The Beauty Corner - By Hsu

The Beauty Corner - By Hsu

Share

Welcome ✨🦋☘️

02/03/2025

#ဆားနင်းခြင်းကောင်းကျိုးများ
_________

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။

(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။

မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…

ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေ:ရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…

ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…

နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး
(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။
(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။
(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကို=က် မျက်ရိုးကို=က် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။
(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။
ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။

ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။

ဆားနင်း၍ ကုမရသောခေါင်းကို.က်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။


✍🏻

Photos from The Beauty Corner - By Hsu's post 16/12/2024

Sale Sale ‼️‼️

တစ်နှစ်နီးပါရှိပြီး သုံးနေတဲ့ ni**le cover လေး
အသစ်လဲချင်လို့ စျေးသွားကြည့်တာ Sale ချနေလို့
အရမ်းတန်နေတာ တူတူမှာရအောင်လို့🥶

3စုံထဲကို 1သောင်းကျော်ပေးဝယ်ခဲ့ရတဲ့ silicone ni**le cover လေး အခု 12ခုကိုမှ 1သောင်းကျော်ကျော် စျေးနဲ့ရမှာရှင်✨✨✨

(တစ်စုံကို 1600လောက်နဲ့ရမှာ ပေါက်စျေး4/5ထောင်လောက်ရှိတာ)

-ကိုယ်တိုင်သုံးနေတာချွေးဘယ်လောက်ထွက်” ကွာမကျဘူး။ ကော်တွေကပ်စေးစေးနဲ့ ပွထနေတဲ့ Qမဟုတ်ပဲ ကပ်အားကောင်းချက်က 24hr ကျော်တဲ့ထိ ပုံမပျက် မရွေ့ မကွာဘူး အရမ်းအဆင်ပြေသောပဲ

-ရင်ပြတ်/ကျောပြောင်တွေ ဝတ်တဲ့အခါလဲ အဆင်ပြေတယ်နော်

-အရင်က ni**le cover ကပ်ရမှာ မကြိုက်တဲ့ ကိုယ်တောင် အိမ်နေရင်းဆို ဒါပဲကပ်တော့တယ်🌝

-သူက တစ်ခါသုံးမဟုတ်ဖူးနော် ပြန်ခွါတဲ့အချိန်ချွေးစိုနေရင် ခဏအခြောက်ခံပြီး သူ့မှာပါတဲ့ ပလပ်စတစ်လေးပြန်ကပ်ပြီး ဘူးလေးနဲ့ပြန်သိမ်း
7/8ခါထက်မနည်း အသုံးခံတယ်✅

-review ကောင်းတွေအများကြီးရထားတာလေး
အသုံးများသွားတဲ့အခါ ရေလျှော်ပြီး ပြန်သုံးလို့တောင်ရတာမို့ မိန်းကလေးတိုင်း ယူသင့်တဲ့ item လေးပါနော်😍‼️‼️

Price-12,500 (12 pcs include)

Deposit -3000
Preorder ✅

13/09/2024

ရေဘေးအတွက် ကူညီလို့ရမဲ့နေရာတွေကို သေချာစီစစ်ပီး linkစုပေးထားပါတယ်❗️❗️

📍မိုးမာန် ဖောင်ဒေးရှင်း
https://www.facebook.com/share/p/h2WS878Rb28BCytA/?mibextid=WaXdOe

📍Myanmar Rescue, Mandalay
https://www.facebook.com/share/p/Mgd7QsKQw8g5y6DY/?mibextid=WaXdOe

📍Golden Imageနိဗ္ဗာန်ကုန်
https://www.facebook.com/share/p/GgPRa2YRprD2Uizv/?mibextid=WaXdOe

📍လင်းခေးမြို့အတွက် (Thai bankနဲ့လည်းရ)
https://www.facebook.com/share/p/g4hStgBod7EmTErZ/?mibextid=WaXdOe

📍ဝန်းရံမှူး လူမှုကယ်ဆယ်ရေး
https://www.facebook.com/share/drERvMa4tFUi3976/?mibextid=WaXdOe

📍ကိုစိုးထိုက်
https://www.facebook.com/share/p/SXGT9ZoW9cpzhCeZ/?mibextid=WaXdOe

📍ထမင်းဘူးအလှူ
https://www.facebook.com/share/p/mhJr6977jShXVJiz/?mibextid=WaXdOe

📍 Royal Heart Animal Rescue
https://www.facebook.com/share/VQnsA4HDGEir9qLT/?mibextid=WC7FNe

