Ngawe La Min
ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်
ကြိုက်တဲ့ပေတံနဲ့တိုင်း💯💯💯
ရိုးရိုးရှင်းရှင်း နေပါတယ်။
ထူးထူး အထွေတော့ မဟုတ်ဘူး။
တော်လွန်းတဲ့သူ မဟုတ်ပေမယ့် ခပ်ညံ့ညံ့ထဲတော့မပါဘူး။
အမှားတွေနဲ့ မကင်းနိုင်ခဲ့ပေမယ့်
ဘယ်သူ့ကိုမှ မစော်ကားဘူး။
ကိုယ့်အမှားကို တောင်းပန်ဖို့ ဝန်မလေးပေမယ့်။
ကိုယ်မှန်တယ်လို့ ယူဆရင် လွယ်လွယ် အလျော့မပေးတတ်ဘူး။
ယှဉ်ပြိုင်တတ်ပါတယ် ပြိုင်ဘက်ကို
ရန်သူလို မမြင်တတ်ဘူး။
သည်းခံတတ်ပါတယ် အညံ့ခံဖို့တော့
ငါ့ရာဇဝင်မှာလုံးဝမရှိဘူး။
ခြောက်စား - ဟောက်စားတွေကို မကြောက်ဘူး။
ကိုယ့်ကြောင့် သူများနစ်နာသွားမှာကိုတော့
ကြောက်ပါတယ်။
ကိုယ်ကျိုးကြည့်လွန်းတဲ့ အတ္တသမားမဟုတ်ပေမယ့်
ကောင်းတာလုပ်ရင် ကောင်းကျိုးတစ်ချိန်ချိန် ပြန်ရမယ်။
ခံစားရမယ်ဆိုတာ အသေအချာယုံကြည်မှုရှိပါတယ်။
သူတော်စင် တစ်ယောက်လို မြင့်မြတ်
မဖြူစင်နိုင်သေးပေမယ့်
ယုတ်ညံ့တဲ့(သွေး) ငါ့ကိုယ်မှာတစ်စက်မှ မရှိပါဘူး...။
🍁🍁🍁ထက်မြက်ပြီး လှပတဲ့မိန်းကလေးရေ🍁🍁🍁
အလုပ်ကြိုးစားပါ
(ဘယ်လောက်ပင်
ခက်ခဲနေပါစေ အားမလျော့ဘဲနဲ့)
ပိုက်ဆံများများရှာပါ ။
မင်းကိုတစ်ဘဝလုံးချစ်တယ်၊သတိရလိုက်တာ
မင်းကိုပဲအခင်ဆုံး ပြောသမျှတွေက
အများအားဖြင့် အတုအယောင်တွေချည်းပါ
ကြာလာရင် ပြောင်းလဲတတ်ပါတယ် ။
ပိုက်ဆံစုတတ်တဲ့ အကျင့်ရှိပေးပါ
လိုရာသွားနိုင်ဖို့ အနည်းဆုံး ကား သို့မဟုတ်
ဆိုင်ကယ်ဖြစ်ဖြစ် မောင်းတတ်ပါစေ ။
မျက်နှာကို လှအောင်ပြင်သလို
စိတ်ထားကိုရော အမြဲလှအောင်ကြိုးစားပါ ။
လှလှပပလေးဝတ်ဆင်ပြီး ဖုန်းထဲမှာ
ဖုန်းအားပြည့်နေမယ်
အိတ်ထဲမှာရော ပိုက်ဆံရှိမယ်
အဲလိုအခိုက်အတန့်က မိန်းကလေးတိုင်းရဲ့
အလှဆုံး အချိန်ဖြစ်သလို
ကိုယ့်စိတ်ထဲလုံခြုံသလိုခံစားမိစေတယ်။
တခြားသူကို
ယုံကြည်အားကိုးမယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ
ယုံကြည်အားကိုးတာ အကောင်းဆုံးပါပဲ ♥🍀
"တန်ဖိုးရှိသော စာ"
💟💟💟💟💟❣️
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖိုဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချိုက သင်အောင်မြင်တာကို အသိအမှတ်ပြုဖို မေ့နေကြပြီး သင်ကျရှုးတဲ့အချိန် လက်ညိုးထိုးဖို စောင့်ကြည့်နေကြလိမ့်မယ်။
#ဘဝစာပေ
တစ်ဦးထဲသောသမီးဆိုတာ...
