Happiness By - Ei Phyu

Happiness By - Ei Phyu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Happiness By - Ei Phyu, Beauty, cosmetic & personal care, Thit Taw Street, Kale.

25/01/2023

💙Life Queen. Suncream💙

🔅နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ မှဲ့ခြောက် တင်းတိတ် အမဲစက်တွေကိုမဖြေစ်အောင်ကာကွယ်ပေးပါတယ်နော်💗

💗LQ Suncream ဟာဆိုရင် SPF. 50 PA +++ပါဝင်လို့၁၂နာရီကြာနေရောင်ခြည်ဒဏ်ကိုကာကွယ်ပေးပါတယ်နော်

💗မိတ်ကပ်သားမပါဝင်လို့ အမျိုးသားရော အမျိုးသမီးရော သံူးလို့ရပါတယ်

💗အချိန်မတိုင်ခင် အိုမင်းရင့်ရော်မူမှကင်းဝေးစေဖို့ LQ Suncream ကိုဆောင်ထားဖို့လိုမယ်နော်
crd
Price. 17000ks

17/03/2022

တိုနာသုံးပြီး အသားအရည်ထိန်းသိမ်းရအောင်

Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို တိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။ ပုံမှန်လူ့အရေပြားက အက်ဆစ်ဖက် နည်းနည်းကဲလေ့ရှိပြီး pH 6-7 ကြားရှိတယ်။ မျက်နှာသစ်ဆပ်ပြာ သုံးပြီးတဲ့အခါ pH ပြောင်းလဲပြီး အယ်လ်ကာလီဖက် ရောက်သွားတယ်။ အဲလိုအချိန်မျိုးမှာ toner သုံးစွဲခြင်းကအရေပြား pHကို ပြန်လည်ထိန်းညှိပြီး ပုံမှန်အတိုင်း ဖြစ်စေတယ်။

Toner အများစုဟာ အဆီပြန်တဲ့အသားရေနဲ့ အထူးသင့်တော်တယ်။မျက်နှာအဆီပြန်ရင်ဝက်ခြံထွက်တာ လူတိုင်းသိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆီတွေက လေထုထဲမှာ ရှိတဲ့ ဖုန်မွှားတွေကို တွယ်ကပ်စေတယ်။ အဲဒီဖုန်မွှားတွေက တဆင့် အဆီဂလင်းကိုသွားပိတ်ရင်း အထဲမှာ ဗက်တီးရီးယားပေါက်ဖွားပြီး ဝက်ခြံကို ဖြစ်စေတယ်။ တိုနာသုံးစွဲခြင်းက အဆီပြန်ခြင်း ကင်းစင်စေတယ်။

Toner အများစုမှာ ရေ၊ အရက်ပြန်၊ အလှဆီ၊အစိုဓာတ်ထိန်းဆေး(ရှားစောင်းလက်ပပ်) သို့မဟုတ် ဓာတုပစ္စည်း တမျိုးမျိုးပါလေ့ရှိတယ်။ တိုနာအများစုရဲ့ အခြေခံဟာ Alcohol ဖြစ်လို့ သုံးပြီးခြောက်သွားတဲ့အခါ အရေပြားမှာ စပ်ဖျဉ်းဖျဉ်း အေးစက်စက် ခံစားရတယ်။ Alcohol မပါတဲ့ tonerတွေမှာ witch hazel (သို့) tea tree oil ကို သုံးစွဲကြတယ်။ ခြောကိသွေ့တဲ့အရေပြားတွေမှာ ရေဓာတ်အခြေခံ toner တွေသုံးကြတယ်။ Aloe vera, vitamin E , chamomile extract ပါတာတွေအသုံးများတယ်။ Chamomile နဲ့ marigold extracts ပါဝငိတာတွေက အသားရေကို ဖြူစေပြီး ဝက်ခြံမဲ(blackhead) တွေမှာ အသုံးဝသိတယ်။ဆေးကြာရှည်ခံအောင်ထိန်းသိမ်းတဲ့ parabens ,citric acid , potassium sorbate စတာတွေက ဗက်တီးရီးယားပေါကိဖွားမှုကို ကာကွယ်ပေးတယ်။ Polysorbate-20 နဲ့ castor oilတွေက toner တော်တော်များများမှာပါလေ့ရှိတာ တွေ့ရတယ်။

