Beauty Secrets for Ladies

Beauty Secrets for Ladies

Share

Available Lingerie, underwear & cosmetics.If you be other regions we will provide delivery to your a

Available Lingerie, underwear & cosmetics.If you be other regions we will provide delivery to your address.

07/11/2024

မျက်ခုံးမွှေးကတော့ရှိပြီးသားပါပဲ မျက်ခုံးလဲ ကောင်းတယ်

ဒါပေမယ့် ပုံမကျဘူး အမြဲ ရိတ်လိုက်တိုင်းလက်လွန်ရတယ်

ဆွဲလဲမဆွဲတတ်ဘူး ညီမလေးရယ်🤭

ကလေးတစ်ဖက်နဲ့လည်း အချိန်မရပြန်ဘူး

လှလဲ လှချင်တယ် အချိန်မပေးနိုင်ဘူးကွယ်

လာခဲ့မမ ရတယ် သမီး မျက်ခုံး ပုံသွင်းပေးမယ်

Make up look ကို Ombre နဲ့မနေရဲဘူးနော် ညီမလေးတဲ့

မပူနဲ့မ အမွှေးနဲ့တူတဲ့ အမျှင်တွေချည်း ခြစ်ပေးမှာ ✍🏻

မျက်လုံးကလည်းလေ eyeshadow တွေမခြယ်တတ်ဘူး

Mascara ကော့ပြီးရင်လည်း မျက်လုံးတွေမဲလို့ကလေးရယ်

ရတယ်မမ လာခဲ့ တရေးနိုးလည်းလှနေရမယ်

အလုပ်များနေလည်းအလှမလျော့စေရဘူးမမ

သမီးရှိတယ် 🤭

Microblading and eyelash extensions by

ShweYeeKyawWin ✨

☎️ 09252819942
☎️ 09697917001

လက်ရှိ ရန်ကုန် ရောက်ရှိ ရန်ကုန်မှာ service ပေးနေပါတယ်ရှင့်✍🏻

23/07/2024

အားနေ ငါ့ပဲ ကွက်ပြီး ရွေးမဲနေကြ သလိုလေးနော် ဟိဟိ

ပျော်ပါတယ် friend requestတွေလဲ တအားတက်တော့

Message request မှာလည်း ထူးခြားတာတွေ တွေ့ပါတယ်

ပုံမှန်ဆို 19 မိနစ် နောက်ကျအတင်ခံရ

1 ရက်နောက်ကျ အတင်ခံရ

မဲကြေးနောက်ကျ အတင်ခံရ

Daily ထည့်နောက်ကျ အတင်ခံရ

နေ့တိုင်း tag တွဲခံရ mention ခံရ

Comment တွေ မန့်ခံရ

ငွေထည့်လိုက်ရင်လည်း post ပြန်ဖျက်သွားလိုက်ကြ

သူတို့မဟုတ်သလိုနဲ့

ငါ့လည်း ဘောလုံးကန်သလို ကန်နေကြသလားမှတ်ရ

အဲ့လိုခဏခဏ ကြော်ငြာခံနေရ များလာတော့

ရှိပြီးသား friend တွေထဲက အထင်သေးပြီး

မုန်းပြီး block ခံရမယ် friend မဖြစ်ချင်ဘူးတွေထင်တာ

ခုကျပြောင်းပြန်ပါ့လားဟေ့ 😍

22/07/2024

ညှိမရ နှိုင်းမရ ဆွေးနွေးမရ တိုင်ပင်မရ ဟိုလိုလည်းမဟုတ်ရ ဒီလိုလည်းမဟုတ်ရ တောင်းဆိုလည်းမဟုတ် တောင်းပန်လည်းမဟုတ် ဪှင်းပြတော့လည်း မကြောင်းပြတယ် ရှင်းမပြ ကြိတ်လုပ်နေတော့လည်း မျက်နှာပြောင်တယ် အကျိုးအကြောင်းမပြောဘူးဖြစ်တယ် ကြာတော့လည်း တကယ် သေချင်လာခဲ့ပြီ မရှင်းပြချင်တော့ဘူး မကြိုးစားချင်တော့ဘူး ရှင်းမပြချင်တော့ဘူး မညှိချင်တော့ဘူး pressure တအား ပေးကြတော့‌လေ ကြာတော့လေ
