောပ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဆားဘီးယား(Serbia) နိုင်ငံရဲ့ မြို့တော် "ဘဲဂရိတ်" (Belgrade) ဖြစ်ပါတယ်။
ဘဲဂရိတ်ကိုရောက်ရင် အရင်ဆုံးစတွေ့ရတာက နီကိုလာတက်စလာ လေဆပ်ကြီးနဲ့ သူ့ပုံကို ဂုဏ်ပြုဆေးခြယ်ထားတဲ့ လေယာဉ်တွေပါ။ AC induction motor ကိုစထွင်ခဲ့တဲ့ သိပ္ပံပညာရှင်ဆိုပြီးသိကြတယ်။ အခုလူအများစီးကြတဲ့ တယ်စလာ လျှပ်စစ်ကားဆိုရင် သူ့ကို အစွဲပြုပြီး မှည့်ထားတာပါတဲ့..။
ဘဲဂရိတ်မြို့မှာ မြို့ဟောင်းနဲ့ မြို့သစ်ဆိုပြီး နှစ်ပိုင်းရှိတယ်။
မြို့ဟောင်းဆိုတာ အထင်ကရ ရှေးလက်ရာတွေ၊ သမိုင်းဆိုင်ရာအဆောက်အကြီးတွေ၊ အော်သိုဒေါ့ဘုရားကျောင်းတွေ၊ ခံတပ်တွေ၊ ဂေါ့သစ်လက်မှုပညာတွေကို ထိန်းသိမ်းထားတာဖြစ်ပြီး..
ခေတ်မီ အဆောက်ဦးတွေ၊ စျေးဝယ်စင်တာတွေ၊ တိုက်တာတွေနဲ့ တိုးတက်နေတဲ့ နေရာကတော့ မြို့သစ်ပေါ့။
မှတ်မှတ်ရရကြုံခဲ့တာကတော့ နယ်ခံတွေက အင်္ဂလိပ်စကား အားနည်းကြတော့ ပြောဆိုဆက်ဆံရတာ နည်းနည်းခက်တယ်။ အင်တာနက်ရဖို့ ဆင်းမ်ကဒ်ဝယ်တုန်းက တိုင်ပတ်တာလေ..၊ စတိုးဆိုင်ရှင်နဲ့ ကိုယ်ပြောတာ သူနားမလည် သူပြောတာ ကိုယ်မသိနဲ့ အတော်ခက်။ အနားက တရုတ်စားသောက်ဆိုင်ရှင်အန်တီကြီးကြောင့် အဆင်ပြေသွားခဲ့ရတယ်။
ဆိုတော့… ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ စိတ်ဝင်စားစရာလေးတွေပါတာမို့ တပုံချင်းကြည့်သွားပါဦး..။
11/09/2025
“ကြောင်လေးတွေရဲ့မြို့တော် (သို့) မွန်တီနီဂရိုး 🇲🇪 ရဲ့ အလှဆုံးတွေထဲကတစ်မြို့”
ကိုတော (Kotor) မြို့ဟာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ မြို့ပါ။
ကျောက်နံရံကြီးတွေတဖက်တချက်စီနဲ့ မြို့ဟောင်း လမ်းအသေးကြားတွေထဲမှာ လမ်းလျှောက်ရတာ တကယ့်သမိုင်းထဲကို ဝင်သွားသလိုခံစားခဲ့ရတဲ့ နေရာပေါ့..။
ကိုတောမြို့နဲ့ ပတ်သက်လို့ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ နာမည်ကြီးတာကတော့ မြို့ဟောင်းထဲက ကြောင်လေးတွေပါပဲ။
လှေကားထစ်တွေပေါ်မှာ၊ မြို့ရိုးပေါ်မှာ၊ အပင်တွေအောက်မှာစသဖြင့် ဇိမ်ယူနေကြတာ အတော်ချစ်ဖို့ကောင်းပါတယ်။ ဘာမျိုးစိတ်တွေမှန်းမသိပေမယ့် ဗမာကြောင်တွေနဲ့ အတော်တူတယ်လို့ တွေးမိပါရဲ့..။
Click here to claim your Sponsored Listing.