တစ်ဦးတည်းသောသမီးအဖြစ် ရှင်သန်ရတဲ့ဘဝဟာ အပြင်ပန်း ကြည့်ရင်တော့ မိဘရဲ့အလိုလိုက်မှုကို တစ်ဦးတည်း အပြည့်အဝ ရရှိပြီး အစစအရာရာ ပြည့်စုံနေတဲ့ "မင်းသမီးလေး" တစ်ပါးလို ထင်ရပေမယ့်၊ တကယ်တော့ အဲဒီဆုလာဘ်တွေရဲ့နောက်ကွယ် မှာ တိတ်ဆိတ်တဲ့ တာဝန်ဝတ္တရားတွေနဲ့ ရင့်ကျက်မှုတွေက ဒွန်တွဲနေပါတယ်။ မောင်နှမအရင်းအချာမရှိတဲ့အတွက် ငယ် စဉ်ကတည်းက ကိုယ့်ဘာသာကိုယ် ဆော့ကစား၊ ကိုယ့်ဘာသာ ကိုယ် တိုင်ပင်ရင်း တစ်ယောက်တည်း ရပ်တည်တတ်တဲ့အကျင့် က အလိုလို ပါလာခဲ့ရသလို၊ မိဘတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်၊ တစ်ခုတည်းသော အားကိုးရာ ဖြစ်နေရတာ ကြောင့် အမှားမခံနိုင်တဲ့ ဖိအားတွေကိုလည်း ရင်ဘတ်ထဲမှာ ခံစားရတတ်ပါတယ်။ မိဘတွေ နေမကောင်းဖြစ်ချိန် ဒါမှမဟုတ် အခက်အခဲကြုံချိန်မှာ ဝိုင်းဝန်းဖြေရှင်းပေးမယ့် မောင်နှမမရှိဘဲ တစ်ယောက်တည်း ရင်ဆိုင်ရတဲ့အခါတိုင်း "ငါကလွဲရင် အားကိုး စရာ ဘယ်သူမှမရှိဘူး" ဆိုတဲ့ အသိက ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကြံ့ခိုင်အောင် ပြုပြင်ပေးခဲ့ပါတယ်။ ဒါကြောင့် တစ်ဦးတည်း သောသမီးဆိုတာ အချစ်ခံရုံသက်သက်တင်မဟုတ်ဘဲ အိမ်တစ် အိမ်ရဲ့ တိုင်တစ်လုံးလို ခိုင်မြဲရမယ်၊ မိဘတွေရဲ့ အိုမင်းမှုကို ကိုယ့်ရဲ့ ပခုံးနှစ်ဖက်နဲ့ ပွေ့ပိုက်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ လှပစွာရင့်ကျက်လာရတဲ့ မိန်းကလေးတစ်ယောက်လဲ ဖြစ်ပါတယ်။
31/12/2025
လောကဓံ
25/12/2025
အသက် ၃ဝဆိုတဲ့ နှစ်ဟာ ဘဝရဲ့ လမ်းဆုံလမ်းခွ တစ်ခုပါ။
လူငယ်ဘဝကို နှုတ်ဆက်ပြီး ရင့်ကျက်တည်ငြိမ် တဲ့ လူကြီးဘဝကို စတင်ရတဲ့ အရွယ်ပေါ့။
ဒီအရွယ်မှာ ကိုယ့်ကိုကိုယ် ပြန်မေးဖို့၊ ချိန်ညှိဖို့တွေ များပါ တယ်။
ဒီတော့ အသက် ၃၀ နောက်ပိုင်း ဘယ်လိုနေထိုင် ပြုမူရမ လဲဆိုတာ ကိုယ်တိုင်လည်း လေ့လာနေရင်း မျှဝေချင်ပါ တယ်။
၁။ ကိုယ်တိုင်အတွက် ရင်းနှီးပါ။အသက်၂ဝ တုန်းကလို လူတွေက ကိုယ့်ကိုဘယ်လို မြင်လဲဆိုတာ ထက် ကိုယ်က ကိုယ့်ကိုယ်ကို 2 ထက် ကိုယ်က ကိုယ်ကိုယ်ကဘယ်လိုမြင်လဲဆိုတာက ပိုအရေးကြီးလာပါပြီ၊ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လက်ခံပါ။ကိုယ်နဲ့ မ တူတဲ့သူတွေကို အားကျနေ တာထက် ကိုယ့်ရဲ့လမ်းကြောင်းကို အာရုံစိုက်ပါ။