အဲ့လောက်တောင်ဖြစ်နေရလားဆိုပြီး တကယ်ကို တစ်ခုခု ဖြစ်သွားပစ်လိုက်မှပဲအကုန် နားအေး တော့မယ် လို့ တွေးဖြစ်နေတယ် အဲ့လိုတကယ်ဖြစ်သွားမှပဲ တကယ်နားအေးမယ် ထင်တယ်နော် အဓိကက ကိုယ်ဖြစ်နေတာမဟုတ်ဘူးလား ကိုယ်နေမကောင်း ထိုင်မကောင်းရင် ဘယ်သူကအစားဝင်ခံပြီး ဘယ်သူက ဝင်တာဝန်ယူမှာမို့လဲ ဘယ်သူကဆက်လက် ထိနိးသိမ်းမှာမလို့လဲ အလုပ်တွေ ကိစ္စတွေ အစစအရာရာ တစ်ယောက်ထဲ တာဝန်ယူနေရတာတောင် တာဝန်ယူနေပါလျက်နဲ့ကို အမျိုးမျိုးတွေ‌ လူကိုလုပ်နေကြတာ လူစိတ်ရှိနေသေးလို့ မြင်နေရသေးတယ်မှတ်ကြလေနော် လူစိတ်သာ မရှိရင် ဒီနေ့ထိ ရှိနေမှာမဟုတ်သလို ဆက်ပြီး လူစိတ်မရှိတော့ရင် ဘယ်သူ့ကိုမှ ဘာကိုမတွယ်တာတော့ရင် ကိုယ်လဲ ကိုယ့်ကိုယ်ကိုယ်ပါ အာမမခံတော့ဘူး ဒီနေ့ ဒီချိန်ထိ တောင့်ခံနေတာ တန်ခိုး ရှိလို့မဟုတ်ဘူး မှားခဲ့တာ တွေရှိတယ် မပိုင်ဆိုင်သင့်တာတွေ ကြိုးစားပိုင်ဆိုင်ခဲ့ရတယ်လို့ ထင်တဲ့အတွက် အရာရာကိုအရှုံးခံပြီး သူ့နေရာသူ နေရာတကျ ပြန်ထားနေတာ တစ်ခုချင်းစီ နေရာပြန်ချနေတာ ဒီလောက်ထိ လူတစ်ယောက်မှားနေတာ မှန်ဖို့ ပြင်ဆင်နေတာတောင် ဆွဲမကူ ပဲ ထိုးချနေတာ ပိုမှားအောင် ပိုတွန်းပို့နေကြတာ ကြာတောလည်း အံဩလာတယ် နားမလည်နိုင်တော့ဘူး လူသားချင်းမစာမနာ တကယ်ကို ရက်စက်လွန်းကြတယ် နောက်ဆုံးကျရင်တော့ တကယ်ပါ ငါတကယ် လက်လျှော့မိမှာစိုးတယ် ငါ့ကိုယ်ငါ လက်လျှော့သွားမှာစိုးရိမ်တယ် အဲ့ကျရင်တော့ တကယ် အရာအားလုံး ငါ့ပုခုံးပေါ်ကနေ နောက်ဘဝထိပဲပါသွားလိုက်မယ် ရွှေရည်ကျော်ဝင်း ခေါင်းမာတယ်ဆိုပြီး မစမ်းသပ်စေချင်ဘူး သွေးတိုးစမ်းသမျှ ခံနေတာလည်း ခံသင့်တယ် ယူဆလို့ခံနေတာ ဒီဘဝကို လက်မလျှော့ချင်သေးဘူးဆိုတဲ့ စိတ်နဲ့ မှားခဲ့ရင်မှန်ခွင့် ပြုပြင်ခွင့်ရှိတယ်ဆိုတဲ့စိတ်နဲ့ တင်းထားတာ တကယ်ထွက်သွားရင်တော့ ပြန်မလာနိုင်တော့ဘူးနော် အရာရာ ဖယ်ခွာကြည့်လိုက်ရင် လူသားထဲက
လူသားတစ်ယောက်မို့ ခံနိုင်ရည် ကုန်ဆုံးအောင် ထိတော့ မလုပ်စေချင်ဘူး မထိုးနှက်စေချင်တာအမှန်ပါ မနေချင်တော့တာလည်း အမှန် ကျမ မရှိတော့ရင် ကျမကိုယ်ကျမမပိုင်ဆိုင်တော့ရင် ကျမကိုအများပိုင်ဆိုင်သွားတဲ့အခါ ....... ပန်းလှလှ‌လေးတွေအများကြီးထဲကမှ နှင်းပန်း လေး တွေရှာပြီး လက်ဆောင်ပေးပေးကြပါနော် 🥹

