Naung Po Aung Skincare Villa
Skincare
29/03/2024
10 ml ရော
50 ml ရော
အကုန်ရှိ
29/03/2024
လိုင်းရတုန်း ပြေးပြေးတင်ထားရတယ်
28/03/2024
🥗Graymelin Mugwort Series🥗
အဆီဖု ဝက်ခြံနဲ့ sensitive အသားအရည်အတွက် စျေးလေးသင့်ပီး အဆင်ပြေနေမဲ့ mugwort series လေးအစုံ instockရပါပီနော်
☘️ Toner လေးက လုံးဝ watery type အဆီပြန် ချွေးထွက်တတ်သူတွေနဲ့ ကွက်စတိ ခုလို အချိန်နဲ့ အဆင်အပြေဆုံးပဲ အသားညစ်တာနဲ့ ဘာလိမ်းလိမ်း မဲသွားတတ်တာမျိုးဆို ဒီtoner လေး ထည့်သုံးကြည့်ပါ
☘️Facial foam လေးက သစ်လိုက်ပီးရင် မျက်နှာလေး နူးညံကျန်ခဲ့တယ် အဆီနဲ့ အညစ်အကြေးတွေ ကောင်းကောင်းပြောင်စင်တယ် အမြှုပ်တွေ အရမ်းများတာမျိုးမဟုတ်ပဲ သစ်လို့ကောင်းတဲ့အနေအထားလေးပါ
☘️ Graymelin Mugwort Gel က တော့ best seller ပါ ဒီအချိန်မှာ အဆီဖုတွေ မပျောက်သေးလို့ မျက်နှာညစ်နေလို့ အေးအေးလေးပေးပါဆို ဒါလေး အကောင်းဆုံးပါပဲ အဆီဖု ဝက်ခြံကော အသားနီတာ ရဲတာကော တစ်ပတ်လောက်ဆို သိသိသာသာ သက်သာလာပါမယ် ❣️
☘️Graymelin Mugwort Serumကတော့
မပျစ်မကြဲ texture ပဲမို့
Oily ကစလို့ All skin type သုံးလို့ရပါတယ် ပေါ့ပါးပြီး စိမ့်ဝင်လွယ်ပါတယ်။
Mugwort, Green Tea, Sodium Hyaluronate အဓိကပါဝင်လို့ ဝက်ခြံအဆီဖုများကိုလည်း သက်သာစေပါတယ်။
28/03/2024
L'oreal Glycolic bright Series
ဒါလေးက L'oreal ရဲ့ နောက်ဆုံးထွက်ထားတဲ့ Series လေး
အမဲစက်နဲ့တင်းတိပ်အထွက်များတဲ့ မမတို့အတွက် Loreal ရဲ့Glycolic Bright Series🌸(Facial foam, Serum, Day Cream, Night Cream)
Glycolic acid ဟာ အစွမ်းထက်ဆုံးနဲ့ အသေးဆုံး AHAတွေထဲက တစ်ခုဖြစ်တဲ့အတွက် အသားအရေကို တခြား AHA တွေထက် ပိုကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်
Glycolic acid က ဆေးရုံ၊ ဆေးခန်းတွေမှာ အရေပြားဆရာဝန်တွေ အကြိုက်ဆုံး AHA ပဲ၊ ဓာတုပစ္စည်းတွေနဲ့ အရေပြားဆဲလ်တွေ ပြန်လည်ရှင်သန်လာစေဖို့နဲ့ အမဲစက်၊ မှဲ့ခြောက်၊ တင်းတိပ်တွေကို လျော့ချဖို့နဲ့ အရေပြားကို ကောင်းမွန်စေဖို့အတွက်ပါ