အများဒုက္ခရောက်နေချိန် ဝင်လုံးမဲ့ ဂွင်သမားတွေ အရမ်းများတာမလို့ အတုအပ သတိပြုပါ.

edit- postကို ပြန်ကူးမတင်ပါနဲ့❗️လူလိမ်linkတွေပါရောပီး ပြန့်ကုန်မှာစိုးလို့ပါ. လက်လှမ်းမှီသလောက် updateလုပ်ပေးသွားပါမယ်. အခုချပေးထားတဲ့ linkတွေကိုလည်း တတ်နိုင်သလောက် info checkထားပေမဲ့ accountထဲ သေချာဝင်လေ့လာပီး မိမိစိတ်ချမဲ့ပုဂ္ဂိုလ်ကိုသာ လှူကြပါနော်.

Photos from The Beauty Corner - By Hsu's post 28/08/2024

Warm Tone သမားတွေနဲ့ သိပ်လိုက်တဲ့
စိုစိုရွှဲရွဲ Juicy Tint အုတ်ကျိုးနီလေး💗

Y-S-L 416ရဲ့ Dupe လေးလို့ တင်စားကြသေးတယ်👄

အရမ်းအသားဆောင်ပြီး မျက်နှာလင်းတယ်
အသားညိုသူတွေပါလိုက်တဲ့ နောက်ထပ် Best Seller လေး တစ်ရောင်🫶🏼

Photos from The Beauty Corner - By Hsu's post 28/08/2024

Romand Glasting Water Tint ထဲက
05 Rose Splash လေးက
အနီမရဲတရဲလေးကိုမှ စိုအိဖက်နေ‌ရောပဲ🌹

နှုတ်ခမ်းသားရဲရဲလေးကိုမှ
သဘာဝဆန်ဆန်လေးကြိုက်ရင် ဒီအရောင်လေးယူပါ

နှုတ်ခမ်းအဖတ်လန်တတ်ရင် Glassing water ထဲက ရွေးနော် သဲတို့ရေ💋

24500 ks 🩵

Photos from The Beauty Corner - By Hsu's post 28/08/2024

Romand Lipstick limited Sale‼️‼️

၃ရက်ပဲ orderကောက်မယ်နော် 🙆🏻‍♀️

👄ပြထားတဲ့အရောင်တွေသာလျှင် ရပါမယ်
ကျန်အရောင်တွေ မရပါ။

👄Authentic ပါ Hidden tag နဲ့ code စစ်လို့ရပါတယ်

👄2025 (2-8) နှစ်ဝက်လောက် expire ကုန်မှာမို့
လျှော့စျေးနဲ့ရတာပါ ✅

စျေးလေးက ထဲနော်😍

2ရက်ပဲ orderကောက်ပြီး ဝယ်မှာ/သယ်မှာမို့
ကြာချိန်မြန်ပါမယ်
ခန့်မှန်း ၃ပတ်ဝန်းကျင်ပါ။

မြန်မြန်လေး လာမှာလိုက်တော့နော်

2025 ထဲ expire ဆိုပေမယ့် ကျောင်းသွားရုံးသွား Daily ဆိုးတာနဲ့တင်ကုန်မှာ အရမ်းတန်နေပြီ အပြင်မှာ 3သောင်းဝန်းကျင်လေနော်

Best sellerဖြစ်တဲ့ Juicy lasting tint
17 plum coke colourလေးကတော့ stockပြတ်သွားလိုက် ပြန်ရလိုက်ပါပဲ

မြန်”မှာမှ ရဖို့သေချာမှာပါ🥹

13 # Eat Totoro
17 # Plum coke
15 # Funky Melon
08 # Icy
11 # flare
12 # Anne Shirley
15 # Rusk-rusk
17 # Toasty N**e
01 # Melting
02 # Red Drop
05 # Rose Splash
13 # Berry-Cake

#တစ်ချောင်းကို 10000ksပဲကြိုပေးပြီးorderတင်လို့ရပါပြီကျန်တာရောက်မှရှင်းလို့ရ😍

21/08/2024

ကျွန်တော့်ထံမှာလာချေးသွားတဲ့ငွေတွေပြန်မရပေမယ့် ကျွန်တော် ဘာလို့ ဒုက္ခ အကြီးအကျယ် မရောက်ခဲ့ရလဲ
သိလား ?