22.7.2024

11:15 PM

20/07/2024

Forehead Lines Botox & Frown Lines Botox Result picture 🩷

photo from Google 🙏

Photos from Beauty Secrets for Ladies's post 20/07/2024

အစိမ်းနုလေးက Botox

အညိုလေးက mesofat

လေ့လာကြည့်ပါရှင့် 🩷

20/07/2024

ည 12 ခွဲပြီမို့ ဆိုင်က ကောင်တာမှာထိုင်ပြီး စာမလုပ်ဖြစ်ဘူး

အိပ်ယာထဲ ယူလာပြီး စာလုပ်နေကြောင်း 😍

အမိုက်စား Result တွေ ပေးနိုင် ဖို့အတွက်ရယ်

#ဘေးကင်းကင်းနဲ့ကျန်းမာနုပျိုလှပနေဖို့အာမခံပါတယ် ဆိုတဲ့

စကား ပြောရဲဖို့ အတွက် နှိုက်နှိုက်ချွတ်ချွတ်

လေ့လာရမယ့် တာဝန် ကိုယ့်မှာ ရှိတယ် 💪🏻

Photos from Beauty Secrets for Ladies's post 08/07/2024

Armpit hair waxing ✨

🪂 Men & Ladies

🏷️15000 / 20000

Brand 2 မျိုးရှိပါမယ်ရှင့်

☎️ 09252819942
☎️ 09697917001

မျက်စိတွေကိုက် ဇက်ကြောတွေတက်အောင်

ဇာဂနာနဲ့ နှုတ်နေတုန်းလားရှင်

အရင်ရှေးရိုးနည်းတွေ ပြာတွေနဲ့လဲ နှုတ်နေရတုန်းလားနော်

ရှုပ်နေတာတွေရှင်းသွားဖို့ 10 မိနစ်ပဲလိုတယ် 😉

လာခဲ့ပါနော့်🩷

Photos from Beauty Secrets for Ladies's post 06/07/2024

ဆိုင်ပြန်မဖွင့်ရသေးဘူး

ဆိုင်လာချင်နေတဲ့ကလေးလေး 🩷

မနှစ်ကဆိုင်စဖွင့်ကတည်းက အားပေးခဲ့တဲ့ညီမလေး

အမေတွေအမတွေအဒေါ်တွေလည်း မိတ်ခေါ်ခေါ်လာပေးတဲ့

Lucky girl🍀 လေး အခုလည်း ဆိုင်သစ်အဖွင့်ကို

သူလေးကဦးအောင်လာတော့မှာ

Welcome ပါကလေးရေ 🩷

Eyelash extension & Lip coloring tattoo appointment 💋

☎️ 09252819942
☎️ 09697917001

30/06/2024

လူတိုင်းမှာ မျက်လုံးပါတယ်

မြင်တဲ့သူရှိတယ် မမြင်တဲ့သူရှိတယ်

မမြင်ပေမယ့် မြင်သလို နေရတဲ့အခါရှိသလို

မြင်‌ပေမယ့် မမြင်ချင်ယောင်ဆောင်ရတဲ့ခါလည်းရှိတယ်

ဒီလူတစ်ယောက်က ချောလိုက်တာ

သူလည်းမြင်တယ်ကိုယ်လည်းမြင်တယ်

“ဟာ"
“ချောလိုက်တာ" ပြောလို့ရတယ်

ပြောတဲ့သူအဖို့ရော ကြားတဲ့သူအဖို့ရော

ပြောသံသာ နားဝင်ချို သာယာစေတယ်
နှုတ်မှာရော အကြားမှာပါ အကုသိုလ်မဖြစ်ဘူး

“ဟယ်"
“ အဲ့တစ်ယောက်ရုပ်ဆိုးလိုက်တာ "
“မျက်လုံးကဘယ်လိုဖြစ်နေတာ "
