Tun Classic GYM
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tun Classic GYM, Health/Beauty, ကလေးမြို့အရှေ့ဘက်၊ ဗိုလ်ချုပ်လမ်း၊, လှမဉ္ဇူဆေးဆိုင်၊ Union Store အနောက်ဘက်ကပ်လျက်, Kalemyo.
23/03/2023
ကျနော်တို့ Tun Classic GYM ရုံရှိ အလေးပြားများနှင့်Dumbell အချို့ မကြာခင်က ခိုးယူခြင်းခံရပါသည်။ ကလေးမြို့အခြားgymရုံများလဲ ဂရုစိုက်ကြဖို့လိုအပ်ပါသည်။ ဝါသနာရှင်များနှင့် ကစားကြသူများကို လေးစားပါတယ် ။ဒါပေမယ့် ကစားသမားဟန်ဆောင် ရောရောင်၍် အချောင်ခိုးယူချင်သူလဲရှိနေပါသဖြင့် သတိပေးရခြင်းဖြစ်ပါသည်။
အလေးဖြင့် ကိုယ်ကာယလေ့ကျင့်မှု ( ၅ ) မျိုး
၁။ ကာယဗလ ဖွံ့ဖြိုးမှုအတွက် အလေးဖြင့် လေ့ကျင့်ခြင်း
( Bodybuilding Training )
၂။ ခွန်အား သန်စွမ်းမှုအတွက် အလေးဖြင့် လေ့ကျင့်ခြင်း
( Strength Training )
၃။ အားကစား စွမ်းရည် တိုးတက်မှု အတွက် အလေးဖြင့်
လေ့ကျင့်ခြင်း
( Athletic Conditioning Training)
၎။ ထိခိုက်ဒဏ်ရာရ ကြွက်သားများ ပြန်လည်သန်စွမ်းမှု
အတွက် အလေးဖြင့် လေ့ကျင့်ခြင်း
( Injury Rehabilitation Training )
၅။ ကိုယ်ကာယကြံ့ခိုင်မှု အတွက် အလေးဖြင့် လေ့ကျင့်ခြင်း
( Physical Fitness Training )
ကာယဗလ ပဲဖြစ်ဖြစ် ကာယအလှပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ် ကစားမယ်ဆို
ကလေးမြို့အရှေ့ဘက် ဗိုလ်ချုပ်လမ်း၊ လှမဉ္ဇူဆေးဆိုင်သို့ လာရောက်မေးမြန်းစုံစမ်း နိုင်ပါတယ်ခင်ဗျ
TUN Classic GYM & fitness centre
မှာ သင်တန်းကြေး ၁လ ၁သောင်းကျပ်ဖြင့် နံနက် ၆နာရီမှ ညနေ ၆နာရီ အတွင်း လာရောက်ကစားနိုင်ပါတယ်
အကြောလျှော့ခြင်း၏ အကျိုးကျေးဇူးများ
၁။ အငယ်စားထိခိုက်ဒဏ်ရာ ရရှိမှုများကို ကာကွယ်မှု ပေးခြင်း
၂။ ကြွက်သားများ အစွမ်းကုန်ဆန့်ထုတ်မှုဖြင့်
ခွန်အားသစ်တိုးစေသည်။
၃။ ကြွက်သားများနာကျင်ကိုက်ခဲမှု လျော့နည်းစေချင်း။
၎။ အဆစ်များ လွတ်လပ်စွာ လှုပ်ရှားမှုပိုမို တိုးတက်ခြင်း။
၅။ ကိုယ်ခန္ဓာလှုပ်ရှားမှုကို သတိရှိခြင်း။
၆။ ကြွက်သားထိန်းချုပ်မှုပ် အသိစိတ် တိုးတက်ခြင်း။
၇။ သွေးလည်ပတ်မှု တိုးတက်အောင် လှုံဆော်ပေးခြင်း။
၈။ လုပ်ဆောင်မှုနှင့် ကြွက်သား အတိုင်အဖောက်ညီမျှမှု
တိုးတက်ခြင်း။
၉။ စိတ်ပင်ပန်း ဖိစီးမှုနှင့် ကြွက်သားများ တင်းကြပ်မှု
လျော့နည်းခြင်း။
၁၀။ အပန်းဖြေမှု ရရှိစေခြင်း။
TUN Classic GYM & Fitness Centre
ကလေးမြို့အရှေ့ဘက်၊ ဗိုလ်ချုပ်လမ်း ၊ လှမဉ္ဇူဆေးဆိုင်
နေ့စဉ် နံနက် ၆ နာရီ မှ ညနေ ၆ နာရီ အတွင်း လာရောက်
ကစား နိုင်ပါသည်။
သင်တန်းကြေး ၁လ ၁သောင်းကျပ်
GYM စကစားဖို့ဆုံးဖြတ်ပြီးရင် ဘာလုပ်မလဲ.......