Toner တွေကို အမျိုးစားခွဲရင် စုစုပေါင်း (၃)မျိုး ရှိတယ်။
(1) Fresheners - ခြောက်သွေ့တဲ့အသားအရေတွက်သင့်တော်တယ်။ glycerin နဲ့ hyaluronic acid ပါရင် အစိုဓာတိထိန်းပြီး အရေပြားခြောက်သွေ့တာကို ကာကွယ်တယ်။ ပုံမှန်အားဖြင့် အယ်ကိုဟောသိပ်မပါပဲ ရေဓာတ်သာအဓိကထည့်ထားတယ်။ယေဘုယျ alcohol 10%အောက်မှာသာပါတယ်။
(2) Tonics - ပုံမှန် (သို့) အဆီပြန်တဲ့အသားရေမှာ သုံးနိုင်တယ်။ အယ်ကိုဟော နညိးနည်းပါတယ်။ alcohol 20% ထိပါနိုငိတယ်။
(3) Astringents - အယ်ကိုဟော အများကြီးပါတယ်။ ပုံမှန်အားဖြင့် alcohol 20-60 % ထိပါလေ့ရှိတယ်။ astringent toners တွေက အဆီပြန်တဲ့ မျက်နှာမှာ အသုံးဝငိတယ်။ နောက်ပြီး ပိုးသတ်တဲ့အာနိသင်ရှိတယ်။

အာနိသင်များ
အရေပြားမှာ ရှိတဲ့အညစ်ကြေးတွေကို ဖယ်ရှားပေးပြီး အဆီပေါက်တွေကို ကျဉ်းစေတယိ။ အဆီပြန်ခြင်း ကင်းစေတယ်။ အရေပြားကို သန့်စင်စေတယ်။ အစိုဓာတ်ကိုထိန်းပေးလို့ မျက်နှာကို ဝင်းပကြည်လင်စေတယ်။မျက်နှာသစ်ဆပ်ပြာက မဖယ်ရှားနိုငိတဲ့ အဆီတွေနဲ့ အညစ်ကြေးတွေကို ဖယ်ရှားပေးတယ်။ နောက်ပြီး ချိုးတဲ့ရေထဲမှာပါတဲ့ မကောင်းတဲ့ဓာတ်တွေကို ကာကွယ်ပေးတယ်။ဒါတင်မက မျက်နှာအရေပြား pHကိုပါ ထိနိးသိမ်းပေးတယ်။

ဘယ်အချိန်သုံးမလဲ
မနက်တကြိမ်၊ ညတကြိမ် သုံးစွဲသင့်တယ်။ ညမှာထွက်တဲ့အဆီတွေကို မအိပ်ခင် ဖယ်ရှားရမှာ ဖြစ်သလို မနက်မှာလည်း တကြိမ် ရှင်းလင်းရမယ်။ တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံး အနှံ့သုံးဖို့လိုတယ်။ ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးနိုင်တယ်။ မျကိနှာပေါ်ဖြန်းနိင်တယ်။ မျကိနှာmask အနေနဲ့ အုပ်ပြီးသုံးနိုင်တယ်။