✔️ညိုညစ်နေတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းစေပြီး မှဲ့ခြောက်၊ တင်းတိပ်၊ အမဲစက်၊ ၀က်ခြံတွေကို ထိန်းချုပ်ပေးနိုင်မယ့် ပစ္စည်းမျိုး ရှာနေတယ်ဆိုရင် Glycolic bright series က နောက်ထပ် အလန်းစားနဲ့ စိတ်ဝင်စားစရာ တစ်ခုပါနော် မျက်နှာအရေပြားပေါ်ကပြသနာတွေကို ဖြေရှင်းပေးတဲ့အပြင် အသားအရည်အတွက်ပါ အထောက်အကူပြုပါတယ်🌸
Serum နဲ့ Day cream ကို အထုပ်လေးတွေနဲ့လည်း ရနိုင်ပါတယ်။
28/03/2024
နွေရာသီမှာ အဆီတရွှဲရွှဲနဲ့ မျက်နှာကြီးညစ်ပြီး ချွေးပေါက်တွေကျယ်တာမျိုး မဖြစ်ရအောင်… Part-1
နွေရာသီရောက်လေတိုင်း ပြောနေကျမလို့ တချို့အမြင်ကတ်ရော့မယ်၊ ဒါပေမဲ့ အရေးကြီးပြီး တကယ်လိုအပ်လို့ remind လုပ်တဲ့အနေနဲ့ ထပ်ပြောပါရစေနော်။ နွေရာသီမှာ အပူဒဏ်ကြောင့်မလို့ ကိုယ်တွေရဲ့အသားအရေမှာ ပြောင်းလဲမှုတွေဖြစ်လာတယ်။ မထွက်စဖူး အဖုလေးတွေ ထွက်လာတယ်၊ အပြင်သွားပြီးရင် မျက်နှာတွေ ရဲတက်နေတယ်၊ ချွေးပေါက်တွေ ပိုပြီးကျယ်လာတယ်၊ ကြည့်လိုက်ရင်လဲ မျက်နှာက ကြည်ကြည်လင်လင်မရှိဘဲ အဆီတွေပြန်ပြီး ညစ်ထေးနေရတယ်ပေါ့နော်။ ကိုယ်တွေသာ အဲ့လိုကြုံနေရတာပါ၊ တကယ် skin ကောင်းတဲ့သူတွေ ကိုယ့်အသားအရေရဲ့ တုံ့ပြန်မှုကိုကြည့်ပြီး လိုက်လျောညီထွေစွာ skincare တတ်တဲ့သူတွေကို ကြည့်လိုက်ရင် မျက်နှာလေးက အချိန်မရွေး ဝင်းပနေတာပဲနော်။ အဲ့လိုမျိုးလေး နွေရာသီကို လှလှပပနဲ့ survive လုပ်နိုင်ဖို့ Nyi ဒီနေ့ ပြောပြသွားမှာပါ။
1. Double Cleansing ညတိုင်းလုပ်ပါ🍃
Deep cleansing အလိုဆုံးရာသီဖြစ်တဲ့အတွက် sunscreen, makeup, သနပ်ခါး လိမ်းတယ်ဆိုရင် ကျိန်းသေပေါက် DC လုပ်ပေးပါ။ အဲ့ 3ခုမလိမ်းတဲ့သူတွေကတော့ မလိုပါဘူးနော်။ Micellar water ပဲသုံးသုံး၊ Cleansing oil/balm ပဲသုံးသုံး အဆင်ပြေပါတယ်။ ဝက်ခြံအရမ်းများတဲ့သူ Breakout ဆိုးနေတဲ့သူက Micellar water ရွေးပြီး ဆားဝက်ခြံ ချွေးပေါက်အတွက် benefit ရချင်သူတွေက Cleansing oil/balm ပိုရွေးပေးပါ။ ဝက်ခြံအဆီဖုမထွက်အောင် ကာကွယ်ဖို့ effective အဖြစ်ဆုံးနည်းလမ်း ဖြစ်ပါတယ်နော်။