ကျနော့်ဆရာ ကိုဇော်ထွန်းပြောခဲ့သလို ပြန်ပြောရတော့မှာပဲ။
GYMကစားရုံကို မသွားမီ အိမ်မှာ ဒိုက်ထိုး ၊ဘားဆွဲ ၊ဘယ်လီရိုက် ၊ထိုင်ထ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။
ဘယ်နှစ်ကြိမ်လုပ်ရမလဲ.........တစ်မျိုးကို ၃၀မှ ၅၀ အကြိမ်ရေ လုပ်သင့်ပါတယ်။ဘားဆွဲကတော့ ရသလောက်လုပ်ပါ။
ဘယ်နှစ်လ လုပ်ရမှာလဲ...............၂လခန့်
ဘာစားရမလဲ................ကစားပြီးတိုင်း ကြက်ဥနဲ့ ငှက်ပျောသီးလောက်တော့စားပေးရမယ်။
များသောအားဖြင့် gymကစားသူ ၁၀၀တွင် ၁ယောက်ခန့်သာ နှစ်ကြာကြာစွဲစွဲမြဲမြဲကစားလေ့ရှိပါတယ်။စကစားပြီး ရက်အနည်းငယ်အတွင်း ပျက်သွားလေ့ရှိပါတယ်။
GYMရုံပိုင်ရှင်တွေကတော့ လူများများဝင်လိုက် ထွက်လိုက်ဆို ပိုကြိုက်တာပေါ့ဗျာ။
GYMကစားနေချိန်မှာ ရေဆာလျှင် အနည်းငယ်စီ သောက်ပေးနိုင်ပါတယ်။အားကစားလုပ်ချိန်မှာ ရေပိုသောက်ဖြစ်တာက ခန္ဓာကိုယ်အတွက် အရမ်းကောင်းပါတယ်။
မကစားခင် ၅မိနစ်ခန့် သွေးပူလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ကစားပြီးလျှင် အကြောလျှော့လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
ကစားပြီးနောက်ရက် မှာ ကိုယ်လက် များ နာကျဉ်လာမှာဖြစ်ပါတယ်။နာကျဉ်မှုဟာ ကြွက်သားများ ဒဏ်ရာရပြီး ပရိုတိန်းဖြည့်ဆည်းပေးမှုကြောင့် နည်းနည်းစီကြီးထွားလာခြင်း ဖြစ်စဉ်အစပိုင်းပဲဖြစ်ပါတယ်။
ဒါကြောင့် ပရိုတိန်းဓာတ် ဖြည့်စီးပေရန်အတွက်
ကြက်ဥ မနက်၂လုံး၊ ည၂လုံး စားပေးရပါမယ်။ကစားသက်ရလာရင် စီးပွားရေးတွက်နဲ့ တစ်ရက် ၆လုံးမှ ၁၀လုံးလောက်စားသင့်ပါတယ်။
GYM ကစားခြင်းကို၃ရက်ကစား ၁ရက်နားအစီအစဉ်ဖြင့် ကမ္ဘာတဝှမ်း လေ့ကျင့်မှုအများဆုံး ကျင့်သုံးကြပါတယ်။အဓိကပြောချင်တာက နားရက်ပြီးနောက်နေ့မှာ GYMရုံကို သေချာပေါက်လာကစားဖြစ်အောင်ကြိုးစားရပါမယ်။ဒါကြောင့် နားရက် မှာ အင်တာနက် မှ ကစားနည်း၊ကစားသမားများကို youtubeတွင်ကြည့်ရှုလေ့လာသင့်ပါတယ်။သို့မှသာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကိုရပြီး GYMသို့လာချင်စိတ်ပြင်းပြလာမှာဖြစ်ပါတယ်။
GYMကစားရမည့် အမျိုးအစားတွေကတော့
ပထမရက်........ရင်အုပ်နှင့် နောက်ကျောကြွက်သားများလေ့ကျင့်ခန်းများ
ဒုတိယရက်......ပုခုံးသား၊ဆုံ၊ လက်မောင်းရှေ့နောက်