သိစေချင်တဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။
ငွေကျိန်စာတဲ့

အမှန်ပါပဲ။
ကျွန်တော် ကတော့ကတိတည်သူမို့ ဒါတွေကို ယုံတယ်။
ငွေနဲ့ပတ်သက်ပြီး ကတိမတည်တတ်တဲ့သူတွေ
ကြီးပွားချမ်းသာနေတာ တခါမှမတွေ့ဖူးသေးဘူး။

Money mind-set

ပိုက်ဆံ ကသခင်ရှိတယ် ။
ပိုက်ဆံမှာကျိန်စာရှိတယ်။
ပိုက်ဆံကိုချေးရင်ပြန်ဆပ်ပါ ။

ပိုက်ဆံကိုပေးမယ်ပြောပြီးကတိတည်တည်ပြန်ပေးပါ။

အခက်အခဲဆိုတာလူ့ဘဝသက်တမ်းတစ်လျောက်မှာ
မခက်ခဲဖူးဆိုတဲ့လူမရှိပါဘူး ။ အနည်းနဲ့ အများ ကြုံကြမယ်။

ပိုက်ဆံ ကို ကတိပျက်အောင်လုပ်ရင် သင့်ဆီမှာ
ပိုက်ဆံတည် မြဲတော့မှာမဟုတ်ပါဘူး။

ပိုက်ဆံ ကိုကပ်စေးနည်း ပြီး
စုနေမှမြဲတာ မဟုတ်ပါဘူး။

ကတိတည်တည်နဲ့ပေးစရာရှိပေး ယူစရာရှိယူပါ။ လက်ခက်ရင်ငွေပါခက်တယ် ။

ကတိမတည်သူက ဘယ်တော့မှမတိုးတက်ပါဘူး။

ပိုက်ဆံကိုပြန်မဆပ်ချင်တဲ့သူတွေဆီမှာငွေလဲဘယ်တော့မှမမြဲပါဘူး။

လက်ခက်သူတွေ ဘာလုပ်လုပ်မအောင်မြင်ပါဘူး။

ဘယ်လောက်တန်ဖိုးကြီးတဲ့ အဝတ်တွေ ဝတ်ထားလည်း တောက်ပြောင်မှုမရှိ အရောင်မထွက်ပါဘူး။

ကိုယ့်ဘဝမှာ မသိမ်ငယ်ချင်ရင် သူများပေးစရာရှိတာလေးတွေ ဖြည်းဖြည်းချင်းနဲ့ ကျေအောင်ဆပ်ကြပါ။

19/08/2024

ကြာရှည် ခံအောင် ဒီလိုလေး ထားကြည့် 🌹

Photos from The Beauty Corner - By Hsu's post 04/08/2024

ရန်ကုန်လေဆိပ်အထွက်မှာ

PV နဲ့ထွက်မယ်ဆို
- မှတ်ပုံတင်
- UID card
- လေယာဉ်လက်မှတ် ( အသွား + အပြန် )
- ပိုက်ဆံ ဒေါ်လာ500ခန့်
- ဟိုတယ် ဘိုကင် ( တခါတလေ ငွေချေထားတာပါပြခိုင်း၊ အသိအိမ်မှာနေမယ်ဆိုလည်း ကိုယ်နေမယ့်နေရာကို အသိငှါးထားတဲ့စာရွက်စာတမ်းတွေအဆင်သင့်ယူလာပြီး ရှင်းပြရင်ရနိုင် )

တွေကို စစ်တတ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ အချက်အလက်စုံအောင်ပြပြီး အေးဆေးဖြေပါ။ ထွက်လို့ရပါတယ်။

PJ နဲ့ထွက်မယ်ဆို
- OWIC card
- မှတ်ပုံတင် ပါရင်ရပါတယ်
( အသက် ၂၃ မှ ၃၁ ကြား PJ နဲ့ထွက်မရပါ )

တခြားနိုင်ငံအဝင်မှာတော့ PJ/PV ခွဲခြားမှုမရှိပါ

ဒါတွေက ရန်ကုန်လေဆိပ်ရဲ့ ဒီနေ့ ၃/၈/၂၀၂၄ ထိအခြေအနေပါ။ လွဲနေတာ၊ Update ပိုဖြစ်ပြီး ကိုယ်သိထားတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေးခဲ့ပါ

