Shwe Ei
Best Service, Right Quality, Resonable Price!!!!!!
08/03/2026
အသားဖြူပီး ကြည်ချင်ရင်ဒါလေးသာသုံး
စာအရှည်ကြီးမရေးတော့ဘူး
🥰
08/03/2026
ချွေးနံကို တနေကုန်ခံ ချွေးနံ့ဆို ကင်းပီ
ကြာရှည်အသုံးခံတာလေ ထဲကဆို
ဒါလေးရှိမယ်နော်
02/03/2026
ရရှိနိုင်သော item’s collection
Stock available or not /စျေးနှုန်းများ ကိုမေးမြန်းဝယ်ယူနိုင်ပါတယ်
02/03/2026
ETUDE ရဲ့ နာမည်ကြီး Baking Powder Crunch Pore Scrub လေး လည်းရပီနော်! 💙
ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေသူတွေ၊ ဆားဝက်ခြံနဲ့ အဆီဖုတွေ ခဏခဏထွက်လို့ အသားအရေ မကြည်လင်သူတွေအတွက် အထိရောက်ဆုံး Scrub လေးပါ။
✨ ဘာကြောင့် သုံးသင့်တာလဲ?
• Deep Pore Cleansing: Baking Powder ရဲ့ အစွမ်းနဲ့ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို အမြစ်ပြတ် သန့်စင်ပေးပါတယ်။
• Exfoliation: ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ အသားအရေကို ချက်ချင်း ကြည်လင်ဝင်းပသွားစေပါတယ်။
• Cooling Effect: Menthol ပါဝင်လို့ သုံးနေစဉ်အတွင်း အသားအရေကို အေးမြလန်းဆန်းစေပါတယ်။
• Travel Friendly: တစ်ထုပ်ချင်းစီ Sachet ပုံစံလေးတွေမို့ ခရီးသွားရင်လည်း အလွယ်တကူ သယ်သွားလို့ရပြီး အသုံးပြုရတာ အရမ်း သန့်ရှင်းပါတယ်။
💡 အသုံးပြုပုံလေးကတော့ -
1. မျက်နှာကို ရေစိုအောင် အရင်လုပ်ပါ။
2. Scrub ထုပ်လေးကို ဖောက်ပြီး မျက်နှာပေါ် (မျက်လုံးနဲ့ ပါးစပ်တစ်ဝိုက်ရှောင်ပြီး) တင်ပါ။
3. အသာအယာ နှိပ်နယ် (Massage) ပေးပြီးမှ ရေနွေးနွေးလေးနဲ့ ပြန်ဆေးချလိုက်ရုံပါပဲ။
(တစ်ပတ်ကို (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် သုံးပေးရုံနဲ့တင် သိသာတဲ့ ရလဒ်ရမှာပါ)
🛒ဈေးနှုန်း - 2,000 ကျပ်
Order မှာယူလိုပါက
Chat Box မှာ အားမနာတမ်းစုံစမ်းမေးမြန်းလို့ရပါတယ်
အားပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ်🥰
02/03/2026
သုံးရတန်ပီး သုံးလို့ကောင်းတဲ့ cleaning Water
💧 JM Solution H9 Hyaluronic Cleansing Water (500ml) 💧
မျက်နှာသစ်ရုံနဲ့ မလုံလောက်တဲ့သူတွေအတွက် Cleaning + Hydration ကို တစ်ပြိုင်နက်ပေးမယ့် Magic Water လေးပါ! ✨
ဒီ Cleansing Water က ဘာကြောင့် နာမည်ကြီးတာလဲ?