တတိယရက်.....ပေါင်၊ခြေသလုံး နှင့် ဗိုက်ကြွက်သားများ လေ့ကျင့်ခန်းများ
၃ရက်ဆက်တိုက်လေ့ကျင့်ပြီးလျှင်နောက်တစ်ရက်မှာ အနားယူရမှာဖြစ်ပါတယ်။
ကစားနည်းစနစ်အမှန်များကိုလည်း ထမ်မံရေးသားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ကျနော်တို့ GYMမှာ တစ်လတစ်သောင်းကျပ်ဖြင့်လာရောက်ကစားနိုင်ပါတယ်။
ပိုမိုပြည်စုံစွာသိရှိ ကစားလိုပါလျှင်နံနက် ၉း၃၀ တွင် သင်တန်းသားများအား trainer ကြေးမယူ အခမဲ့သင်ကြား ပြသပေးသွားမှာဖြစ်ပါတယ်။
Tun Classic GYM
ဗိုလ်ချုပ်လမ်း ၊ယူနီယံစတိုးကပ်လျက်
ကလေးမြို့။
ကာယဗလနှင့် ကာယအလှ လေ့ကျင့်မှု၏ အကျိုးကျေးဇူးများ
၁။ လှပသော ကိုယ်ခန္ဓာပုံသဏ္ဌာန်ကို ပြောင်းလဲ ပေးနိုင်သည်။
၂။ ကျန်းမာရေးနှင့် ကြံ့ခိုင်မှုကောင်းမွန်စေသည်။
၃။ အကျိုးမပြုသော အစားအစာများကို ရှောင်ရှားနိုင်သော
အလေ့အကျင့်ကောင်းများ ရှိစေနိုင်သည်။
၎။ ဥပဓိရုပ်ကိုကောင်းမွန်စေသည်။
၅။ ဆွဲဆောင်မှု အားရှိချင်းကို ပေးနိုင်သည်။
၆။ အရန်ခွန်အားနှင့် ပြည့်စုံခြင်းကို ပေးစွမ်းသည်။
၇။ လူအများ၏ လေးစားမှုကိုရှိစေနိုင်သည်။
၈။ စည်းကမ်းကောင်းမွန်စေသည်။
၉။ အသက်မွေးလမ်းကြောင်းအတွက် ဝင်ငွေ ကောင်းမွန်စေသည်။
၁၀။ ရာသက်ပန် ဘဝဟန် ( နေထိုင်စားသောက်မှုအစစ )
ကောင်းမွန်စေသည်။
# # # ကလေးမြို့ အရှေ့ဘက်၊ ဗိုလ်ချုပ်လမ်း
လှမဉ္ဇူဆေးဆိုင် ၊ U nion store အနောက်ဘက်ကပ်ရက်
သင်တန်းကြေး ၁လ ၁သောင်းကျပ် တည်းဖြင့် လာရောက် ကစားနိုင်ပါသည်။
01/11/2022
💪💪 ကာယဗလ နှင့် ကာယအလှ 💪💪 လေ့ကျင်မှု၏
ခက်ခဲစွာ ကြိုးပမ်းရမှုများ
၁။ နှစ်ရှည်လများစွာ ကစားရသဖြင့် ငြီးငွေ့မှုများ ဖြစ်ပေါ်
စေနိုင်သည်။
၂။ လေ့ကျင့်မှုတွင် စိတ်အာရုံစူးစိုက်မှုပင်ပန်းစွာ အားထုတ်
ရသည်။
၃။ အချိန်ပေးရလွန်းသည်။
၎။ မိမိနှင့် တန်သည့် အဝတ်အစား ဝတ်စုံ ရရှိနိုင်ရန်
အခက်အခဲ ရှိနိုင်သည်။
၅။ အစားအသောက်နှင့် အင်အားဖြည့် အာဟာရတို့အတွက်
အပို ကုန်ကျစရိတ်များနိုင်သည်။
30/10/2022
Tun Classic
GYM
&
Fitness Centre
ကစားသမားများ အောက်ပါစည်းကမ်းချက်များအတိုင်း ကစားကြရပါမည်။
၁။ ကြိုတင်လစာငွေပေးသွင်းပြီးမှသာ ကစားရန်။
၂။ အားကစား ဝတ်စုံဖြင့်သာ ကစားရန်။