အချင်းချင်း ကူညီကြပါစို့ခင်ဗျာ

(Shwe Network မှ ကျေးဇူးတင်စွာ ကူးယူ ဝေမျှပါသည်)

29/07/2024

မြောက်ဒဂုံဘက်တချို့နေရာတွေမှာ
မတန်မရာ သိန်း ၈၀၀၀/ သိန်းတသောင်းနဲ့ဈေးခေါ်နေကြလို့
စိတ်ဝင်စားလို့ လာဝယ်ချင်တယ်ဆို
ဒီအချိန်က လာကြည့်လို့အကောင်းဆုံးပါပဲချစ်တို့ရေ

တခြံလုံး ရေကူးကန်ပါတဲ့အိမ်ရှိတယ်
အင်းလေးကန်ကို inspired ယူပြီး
ဆောက်ထားတဲ့အိမ်တွေရှိမယ်

ကိုယ်ပိုင်လုပ်ငန်းပါပြီးသားမှကြိုက်တယ်ဆိုတဲ့လူတွေအတွက်
ငါးမွေးမြူရေးကန်တွေပါပြီးသားလည်းရှိတယ်

စိုက်ပျိုးရေးစိတ်ဝင်စားသူတွေအတွက်
ကန်စွန်းရွက်စိုက်ခင်း auto ပါပြီးသားအိမ်တွေလည်းရှိပါတယ်နော်

ညဘက် ငါးရှဉ့်ဖမ်းပြီး ငါးရှဉ့်ခြောက်စပ်ကြော်စားဦးမလား အဆင်သင့်ပါပဲ

ဧည့်ခန်းထဲထိဝင်လာတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ငါးပြေမတွေကိုဖမ်းပြီး export လုပ်ဦးမလား
စိတ်ကူးမလွဲနဲ့နော်

ဒီအချိန်လာကြည့်
အားးးလုံးးးးမြင်ရမယ်

မိလ္လာရေတွေ အိမ်ထဲဝင်လာလို့
အသားအရည်အတွက်လည်း
နေထိုင်ဖို့အသင့်တော်ဆုံးပါပဲရှင့်

Credit
Just kidding

18/07/2024

လင် ကံ မကောင်းလည်း

ဘော်ဒီဂတ် ကောင်းရင် ကျေနပ်တယ်ရှင့် 😁😁



crd photo

17/07/2024

လူတစ်ယောက်နဲ့ Relationship တစ်ခု.. တည်ဆောက်ပြီး Marriage Life ထဲ ခြေစုံပစ်ဝင်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့၊ အရေးကြီးတဲ့အရာတစ်ခု ရှိတယ်။

အဲဒါ ဘာလဲဆိုရင် “ ကိုယ် ယူမယ့်လက်တွဲဖော်ဟာ ကိုယ့်ကလေးတွေအတွက် မိဘကောင်းတစ်ယောက်ဖြစ်နိုင်ပါရဲ့လား ” ဆိုတာပဲ။

◾
ကြားဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ အဖေတစ်ယောက်က သူ့သမီးကို ဆုံးမတာ။ “ သမီး.. လင်ကောင်းကို အရင်မရှာနဲ့အုံး၊ မိန်းမကောင်းတစ်ယောက် ဖြစ်အောင်ပဲ ကြိုးစား.. ဇနီးကောင်းလိုချင်တဲ့ လူက သမီးကို လာရှာပါလိမ့်မယ် ” တဲ့။ သဘောကျလိုက်တာ။

စဉ်းစားကြည့်။ ဇနီးအပေါ် ကောင်းနိုင်တဲ့ လင်ဆိုတာ သူ့ကလေးအပေါ်မှာ ဘယ်လိုမှ မကောင်းနိုင်စရာ မရှိဘူး။ ဒီလိုမျိုးပဲ.. လင်အပေါ်မှာ ကောင်းနိုင်တဲ့ ဇနီးကောင်းတစ်ယောက်ဟာလည်း သူ့ဝမ်းနဲ့လွယ် မွေးထားရတဲ့ ကလေးတွေအပေါ်မှာ မကောင်းနိုင်စရာ အကြောင်း မရှိလောက်ဘူး။

တချို့လူတွေမှာ သူတို့ငယ်ငယ်တုန်းက ရခဲ့တဲ့စိတ်ဒဏ်ရာ အခိုးအငွေ့တွေ ရှိကောင်းရှိနိုင်တယ်။ အပြင်ပန်းကြည့်ရင်သာ ဘာမှ မသိသာတာ။

