Bago Healthy Meal Box By Thu Rein

Bago Healthy Meal Box By Thu Rein

Share

အဆီကျချင်လို့ပဲဖြစ်ဖြစ်/ကျန်းမာရေးအတွက်
ပဲဖြစ်ဖြစ်အရေးကြီးဆုံးဖြစ်တဲ့အစားအသောက်ပိုင်းကိုကူညီပေးပါရစေ

Photos from  Bago Healthy Meal Box By Thu Rein's post 06/04/2026

12days Healthy Smoothie recipes 😋 😍 👌

Monday:
Watermelon 🍉
Strawberry 🍓
Ginger 🫚
Mint leaf 🍃 👌

Tuesday:
Oats
Milk 🥛
Apple 🍎
Date
Cinnamon powder
Banana 🍌

Wednesday:
Apple 🍎 🍏
Water 💧
Lemon 🍋
Ginger 🫚
Spinach leaves 🍃

Thursday:
Greek youghurt
Raspberries
Chia seeds
Banana 🍌
Honey 🍯

Friday:
Banana 🍌
Coconut milk🥥
Oats
Chia Seeds

Saturday:
Blueberries 🫐
Mango 🥭
Youghurt milk 🥛

Sunday:
Cucumber 🥒
Banana 🍌
Apple 🍎 🍏
Spinach leaves 🍃
Chia seeds

Monday:
Banana 🍌
Almond nuts
Avocado 🥑
Almond milk or normal 🥛
Honey 🍯

🧠Eat Smart=Live Stronger 🤸
😋Bago Healthy Meal Box By Thu Rein

Photos from  Bago Healthy Meal Box By Thu Rein's post 06/04/2026

ရေသောက်ခြင်းရဲ့ အနုပညာ (သို့မဟုတ်) ကိုယ့်ခန္ဓာကိုယ်ကို ချစ်ခြင်း

​🔳 ကျွန်တော်တို့ တစ်နေ့တာ ဖြတ်သန်းမှုတွေထဲမှာ အလွယ်ကူဆုံးနဲ့ အကျိုးရှိဆုံး ကျန်းမာရေး အလေ့အကျင့်တစ်ခုကို ပြပါဆိုရင် “ရေသောက်တာ” လို့ပဲ ကျွန်တော် ညွှန်းပါရစေ။ ဒါပေမဲ့ လူတော်တော်များများကတော့ ရေငတ်မှ ရေသောက်ကြတယ်။ တချို့ကျတော့လည်း တစ်နေ့ကို ရေ ဘယ်လောက်သောက်ရမှန်း မသိကြပြန်ဘူး။

​🔳 ရေကိစ္စမှာ လူတိုင်းနဲ့ကိုက်ညီတဲ့ ပုံသေကားချပ် (One size fits all) ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အကြမ်းဖျင်း တွက်ချက်လို့ရတဲ့ နည်းလမ်းလေးတစ်ခု ရှိတယ်။ အဲဒါကတော့
ကိုယ်အလေးချိန် ၂၃ ကီလိုဂရမ် (၅၀ ပေါင်ခန့်) တိုင်းအတွက် ရေ ၁ လီတာ သောက်ပေးဖို့ပါပဲ။
Body Weight (23kg)=Water (1 liter)
​ဆိုပါတော့။ သင်က ကိုယ်အလေးချိန် ၄၆ ကီလိုဂရမ် (ပေါင် ၁၀၀) ရှိတယ်ဆိုရင် တစ်နေ့ကို ရေ ၂ လီတာလောက် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်းလည်ပတ်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

​🔳 “ရေသောက်တာပဲ ဘာထူးမှာလဲ” လို့ မေးစရာ ရှိပါတယ်။ တကယ်တော့ ရေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဖွဲ့စည်းထားတာပါ။ ရေ လုံလောက်အောင် သောက်တဲ့အခါ -

