AUNG BAN Cyclist-ABC VLOGS
ကျန်းမာခြင်းသည်သာ ပထမ���
Aung Ban Cyclist Group စက်ဘီးနဲ့ရောက်သွားတဲ့ အောင်ပန်း-၁၀၈တောင်-တောင်တို သို့ . . .
Aung Ban Cyclist Group ရဲ့ ခရီးစဥ်လေးကတော့ အောင်ပန်းမြို့မှာ မကြာမှီအချိန်တွင် ထီးတော်တင်လှူပူဇော်မည့် အောင်ပန်းမြို့ အနောက်ဘက်တောင်ကုန်းပေါ်ရှိ ၁၀၈တောင်စေတီတော် မှ တောင်တို သို့ တက်ရောက်ခဲ့ကြသောခရီးစဥ်လေးပဲဖြစ်ပါတယ်ခင်ဗျာ . . . ကြည့်ရှုခံစားပေး အားပေးကြပါအုံးနော် 🥰🥰🥰
Aung Ban Cyclist Group ရောက်ရှိသွားတဲ့ သီရိမင်္ဂလာ အောင်ချမ်းသာ(၁၀၈-တောင်) စေတီတော်မြတ်ကြီး သို့ . . .
အောင်ပန်းမြို့မှာ မကြာမှီအချိန်တွင် ထီးတော်တင်လှူပူဇော်မည့် အောင်ပန်းမြို့ အနောက်ဘက်တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်မည့် (၁၀၈တောင်)အမြင့်ရှိသည့် သီရိမင်္ဂလာ အောင်ချမ်းသာစေတီတော်မြတ်ကြီး သို့ သွားရောက်ဖူးမျှော် ခဲ့ကြသော Aung Ban Cyclist Group နှင့် အလှူငွေထဲ့ဝင်လှူဒါန်းခဲ့မှုများကို တစ်ဖွဲ့လုံးကိုယ်စား သာဓုခေါ်ဆိုနိုင်ရန် မှတ်တမ်းတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်ခင်ဗျာ . . . ကျွန်တော်တို့အဖွဲ့ရောက်ရှိသွားတော့ ကံတရားကောင်းမှုကြောင့် ကျွန်တော်တို့အဖွဲ့မှ ဘုရားဒါယကာကြီး ဦးငွေနှင့်တွေ့ခဲ့ပြီး လူတိုင်းတက်ရောက်ခြင်းခွင့်မပြုခဲ့သည့် ဘုရားပေါ်သို့ တက်ရောက်ခွင့်ပြုခဲ့သည့်အတွက်လည်း ဦးငွေကို ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ . . . ကြည့်ရှုခံစားပေး အားပေးကြပါအုံးနော် 🥰🥰🥰
20/04/2026
သီရိမင်္ဂလာ (၁၀၈တောင်) အောင်ချမ်းသာစေတီတော်မြတ်ကြီး သို့
🙏🙏🙏
ရန်ကုန်သား နှစ်ယောက်နှင့်အတူ သင်္ကြန်အကြိုနေ့ မှာ နင်းဖြစ်ခဲ့တဲ့ ပင်းတယမြို့
ရန်ကုန်ကစက်ဘီးဝါသနာရှင်နှစ်ဦးဖြစ်တဲ့ ဇေယျာ နှင့် စည်သူ တို့နှင့်အတူ လိုက်ပါနင်းဖြစ်တဲ့ခရီးစဥ်လေးကတော့ အောင်ပန်း မှ ပင်းတယ သို့ ခရီးစဥ်လေးပဲဖြစ်ပါတယ်ခင်ဗျာ . . . ကြည့်ရှုခံစားပေးကြပါအုံးနော် 🥰🥰🥰
ကလောမြို့ သင်္ကြန်အတက်နေ့ လမ်းလျှောက်သင်္ကြန် ပိတ်ပွဲ မြင်ကွင်း . . .
