AungKyaw NyeinHtay

AungKyaw NyeinHtay

共有する

အချိန်ခါ ရှိခိုက် ကြိုးစားပါ

18/07/2025

အရမ်း
ပွင့်ပွင့်လင်းပြောတတ်တော့
လူမုန်း များသထက်များလာပြန်တယ်

အရမ်း
သဘောကောင်းတော့လည်း
ဘာမဆို လုပ်ပေးရမယ့်ပုံမျိုးဖမ်းလာကြတယ်

အရမ်း
စေတနာထားမိတော့
အဆုံးသတ်မှာ ကိုယ်ပဲရင်နာရတယ်လေ

အရမ်း
နားလည်မှုတွေထားပြန်တော့
နေရာတကာ ဘောင်ကျော်လာချင်ကြတယ်

အရမ်း
အားနာတတ်တော့လည်း
တချို့တချို့တွေက အထက်စီးကဆက်ဆံကြတယ်

ခွင့်လွှတ်
ပေးတာများလာတော့
ဘာမဆို လုပ်ရဲလာကြတယ်လေ

ငြိမ်ခံ
နေတုန်းကတော့အကောင်း
ပြန်ပြောလိုက်မှ ကိုယ့်အမှားဖြစ်သွားတယ်

လိုဘတွေ
ဖြည့်ဆည်းပေးတုန်းတော့အဟုတ်
လိုဘမပြည့်တော့ ရန်တွေ့ဖို့ဝန်မလေးတာလဲရှိတယ်

ပြေပြေလည်လည်
ပြောနေပေမယ့်လည်း
လိုတာထက်အပိုယူချင်တဲ့သူတွေကြောင့်စိတ်တိုရတယ်

ကိုယ့်စိတ်က
အေးချမ်းစွာနေလိုပေမယ့်
စိတ်သဏ္ဍန်ကိုနှောင့်ယှက်လိုတဲ့သူတွေရှိသေးတယ်

နှုတ်ကသာ
အားနာလိုက်တာလို့အပြောချိုပေမယ့်
တကယ်တမ်းကျ အားမနာတတ်ကြတဲ့စိတ်မနောတွေနဲ့ပေါ့

မုသားနဲ့
ကျင့်သားမရတဲ့ကိုယ့်အတွက်
စကားလုံးတွေက မာကြောနေတုန်းပဲလေ

ထစ္ကနဲဆို
ဒေါသဖြစ်လွယ်တဲ့ကိုယ့်အကျင့်ကို
‌ဖြစ်နေ‌တော့ ပြုပြင်ဆင်ချင်ရအုန်းမယ်

အလွယ်တကူ
ခံစားလွယ်တာကိုလည်း
မဖြစ်ဖြစ်အောင် လျော့ချရအုန်းမှာပေါ့

ပြင်းပြတဲ့
စိတ်ခံစားချက်တွေကိုတော့
ဘယ်တော့မှ မမွေးမြူမိအောင်လို့ထိန်းချုပ်ရမယ်

အမြင်မတူတာတွေ
တွေ့တဲ့အခါမှာတော့လည်း
မမြင်ချင်ယောင်ဆောင်ပြီးရှောင်တိမ်းရမယ်

အခက်အခဲတွေ
ဘယ်လောက်ပဲရှိရှိ
ထုတ်ပြတတ်တဲ့အကျင့်ကိုဖျောက်ဖျက်ရမယ်

ခံစားချက်
ပြင်းပြင်းတွေဖြစ်လာရင်လည်း
မြိုချတတ်တဲ့အကျင့်ကို သင်ကြားရအုန်းမယ်

ပြဿနာကို
ထိပ်တိုက်တွေ့လာတဲ့အခါ
ပညာသားပါပါ ရှောင်တတ်ဖို့လိုသေးတယ်မဟုတ်လား

ကိုယ့်ကံကြမ္မာကလည်း
မုန့်ဝေရင်သာ မပါတတ္တာ
ဒုတ်ဝေရင်တော့ ထိပ်ဆုံးကပဲလေ

တခ်ခါတလေတော့လည်း
လောကကြီးမှာကျင်လည်နေရင်းက
အူလှိုက်သည်းလှိုက်ကို
ရယ်မောပစ်လိုက်ချင်တဲ့ အချိန်အခိုက်အတန့်ဆိုတာရှိသေးတယ်🦚🦚🦚🌲🌲🌲

ပြန်လည်ဝေမျှသည်




#စဉ်းစားစရာလေးတွေပေးမယ်

18/07/2025

ကျွန်မတို့ချစ်ခဲ့ကြတာ ...
နှစ်တွေ ဘယ်လောက်တောင်ကြာပြီဆိုတဲ့
စကားတွေကို မသုံးတော့ဘူး ...

အဲ့ဒီနှစ်တွေမှာ
ကိုယ်ဆွဲထားလို့ မြဲခဲ့တဲ့
လက်တွေက

တခြားတစ်ယောက်ရှိလာတဲ့အခါ
ဆွဲထားတဲ့ကြားက
လွှတ်ထွက်ခဲ့တာပဲ ။

ကိုယ်လျှော့နေလို့ မပြတ်တဲ့
ကြိုးလေးက
တစ်ဖက်က မလိုအပ်ပဲ အရမ်းတမ်းမာလာတဲ့အခါ
ပြတ်ရတာပါပဲ ။

နှစ်တွေ အကြာကြီး
အတူ ချစ်ခဲ့ကြတယ်
လက်ထပ်ဖို့ဆိုတဲ့ တစ်ရက်က
နီးမလိုလိုနဲ့ ဝေးခဲ့ရတယ် ။

ဒါပေမယ့် ...
တခြားတစ်ယောက်ရှိလာတဲ့အခါ
ကိုယ့်အတွက် မလွယ်ကူခဲ့ဖူးဆိုတဲ့အရာတွေက
တခြားတစ်ယောက်အတွက်ကျတော့
လွယ်လွယ်ကူကူလေး ဖြစ်သွားခဲ့တာပဲ ။

ဘယ်လောက်ပဲ နှစ်တွေကြာကြာပါ
ဘယ်လောက်ပဲ ကိုယ်က ချစ်ချစ်ပါ

သူမှ မချစ်ရင်
သူမှ မနီးချင်ရင်

တခြားတစ်ယောက်ပေါ်လာတဲ့အခါ
မျက်စိတစ်မှိတ်အတွင်း
ပြတ်ရတာပါပဲ ။

#ကျေးကို

18/07/2025

ရှေ့ရေးကို တွေးပြီး
အတွေးတွေနဲ့ အိပ်စက်ရဦးမယ်

မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေနဲ့
အသက်ရှင်ရဦးမယ်

လောဘတွေနဲ့ အလုပ်လုပ်ရဦးမယ်
ပင်ပန်းပေမယ့် နားလို့ မရသေးတဲ့
ဘဝမို့ မနက်ဖြန်တိုင်းမှာ အလုပ်လုပ်ရဦးမယ်။

あなたの事業をビューティーサロンのトップリストMinato-kuにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

ウェブサイト

住所

China
Minato-ku, Tokyo