တိုနာ အသုံးပြုနည်း
အရင်ဆုံးမျက်နှာကို ရေခပ်နွေးနွေးသုံးပြီး မျက်နှာသစ်ဆပ်ပြာတမျိုးမျိူးနဲ့ သန့်စင်ပါ။ ပြီးရင် မျက်နှာ ခြောက်သွေ့အောင်ထားပါ။ ငါးမိနစ်ခန့်ကြာတဲ့အခါ မျက်နှာပြင်အနှံ့ Toner ကို စတင်လိမ်းလို့ရပါပြီ။လိမ်းတဲ့အခါ နူးညံ့တဲ့ cotton pad ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးရတယ်။ ပြီးရင် သုံးမိနစ်ခန့် ခြောက်သွေ့အောင်ထားပါ။ အဆီပြန်တဲ့အသားရေမှာ အပေါ်က AHA ပါတဲ့ လိမ်းဆေးတမျိုး ထပ်လိမ်းပါ။ ပြီးရင် serum တခု အပေါ်က ထပ်လိမ်းပါ။ နောက်ဆုံးကျမှ moisturizier ကို လိမ်းသင့်ပါတယ်။ သတိပြုရမှာက moisturizier ဆိုတာ အစိုဓာတ်ထိန်း ပစ္စည်းတမျိုးဖြစ်ပြီး မျက်နှာမှာ အလွှာပါးတခုအနေနဲ့ ဖုံးကွယ်ပြီး ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးမှာ ဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအပေါ်မှာ ဘာပစ္စည်းမှထပ်မလိမ်းသင့်တော့ပါ။ တချို့ အဆီပြန်လွန်းတဲ့ အသားအရေမှာ အစိုဓာတ်ထိန်းပစ္စည်း moisturizier ကြောင့် ပိုဆိုးလာတာလည်း ရှိနိုင်တယ်။ ဒါ့ကြောင့် သတိထားသုံးစွဲသင့်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
www.drayeminhtoo.com

64လမ်း,37-38လမ်း,မန္တလေး။
092051590

(ရန်ကုန်, နေပြည်တော်, တောင်ကြီးတွင် ဆေးခန်းပြန်မထိုင်သေးပါ)

10/03/2022

ကိုယ့်ကိုယ်ကိုဂရုစိုက်ရင်
အသက်အရွယ်ဆိုတာ ကိန်းဂဏန်းသာသာပဲရှိမယ်လို့ မြင်သာစေတဲ့ အမျိုးသမီးထု 💕

မင်းသမီးမို့လှမှာပေါ့ဆိုတာထက်
ကိုယ်လည်း ကိုယ့်ဘဝရဲ့မင်းသမီးပဲလို့ယူဆရအောင်
Your life, your responsibility❤️

Crd

06/03/2022

မိန်းကလေးများ -
ညဉ့်နက်မှအိပ်ယာဝင်‌လျှင်
ရရှိလာမည့် ဆိုးကျိုးများ•••
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ခုခေတ်အလေ့အထအရ ညပိုင်း ည ၁၁ နာရီ ၁၂ နာရီ နောက်ပိုင်းတွေမှ အိပ်ယာဝင်ကြပါတယ်။

ကိုယ့်ကိုယ် ပြန်သတိထားကြည့်ကြည့်ပါ။
အိပ်ယာဝင်နောက်ကျတာနဲ့အမျှ
ဆံပင် ပိုပိုနည်းလာတယ်လို့ ခံစားရလား❓
ခေါင်းဖီးလိုက်တိုင်း ကျွတ်နေပြီလား❓

အသားအရေကလည်း ပိုပိုပြီး ဝါလာသလိုမျိုးဖြစ်သလို
အသားညစ်တဲ့ဘက်ရောက်နေပြီလား❓

ရေရှည်အိပ်ယာဝင်နောက်ကျခြင်းဟာ ကိုယ်တွင်းအဆီထုတ်လုပ်မှုဖြစ်စဉ်များလာစေတဲ့အတွက် အရေပြားမွေးညင်းပေါက်တွေ ကျယ်လာစေပါတယ်။ပြီးတော့ မွေးညင်းပေါက်တွေ ပိတ်သွားစေပါတယ်။

ဟုတ်ပါ့မလား ဆရာရယ်❓
မယုံရင် အဲ့လို နောက်ကျမှ အိပ်ယာဝင်တာကို သေချာသတိထားလုပ်ကြည့်ပါလား ၊ ဝက်ခြံတွေ ထွက်လာတယ် မဟုတ်လား❓

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အလုပ်ကိစ္စ (သို့) ထူးခြားအကြောင်းရင်း မရှိပဲနဲ့တော့ ည ၁၁နာရီထပ်တော့ အိပ်ယာဝင် မနောက်ကျဖို့ တတ်နိုင်သမျှ ကြိုးစားသင့်ပါတယ်။