“သွားက ကျဲတယ်နော်"
“သွားကအလစ်တဲလေးခေါတယ်နော်"
“ပါးစပ်ကပြဲလိုက်တာ"
“ပါးစပ်ကသေးလိုက်တာ ဘီလူးပါးစပ်လိုပဲ"
“မျက်နှာကအဖု တစ်သိန်းနဲ့ "
“သူ့စောက်သံကြီးကဘယ်လို"
“နားရွက်ကကားတယ်နော်"
“အဲနားရွက်ကမမြင်ရဘူးနော်"
“နှုတ်ခမ်းကရွံစရာကြီး"
“အဲ သူ့ရင်သားတွေကဘယ်လိုကြီး"
“သူ့တင်ပါးကဘယ်လိုကြီးနော် "
“သူ့ဆံပင်ကလည်း အတိုနဲ့ကျက်သရေမရှိ"
“သူ့ရုပ်ကြီးက ယောက်ျားရုပ်ကြီး"
“သူ့အသံကကြက်မအသံနဲ့"
“‌ဆံပင်ရှည်တော့လည်းရုပ်ရင့်လိုက်တာ"
“တိုတော့လည်းကျက်သရေမရှိ"
“အသားတအားဖြူတော့လည်းမသာလိုပဲ"
“အသားညိုတော့လည်း အဝတ်
အစားက အရောင် သိပ်မလိုက်ဘူးနော်"
“မည်းတော့လည်း အသုံးမဝင်သလိုလို"
“မြန်မာဆန်တော့လည်း တောဆန်လိုက်တာ"
“ခေတ်န်ေတော့လည်း ကြက်ဆန်လိုက်တာ"
“ရင်ပိတ်ဝတ်တော့လည်း ရိုးပြန်တယ်"
“ရင်သားဖော်တော့လည်း တအားပေါ်တယ်"
“ရှက်စရာကြီး"
“ဟိုဟာချပ်ကပ်ပြားတော့လည်းဘယ်လောက်လုပ်ထားလဲမသိပြားလိုက်တာ"
“ဟိုဟာဖောင်းတော့လည်း အပြစ်ရှိနေသလိုလို"
“ဟိုဟာမမြင်ရရင်အသေ zoom ဆွဲကြည့်"
“မြင်ရတော့လည်း ကမ္ဘာနှစ်ခြမ်းက နီးသလေး ဝေးသလေးနဲ့"
“ပုတော့လည်းပုလို့ ရှည်တော့လည်းရှည်လို့"
“တဟားဟားရီရင်လည်း အိန္ဒြေမရှိဘူးတဲ့"
“ရုံးပတီသီး ကတ္တရာစေးသုတ်ထားတဲ့အသံနဲ့
ကျရင်လည်း ဆာနေတဲ့အသံနဲ့ ဝေါ့ "

တကယ်ပါ

သူ့သူရွဲရွဲ ပြဲပြဲ ကွဲကွဲ စေ့စေ့ သေးသေးကြီးကြီး
ဖောင်းဖောင်း ပြားပြား နီးနီး ဝေးဝေးလေနော်

မျက်လုံး တွေ ဦးနှောက်တွေ နားတွေ
ပါရင်လူတိုင်း မြင်တယ်သိတယ်ကြားတယ်
ပြောတာနဲ့ မပြောတာပဲကွာတယ်
ကဲ့ရဲ့တာ မကဲ့ရဲ့တာ
ချီးမွမ်းတာ မချီးမွမ်းတာပဲကွာတယ်

ပြောခြင်း မပြောခြင်း ‌ဆိုတာလည်း
ကြည့်တဲ့လူတစ်ယောက်ရဲ့ အတွင်း စိတ်ဓာတ်နဲ့
100% သက်ဆိုင်တယ်

သူ အသားမဲ တယ် လူတိုင်းမြင်တယ်
ဒါမယ့်

“နင်ဟယ်မဲလိုက်တာ" လို့ပြောလိုက်တာနဲ့

“အသားမဲလဲ ပတ္တမြားခဲကွ တစ်ရောင်တစ်မျိုး
တမျိုးစီလှကြတယ် ပြည်ပကိုရောက်သွားရင်
မင်းအသားအရေကလှတယ်ဆိုတာ
လူတိုင်းကသဘောကျမှာသိလား" လို့
ပြောတာနဲ့က

ပြောရတာချင်း မတူဘူး
ကြားရတာချင်း မတူဘူး
‌တွေးရတာချင်း မတူဘူး
ခံစားရတာချင်း မတူဘူး