​အသားအရေ စိုပြေလာမယ်။ (အပြင်က လိမ်းတဲ့ Cream တွေထက် အတွင်းက သောက်တဲ့ရေက ပိုစွမ်းပါတယ်)

​ဦးနှောက် ကြည်လင်လာမယ်။ (ခေါင်းမကြာခဏ ကိုက်တာ၊ အာရုံစိုက်မရတာတွေဟာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နေတတ်တယ်)

​ကိုယ်အလေးချိန် ထိန်းညှိရ လွယ်ကူစေတယ်။ (ရေက အစာခြေစနစ်ကို ကောင်းမွန်စေပြီး မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ပါ)

​🔳 ဒါပေမဲ့ ကျွန်တော်တို့က အလေ့အကျင့် မရှိသေးတော့ တစ်ခါတလေကျ မေ့သွားတတ်ကြတယ်။ အလုပ်ရှုပ်နေလို့၊ သတိမရလို့ စသဖြင့်ပေါ့။ ဒီနေရာမှာ တစ်ခုသတိပြုစေချင်တာက “ရေငတ်ပြီ” လို့ ခံစားရတဲ့အချိန်ဟာ သင့်ခန္ဓာကိုယ်က ရေဓာတ် တော်တော်လေး လိုအပ်နေပြီဆိုတဲ့ အရေးပေါ် အချက်ပေးသံ (Alarm) ပေးနေတာပါ။

​ဒါကြောင့် ရေငတ်မှ သောက်တာထက်၊ ရေသောက်ခြင်းကို Daily Routine (နေ့စဉ်အလုပ်) တစ်ခုလို ဖြစ်သွားအောင် လုပ်ဖို့ လိုပါတယ်။

​🔳 အစပိုင်းမှာတော့ မသက်မသာ ဖြစ်နိုင်ပါတယ်။ ဆီး ခဏခဏ သွားရတာမျိုး၊ ဗိုက်အမြဲ ပြည့်နေသလို ခံစားရတာမျိုးတွေ ရှိနိုင်တယ်။ ဒါဟာ အသစ်အဆန်း မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်က အပြောင်းအလဲတစ်ခုကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေတာပါ။

​🔳 နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျန်းမာရေးဆိုတာ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေကနေ လာတာ မဟုတ်ပါဘူး။ အခုလို ရေတစ်ခွက်ကို နည်းစနစ်တကျ သောက်လိုက်တဲ့ သေးငယ်တဲ့ အလေ့အကျင့်လေးတွေ စုပေါင်းရာကနေ လာတာပါ။

​ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို တကယ်ချစ်တယ်ဆိုရင်၊ တကယ်တန်ဖိုးထားတယ်ဆိုရင် ဒီနေ့ကစပြီး ရေကို လုံလောက်အောင် သောက်ကြည့်ပါ။ ရက်အနည်းငယ် ကြာတဲ့အခါ အကိုတို့အမတို့ခန္ဓာကိုယ်ရဲ့ သိသိသာသာ ပြောင်းလဲလာတဲ့ တုံ့ပြန်မှုတွေကို
အကိုတို့အမတို့ ကိုယ်တိုင် ခံစားရပါလိမ့်မယ်။

​အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
Train Smart By Thu Rein
🧠Train Smart.Move Better.Live Stronger 💪

Photos from  Bago Healthy Meal Box By Thu Rein's post 15/03/2026

မျိုးရိုးဗီဇကြောင့် ၀တာ ဆိုတာ တကယ်လား?