ဘာလို့လဲဆိုတော့ အမျိုးသမီးတွေ သာမက လူတိုင်းရဲ့ ခန္ဓာကိုယ်နဲ့ အသားရေကို အရမ်းထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် စောစီးစွာ အိပ်စက်ပြီး လှပနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Crd #

05/03/2022

အသားအရေ စိုပြေအောင် ရေသောက်နည်း
=============================

ရေသောက်တာ လူတိုင်းသောက်တတ်ပါတယ်

ဒါပေမယ့် စနစ်တကျသောက်လို့ လှပမယ်ဆိုရင် မကောင်းဘူးလား❓

သင့်အသားအရေကို level 3 ခုလောက် glow သွားစေမယ်ဆိုရင် မကောင်းဘူးလား❓

ရေ၁ခွက် ကို 300 မီလီလီတာ လောက်တော့ သောက်ပေးပါ။

1st glass - မနက် ၇ နာရီမှာ ရေနွေးနွေးလေး ၁ ခွက် အပြည့်သောက်ပြီး အဆိပ်ထုတ်ကြမယ်

2nd glass - မနက် ၉ နာရီမှာသောက်ခြင်းဖြင့် စိတ်ကြည်သွားစေတဲ့အပြင် ရေဓာတ်ပြန်ဖြည့်မယ်

3rd glass - မနက် ၁၁ နာရီမှာ သောက်ခြင်းဖြင့် အစားမစားခင် ဗိုက်ပြည့်စေတဲ့ ခံစားမှုမျိုးရစေမယ်

4th glass - နေ့လည် ၁ နာရီမှာ ထမင်းစားပြီး ရေထပ်သောက်မယ်

5th glass - ညနေ ၃ နာရီမှာ သောက်ခြင်းဖြင့် ညောင်းညာနေမှုတွေကို ပြေပျောက်စေပါတယ်

6th glass - ညနေ ၅ နာရီမှာတော့ အစာမစားခင် ကြိုသောက်ပြီး ဗိုက်ပြည့်စေမယ်

7th glass - ည ၈ နာရီမှာတော့ အိပ်ရာမဝင်ခင် ကြိုသောက်ထားကြမယ်

ကဲ ဒီလို ၇ ခွက်လောက်သောက်ထားတော့ ၁ နေ့ကို ၂ လီတာကျော်ဝင်သွားပြီဖြစ်တဲ့အတွက် နေ့စဉ် daily intake လည်း လုံလောက် ၊ သတိရချိန်မှ ထထသောက်တာမျိုးမဟုတ်ပဲ ပုံမှန်သောက်လို့ အသားအရေလည်း စိုပြေစေပါပြီ

Crd #

05/03/2022

ဝက်ခြံတွင် အဓိကရှောင်ရမည့် အစားအစာများ

(၁) နို့ထွက်ပစ္စည်းနဲ့ ဝက်ခြံက ဆက်စပ်နေပါတယ်။ နွားနို့သောက်ခြင်းဟာ IGF-1 ပမာဏကို 10-20% နှုန်း မြှင့်တက်စေတယ်။ နို့ထွက်ပစ္စည်းမှာပါတဲ့ betacellulin ဓာတ်က ဆဲလ်ကွဲပွားခြင်းနဲ့ မျက်နှာအဆီပြန်ခြင်းကို ဖြစ်စေပြီး ဝက်ခြံပိုထွက်စေတယ်။ဒါ့ကြောင့် နွားနို့၊ဒိန်ခဲ၊မလိုင် စားသုံးတာတွေရှောင်ကြဉ်သင့်တယ်။

(၂) ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။ သွေးတွင်း ဂလူးကို့စ်ပမာဏ ရုတ်တရက်တက်ရင် အင်ဆူလင်ရုတ်တရက်များပြီး အဆီဂလင်းကို ပိုထုတ်ရတယ်။ ချောကလက်စားပြီး ၄ ရက်မြောက်နေ့မှာ ဝက်ခြံဖြစ်နှုန်း ၁၄၀% တိုးပွားလာပြီး ရ ရက်မြောက်နေ့မှာ ၁၆၀ % ထိ တိုးပွားလာတာတွေ့ရတယ်။

(၃) ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ insulin ပမာဏကို ရုတ်တရက် မြှင့်တက်စေနိုင်တယ်။ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။

(၄) ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊whey protein တွေလည်း ရှောင်သင့်တယ်။ တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။

(၅) အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးချောင်း​ကြော်တွေဖြစ်ပါတယ်။

ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့ လိုပါတယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

ဝက်ခြံနှင့် ပက်သတ်သော အကြောင်းအရာများကို https://drayeminhtoo.com/category/acne/ တွင် တစုတစည်းတည်း ဝင်ရောက်ဖတ်ရှုနိုင်သည်..