ဝက်ခြံတွေအဖုအပိန့်တွေပေါက်တယ်

နင့်စောက်ခွက်ကလည်း အဖုတွေချည်းပဲ
ကြည့်ဦး ဝက်ခြံကအကြီးကြီးပဲ

လို့ပြောတာနဲ့

အင်းအဖုတွေအများကြီးထွက်တာကလေ
ဖြစ်တတ်‌တယ်နော် လျှောက်မလိမ်းကြည့်ပဲ
ဆေးခန်းပြကြည့်ပါလား စောစီးပြတော့
ဘာဖြစ်လဲသိရပြီး ထိထိမိမိသက်သာတာပေါ့
မျက်နှာလှလှလေးမို့ မြန်မြန်သက်သာစေချင်တယ်
ဂရုစိုက်နော်

လို့ပြောတာနဲ့က မတူဘူး

ပျော်နေတဲ့သူပြုံးနေရင် လှလိုက်တာလို့
ပြုံးနေတာလေးအရမ်းလှတာပဲ
နင်ကတကယ်ချစ်စရာလေး ချောတယ်
နင်ကလေ မျက်နှာလေးကမိန်းမသားဆန်လိုက်တာလို့

ပြောရတာ ချီးကျူးရတာ မပင်ပန်းသလို
ကြားရသူအဖို့လည်း ပီတိတွေဝေရတယ်

စိတ်ဆင်းရဲနေတဲ့သူမပြုံးနိုင်တဲ့ခါ
စိတ်ဖိစီးလို့ ပင်ပန်းနွမ်းနယ်အားနည်းနေတဲ့အခါ

နင့်ရုပ်ကြီးကဟယ် အိုစာလိုက်တာလို့ ပြောတာထပ်

နင် ပင်ပန်းလို့ ထင်တယ်
မျက်နှာလေးကျနေတယ်
မျက်နှာလေးညှိုးနေတယ်
နေမကောင်းဖြစ်နေလား
သေချာ‌ လေးအနားယူကြည့်ပါလားလို့

ပြောတာနဲ့ကမတူပြန်ဘူး

ပြောလိုက်တာချင်း မတူဘူး
ကြားရတာချင်း မတူဘူး
တွေးလိုက်တာချင်း မတူဘူး
ခံစားရတာချင်း မတူဘူး
ခံစားရပြီးတဲ့နောက် စိတ်မှာ အတွေးမှာ ရင်ထဲမှာ
ရသွားတဲ့ အမှတ်တရမှာ
ဒဏ်ရာရတာချင်းက မတူကြပြန်ဘူး

ဒါကြောင့် အမြင်အာရုံရှိသူတိုင်း
အမြင် ကိုညာမရပါဘူး

အကြားအာရုံရှိသူတိုင်း
ကြားရတာတွေ ညာမရပါဘူး

အနံ့ အရသာ အထိတွေ့အာရုံ
လူတိုင်းထိတွေ့ခံစားလို့ရပါတယ်

ထွေထွေထူးထူး တကူးတကထောက်ပြစရာမလိုပဲ
အလိုလို သိကြမြင်ကြကြားကြပါတယ်ပေါ့နော်

လူတစ်ယောက်ရဲ့အားနည်းချက်ကို
ဘာကြောင့်ဖြစ်ဖြစ် blame လိုက်ပြီဆိုရင်
Blame ခံရသူမှာ စိတ်ဒဏ်ရာရသလို
Blame တဲ့သူအပေါ်ကိုလည်း အထင်ကြီးလေးစားမှုတွေကနေ
ကြောက်ရွံ့မှုတွေဖြစ်စေတယ်

လူတိုင်းကကိုယ့်ကို ကောင်းတာလေးတွေပြောတဲ့သူနဲ့ပဲတွေ့ချင်တယ် ကိုယ့်ကိုချီးကျူးနေတဲ့သူနဲ့ပဲတွေ့ချင်တယ်
အထူးသဖြင့် သဲကအရမ်းလှတယ်နော်လို့
ပြောတဲ့သူရှေ့ ပိုပိုလှတယ်ဖြစ်အောင်
လှပြီးရင်းလှပြချင်ကြတယ်

Blame ခံလိုက်ရတဲ့သူရင်မှာကျတော့
စိတ်ဒဏ်ရာရတယ် ဪငါအဲ့လောက်အိုစာနေတာလား
အိုစာနေရတဲ့အဓိကပြဿနာကဘာလဲ
နောက်ကွယ်မှာ ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့
ဒုက္ခရဲ့အတိမ်အနက်ကိုဒီလူကမသိပဲ
ဪအပေါ်ယံလေးနဲ့ အဲ့လိုပြောဆိုသွားတာပါလား
ငါဟာ သူ့ရှေ့မှာ အမြဲအဲ့လို အိုစာ ရုပ်ဆိုးနေခဲ့တာလားဆိုတဲ့