၃။ ကစားပြီးသော အားကစားပစ္စည်းများကို မူလနေရာ
အတိုင်း ပြန်ထားပေးရန်။
၎။ ကစားသော အားကစား ပစ္စည်းများကို ပစ်မချရပါ။
ကာယဗလ နှင့် ကာယအလှ ကို ဝါသနာပါသူများ၊
ကျန်းမာရေးအရ ကစားလိုသူများအတွက် သင်တန်းကြေး
တစ်လ ၁သောင်းကျပ် တည်းဖြင့် လာရောက်ကစားနိုင်ပါပြီ။
ကလေးမြို့ရဲ့ အရှေ့ဘက် မြို့မဈေးအနီး၊Unionစတိုးနဲ့ကပ်လျက် မှာ လာရောက်စာရင်းပေးသွင်း ကစားနိုင်ပါတယ်။
ကျန်းမာရေးအရပဲဖြစ်ဖြစ်၊ပြိုင်ပွဲဝင်ဖို့ပဲဖြစ်ဖြစ် ပိတ်ရက် မရှိ အမြဲဖွင့်ပေးထားသော GYM ကစားရုံဖြစ်ပါသည်။
28/10/2022
ဆရာတွေဆုံတွေ့ခဲ့ကြတဲ့ တချိန်တုန်းက
27/10/2022
တစ်လ ၁သောင်းကျပ်ဖြင့် စျေးနှုန်းသက်သာစွာ GYMကစားနိုင်ပါပြီ။
ကျန်းမာရေးအရပဲြဖစ်ဖြစ်၊ပြိုင်ပွဲဝင်ဖို့ပဲြဖစ်ဖြစ် ပိတ်ရက် မရှိ အမြဲဖွင့်ပေးထားသော GYM ကစားရုံဖြစ်ပါသည်။
တိုးတက် မှုသိသာချင်လို့ တစ်ရက်နှစ်ကြိမ်ကစားချင်ရင်လည်း ရပါသည်။ စျေးပိုမယူပါဘူး။
နိုင်ငံခြားသွားလိုသူများ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့ အလေးမအားကစားကို တစ်နှစ်လောက်လေ့ကျင့်ပြီးမှ သာွးသင့်ပါတယ်။
Boxing လေးဘာလေး နဲနဲပါးပါး လေ့ကျင့်ပြီးမှသွားတော့ ပိုကောင်းတာပေါ့။Tun classic GYMကစားရုံမှာ
ကာယဗလ၊ Boxing နဲ့ပတ်သက်လို့ အပြည့်အစုံရှိပါတယ်။
ပြိုင်ပွဲဝင်ကစားသမားများအတွက်လည်း အလေးပစ္စည်းတွေ လုံလုံလောက်လောက်ရှိပါတယ်။
ကလေးမြို့ရဲ့ အရှေ့ဘက် မြို့မစျေးအနီး၊Unionစတိုးနဲ့ကပ်လျက် မှာ လာရောက်စာရင်းပေးသွင်း ကစားနိုင်ပါတယ်။
နံနက် ၆နာရီမှ ညနေ၆နာရီအထိ ဖွင့်ပါတယ်။
ယခင်ကစားသမားဟောင်းများလည်း ပြန်လာပြီး လေ့ကျင့်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ။
တခြား GYMမှာ တစ်လ ၃သောင်းခွဲနဲ့ ကစားလည်း ကိုယ်ဆော့မှ ကိုယ်ရမှာပါ။ဒီမှာ ၁သောင်းလောက်ပေးပြီး အသေအလဲဆော့၊ ၂သောင်းခွဲပိုတာ အကင်္ျီဝယ်ဝတ်လို့ရတာပေါ့။
Click here to claim your Sponsored Listing.
Category
Website
Address
Kalemyo
Opening Hours
| Monday | 06:00 - 18:00 |
| Tuesday | 06:00 - 18:00 |
| Wednesday | 06:00 - 18:00 |
| Thursday | 06:00 - 18:00 |
| Friday | 06:00 - 18:00 |
| Saturday | 06:00 - 18:00 |
| Sunday | 06:00 - 18:00 |