Sweet Memories

Sweet Memories

共有する

Beauty, Lifestlye & health

17/05/2026

Hello မိနစံတို့ရေ
ပုံပေါ်က စာလေးတွေ့လို့ အံ့ဩသွားလား 😁😁
ဟိုတစ်ခေါက် Tokyo app download ဆွဲတုန်းက ရထားတဲ့ points နဲ့ဝယ်ထားတာလေးပါလို့…
တိုကျိုက points ရထားတဲ့မိနစံတို့ရော
ဘာတွေဝယ်ဖြစ်ကြလဲ ..
အပန်းမကြီးရင်ပြောပေးခဲ့ကြပါဦးနော်။

02/05/2026

ခုတလော ကြည့်ဖြစ်နေတဲ့ Youtuber Kohei ရဲ့ မြန်မာနိုင်ငံလည်ခဲ့တဲ့ video ပေါ့။

ကြည့်လို့လည်းကောင်း ၊ ရယ်လည်းရယ်ရ၊ မြန်မာနိုင်ငံကို ပြန်ချင်တဲ့စိတ်တွေတောင် တဖွားဖွားပေါ်မိတယ်။
အဲ့ video ထဲမှာ ဘာတွေ့ရလဲဆိုရင် တို့ မြန်မာလူမျိုးတွေ က အရမ်းကူညီတတ်တာကိုတွေ့ရတယ်။
သူကိုယ်တိုင်ကလည်း မြန်မာလူမျိုးတွေ ほんとうに優しい လို့ ခဏခဏပြောတယ်။ တကယ်လည်းဟုတ်ပါတယ်။
သူ့ video ကိုကြည့်ရင် ကူညီတတ်တဲ့မြန်မာတွေ အများကြီးတွေ့ရမှာပါ။
ပုံကတော့ မန္တလေးမှာ နန်းကြီးသုတ်ဝယ်စားတာသဘောကောင်းတဲ့ စားပွဲထိုးလေးရဲ့ ချဉ်ငန်စပ် နန်းကြီးသုတ်ကြောင့် စပ်နေရှာတဲ့ ကိုရွှေဂျပန်ပေါ့။ 😅

ဂျပန်စကားပြောကို မပျင်းရဘဲနားထောင်ချင်ရင် သူ့ video လေးတွေကြည့်ကြည့်နော်။ ကိုယ့်နိုင်ငံကိုလည်း video ထဲကနေ ပြန်လည်ပြီးသားဖြစ်သွားတာပေါ့။

07/04/2026

လိုချင်နေတဲ့စာအုပ်လေးရလာခဲ့တယ်..

ကိုယ်က ဆရာမင်းလူရဲ့ပရိတ်သတ်တစ်ယောက်ပါ။
ဆရာမင်းလူရဲ့ ဝတ္ထုတွေက စိတ်ကူးယဉ်မဆန်ဘဲ သဘာဝကျတယ်။
ဒီစာအုပ်ထဲမှာရပ်ကွက်ထဲက လူတွေရဲ့ အကျင့်စရိုက်နဲ့ သဘောသဘာဝတွေကို ရယ်စရာကောင်းအောင် ပုံဖော်ရေးထားတယ်။
ဒီစာအုပ်လေးက ကိုယ်ဖတ်ပြီးသား ထပ်ဖတ်ချင်လို့ မနီအိမ်ကစာအုပ်ကို ပို့ပေးဖို့ပြောရတယ်။
တစ်ချို့အပိုင်းတွေဆို သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း ထဲမှာတည်းက ဖတ်ဖူးခဲ့တာ။