2. Toner က မဖြစ်မနေ သုံးရမယ့်အရာ မဟုတ်ပါ။ But, နွေရာသီအတွက်ဆို သုံးပေးရင် ပိုကောင်းပါတယ်🍃
သုံးတဲ့အခါမှာလဲ texture ကျဲတဲ့ toner မျိုးကို သုံးဖို့ အကြံပေးချင်တယ်။ Milky toner / Cream toner တွေ နွေရာသီမှာ လုံးဝရှောင်ပေးပါ။ နောက်ပြီး အဆီပြန်သမားဆိုရင် exfoliating effect မဆိုသလောက်ပါတာမျိုးတို့၊ astringent properties အနည်းငယ်ရှိတဲ့ toner မျိုးတို့က ပိုအကျိုးရှိနိုင်ပါတယ်။ Nyi အနေနဲ့ အထူးတလည်ညွှန်းချင်တဲ့ products လေးတွေကိုလဲ list ထုတ်ပေးပါဦးမယ်နော်။ Toner သုံးတဲ့အခါ အရည်ကျဲတာဆိုရင် cotton pad နဲ့သုံးဖို့၊ ပျစ်တာဆိုရင် လက်နဲ့လိမ်းဖို့ suggest လုပ်ပါရစေ။
3. Essence / Serum / Ampoule သုံးလို့ရတယ် ဒါပေမဲ့ over မဖြစ်စေနဲ့🍃
ဆိုလိုချင်တာကတော့ ဒီ 3ခုလုံးကို ကိုယ့်ရဲ့ routine မှာ ထည့်သုံးဖို့မလိုပါဘူး။ ခုလို ချွေးပေါက်ပိတ်လွယ်တဲ့ ရာသီမှာဆို တခု or 2ခုဆို တော်သင့်ပြီ။ Essence တထပ်၊ Serum တထပ်၊ Ampoule တထပ်လိမ်းလို့ benefits ရမှာထက် pore-clog ဖြစ်ပြီး အဖုထွက်ဖို့က ရာခိုင်နှုန်းပိုများပါတယ်နော်။ ဒါ့အပြင် လိမ်းတဲ့ပမာဏကိုလဲ ချိန်ဆပေးပါ။ အနည်းငယ် heavy ဖြစ်တဲ့ products မျိုးကို အများကြီးလိမ်းမိရင်လဲ အဖုထွက်နိုင်ပါတယ်နော်။ Nyi တော့ ညဘက်ဆို DC, toner, serum, moisturizer ပဲ လိမ်းပါတယ်။
4. Moisturizer ကို gel type / gel cream type အဓိကအသားပေးသုံးပါ🍃
တော်ရုံအသားခြောက်တဲ့သူထိ Nyi ကတော့ အဲ့လိုပဲ မှာတယ်။ အဖုထွက်ရတဲ့ တရားခံတွေထဲမှာ moisturizer ရဲ့ role ကလဲ မသေးဘူး။ ဆိုတော့ ထပ်မှာချင်တာက moisturizer ကို အဓိက ညဘက်ပါအောင်သုံး၊ မနက်ဘက်ကို လိုအပ်ရင် skip လို့ရတယ်။ အထူးသဖြင့် ကိုယ်သုံးတဲ့ sunscreen က chemical sunscreen အမျိုးအစားဆိုရင် skip လိုက်တာက ပိုအကျိုးရှိပါမယ်။ ဒါမှမဟုတ် moisturizer ကို မနက်ကို gel type, ညဘက်ကို gel cream type အစရှိသဖြင့် 2ခုသုံးပေးရင်တော့ အကောင်းဆုံးပေါ့နော်။
5. Sunscreen ကို Physical type တွေ ပိုသုံးစေချင်ပါတယ်🍃