ကျွန်တော်တွေ့မြင်နေကြတော့ အဖေ အမေ တွေ၀ ရင် သားသမီးကလေးငယ် လေးတွေပါ ၀နေကြတာများတယ် အဲ့တာမျိုးကို လူတော်တော်များက မျိုးရိုးကြောင့် ၀ တယ်လို့ ထင်ကြပါတယ်။🙋‍♂️
အဲ့တာတစ်ခုတည်း အကြောင်းအရင်းအမှန်တော့ မဟုတ်ပါဘူး။
ဒါကြောင့် အဲ့လိုမျိုးကို မျိုးရိုးကြောင့် ၀တာ လို့ခေါ်ရင် တော့ မှားပါတယ်❗️

✅မျိုးရိုးကြောင့်၀တာမျိုးမဟုတ်ပဲ မျိုးရိုးအလိုက် စားသောက်နေထိုင်မှု့ပုံစံမှားယွင်းနေတာပါ။

ဥပမာ မနက်စာ ကို လက်ဖက်ရည်နဲ့ အီကြာကွေးတို့ ပလာတာတို့နဲ့ ပုံမှန် စား တဲ့မိသားစု 🤦‍♂️
နေ့လည် ကြားအချိန်တွေမှာလည်း အပြင်စာတွေ အချိုရည်တွေ စားသုံးတဲ့မိသာစု🤦‍♂️
ညစာမှာလဲ အဆင်ပြေသလို ​ခေါက်ဆွဲပြုတ်တွေ အာလူးကြော်တွေ ဒိုးနပ်တွေ ကိတ်မှုန့်တွေ စားသုံးတဲ့မိသာစု 🤦‍♂️
မှာ အဖေအမေက လည်း ၀နေပြီး သားသမီးငယ်လေးတွေမှာလည်း အဆီများ ပြီး၀နေမှာ မလွဲမသွေပါပဲ🙋‍♂️

☝️အဲ့တာမျိုးကို မျိုးရိုးကြောင့် ဝ တယ် လို့မခေါ်ပဲ
မျိုးရိုးလိုက်နေထိုင်မှု့ပုံစံ မှားယွင်းပြီး အဆီတက်နေတာပါ
ကျန်းမာရေးအတွက်လွန်စွာ အန္တရယ် ရှိပါတယ် ။
မိဘတွေကိုယ်တိုင်က အာဟာရမျှတအောင် စားဖို့ လိုအပ်ပါတယ်🙋‍♂️
အဲ့တာမှ သားသမီးတွေလဲ အာဟာရမျှတစွာနဲ့ ဖွံဖြိုးကြီးထွား လာမှာပါ🙋‍♂️
❗️ကလေးတွေကိုအလိုလိုက်ပြီး စားချင်တာတွေပဲ မကျွေးပါပဲနဲ့
အာဟာရမျှတအောင် ကျွေးပါ မိတ်ဆွေတို့ကိုယ်တိုင်လည်း စားသောက်ပါ။
ပျော်ရွှင်ကျန်းမာတဲ့ မိသာစုဘ၀လေး ဖန်တီးကြပါ🤗💁‍♂️

စေတနာဖြင့် 🙏
Train Smart By Thurein
Bago Healthy Meal Box By Thu Rein

Photos from  Bago Healthy Meal Box By Thu Rein's post 13/02/2026

✅ကျွန်တော်တို့ Bago Healthy Meal Box By Thu Rein ဆီမှ နေ့လည်စာနဲ့ ညစာအတွက်မှာယူနိုင်တဲ့
Menu တွေဖြစ်ပါတယ်ခင်မျာ

♻️Diet ဆိုပြီး အရသာမရှိတာတွေစားပြီး စိတ်ညစ်ခံ ကာအဆီချဖို့ကြိုးစားမဲ့အစား
အခုလ်ိုအရသာရှိရှိနဲ့ Healthy Meal လေးတွေစားပြီး
အဆီချ ရအောင်

ပဲခူးမြို့အတွင်း သာ
Order မှာယူရရှိနိုင်ပါတယ်
09-979329192
Bago Healthy Meal Box By Thu Rein

13/02/2026

လူကြိုက်အများဆုံးဖြစ်တဲ့ ငါးဖယ်သုပ် Healthy Meal Box ကို စားဖူးကြပြီလား? 😋
​လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကန်စွန်းဥတွေအပြင် အသားဓာတ်ပြည့်ဝတဲ့ ငါးဖယ်လေးကို ဆော့စ်စပ်စပ်လေးနဲ့ တွဲဖက်လိုက်ရင်... ရှယ်ပဲနော်! 🥗🐟