03/03/2022

💪 ဝိတ်ထိန်းခြင်း အနုပညာ 💪

(၁) မနက်စာကို ပုံမှန် စားပါ👌

မနက်စာစားတဲ့အကျင့်ဟာ ဝိတ်ထိန်းသူတိုင်းအတွက် အရေးပါတဲ့အလေ့အကျင့်တခု ဖြစ်တယ်။
တနေ့တာ အားအင်အားဖြစ်စေဖို့ မနက်စာက အဓိကကျဆုံးပဲ။

မနက်ပိုင်း အစားရှောင်သူတွေဟာ ကျန်တဲ့အချိန်တွေမှာ အလုပ်ကို အင်ပြည့်အားပြည့် မလုပ်နိုင်ကြဘူး။ နုံးချိလာမယ်။ မောပန်းလာမယ်။ ဒါ့ကြောင့်
ဝိတ်ချချင်သူမည်သူမဆို တနေ့တာ အရေးကြီးဆုံးဖြစ်တဲ့ မနက်စာကို မဖြစ်မနေစားပေးဖို့ လိုပါတယ်။

(၂) မကြာခဏ လှုပ်ရှားပေးပါ👯🏃‍♀️🏃

ဝိတ်ထိန်းရာမှာ လေ့ကျင့်ခန်းထက် လှုပ်ရှားမှုက
ပိုအရေးကြီးတယ်။ လှုပ်ရှားမှုသာ ရှိပါစေ။ ဝိတ်ပြန်တက်ဖို့ အလွန်ခက်သွားပါတယ်။ ဒါ့ကြောင့် သတိရတိုင်း လှုပ်ရှားပေးသင့်တယ်။ လေ့ကျင့်ခန်း ပုံမှန်၊ အလယ်အလတ်နဲ့ အပြင်းစားဆိုပြီး ခွဲထားတယ်။

ပုံမှန်ဆိုတာ နေ့စဉ် လှုပ်ရှားသွားလာတာမျိုး၊ အိမ်သန့်ရှင်းရေးလုပ်တာမျိုးကို ခေါ်ပါတယ်။အလယ်အလတ် လေ့ကျင့်ခန်းဆိုတာ လမ်းလျှောက်တာ၊ ရေကူးတာ၊ အကလေ့ကျင့်တာ၊ တင်းနစ်၊ ကြက်တောင်ကစားတာမျိုးကို ဆိုလိုပါတယ်။ အပြင်းစားဆိုတာက ဝိတ်မတာ၊ပြေးတာမျိုးကို ခေါ်ပါတယ်။

(၃) ပုံမှန် ဝိတ်ချိန်ပါ။🕴🕴

ဝိတ်ချရာမှာပဲ ဖြစ်ဖြစ်၊ ဝိတ်ထိန်းရာမှာပဲ ဖြစ်ဖြစ် ဝိတ်ချိန်တဲ့အလေ့အကျင့်က အလွန်ကောင်းပါတယ်။ တပတ်ကို အနည်းဆုံး တကြိမ်ခန့် ပုံမှန်ဝိတ်ချိန်ပေးသင့်တယ်။ဒါမှ ဝိတ်တက်လာတဲ့အခါ ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။