Protection ရတာချင်း အတူတူပေမဲ့ Nyi အမြင် white cast ပြဿနာကလွဲရင် အဖက်ဖက်မှာ Physical တွေက Summer friendly ပိုဖြစ်တယ်လို့ ထင်တယ်။ အဆီသေချာထိန်းလို့ မျက်နှာကြီးအဆီတွေနင့်နေမှာမျိုး မပူရဘူးကွာ။ ကိုယ်က အသားညိုလို့ Chemical type သုံးချင်ရင်တော့ အဆီမပြန်ရအောင် powder / powder pact လေးနဲ့ တွဲသုံးဖို့ အကြံပြုပါရစေ။ ဘာအမျိုးအစားပဲဖြစ်ပါစေ sunscreen တော့ မဖြစ်မနေ လိမ်းပေးနော်။ နွေရာသီမှာ SPF မလိမ်းတဲ့သူကတော့ တော်တော်လေးကို မိုက်မဲတဲ့သူဖြစ်ပါကြောင်း။
စာအရမ်းရှည်သွားမှာစိုးလို့ Nyi ဒီအကြောင်းအရာလေးကို Part-1, Part-2 ခွဲပြောလိုက်မယ်နော်။ အဆုံးထိဖတ်ရူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ🫶
28/03/2024
နွေရာသီ သုံးပေးသင့်တဲ့ မျက်နှာသစ်ဆေးလေးတွေပါ 😊
28/03/2024
Double Cleansing
Double Cleansing ကို စိတ်ရှည်ရှည်နဲ့ မှန်မှန်ကန်ကန် လုပ်ကြရအောင် 🌼
ငုံးတို့ Double Cleansing လုပ်ကြရမှာလည်း သိတယ်
micellar water တွေ cleansing water တွေလည်း သုံးတတ်ကြပေမယ့်
Cleansing Oil/Balm/Cream တွေသုံးမယ်ဆိုရင်တော့
အဖုပိုထမှာ ချွေးပေါက်ပိတ်မှာကို ကြောက်တတ်ကြတယ်
တကယ် lightweight & cleansing power ကောင်းပြီး
Quality တစ်ခုရှိတဲ့ cleansing oil တွေက
Acne-prone တွေ Sensitive skin တွေအတွက်ဆို
ပိုပြီးတော့တောင် အဆင်ပြေနိုင်ပါတယ်ဗျ
အလွယ် oil လို့ပဲ ငုံး ရေးလိုက်တော့မယ်နော်
Balm , Cream တို့အတွက်လည်း တူတူပါပဲ
🌸 ရေစိုနေတဲ့ မျက်နှာမဖြစ်ရပါဘူးဗျ
ဘာမှမထိရ ၊ မလုပ်ရသေးတဲ့ မျက်နှာပေါ်မှာ သုံးပေးပါဗျ
🌸 လက်ဖဝါးထဲ oil ထည့်ပြီး ခဏလောက်ပွတ်ပေးပါ
🌸 ခန္ဓာကိုယ်အပူချိန်နဲ့ နွေးသွားတဲ့ oil ကိုမှ
မျက်နှာပေါ် စက်ဝိုင်းပုံစံပွတ်ပြီး နှိပ်နယ်ပေးပါ
🌸 ဆားဝက်ခြံ ၊ sebaceous filaments လေးတွေရှိတတ်တဲ့
နှာခေါင်း ၊ မေးစေ့ ၊ မျက်ခုံးနှစ်ခု အလယ်နေရာလေးတွေကို
သေချာလေး ပွတ်တိုက်နှိပ်နယ်ပေးပါ လည်ပင်းတွေလည်းပွတ်ပါ
🌸 ကျွတ်ထွက်လာသမျှက ဆားဝက်ခြံဖြစ်ချင်မှ ဖြစ်ပါတယ်
sebaceous filaments ၊ အညစ်အကြေးတစ်ချို့နဲ့