၂။ ကျန်းမာရေးကို ဦးစားပေးပါ။ ဒါကတော့အားလုံးအသိပါပဲ။ဒါပေမယ့် ၃ဝ ကျော်မှ သိရတဲ့ အရေးကြီးဆုံးအချက်ပါ။ဒီတော့ အိပ်ချိန်မှန်ပါစေ။ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါစေ။အစားအသောက်ကို ဂရုစိုက်ပါ။ရေများများသောက်ပါ။ ကျန်းမာရေးစစ်ဆေးမှု တွေ ပုံမှန်
လုပ်ပါ။
၃။ ငွေကြေးကို ပညာရှိရှိစီမံပါ။ လစာရဲ့ ၁၀% ကို စုတတ်တဲ့အကျင့်လုပ်ပါ။Emergency Fund ဆိုတာ ဘာလဲသိပါစေ။ ရင်းနှီးမြှုပ်နှံမှုအကြောင်း စပြီးလေ့လာပါ။ မလိုအပ်တဲ့ အရာတွေ အတွက် ချေးငွေယူပြီး ဝယ် တာမျိုး ရှောင်ပါ။ ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေအတွက် ဘတ်ဂျက် ချပါ။
၄။ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေကို တန်ဖိုးထားပါ။ လူ၁၀၀ လောက်ရင်းနှီးတာထက် အတိမ်နက်ဆုံး အရင်းနှီးဆုံး မိတ်ဆွေ ၅ ယောက်ရှိရင်ကောင်း တယ်။ အသက် ၃ဝ ကျော်ရင် လူအများကြီးနဲ့ အပေါင်းအသင်းလုပ်ရတာထက် စိတ်တူကိုယ်တူ၊ ကိုယ့်ကို နားလည်ပေးနိုင်သူတွေနဲ့ အချိန်ကုန်ဆုံးတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ မိသားစုနဲ့အချိန်ပေးပါ။
၅။ စိတ်ချမ်းသာမှုကို ဦးတည်ပါ။ ဘယ်အလုပ်က ပိုက်ဆံ ပေးမ လဲဆိုတာထက်ဘယ်အလုပ်က ကိုယ့် ကို စိတ်အားထက်သန်မှုပေးသလဲဆိုတာကို ကြည့်ပါ။ ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်နေတဲ့ပတ်ဝန်းကျင် က ကိုယ့်ကို စိတ်ဖိစီးမှုတွေ ပေးနေရင်ပြောင်းဖို့ မ ကြောက်ပါ နဲ့။ Meditation, Yoga, စာအုပ်ဖတ်တာ၊ သဘာဝ ထဲ လမ်းလျှောက် တာလို စိတ်ကိုအနားရစေမယ့် အလေ့အထ တွေမွေးမြူပါ။
၆။ သင်ယူမှုကို မရပ်တန့်ပါနဲ့။ ဘွဲ့ရပြီးသွားပြီ၊
အလုပ်ဝင်နေပြီဆိုပြီး သင်ယူမှုကိုရပ်လိုက်တာမျိုး မလုပ် ပါနဲ့။ Online Course တွေတက်ပါ။ စာအုပ် တွေဖတ်ပါ။ Skill အသစ် တွေသင်ယူပါ။ ကိုယ်မ သိသေးတဲ့အရာ တွေကို လေ့လာပါ။ ဒါတွေက ကိုယ့်ကိုပိုပြီး ကြွယ်ဝစေပါ တယ်။
၇။ အတိတ်ကို စိတ်မပူပါနဲ့၊ အနာဂတ်ကို စိုးရိမ်မ နေပါနဲ့။ လက်ရှိ အခိုက်အတန့်လေးကိုရှင်သန်ပါ။ အတိတ်ကအမှား တွေကို သင်ခန်းစာယူပြီး ချမ်း ချမ်းသာသာလွတ်လိုက်ပါ။အနာဂတ်အတွက် စီစဉ်ပါ၊ ဒါပေမယ့် ဘာဖြစ် မယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ မနေပါနဲ့။
23/12/2025
ဒီလိုမိန်းကလေးမျိုးတကယ်ရှိတယ်...