သူ့မှာ Hyaluronic Acid (၉) မျိုး တောင် ပါဝင်လို့ မိတ်ကပ်ဖျက်ပြီးတိုင်း အသားခြောက်သွားတာမျိုး လုံးဝမဖြစ်စေဘဲ အသားအရေကို ရေဓာတ်အပြည့်အဖြဲဖြည့်ပေးပါတယ်။
🌟 သူ့ရဲ့ အဓိက ကောင်းကျိုးများ
• Deep Cleansing: တစ်နေကုန် လိမ်းထားတဲ့ မိတ်ကပ်တွေ၊ နေလောင်ကာခရင်မ် (Sunscreen) နဲ့ ဖုန်မှုန့်တွေကို အမိုက်စား သန့်စင်ပေးပါတယ်။
• 9 Layers of Hyaluronic Acid: ရေဓာတ်ကို အလွှာလိုက် ဖြည့်ပေးလို့ အသားကြည်ပြီး တင်းတင်းလေး ဖြစ်စေပါတယ်။
• No Irritation: မျက်စိစပ်တာမျိုး မရှိဘဲ နုနယ်တဲ့ အသားအရေပိုင်ရှင်တွေပါ စိတ်ချလက်ချ သုံးလို့ရပါတယ်။
• One-step Care: မျက်နှာသစ်ပြီးသွားရင် Toner လိမ်းထားသလိုမျိုး အသားလေးက အေးအေးအိအိလေး ကျန်ခဲ့မှာပါ။
• Size: 500ml တောင်ပါဝင်လို့ တစ်ဗူးဝယ်ထားရင် အကြာကြီး အေးဆေးသုံးလို့ရတယ်နော်။
💡 အသုံးပြုပုံလေးကတော့ -
Cotton pad (ဂွမ်းဖတ်) လေးပေါ်မှာ Cleansing water အနည်းငယ်ဆွတ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို အသာအယာ ပွတ်တိုက်
သန့်စင်ပေးရုံပါပဲ။
Order မှာယူလိုပါက
CB မှာ အားမနာတမ်းစုံစမ်းမေးမြန်းလို့ရပါတယ်
အားပေးမှုးအတွက်အထူးကျေးဇူးတင်ပါတယ်🥰
01/03/2026
💚 ဆံပင်ကျွတ်၊ ခေါင်းယား၊ ဆံသားပျက်စီးနေတာတွေကြောင့် စိတ်ပူနေရလား? 💚
🌿 BDS Hair Tonic & Tiratana Hair Lotion 🌿
ဆံပင်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစရာ Brand လေး 💯
✨ အကျိုးကျေးဇူးများ ✨
✔️ ဆံပင်ကျွတ်ခြင်း လျော့ချပေးခြင်း
✔️ ခေါင်းယားခြင်း သက်သာစေခြင်း
✔️ ဆံသားကို အားဖြည့်ပေးပြီး တောက်ပြောင်စေခြင်း
✔️ ဦးရေပြားကျန်းမာရေး ကောင်းမွန်စေခြင်း
✔️ ဆံပင်အသစ်များ ပြန်လည်ထွက်ရှိစေခြင်း
🌱 နေ့စဉ် အသုံးပြုနိုင်ပြီး လန်းဆန်းသန့်ရှင်းတဲ့ အနံ့လေးနဲ့ Confidence တက်စေမယ်
ဆံပင်အလှကို ပြန်လည်တည်ဆောက်ချင်သူတိုင်းအတွက် Must Try Item လေးနော် 💁♀️💁♂️
📦 Instock
Price - 3,500MMk
📩 CB မှာ အားမနာတမ်းမေးမြန်းပီ ဝယ်ယူနိုင်ပါတယ်
အားပေးမှုးကို ကျေးဇူးအထူးတင်ပါတယ်😘
#ဆံပင်ကျန်းမာရေး
01/03/2026
💎 ဆံပင်ခြောက်သွေ့ပျက်စီးနေလား? Shine မရှိဘူးလား? 💎
✨ RiP R3 Argan Hair Oil (Ocean Blue) ✨
🌿 Argan Oil ပါဝင်လို့
✔️ ပျက်စီးနေတဲ့ ဆံပင်ကို ပြန်လည်ပြုပြင်ပေးမယ်
✔️ လိမ်းလိုက်တာနဲ့ အမြန်စုပ်ယူပြီး မလေးမန့်
✔️ Alcohol Free – ဆံသားကို မထိခိုက်စေဘူး
✔️ ဆံပင်တောက်ပြောင်ပြီး နူးညံ့လှပစေမယ်
💙 Ocean Blue Scent – သန့်ရှင်းလန်းဆန်းတဲ့ အနံ့လေးနဲ့ Confidence တက်စေမယ်