ချွေးပေါက်ပေါ်မှာ ပိတ်ပြီး အဖုဖြစ်လာနိုင်မယ့်
အဆီခဲလေးတွေလည်း ဖြစ်တတ်ပါတယ်
ပုံမှန်သုံးပေးရင်တော့ ဆားဝက်ခြံသက်သာလာတာ ဖြစ်နိုင်ပါတယ်
🌸 မိတ်ကပ်တွေ ၊ Sunscreen တွေ ၊ Color Cosmetics တွေ
အကုန်လုံးကို ပြောင်စင်အောင် ပွတ်ပြီးရင်တော့
ရေချက်ချင်းမဆေးချသေးဘဲ လက်ထဲကို ရေဆွတ်ပြီး
အဲ့ဒီ ရေစိုလက်နဲ့ မျက်နှာကို နည်းနည်းလေးထပ်ပွတ်ပေးပါ
အဲ့ဒီမှာ oil တွေကို ရေနဲ့ထိတွေ့ပြီး emulsify ဖြစ်အောင်လုပ်ပေးပါ
အဖြူရောင်အနှစ်လေးတွေပေါ့ ဒါက ကိုယ်သုံးတဲ့ oil ရဲ့
Quality တစ်ခုကို မြင်ရတယ်လို့ ငုံးတော့ထင်တယ်
ရေနဲ့ထိတာနဲ့ ချက်ချင်း ပြောင်းသွားတော့
oil သုံးပြီး ချွေးပေါက်ပိတ်မှာ မပြောင်စင်မှာ
ပိုပြီး အဖုထနိုင်မှာ ဆိုတဲ့ အတွေးတွေကို လုံးဝလျော့သွားစေတယ်
🌸 ပြီးမှ ရေသေချာဆေးချလိုက်ရင်
အညစ်အကြေးတွေ အဆီတွေ အကုန်ပြောင်စင်ပြီး
မျက်နှာက ရှင်းထွက်သွားတယ် ဆိုတဲ့ feeling ကို
မျက်နှာသစ်ဆေးတောင် မသုံးရသေးဘဲ ရလိမ့်မယ်
ဒါပေမယ့် အသားလည်း အရမ်းခြောက်သွားတာမရှိဘဲ
Balance ဖြစ်နေမယ်ပေါ့နော် ဒါက တကယ်ကို
ကောင်းပြီး lightweight ဖြစ်တဲ့ cleansing products တွေ
သုံးပြီးရင် ခံစားရနိုင်တယ်
🌸 Cleansing Oil တွေသုံးပြီးရင် tissue နဲ့သုတ်ပစ်တာက
ငုံးအတွက်တော့ မြင်ရတာ ဘယ်လိုမှအဆင်မပြေဘူး
လိုလည်းမလိုဘူးလေ ရေဆွတ် emulsify ဖြစ်အောင်လုပ်ပြီး
ရေပြန်ဆေးချရမှာပဲကို 🥹
tissue ရဲ့ texture နဲ့ ပွတ်တိုက်မှုနဲ့ oil ရှိနေတဲ့ skin က
ဘယ်လိုမှ အဆင်မပြေဘူးထင်တယ်
ဒါကတော့ ငုံးအတွေးပါ ကြာရင် irritate ဖြစ်တာ ၊
အရေးအကြောင်းဖြစ်လွယ်တာမျိုး ရှိလာမှာစိုးလို့လေ
ပြီးရင်တော့ မျက်နှာသစ် သေချာလေးသုံးပေးပြီး
ကျန်တဲ့ skincare steps တွေ ဆက်လုပ်ပေးရုံပါပဲခင်ဗျ
မသိသေးတဲ့သူလေးတွေအတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်နော် 😻
28/03/2024
နွေရာသီအတွက် ရေဓာတ်ရှယ်ဖြည့်ပေးမယ့်
Moisturizer များ 💚
မမီးဆီမှာ -
Lebelage Super water Drop ရှိ
G.G Trouble Solution ရှိ
iUNIK Calming Gel ရှိ
summer တွက် အဆင်ပြေဆုံး ရေဓာတ်ဖြည့် moisture များ....