ကိုယ်လုပ်စရာရှိတာလုပ်ရင်း ဘဝကို
အေးအေး ဆေးဆေး နေတတ်တယ်...
မိမိကိုယ်ကို အားကိုးတတ်သူ Independent ladyပေါ့
အရမ်းတော်ပြီး ထက်မြတ်တာ မဟုတ်ပေမယ့်
သူ့ဘဝကို ထိန်းထိန်းသိမ်းသိမ်း နေတတ်တယ်...
မျက်ရည်လွယ်ပေမယ့် ဘယ်အရာကိုမဆို
လွယ်လွယ် အရှုံးမပေးတတ်သူပါ၊ သန်မာတဲ့စိတ်နဲ့ လဲကျတိုင်း ပြန်ထတယ်...
ရုပ်ရည်ဆိုလည်း အရမ်းကြီး မချောပေမယ့်
သူ့ဟာနဲ့သူ ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတယ်..
ယောက်ျားတစ်ယောက်ကို လိုချင်တာတွေ
ပူဆာဖို့အတွက်နဲ့ မချစ်တတ်ပါ၊ ဘယ်သူ့ဆီကမှ အလကား မလိုချင်တဲ့သူပါ...
ရှိသင့်ရှိထိုက်တဲ့ မာနရှိတယ်လို့ ပြောရမယ်
သူမလိုချင်တာ ဒီအတိုင်း ချစ်ခြင်းမေတ္တာ တစ်ခုတည်းပေါ့...
သူတစ်ပါးဘဝကို အထူးတလည် အားကျတာထက်
ကိုယ့်ဘဝအတွက် ပိုပြီး Focus ထားတတ်တယ်...
စိတ်သဘောထား ဖြူစင်ပြီး သဘောကောင်းသူမို့ လူတိုင်းအပေါ် တတ်နိုင်သလောက်မေတ္တာထားတယ်...
လူတိုင်းအပေါ် မယုတ်မာ မကောက်ကျစ်
စိတ်ကောင်းရှိသူမို့ မကြာခဏ လိုသုံးလုပ်ခံရလို့...
ဘဝမှာ ကံဆိုးမှုတွေ ကြုံရတာများတယ်...
ဒါပေမယ့် သူမက...ပြန်တုံ့ပြန်ရတာထက် လျှစ်လျှူရှုနိုင်တဲ့ သဘောထားကြီးတဲ့သူ...
ပုထုဇဉ်မို့ ထိုက်သင့်သလောက်တုံ့ပြန်ပြီးရင်လဲ ရင်ထဲကနေ...မသက်ဆိုင်သလို ဥပေက္ခာပြုနိုင်တဲ့သူမို့
သူမဘဝဟာ အေးချမ်းတယ်...
အလိုဆန္ဒ နည်းတယ်...
ဒါကြောင့် သူမအချစ်ကိုရတဲ့ အမျိုးသားကတော့ အင်မတန် ကံကောင်းမှာပါ...🍀
Click here to claim your Sponsored Listing.
Category
Website
Address
Bago