အရှက် စိုးရိမ်မှု စိတ်မလုံခြုံမှု သိမ်ငယ်မှု အားငယ်မှုတွေဖြစ်လာပြီး
အလိုလို ဝမ်းနည်းပြီး ရင်မဆိုင်ရဲတော့တာတွေရှိတယ်

ငါတို့လူသားတွေမှာ ကျင့်ဝတ်ရှိသင့်တယ်
လူသားတိုင်းမှာပါ ....

ထုတ်ပြောတာမပြောတာပဲကွာမယ်
ပြောတယ်မပြောဘူးဆိုတာလည်း
အဲ့ဒါ အဲ့ဒီ့လူတစ်ယောက်ရဲ့အကျင့်သိက္ခာနဲ့ပဲဆိုင်တယ်

သူရှက်သွားမလား မပြောရဘူးလေ
ခြေကျိုးနေလို့ တောင်းစားနေရတဲ့သူတွေ့လည်း
သနားရင်လှူ
ကိုယ်ချင်းစာရင်လှူ
မလှူနိုင်ကျော်သွား
မင်းခြေထောက်ကတကယ်ရောကျိုးလို့လား
မမေးရဘူး လိမ်စားတာရှိသလို တကယ်ဖြစ်ကြတာလည်းရှိတယ်

အဲ့တော့ ကိုယ့်ကိုယ်ကို ကိုယ်စိတ်နှလုံး ၃ပါးစလုံးမှာ
တကယ် လေးစားရတဲ့သူဆိုတာ

သူများကို ဆဲမှ ရိုင်းတာမဟုတ်ဘူး
သူများ နားဝင်မချိုအောင် မနှစ်မြို့‌မခံထိမခံသာအောင်
ပြောတာလည်း ရိုင်းခြင်း တမျိုးပဲတဲ့ ...

လူတကာကိုကဲ့ရဲ့အပြစ်တင် အတင်းတုတ်နေသူ
သူဌေးသားသမီးနဲ့

လူတကာရဲ့ဖြစ်တည်မှုကို သိရှိပေမယ့် ကိုယ်ချင်းစာ
နားလည်နားထောင်ပေးသူ ဆင်းရဲသားသားသမီး‌တွေနဲ့

တဝိုင်းချင်းယှဉ်ထိုင်နေရင် ဘယ်ဝိုင်းကပိုအရောင်တောက်နေမယ်မြင့်မြတ်ခမ်းနား‌ နေမယ် ထင်လဲလေ ........

စိတ်ကနေ စာနာတတ်ရတယ် လူတဖက်သားကို
Body shaming မလုပ်ရဘူးရှင်

စိတ်၏စာနာခြင်း
ကိုယ်၏စာနာခြင်း
နှုတ်၏စာနာခြင်း တွေ ဆိုတာ လူတိုင်း
မတည်နိုင် မထိန်းချုပ်နိုင်ပေမယ့်

လူတိုင်းမှာရှိသင့်တဲ့ စာနာခြင်း တွေပါ ......
လူတိုင်းမှာသာ အကောင်းမြင်စိတ်တွေ ရှိကြရင်

ပတ်ဝန်းကျင်တွေ မြို့တွေနယ်တွေ ဒီကမ္ဘာကြီးကဘယ်လောက်တောင် အေးချမ်း လှပနေလိုက်မလဲလေ ......


29.6.24

06/06/2024

ဝက်ခြံ အဆီဖု ဆားဝက်ခြံနဲ့ ဝက်ခြံပုန်း များကြောင့်

မျက်နှာ ယောင်အမ်းအမ်းဖြစ်နေပြီလားရှင်

လက်တွေနဲ့ညှစ်လို့ လက်ဆိပ်တွေတက်

နဂိုထပ်ပိုပိုပြီး အသားအရေတွေ ထူထူ ညစ်ညစ်
ဖြစ် နေပြီလားနော်

ဘာလိမ်းလိမ်း ဘာသုံးသုံး ဘာမှ မထူးတော့ဘဲ

Skincare မျိုးစုံ ဝယ်ရလို့ငွေကုန်များနေပြီလားရှင့်

ဒါဆို စိတ်မညစ်နဲ့တော့နော်

ဝက်ခြံ ဆားဝက်ခြံ အဆီဖုနဲ့ မျက်နှာ ညစ် နေတာ တွေကို

တစ်ယောက်ထဲစုပြုံနေအောင်ဖြစ်နေပြီဆိုရင်

ဒီ Treatment လေးကိုသာ လာရောက်ပြုလုပ်ကြည့်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