ခုတလော နွေရာသီလဲရောက်ပြီ တော်တော်လဲပူလာပြီဆိုတော့ အသားအေးပြီး လိမ်းရတာမစေးကပ် မပူတဲ့ creamမျိုးလိုလာပြီလေ...
အာ့မို့ ကာရံက လိမ်းရတာအေးအေးလေးနဲ့ ရေဓာတ်အပြည့်ဖြည့် စေးကပ်ပူလောင်တာမရှိဘဲ အသားကြည်glowစေတဲ့ moisture လေးတွေ ရွေးပေးထားပါတယ်....
Lebelage super water drop ampoule cream..
water dropဆိုတဲ့အတိုင်းဘဲ ရေစက်လေးတွေလိမ်းနေရသလို အေးအေးလေးဖစ်တယ် စေးကပ်တာမရှိဘူး လိမ်းလိုက်ရင် ကြည်ကြည်ပြောင်ပြောင်လေးနဲ့ အဆီပြန်တာလဲမရှိဘူး centella လဲပါတော့ အသားအရေနီရဲအဖုထလဲ သက်သာတယ်...
soothing ဖစ်ပြီး အစိုဓာတ်အပြည့်ရတဲ့ creamမျိုးပါ...
all skin typeပြေပါတယ်....
skin 1004 centella soothing cream...
ကာရံသုံးဖူးတဲ့ moisture တွေထဲမှာ soothing calming အဖစ်ဆုံးလို့ပြောရမယ်
centella အဓိကပါတာမို့ မကြာခန အသားနီ အဖုထတက်တဲ့ sensitive skinတွေ ဆောင်ထားသင့်တယ်....
နွေရာသီမှာ အပူဒဏ်ကြောင့် ထတဲ့ အဆီဖုနီနီရဲရဲသေးသေးလေးတွေကို ဒါလိမ်းပေးရင် ချက်ချင်းဆိုသလိုသက်သာအောင်လုပ်ပေးနိုင်တယ်....
Hyaluronic acid-ceramide တို့ပါလို့ အစိုဓာတ်အပြည့်ရ ကြည်ကြည်ပြောင်ပြောင်လေးနေတယ်....
Numbuzin no 1 purple complex moisture balancing soothing cream...
ခရမ်းရောင်ရှိတဲ့ အသီးအနှံတွေနဲ့ထုတ်ထားတာမို့ creamအသားလေးက ခရမ်းရောင်ပါ soothing တော်တော်ဖစ်တယ် ရေခဲတုံးလေးကပ်လိုက်သလိုအေးပြီး နီတာတွေယားတာတွေချက်ချင်းသက်သာတယ်.....
moisture ကို lockလုပ်ထားနိုင်တာမို့ အစိုဓာတ်အချိန်ကြာကြာရတယ် အဆီမပြန်ဘူး ကြည်ကြည်လေးနဲ့ glowနေရောဘဲ...
all skin typeအပြင် အဖုထ အသားနီယားတက်တဲ့သူတွေနဲ့လဲပြေတယ်....
where to buy- Numbuzin Myanmar Exclusive
graymelin trouble solution gel cream...
gel cream typeကိုမှ လိမ်းရတာအေးအေးလေးနဲ့ အဆီအရမ်းထိန်းပေးနိုင်တယ်....
အဆ်ိထိန်းတဲ့အပြင် အသားအရေကိုကြည်ကြည်လေးဖစ်နေတာ လိမ်းရတာမပူဘူး စိမ့်ဝင်မြန်တယ်....
ဝက်ခြံတွေလဲသက်သာစေတယ် ဝက်ခြံထွက် အဆီပြန်တဲ့သူတွေနဲ့သင့်တော်တယ်...
dry skin recommend မလုပ်ပါ.....
where to buy- Graymelin Myanmar
some by mi snail truecica repair cream....