ဒီရက်ပိုင်းတော့ ဒီစာအုပ်နဲ့လေးဖတ်ပြီး tete ကိုစတာ ခဏ လျှော့ပါမယ် 😁😁

06/04/2026

Tete အကြောင်းပြောရဦးမယ်…
ဟိုတစ်ရက်က နှစ်ယောက်သား Bible quiz ဆော့ကြတော့

ကိုယ်ကမေးတယ် : tete ပေတရုရဲ့ ညီနာမည်ကဘယ်သူလဲ

Tete: ဘာဆိုင်လို့လဲ..။ ကျမ်းစာထဲကအကြောင်းမေးရမှာ
ပြေတီဦး နဲ့ဘာဆိုင်လို့လဲ

me : 😒😒😒

05/04/2026

အိမ်က tete shin okubo မှာစျေးသွားဝယ်တော့ မိန်းမ သရက်သီးတွေ့တယ်။ စားချင်လားတဲ့။
ဟုတ်ဝယ်ခဲ့ပေးပါဆိုတော့..
အိမ်ရောက်တော့ ဝယ်ခဲ့တဲ့သူ့သရက်သီးကို ကြည့်ကြပါဦး 🥹🥹

Edit: ပြောသေးတာ သရက်သီးက အကြီးကြီးပဲတဲ့ 😒

29/03/2026

Meguro Cherry Festival

28/03/2026

အလုပ်က အပြန် ပင်ပန်းပေမဲ့ ချယ်ရီတွေ့တော့ အပန်းပြေသွားတာပဲ။

Hello Sakura!
You always makes me feel happy 🌸🌸

27/03/2026

Hello မိနစံတို့ရေ

သဘောကျတဲ့ ပစ္စည်းတစ်ခု sharing လုပ်ချင်လို့
ဒီ spray နော် တော်တော်ကောင်းတာ
sui စားသောက်ဆိုင်မှာလုပ်တော့ uniform ဆို ဆီနံ့ အညှော်နံ့တအားစွဲတာ။ ဒါလေးကနော် ဆီနံ့စွဲတဲ့အဝတ်ပေါ်ဖြန်းလိုက်ပြီး ခနဆို လုံးဝနီးပါးအညှော်နံ့ပျောက်ပြီး white tea နံ့သင်းသင်းလေးကျန်ခဲ့တာ။
တစ်အားကြိုက်သောပဲ။
သူ့ white tea အနံ့လေးကို ကြိုက်လို့ sui ဆို sofa ၊ အိပ်ရာ အကုန်ဖြန်းတာ သင်းပြီးအေးနေရော်။
သူ့ကို sui ဝယ်တဲ့ဆိုင်မှာတော့ အနံ့၂ မျိုးတွေ့တယ်။
White Musk နဲ့ white tea ပေါ့နော်။
Sui ကတော့ white tea နံ့လေးသုံးနေတယ်။
သုံးကြည့် သုံးကြည့် ကြိုက်မှာသေချာ လို့ပြောပြပေးတာနော် 😍😍

21/03/2026

သဘောကျပြီး သုံးဖြစ်နေတဲ့ Mask တွေပေါ့။
Aging အတွက်ကို Innisfree နဲ့ Numbuzin
Brightening အတွက် Numbuzin VITA C+ Glutathione
Pore care အတွက် Deep Lipo က Niacinamide
Hydration & Moisture အတွက် Medicube
တစ်ပတ် ၂ ကြိမ်လောက်ကပ်ရင်ကိုပဲ ၁ လလောက်နဲ့ အသားအရည်အတွက် သိသိသာသာ ကောင်းတာမို့ ကိုယ်နဲ့သင့်တော်တဲ့ sheet mask တွေ သုံးကြည့်ပါလို့

14/03/2026

မနီ မှာလို့ ဝယ်ပေးထားဖြစ်တဲ့ Medicube ရဲ့ AGE-R set ။
တစ်set လုံးမှ ¥4000 ကျော်ဆိုတော့ တော်တော်တန်တယ်ပြောရမယ်။

あなたの事業をビューティーサロンのトップリストShinjuku-kuにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

ウェブサイト

住所

Shinjuku-ku, Tokyo