(၄) အသားဓာတ်ကို ဖြညိ့တင်းပါ🌯🍘🍲

အသားဓာတ်က ဗိုက်ပြည့်စေတယ်။ အစာစားချင်စိတ်ကို လျှော့နည်းစေတယ်။ အစာခံစေတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တည်ဆောက်ရာမှာလည်း အသုံးဝင်တယ်။ ဟော်မုန်းညီမျှဖို့လည်း လိုတယ်။ ပရိုတင်းတခုဟာ ဗိုက်ထဲဝင်လာရင် အစာချေဖျက်ဖို့ စွမ်းအင်ကို ပိုသုံးရလေ့ရှိတယ်။
ဒါ့ကြောင့် ပရိုတင်းကို ထည့်စားပါ။ နေ့စဉ် ပရိုတင်း ၁၀၀-၁၅၀ ဂရမ်ကြား စားပေးရင် အကောင်းဆုံးဖြစ်တယ်။

(၅) ကာဗိုဟိုက်ဒရိတ်ကို ထိန်းပြီး စားပါ🍔🍟❌

အစားစားတဲ့အခါ ကာဗိုဟိုက်ဒရိတ်ပါတာတွေ
စားကြတယ်။ ဝိတ်ထိန်းတဲ့အခါ ထမင်း၊ဂျုံ စတာတွေနေရာမှာ ဟင်းသီးဟင်းရွက် သစ်သီးတွေကို ပြောင်းလဲစားသင့်တယ်။ လုံးဝ ရှောင်ရှားသင့်တာက ပြုပြင်ထားတဲ့အစားအသောက်တွေ ဖြစ်ပါတယ်။

ခေါက်ဆွဲခြောက်၊ အာလူးချောင်းကြော်၊ ကိုလာနဲ့ အချိုရည်တွေဖြစ်ပါတယ်။ ဒီအစားအသောက်တွေက သကြားဓာတ်များတယ်။ ပိုတာတွေကို အဆီအဖြစ်သိမ်းဆည်းမှာမို့ ဗိုက်အဆီထွက်လာနိုင်ပါတယ်။

(၆) စားသမျှချရေးပါ✍✍

သီအိုရီဆန်ပေမယ့် ဝိတ်ထိန်းရာမှာတော့ အလွန်အသုံးဝင်ပါတယ်။ နေ့စဉ်ရေးခြင်းအားဖြင့် အမှတ်မဲ့စားလိုက်တာတွေ ခေါင်းထဲပြန်ရောက်လာတယ်။ နောက်မစားမိအောင် ဆင်ခြင်မိလာတယ်။ ပိုကောင်းတာက ကယ်လိုရီကို စနစ်တကျတွက်ချက်တတ်လာတာပါ။ မှတ်စုတခုထားပြီး အစားအသောက်တွေ ချရေးခြင်းက ဝိတ်ချသူတိုင်းအတွက်သာမက ဝိတ်ထိန်းသူတွေအတွက်လည်း အားသာချက်တခုဖြစ်ပါတယ်။

(၇) ရေများများသောက်ပါ🥛🍶

မစားခင်ရေသောက်ခြင်းဟာ ဗိုက်တင်းစေတယ်။
မစားဖြစ်အောင် ထိန်းပေးနိုင်တယ်။လေ့လာမှုတခုအရ မစားခင် ရေတဖန်ခွက်သောက်ခြင်းအားဖြင့် ကယ်လိုရီစားသုံးမှုရဲ့ ၁၃% ထိလျှော့ချပေးနိုင်တာတွေ့ရတယ်။ နေ့စဉ် ကယ်လိုရီ ၂၀၀၀ စားသုံးသူဟာ ကယ်လိုရီ ၂၆၀ လောက်ကို လျှော့ကျစေနိုင်တာကြောင့် ဝိတ်ထိန်းရာမှာ အလွန်အသုံးဝင်ပါတယ်။

(၈) ကောင်းကောင်း အိပ်စက်အနားယူပါ😴😴

အိပ်ရေးပျက်ခြင်းဟာ ဝိတ်တက်ခြင်းရဲ့ အဓိက အကြောင်းခံဖြစ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရသူဟာ စိတ်ဖိစီးရာမှာထွက်တဲ့ stress hormone ဟောမုန်းတမျိုးကို ထွက်စေတယ်။ ဒီဟော်မုန်းက အစားပိုစားလာအောင် လှုံ့ဆော်ပေးတယ်။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ဖို့လည်း
ဝိတ်ချသူတယောက်အတွက် အရေးကြီးတယ်။