နေ့စဉ် Dry ဖြစ်နေတဲ့ ဆံပင်တွေကို Healthy & Glossy Look ပြန်ရစေဖို့ Must Try Item နော် 💁♀️✨
📦 Instock
📩 CB မှာ အားမနာတမ်းစျေးနှုန်းမေးမြန်းပီး ဝယ်ယူနိုင်ပါတယ်
အားပေးမှုးအတွက်ကျေးဇူးအထူးတင်ရှိပါတယ်😘
01/03/2026
✨ အသားအရေတောက်ပလင်းလက်ချင်သူများအတွက် Must Have ✨
Vaseline Healthy Bright Gluta-Hya Serum Burst UV Lotion (Flawless Glow) 💛
💧 GlutaGlow နဲ့ Hyaluron ပါဝင်မှုကြောင့်
👉 အသားအရေကို တောက်ပကြည်လင်စေမယ်
👉 စိုပြေစိုရွှင်စေပြီး မျက်နှာမပါဝင်လည်း ကိုယ်လုံးတစ်ခုလုံး အသုံးပြုနိုင်
👉 UV ကာကွယ်မှုပါဝင်လို့ နေ့စဉ်အသုံးပြုလို့အဆင်ပြေ
🌟 10X ပိုမိုတောက်ပတဲ့ Glow Effect
🌟 Serum Burst Texture – လိမ်းချင်သလို ပေါ့ပါးလန်းဆန်း
🌟 300ml – တန်ဖိုးရှိတဲ့ အရွယ်အစား
နေ့စဉ်လိမ်းပေးရုံနဲ့ အသားအရေကြည်လင်တောက်ပပြီး Confidence ပြန်ရလာမယ်နော် 💖
📦 Instock
📩 CB မှာ စျေးနှုန်းကိုအားမနာတမ်း မေးမြန်းပီးဝယ်ယူနိုင်ပါတယ်ရှင့်
အားပေးမှုးငိုအထူးကျေးဇူးတင်ပါတယ်😘
24/02/2026
🟢 အဆီပြန်အသားအရေ (Oily Skin)
🌞 မနက်ပိုင်း
၁။ Foaming Cleanser – အဆီပိုများကို ဖယ်ရှားပေးပြီး အရေပြားကို မခြောက်သွားအောင် ကာကွယ်ပေးသည်။
၂။ Alcohol မပါသော Toner (လိုအပ်ပါက) – ပေါက်ပေါက်များကို ချုံ့ပေးနိုင်သည်။
၃။ Oil-Free Moisturizer (Gel Type) – ပေါ့ပါးသော Gel အမျိုးအစား အသုံးပြုပါ။
၄။ Sunscreen SPF 30–50 – Matte သို့မဟုတ် Gel Sunscreen ကို ရွေးချယ်ပါ။
🌙 ညပိုင်း
၁။ Cleanser – တစ်နေ့တာ အညစ်အကြေးနှင့် အဆီကျန်များကို ဖယ်ရှားပါ။
၂။ Serum (လိုအပ်ပါက) – Niacinamide သည် အဆီထွက်ကို ထိန်းညှိပေးသည်။
၃။ Light Moisturizer – ပေါ့ပါးပြီး အရေပြားကို စိုပြည်စေပါ။
🧴 တစ်ပတ်လျှင် (၁–၂ ကြိမ်)
Clay Mask – အဆီပိုများကို စုပ်ယူပေးသည်။
Gentle Exfoliation – Scrub မပြင်းသော Chemical Exfoliant အသုံးပြုနိုင်ပါသည်။
Toner ကို မျက်နှာသန့်ရှင်းပြီးနောက် အသုံးပြုတဲ့ skincare အဆင့်တစ်ခုဖြစ်ပြီး ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်မျိုးလုံး ရှိနိုင်ပါတယ်။
✅ Toner ရဲ့ ကောင်းကျိုးများ
1. pH balance ပြန်ညှိပေးခြင်း
Cleanser အသုံးပြုပြီးနောက် အသားအရေ pH ကို ပြန်လည်ညှိပေးနိုင်ပါတယ်။
2. အညစ်အကြေးကျန်ရှိမှု ဖယ်ရှားပေးခြင်း
မျက်နှာသစ်ပြီးနောက် ကျန်နိုင်တဲ့ အညစ်အကြေး/မိတ်ကပ်အကျန်များကို ဖယ်ရှားပေးနိုင်ပါတယ်။
3. အဆီပို ထိန်းညှိပေးခြင်း
အဆီပြန်တဲ့အသားအရေအတွက် အဆီပိုလျော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။