​ကျန်းမာရေးအတွက် Clean ဖြစ်ရုံတင်မကဘူး၊ ဗိုက်လည်း ပြည့်စေရမယ်။
တစ်ဘူးကို (၁၀,၀၀၀) ကျပ် ပဲဆိုတော့ နေ့လယ်စာအတွက် အကောင်းဆုံးရွေးချယ်မှုပဲပေါ့။
​ခုပဲ Order တင်လိုက်တော့နော်! 📥
09979329192

10/02/2026

ကျွန်တော့်ရဲ့ဒီနေ့လည်စာ ထမင်းတစ်ပန်းကန်လုံးမှာ ပါဝင်တဲ့အာဟာရက
အနီးဆုံး

calories- ၅၆၀-၆၀၀calries
Protein - 32-40g
Fat - 25g
Carbohydrates- 45-60g
Fiber- 3-5g
အနီးစပ်ဆုံးပါ

အဲ့တာကြောင့် အဲ့အထိုင်းထမင်း၁ပန်းကန်းလုံးစားရင်တောင် calories က၆၀၀ ဝန်းကျင်ပဲရှိတယ်
အဲ့တာမျိုး နေ့လညိစာရယ် ညစာရယ် စားရင်တောင် 1200Calories ပဲရှိသေးတာ

ပုံမှန်အရွယ်ရောက်ပြီးလူကြီးတစ်ယောက်က အနိမ့်ဆုံအာဟာရလိုအပ်ချက်BMR က ၁၀၀၀ကနေ ၁၆၀၀/၁၇၀၀ဝန်းကျင်ရှိတာမို့

ပြောချင်တာက အဲ့လောက်ဆိုရင်ဘယ်လိုစားစားအဆီမတက်ဘူး

ကိုယ်က အဲ့လောက်လည်းမစားပဲအဆီတွေတက်နေပြီဆိုရင် သေချာတဲ့မိတ်ဆွေက
❗️အစားအသောက်တွေအချိန်မှန်မှန်မစားပဲ စားချင်သလိုတွေစားတဲ့အကျင့်
❗️ကိုယ်ကြိုက်တဲ့အစားအသောက်ဆိုရင်လုံးဝဗိုက်ပြည့်အောင်Over Eating ဖြစ်အောင် စားတဲ့အကျင့်
❗️ညဘက်အိပ်ရေးပျက်တဲ့အကျင့်ရှိတဲ့သူ ဖြစ်မယ် အဲ့လိုအကျင့်တွေကြောင့် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန် ဟော်မုန်းညီမျှမှု့မရှိတော့တာ ကြောင့် အစားလည်းသိပ်မစားပဲ အဆီတက်နေတာ

♻️အဲ့အကျင့်တွေ မရှိရင်
ကိုယ်ရွေးချယ်တဲ့အစားအသောက်ပုံစံ ချက်ပြုတ်တဲ့ပုံစံ
စားနေတဲ့ အစားအသောက်တွေနဲ့ life style ကိုပြနိချိန်ဖို့လိုပါတယ်

ကျွန်တော့်ရဲ့Healthy Meal Box service ကိုမှာယူလို့ရပါပြီခမျာ

အဆင်ပြေကြပါစေ🙏
Thu Rein (Fitness Coach)
ThuRein Fitness Performance Center (Bago)

Photos from  Bago Healthy Meal Box By Thu Rein's post 10/02/2026

😋မန​က်စာ ကို ဒီလိုမျိုး ပေါ့ပေါ့ပါးပါးလေးတွေပဲ စားချင်တာ

Also me -အကြီးရေ ထမင်းကြော် ၀က်ချိုနပ် နဲ့ တစ်ပွဲ
လိုက်ပွဲ ၃ပွဲ ခမျ 😑

♻️Eat Clean. Stay Strong💪
Bago Healthy Meal Box By Thu Rein

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Bago