အမာရွတ် ချိုင့်ခွက်တွေသက်သာချင်ပြီး ဝက်ခြံအဆီဖုပါသက်သာချင်တဲ့သူတွေရွေးသင့်တယ်....
black snail အပြင် centella လဲပါတော့ အမာရွတ်ဝက်ခြံသက်သာတယ်....
gel cream texture လေး အသားအေးတယ် စိမ့်ဝင်မြန်တယ် finish က ကြည်ကြည်လေးကျန်ခဲ့တယ်...
all skin typeပြေနိုင်ပြီး အဆီပြန်တဲ့သူတွေနဲ့ပိုသင့်တော်ပါတယ်.....
where to buy- Commalax
rovectin lotus cream....
ကြာပန်းကနေထုတ်ထားတာဆိုတော့ အသားကြည်ဝင်းတဲ့အပြင် လိမ်းရတာအေးအေးလေးဖစ်နေတာ creamအသားက ထူပေမယ့် စိမ့်ဝင်မြန်တယ်....
အဖုထတာလဲ သက်သာတာမြန်တယ် sensitive ဖစ်တက်လဲ skin barrier ကိုပြန်ကျန်းမာအောင်လုပ်ပေးနိုင်တယ်..
သူ့ finish က primerလေးလိမ်းထားသလိုဘဲ အဆီထိန်းပြီး သိပ်ပြောင်နေတာ....
combination to oily skinတွေနဲ့ပိုသင့်တော်ပါတယ်...
where to buy- Rovectin Myanmar
iunik centella gel cream...
ခု review တဲ့ creamတွေအကုန်လူံးထဲမှာ အဆီအထိန်းနိုင်ဆုံးလို့ပြောရမယ် gel creamလေးမှ အေးအေးမြမြလေး...
centella ပါလို့ ဝက်ခြံအဆီဖုတော်တော်နိုင်တယ် အရမ်းသက်သာတယ်....
tea treeပါလို့ မတည့်ရင်ရှောင်နော် ဝက်ခြံသမားတွေတွက်တော်တော်ကောင်းတဲ့ creamပါ...
အဆီဖု ဝက်ခြံထွက်ပြီး အဆီပြန်နေရင်ရွေးသင့်တယ် dry skinတွေနဲ့ မသုံးသင့်ပါ....
Derma factory aquaporin hydrating cream...
gel creamလေးကိုမှ အစိုဓာတ်လဲအပြည့်ရ လိမ်းလို့လဲကောင်း အသားအေးအေးလေးနဲ့ ကြည်ကြည်ပြောင်ပြောင်လေးဖစ်သွားတာ အဆီလဲ ပြန်လာတာမရှိဘူး အဆီဓာတ်နဲ့ရေဓာတ်နဲ့ညှိပေးတော့ အသားအရေက blanceful ဖစ်ပြီးကြည်ကြည်လေးဖစ်နေတာ....
aquaporin ဆိုတဲ့ရေဓာတ်ဖြည့် ingredients တမျိုးနဲ့ထုတ်ထားတာ....
all skin typeပြေပြီး လိမ်းလို့အရမ်းကောင်းတဲ့ ရေဓာတ်ဖြည့် moisture မျိုးးရှာနေရင် recommend တယ်....
where to buy- Derma Factory Myanmar
28/03/2024
ပိမင်ရဲ့ နွေရာသီ စကင်ကဲလေး
နွေရာသီ နေကပူ...အဆီကပြန်ပြီး...
မုန့်ကျွဲသဲမဖြစ်ချင်ကြဘူးမလား...
ပိမင်ဖန်တီးထားတဲ့
Oil Control Set လေးကို စမ်းကြည့်လိုက်ပါ
ကုန်ကျစရိတ်အဆင့် - ကိုကိုရှိမှသုံး
***သုံးနိုင်မယ့် Skin Type***
Sensitive Skin နဲ့ Dry Skin ကလွဲပြီး
ကျန်တဲ့ Skin Type တွေအကုန်ရ...