(၉) စိတ်ဖိစီးမှု လျှော့ချပါ😤😌

စိတ်ဖိစီးမှုက ဝိတ်တက်စေတဲ့ အကြောင်းရာတရပ်အနေနဲ့ ပါဝင်တယ်။ ဝိတ်ထိန်းချင်သူတယောက်ဟာ စိတ်ဖိစီးမှုတွေကိုလည်း ထိန်းချုပ်ဖို့လိုပါတယ်။ စိတ်ဖိစီးရာမှာထွက်တဲ့ cortisol ဟော်မုန်းက အစားစားချင်စိတ်ကို ဖြစ်စေပြီး ဗိုက်အဆီကို များစေတယ်။ တရားထိုင်၊ ယောဂကျင့်၊ လေ့ကျငိ့ခန်းလုပ်တာတွေက စိတ်ဖိစီးမှုကို အထိုက်အလျှောက် လျှော့ကျစေတယ်။

(၁၀) အသီးအရွက်များများစားပါ🥗🥗

ဝိတ်ချရာမှာအကောင်းဆုံး အလေ့အကျင့်က အသီးအရွက်အားပြုစားတာဖြစ်ပါတယ်။ အသီးထက် အရွက်တွေက ပိုကောင်းတယ်။ အမျှင်ဓာတ်များသလို ကယ်လိုရီ ပိုနည်းလို့ဖြစ်ပါတယ်။

အစာခံရာမှာလည်း အသီးထက် အရွက်က အားသာတယ်။ ဗိုက်ပြည့်တဲ့ ခံစားမှုကို ပိုဖြစ်စေတယ်။ နေ့စဉ် ဟင်းသီးဟင်းရွက် လက်သီးဆုပ် (၅)ဆုပ်စာ စားပေးခြင်းဟာ ဝိတ်တက်မလာစေဖို့ ကာကွယ်ပေးပါလိမ့်မယ်။

Credit:ဒေါက်တာ အေးမင်းထူး

27/02/2022

၃၀၊ ၄၀ အရွယ်ရောက်ရင်လည်း နုပျိုလှပနေစေဖို့အတွက် အသက် ၂၀ အရွယ်ကတည်းက အသားအရေထိန်းသိမ်းကြမယ်

အသက် ၂၀ ဝန်းကျင်အရွယ်မှာ အသားအရေ
ထိန်းသိမ်းမှု မလုပ်ဘူးဆိုရင် သင့်အသားအရေဟာ
အလွယ်တကူ အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေဖြစ်လာစေပါတယ်။ အသက် ၂၀ ဝန်းကျင်ကစပြီး အသားအေရ ထိန်းသိမ်းမှုလုပ်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။

၁။ Suncreen လိမ်းပေးခြင်း
နေပူထဲသွားရင်ဖြစ်ဖြစ်၊ ကမ်းခြေ၊ ရေကူးကန်မှာ ရေကူးရင်ပဲဖြစ်ဖြစ် Sunscreen လိမ်းပေးရမယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးသားပါပဲ။ သိပေမယ့်လည်း လိုက်မလုပ်ဖြစ်ကြတာတွေရှိပါတယ်။ သင့်အသားအရေ အိုမင်းရင့်ရော်မှုကင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ Sunscreen လိမ်းပေးတာပဲဖြစ်ပါတယ်။

၂။ နေကာမျက်မှန်တပ်ပေးခြင်း
နေကာမျက်မှန်တပ်ပေးတာဟာ သင့်မျက်လုံးကို ကာကွယ်ပေးနိုင်ရုံသာမက သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဝက်ခြံကိုဖြေရှင်းပါ
ဝက်ခြံဖြစ်ရင် ဝက်ခြံပျောက်အောင် အမြန်ဆုံး ကုသဖြေရှင်းဖို့လိုပါတယ်။ ဝက်ခြံမဖြစ်စေဖို့လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပြင်ကပြန်လာတာနဲ့ မျက်နှာပေါ်က မိတ်ကပ်ကိုသေချာပြောင်အောင်ဆေးပြီး မျက်နှာသေချာသစ်ပေးဖို့လိုအပ်ပါတယ်။