အထူးသဖြင့် Broken family နဲ့ ကြီးပြင်းလာခဲ့ရတဲ့လူတွေ ရှိမယ်။ မိဘတွေရဲ့ ဂရုစိုက်မှု.. နွေးထွေးမှု.. မေတ္တာတွေကို ကောင်းကောင်းမွန်မွန် မရခဲ့ကြတဲ့ လူတွေ ရှိမယ်။ အရိုက်ခံရင်း ကြီးပြင်းလာကြတဲ့ လူတွေ ရှိမယ်.. စသဖြင့်။

အဲဒီလို လူတွေရဲ့ စိတ်မှာ အိမ်ထောင်ပြုဖို့ တွန့်ဆုတ်တာ၊ သတ္တိမရှိတော့တာတွေ ဖြစ်တတ်တယ်။ အဲဒါထက် ပိုဆိုးတာတစ်ခုက ကလေးတွေကို ပြုစုပျိုးထောင်မယ့်နေရာမှာ Trust issue ဆိုတာ ဝင်သွားတာပဲ။

တချို့ အိမ်ထောင်သာ ပြုလိုက်ကြရတာ။ ကလေး ယူကြဖို့ အဆင်သင့်ဖြစ်နေရင်တောင် ကိုယ့် Parenting ကိုယ်မယုံဘူး။ တချို့ ကလေးယူလိုက်တယ်၊ ဒါပေမဲ့ ကလေးတွေကို ဆုံးမပဲ့ပြင်တဲ့နေရာမှာ ရိုက်တာပုတ်တာ လက်ပါတာတွေနဲ့ ပျိုးထောင်တယ်။

သူတို့ ငယ်ဘဝကို ကြည့်လိုက်တော့ သူတို့မိဘတွေဆီက လက်ပါတဲ့ဆုံးမနည်း၊ အဲဒီ ဆိုးမွေတွေကို သူတို့ရဲ့မျိုးဆက်အထိ လက်ဆင့်ကမ်း သယ်လာတာကို တွေ့ရပါလိမ့်မယ်။

ဒီအခါ ဘာပြဿနာ ရှိလာလဲဆိုရင်.. ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ Supporting ပေးရမယ့်အစား ငါတို့က မိဘမို့လို့ ငါတို့စကားနားထောင်ရမယ်ဆိုတဲ့ Ego တွေ ဝင်လာပြီး ကလေးတွေကို လိုတာထက်ပို ချုပ်ချယ်ကြတော့တာပါပဲ။

ဒါနဲ့တင် ကလေးဆုံးမ,နည်းနဲ့ ပတ်သက်လာရင် ကိုယ်တို့ လင်မယားချင်းပါ စကားထပ်များရမယ်၊ သူ့ကလေး ဆုံးမပုံက လွဲနေလို့ ကိုယ်က ဝင်ပြောရင်တောင် လက်ခံနိုင်ဖို့က ခက်ခဲတယ်။

◾
Single mom အများစု ကြုံနေကြရတဲ့ ပြဿနာတွေလည်း ရှိတယ်။ အထူးသဖြင့် ကွာရှင်းပြီး တစ်ကိုယ်တည်း ရပ်နေရတဲ့ အမျိုးသမီးတွေမှာဆိုရင် ကိုယ့်ကလေးကို အမေတစ်ယောက်ရဲ့အချစ်တွေရော၊ အတူရှိမနေတော့တဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာအတွက်ပါ နှစ်ဆပေးနေရတယ်။

ကွာရှင်းထားပေမဲ့.. အဝေးတစ်နေရာက ထောက်ပံ့ပေးနေတာလည်း ရှိချင် ရှိမယ်။ ဒါပေမဲ့ သားရော မယားရော ပစ်သွားပြီး အထားခဲ့ခံရတဲ့ မိန်းမဆိုရင် ပိုပြီးတော့ကို ပင်ပန်းတယ်။ ကလေးမျက်နှာမို့သာ ပြုံးနေရတာ။ အားတင်းထားရတာ။

အစ်မတစ်ယောက်လို ခင်ရတဲ့မိတ်ဆွေတစ်​ယောက်လည်း ပြောဖူးတယ်။ “ ဘုန်းမောင်တဲ့.. ယောက်ျားတစ်​ယောက် လင်ကောင်း ပီသလား၊ မပီသဘူးလား သိချင်ရင် သူ့မိန်းမ ဗိုက်ကြီးနေတဲ့အချိန်ကို ကြည့် ” တဲ့။