တိုနာနဲ့ Cleansing Water ကို Cotton Pad နဲ့သုံးပေးပါ..
ဟုန်...ပိပါပိ...ကျေးဇု...
28/03/2024
ဒီနေ့ရောက်တဲ့ အုပ်စုလေး
27/03/2024
မျက်နှာသစ် အမျိုးအစားအလိုက် သေချာခွဲပြီး ရှင်းပြပေးထားတာလေး တွေ့လို့ပါ
သဲတို့ ဝင်ဖတ်ကြအုံးနော်
ဒီမျက်နှာသစ်က ရေဆေးရတာမပြောင်ဘူးတို့
ရှင်းသွားတယ်မခံစားရဘူးတို့ ဖြစ်ပြီး
စိတ်အလိုမကျတာလေးတွေ
ကြုံတတ်တယ် ဟုတ် ?
ဒါလေးဖတ်ကြည့်ရင် ရှင်းသွားမယ်နော်
ကိုယ့် Skin Type အလိုက် သုံးသင့်တဲ့ အမျိုးအစားလေးတွေပါ တခါတည်းကြည့်လို့ရလို့ ပုံလေးတွေ save ထားကြနော် 💙
27/03/2024
နာမည်ကြီး 𝗕𝗲𝗮𝘂𝘁𝘆 𝗼𝗳 𝗝𝗼𝘀𝗲𝗼𝗻 ရဲ့ Suncream
မစီး မကပ် မပြာ
Suncream လိမ်းလိုက်တာမှဟုတ်ရဲ့လားလို့ကို
အံ့ဩမိ 🥰
အရမ်းကြိုက် သိပ်ကြိုက်
သူ့မှာ အဓိကပါတာတွေကိုပြောရရင်
- Rice Extract 30% ထိပါတယ်
- Niacinamide ရယ်
- Green Tea နဲ့ အခြား Probiotics တွေအပြင်ကိုမှ
Ginseng (ဂျင်ဆင်း) အမြစ်လည်း ပါတယ်။
𝗡𝗶𝗮𝗰𝗶𝗻𝗮𝗺𝗶𝗱𝗲 ပါလို့ အဆီပြန်မှာ မစိုးရိမ်ရ၊ ချွေးပေါက်လည်းကျဉ်းစေမယ်
𝗚𝗿𝗲𝗲𝗻 𝗧𝗲𝗮 ကြောင့် ဝက်ခြံအဆီဖု ရောင်ရမ်းတာ ယားယံတာ သက်သာစေမယ်
ဆေးဖက်ဝင် 𝗚𝗶𝗻𝘀𝗲𝗻𝗴 အမြစ်က 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 ထုတ်လုပ်မှုကောင်းစေလို့ အသားရည်တင်းရင်းစေမယ်
ဖြူသွားတာ ပြာသွားတာ မဲသွားတာမျိုး လုံးဝ လုံးဝ မရှိ။
fragrance free မို့
ဆေးနံလိုလို အမွှေးနံ့လိုလိုမပါ။
10 ml လေး စမ်းသုံးပြီး ဘူးကြီးတန်းမှာကြလို့ ရောင်းမလောက် Suncream လေး 😁
Skin Type အကုန်သုံးလို့ရ
𝗦𝗣𝗙 နဲ့ 𝗣𝗔 𝘁𝗲𝘀𝘁 နှစ်ခုလုံးကို ကိုးရီးယားနဲ့ ပြင်သစ် မှာ စမ်းသပ်အောင်မြင်ထားပါသေးတယ်တဲ့ရှင် 😍
မမီးကတော့ suncream တွေထဲမှာ ဒါလေး အကြိုက်ဆုံးပါရှင့်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Aung