အမျိုးသား အမျိုးသမီး ပြုလုပ်လို့ရပြိီး

Side effects/ error များမရှိဖူးတာမို့

100% အာမခံ တဲ့အပြင် တစ်ခါသုံး အပ်များ
တစ်ခါသုံး ပစ္စည်းများ ဖြင့်သာ
ပြုလုပ်ပေးပါတယ်ရှင့်

BB Acnes + BB serum & Hydrating treatment
စျေးနှုန်းလေးတွေကလည်း

55000 / 65000 / 75000/ 95000 ထိရှိပါမယ်ရှင့်

Step လေးတွေများလာသလို ဆေး Quality များကို စိတ်ချရတဲ့ ဆေးတွေသာသုံးပေးပြီး

ပေးရတဲ့စျေးထပ်တန်တဲ့ Result တွေ ပေးနိုင်တာမို့

တစ်ခါလုပ်ဖူးသူတိုင်း စွဲလမ်းသွားရတဲ့ treatment လေးပါရှင့်

တစ်ခါလောက် try ကြည့်ပါလားရှင့်
ကြိုက်သွားရမယ်လို့ ယုံကြည်တယ်ရှင် 😍

☎️ 09252819942
☎️ 09697917001

Taunggyi 🤍

08/05/2024

Good morning ☘️ မင်္ဂလာနံနက်ခင်းပါရှင့် ☘️

67 ရက်သားသမီး စီးပွားလာဘ်လာဘများ

ပေါများကြပါစေရှင့်🙏🙏🙏

☘️Today's eyebrow Tattoo booking 2 ဦး ☘️

တောင်ကြီးကမဟုတ်တဲ့ အဝေးကဧည့်သည်လေးတွေလာမယ်

မနေ့ကလာထိုးသွားတဲ့ ဧည့်သည်မမလေးရဲ့

မျက်ခုံးကိုတွေ့ပြီး အရမ်းကြိုက်လို့တဲ့ရှင့်

2 ဦး လာထပ်ထိုးပါမယ် ☘️

ယုံယုံကြညကြည် ရောက်လာအားပေးကြတဲ့

customer 1 ဦးချင်းစီတိုင်းကို

ကျေးဇူးအထူးတင်ပါတယ်ရှင့်🙏☘️

☎️ 09252819942
☎️ 09697917001

29/04/2024

Assistant 2 ဦးရသွားပြီရှင်

လကုန်တာနဲ့အလုပ်တွေ5ဆပိုrunမယ်နော်

ဆိုင်မှာ ရနိုင်တဲ့ service လေးတွေကိုလည်း

May လ Promotion လေး အဖြစ်

Special Discount လုပ်ပေးပါမယ်ရှင်

Men & Ladies

Eyebrow Tattoo
Eyeliner tattoo

Eyelash lifting
Eyelash extension

Brown lip correction
Lip corrections

Lip coloring
Lip tattoo

BB serum treatment
BB glow treatment
Crystal BB glow treatment

Body hair removal
Body waxing

အမျိုးသမီးများအတွက်ကတော့
တစ်ကိုယ်လုံး waxing ရမှာ ဖြစ်ပြီး

အမျိုးသားများအတွက်ကိုတော့
Private area လေး မပါပဲ
ခြေ၊လက်၊ချိုင်း၊ပေါင်၊ကျော ထိရပါမယ်ရှင့်

Promotion လုပ်ပေးမယ့်
Discount price လေးတွေက
လူဦးရေအကန့်အသတ်ရှိမှာမို့
ခုထဲက မျက်စိပွင့် နားစွင့်ထားဖို့
မမေ့နဲ့နော်သဲလေးတို့ရေ .....

ကြို တင် သတင်းပေးထားပြီနော် 🤩

☎️ 09252819942
☎️ 09697917001

Taunggyi

Want your business to be the top-listed Beauty Salon in Aungban?
Click here to claim your Sponsored Listing.

Telephone

Website

Address

Shwetasout Street, Pyi Htaung Su Road, AungBan, Shan State
Aungban
06022