ကလောမြို့ သင်္ကြန်အတက်နေ့ ရေပတ်နေကြတဲ့မြင်ကွင်း နှင့် လမ်းလျှောက်သင်္ကြန်ဆိုတာ ဘယ်လိုမျိုးသင်္ကြန်ပွဲတော်လည်းဆိုတာကို ရေပက်ခံထွက်ပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ်ခင်ဗျာ . . .သင်္ကြန်အတက်နေ့ ညနေခင်းလေးမှာရောက်သွားတော့ ပိတ်ပွဲအခမ်းအနားနှင့်ကြုံတွေ့ခဲ့ရလို့ ယိမ်းသမများ၏ အကအလှများဖြင့်ဖျော်ဖြေမှုများကိုလည်း ကြည့်ရှုရိုက်ကူးခဲ့ပါတယ်ခင်ဗျာ . . . ကြည့်ရှုခံစားပေးကြပါအုံးနော် 🥰🥰🥰
13/04/2026
သင်္ကြန်အကြိုနေ့မှာ ရန်ကုန်သားနှစ်ယောက် ဇေယျာ စည်သူ တို့နှင့် သွားဖြစ်ခဲ့တဲ့ ပင်းတယခရီးစဉ် 🚴🚴🚴🥰🥰😁
13/04/2026
ရန်ကုန်ကနေလာပြီး ရှမ်းပြည်မှာ စက်ဘီးလာစီးတဲ့ ညီကို၂ယောက်ကို မနက်စာဖြင့်ဧည့်ခံ 🥰🥰🥰
11/04/2026
Today Ride 🚴🚴🚴
၁၀၈တောင်-တောင်တို-အောင်ပန်း
စက်ဘီးနဲ့ တက်ဖြစ်ခဲ့တဲ့ ရတောင် မြသပိတ်စေတီ သို့
တန်ခူးလပြည့်နေ့မှာ မထင်မှတ်ပဲ Aung Ban Cyclist Group မှ ဦးညိုနှင့် အတူ နေ့လည်ခင်းကြီးမှာ ရတောင်ပေါ်မှာ ပွဲရှိတယ်ဆိုတာနှင့် နှစ်ယောက်တိုင်ပင်ပြီးတက်ဖြစ်ခဲ့ကြပါတယ်။နေကလည်းပူ ဖုန်ကလည်းများသောလမ်းလို့လည်းဆိုလို့ရပါတယ် ။ ဒါပေမယ့်သွားခဲ့တာက တောင်တက်ခရီး တောတောင်အရိပ်တွေထဲသွားရတာဆိုတော့ ထင်ထားသလောက်မပူခဲ့ပါဘူး စီးလို့လည်းကောင်းတယ် ပျော်ဖို့လည်းကောင်းခဲ့ပါတယ်၊၊ဒေသခံ ပလောင်လူမျိုးများတို့နေရပ်ဒေသ ဖြစ်လို့ သူတို့ရဲ့ပွဲတော်လို့လည်းဆိုနိုင်ပါတယ်၊၊တောင်ပေါ်မှ အပြန်တော့ အောင်ပန်းမြို့ရဲ့ကျက်သရေဆောင် ၁၀၈တောင်၊သီရိမင်္ဂလာအောင်ချမ်းသာစေတီဘက်ကနေပတ်ပြီးပြန်မယ်ဆိုတော့ နှစ်ယောက်သား သစ္စာမြောင်ရေထွက်ဦး ကနေပတ်ပြီးမှ ဘုရားတောင်ပေါ်တက်ပြီး မယ်ခိုတောင်တက်လမ်းဘက်ကနေ ပတ်ပြီးပြန်ခဲ့ကြပါတယ်. . . လပြည့် လကွယ်တိုင်း အောင်ပန်းစက်ဘီးစီးအဖွဲ့ ပုံမှန်စီးဖြစ်ပေမယ့် ဒီတစ်ခေါက်တော့ ဦးညို နှင့် နှစ်ယောက်တည်းစီးဖြစ်ခဲ့ကြပါတယ်၊၊ ဦးညိုကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ . . .
အောင်ပန်းမြို့ အနောက်ဘက်တောင်ကုန်းပေါ် တွင် တည်ထားကိုးကွယ်သော (၁၀၈-တောင်) သီရိမင်္ဂလာ အောင်ချမ်းသာ စေတီတော်မြတ်ကြီးအား { 30-4-2026 } တွင် ထီးတော်တင်လှူပူဇော်မည် ဖြစ်ပါသည်ခင်ဗျာ 🙏
ရပ်နီးရပ်ဝေးမှ ခရီးသွား ဘုရားဖူးပြည်သူအားလုံးတို့ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ 🙏
၁၃၈၈-ခုနှစ် ၊ ကဆုန်လဆန်း (၂) ရက် (၁၇-၄-၂၀၂၆) နေ့တွင် ဌာပနာပိတ်ပွဲကျင်းပပြီး
၁၃၈၈-ခုနှစ် ၊ ကဆုန်လပြည့်နေ့ (၃၀-၄-၂၀၂၆) နေ့တွင် ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပမည်ဖြစ်ပါသည်ခင်ဗျာ . . .
#အလှူပွဲ
INLE BY CYCLE 2026 🚴♀️🚴♂️🚴♂️
အင်းလေးကန်ဖြတ် စက်ဘီးစီးပွဲ ၂၀၂၆ 🚴♂️🚴♀️🚴♀️
စက်ဘီးလည်းနင်း လှေလဲစီးခဲ့ရတဲ့ အင်းရေပြင် ဖြတ်ကျော်စက်ဘီးစီးနင်းပွဲတော်ကို Aung Ban Cyclist Group မှ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါတယ်ခင်ဗျာ ❤️🚴♂️🚴♂️
ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ပေးကြသူ အားလုံး နှင့် လိုက်ပါစီးနှင်းခဲ့ကြသော စက်ဘီး ချစ်သူဝါသနာရှင်အားလုံးကို ကျေးဇူးတင်ပါတယ်ရှိပါတယ်ခင်ဗျာ ❤️🚴♂️🥰🚴♀️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Aungban
06022