သဘောကတော့ သာမန်လူလွတ်ချိန်မှာတောင် ဂရုတစိုက် မရှိတဲ့ လူတစ်ယောက်ဟာ မပေါ့မပါး ကိုယ်လေးလက်ဝန် ဆောင်ထားရတဲ့ အချိန်မှာဆို.. ဂရုစိုက်နိုင်ဖို့ မသေချာဘူး။

◾
လင်မယားဆယ်တွဲမှာ နှစ်တွဲလောက်ကသာ အကြောင်းအမျိုးမျိုးကြောင့်.. ကလေးရဖို့ အခက်အခဲ ရှိချင်ရှိကြမှာ။ ကျန်တဲ့ ရှစ်တွဲလောက်က ကလေးတွေမွေးရင်း မျိုးဆက်တစ်ခုကို တည်ဆောက်ယူရတာချည်းပဲ။

ဒီအခါ ကိုယ့်လူ၊ အဖေပဲဖြစ်ဖြစ် အမေပဲဖြစ်ဖြစ် သူတို့ပေးတဲ့ အမွေတွေက ဆိုးမွေတွေဖြစ်နေရင် ကလေးတွေလည်း အဆိပ်သင့်တဲ့ ကလေးတွေ ဖြစ်လာနိုင်သလို လူတွေနေတဲ့ လူ့အဖွဲ့အစည်းအတွက်လည်း အန္တရာယ်ရှိတယ်။

မိဘဖြစ်လာတယ်ဆိုတဲ့သဘောက လူ့အသိုင်းအဝိုင်းထဲကို လူသားအရင်းအမြစ်တွေ ထုတ်ပေးရတဲ့အလုပ်ပါ။ အဲ့ဒီ လူ့အရင်းအမြစ်တွေရဲ့အမြစ်ကအစ အဆိပ်သင့်နေမယ်ဆိုရင် ပင်စည်တွေ၊ အခက်အလက်တွေဟာလည်း အဆိပ်ပင်သာ ဖြစ်လာလိမ့်မယ်။

ဒါ တော်တော်လေး အရေးကြီးတယ်။ Parenting style နဲ့ ပတ်သက်ပြီး ကိုယ်ရော သူရော မသိဘူး၊ အစကတည်းက အဲဒီ Goal နဲ့.. Relationship တစ်ခု မတည်ဆောက်လာခဲ့ဘူးဆိုရင် သေချာတယ်။ ကလေးတွေ မြေစာပင် ဖြစ်လာလိမ့်မယ်။

တကယ်တမ်း အိမ်ထောင်ဆိုတဲ့ စကားလုံးဟာ ပညာသားပါတဲ့ စကားလုံးမျိုးပါ။ ကိုယ့်ရင်သွေးရင်း ကလေးငယ်တွေနဲ့ Happy family life ကို ထူထောင်နိုင်ရင် “ အိမ် ” တစ်အိမ်နဲ့ တူလာတယ်။ နွေးထွေးမှု ရှိမယ်၊ လုံခြုံမယ်၊ ပျော်ဖို့ ကောင်းမယ်။

ဒီလိုမှ မဟုတ်ဘဲ Unhappy family life ပဲ ဖြစ်နေမယ်ဆိုရင်တော့ “ ထောင် ” တစ်ထောင်လို နေရတာ မွန်းကြပ်ရ၊ မလွတ်မလပ်၊ စိတ်ဆင်းရဲဖို့ ကောင်းလာမယ်။ ဆိုတော့ ဒီအိမ်နဲ့ ဒီထောင်ကို အရင်ဦးဆုံး ဖန်တီးကြတာ မိဘတွေပဲ။

မိဘဖြစ်မလာခင် အစောပိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း Relationship life ပဲ မဟုတ်လား။ ဒါ့ကြောင့် သူက ငါ့ကလေးတွေရဲ့ အဖေကောင်း၊ အမေကောင်း ဖြစ်နိုင်ပါရဲ့လားဆိုတာကို ထည့်စဉ်းစားကြည့်ဖို့ လိုကို လိုအပ်တယ်။

Credit ဘုန်းမောင်ဦး
ဇူလှိုင် ၁၇၊ ၂၀၂၄။

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Website

Address

Insein