၄။ မိတ်ကပ်အများကြီးမလိမ်းပါနဲ့
မိတ်ကပ်အများကြီးလိမ်းတာဟာ သင့်အသားအရေကို အမြန်ဆုံးအိုမင်းရင့်ရော်စေသလို၊ ဝက်ခြံလည်းဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ထူထူမလိမ်းသင့်ပါဘူး။

၅။ အိပ်ယာမဝင်ခင် မျက်နှာသန့်စင်ပြီးသားဖြစ်နေပါစေ
မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာမျိုး မလုပ်သင့်ပါဘူး။ သင်အိပ်ယာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်အားလုံး သန့်စင်ပြီးသားဖြစ်နေသင့်သလို၊ Moisturizer လိမ်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

၆။ ရေများများသောက်ခြင်း
ရေများများသောက်တာဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အေရးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။

၇။ မျက်နှာမသစ်ခင်လက်ဆေးပါ
မျက်နှာမသစ်ခင် လက်ကိုသေချာဆေးပေးသင့်ပါတယ်။ သင့်လက်မှာ ဘက်တီးရီးယားတွေနဲ့ ညစ်ပတ်နေတာကြောင့် လက်ကိုသေချာဆေးပေးပြီးမှ မျက်နှာကိုကိုင်တွယ်ပေးသင့်ပါတယ်။

၇။ မနက်တစ်ကြိမ် ညတစ်ကြိမ်မျက်နှာသစ်ပါ။
မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ ညဖက်မှာ ခန္ဓာကိုယ်အတွင် ချွေးတွေထွက်၊ အဆီတွေပြန်တာကြောင့် မနက်ဖက်မှာ မဖြစ်မနေမျက်နှာသစ်ပေးသင့်သလို၊ ညဖက်အိပ်ယာ မဝင်ခင်လည်း မျက်နှာသေချာသစ်ပေးသင့်ပါတယ်။

၈။ သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်ပါ
၁ လတစ်ခါလောက်ပဲဖြစ်ဖြစ် သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်တာမျိုး လုပ်ပေးသင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ Brush တွေ၊ သင်နေ့စဉ်ထိတွေ့နေတဲ့ ဖုန်းတွေကို သန့်စင်ပေးပါ။

၉။ အိပ်ရေး၀၀အိပ်ပါ
အိပ်ရေးမဝရင် အသားအေရကို ထိခိုက်ပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀၀အိပ်ပါ။

၁၀။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက်သာမက အသားအေရကိုလွပေစသလို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပါ။

၁၁။ ပြုံးပါ
ပြုံးတာဟာ သင့်ကို အိုမင်းရင့်ရော်မှုကနေ တားဆီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြုံးဖို့မမေ့ပါနဲ့

❤️သာယာတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေရှင့်❤️

27/02/2022

အစားစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။

🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကတော့ 219 cal ရှိပါတယ်။

စမူဆာ ၃ခုမှ 91 cal ရှိပေမယ့် အီကြာကွေး
ကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ပီး
cal တွက်ချက်စားပါ 📌

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ်တဲ့ cal က 3000 cal ပါ။

လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက်ကို 2000 cal ဘဲစားရင် weight က
တဖြေးဖြေး ကျကို ကျပါတယ်။

ကိုယ်စားတဲ့ အစားအသောက်ကို cal တွက်ချက်စားခြင်းဖြင့် ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯

ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩

ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑

ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ

သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး cal
မတူကြဘူး
ဥပမာ ခြောက်လက်မလောက်ပဲရှိတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရှိပြီး

ကိုးလက်မကျော်အရွယ်စားရှိတဲ့ ငှက်ပျောသီး
တလုံးဟာ ၁၃၀ ကယ်လိုရီ ရှိတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပြီ

🥬🍅ဟင်းသီးဟင်းရွက်🍅🥬

ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယ်လိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ

(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻

နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီ ညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။

🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။

🔺ရိုးရိုး နွားနို့နဲ့ အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။

🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး

ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Kale?
Click here to claim your Sponsored Listing.

Telephone

Website

Address

Thit Taw Street
Kale

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00