4. ချွေးပေါက် တင်းရင်းစေခြင်း (ယာယီ)
Pore တွေကို ယာယီတင်းရင်းသလို မြင်ရစေပါတယ်။
5. Serum / Moisturizer စိမ့်ဝင်ကောင်းစေခြင်း
နောက်ထပ် skincare များ စိမ့်ဝင်ရလွယ်ကူစေပါတယ်။
⸻
❌ Toner ရဲ့ ဆိုးကျိုးများ
1. အသားအရေခြောက်သွေ့စေနိုင်ခြင်း
Alcohol ပါဝင်တဲ့ toner များက အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။
2. ယားယံ/နီမြန်းမှု ဖြစ်စေနိုင်ခြင်း
Sensitive skin အတွက် အချို့ ingredient များက အရေပြားယားယံမှု ဖြစ်စေနိုင်ပါတယ်။
3. အလွန်အသုံးများလျှင် Skin barrier ပျက်စီးနိုင်ခြင်း
Exfoliating toner (AHA/BHA) ကို မကြာခဏအသုံးပြုရင် အသားအရေပါးလာနိုင်ပါတယ်။
4. မလိုအပ်နိုင်ခြင်း
Cleanser ကောင်းကောင်းအသုံးပြုထားရင် တချို့လူတွေမှာ toner မလိုအပ်နိုင်ပါဘူး။
⸻
⚠️ သတိထားရန်
• Alcohol-free ဖြစ်တာရွေးပါ (အထူးသဖြင့် sensitive/ခြောက်သွေ့ skin)
• Exfoliating toner ကို တစ်ပတ် 2–3 ကြိမ်သာ သုံးပါ
• Patch test လုပ်ပြီးမှ အသုံးပြုသင့်ပါသည်
🌿 Skin Care ဆိုတာဘာလဲ?
Skin care ဟာ
* အရေပြားသန့်ရှင်းရေးလုပ်ခြင်း
* အရေပြားကို စိုပြေစေခြင်း
* နေရောင်ကာကွယ်ခြင်း
* ဝက်ခြံ၊ အမည်းစက်၊ အရေးအကြောင်း
စတဲ့ ပြဿနာများကို ကာကွယ်/ကုသခြင်း�တို့ကို ပါဝင်ပါတယ်။
………………………..………………………..
✨ Skin Care အဆင့်အခြေခံ (Basic Routine)
1️⃣ Cleanser (မျက်နှာဆေး)
အညစ်အကြေး၊ ဆီပိုများကို ဖယ်ရှားပေးပါတယ်။�မနက်၊ ည ၂ ကြိမ် သုံးသင့်ပါတယ်။
2️⃣ Toner
အရေပြားကို စိုပြေစေပြီး pore များကို တင်းစေပါတယ်။
3️⃣ Moisturizer
အရေပြားကို စိုပြေထိန်းသိမ်းပေးပြီး ခြောက်သွေ့မှုမဖြစ်စေပါဘူး။
4️⃣ Sunscreen
နေရောင်ခြည် (UV) ကာကွယ်ပေးပြီး အမည်းစက်၊ အရေးအကြောင်းကို ကာကွယ်ပေးပါတယ်။�SPF 30+ အနည်းဆုံး အသုံးပြုသင့်ပါတယ်။
………………………..………………………..
💡 Skin Type မျိုးအစားများ
* Oily Skin – ဆီပြန်လွန်း
* Dry Skin – ခြောက်သွေ့
* Combination Skin – အပိုင်းလိုက်ကွဲ
* Sensitive Skin – လွယ်ကူစွာ အရေပြားလွန်ကဲ
မိမိ skin type ကို သိပြီးမှ ထုတ်ကုန်ရွေးချယ်တာက အရေးကြီးပါတယ်။
………………………..………………………..
🌸 Skin Care လုပ်ရာတွင် အရေးကြီးချက်များ
✔ ရေများများသောက်ပါ
�✔ အိပ်ရေးဝပါ
�✔ အဆီများသော အစားအစာများ လျော့ပါ
�✔ မျက်နှာကို မကြာခဏ မကိုင်ပါနှင့်
မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ
Click here to claim your Sponsored Listing.
Category
Website
Address
Bago
