Peace Yaw Land
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Peace Yaw Land, Health/Beauty, Kalemyo.
06/05/2026
မဖတ်သင့်သောစာပေများ
==================
၁။ အနီရောင်စာပေ📕
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် နှိုးဆော်ပေးသော စာပေမျိုးဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်ကို လွန်စွာနိုးကြားပေးပြီး စာဖတ်သက်နုသော စာပေပရိသတ်များကို မျက်ကန်းဖြစ်အောင် မှိုင်းတိုက်နေသောစာပေမျိုး ဖြစ်သည်။ မော်လဝီနှင့် ယောဂီ၊ ကျောင်းသုံး မြန်မာ-ယိုးဒယား သမိုင်းစာပေတို့သည် အနီရောင်စာပေများ ဖြစ်ကြပေသည်။
၂။ အပြာရောင်စာပေ📘
ဤစာပေမျိုးသည် ယနေ့ခေတ် Online လူငယ်များ အထူးရင်းနှီးကြပေသည်။ အပြာရောင်စာပေ၏ ရည်ရွယ်ချက်သည် တဏှာရာဂကို နှိုးဆွပေးရန်ဖြစ်သည်။
ထိုစာပေတို့သည် အမှားအမှန် သင့်မသင့်ကို နားလည်နိုင်စွမ်းမရှိအောင် သွေးထိုးလှုံဆော်ပေးကြသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဦးလေးနှင့်တူမ၊ အဘိုးနှင့်မြေး စသည် စသည့် စိတ်မကောင်းစရာသတင်းတို့ ကြားနေရခြင်းဖြစ်သည်။ ဤစာပေမျိုးကို အပြာစာပေအပြင် အဆိပ်သင့်စာပေဟုလည်း ခေါ်ချင်သည်။
၃။အဝါရောင်စာပေ📒
ဤစာပေသည် သတင်းစာ၊ ဂျာနယ်သမားတို့လက်စွဲဖြစ်သည်။ သတင်းစာဂျာနယ်သမားတို့သည် လူထုအကြိုက်ကို သိကြသည်။ ပြည်သူတို့သည် ရသဆန်ဆန် စာပေဆန်ဆန် ဆောင်းပါးတစ်ပုဒ်ထက် ဘယ်မင်းသားက ဘာလုပ်နေသည်၊ ဘယ်မင်းသမီးက ဘယ်သူနှင့်တွဲသည့် သတင်းကို ပိုနှစ်သက်ကြသည်။ ထို့ကြောင့် အချို့သောသတင်းစာသမားတို့သည် စောင်ရေများများရရှိစေရန် လိုသည်ထက် ပိုချဲ့ကားကြပေသည်။ ထိုသတင်းစာတို့သည် ငြိမ်သက်နေသောလူထုကို ဒေါသထွက်စေသည်။ ပြောင်းလဲနေသောလူထုကို နောက်သို့ဆွဲပြန်၏။ ထို့ကြောင့် အဝါရောင်စာပေတို့သည် အခြားစာပေများထက် ပို၍အဆိပ်ပြင်းပေသည်။
အပြာရောင်စာပေ၊ အနီရောင်စာပေတို့သည် မြွေပွေး မြွေဟောက်များဆိုလျှင် အဝါရောင်စာပေသည် မြွေတို့ဘုရင်ငန်းတော်ကြားဟု ဆိုအပ်ပေသည်။ ထို့ကြောင် မည့်သည့်သတင်းစာသည် အဝါရောင်စာပေ၊ မည်သည့် ဂျာနယ်သည် အဝါရောင်ဂျာနယ်ဖြစ်သည်ကို ခွဲခြားတတ်ရန် များစွာလိုအပ်သည်။ ထိုသို့ခွဲခြားတတ်ရန် စာကောင်းပေကောင်းများကို နာနာဖတ်ရမည်။
၄။အနက်ရောင်စာပေ📓
ကျွန်ုပ်တို့နိုင်ငံတွင် လွန်စွာပေါသည်။ နတ်၊ ဓာတ်၊ ဘိုးတော်၊ သိုက်၊ ပရ စသည့် သဘာ၀လွန်ဖြစ်ရပ်များကို လွန်စွာချဲ့ရေးကြသည်။ ယုံသူတို့ကလည်း အားပေးကြသည်။ ထို့ကြောင့် အနက်ရောင် မဂ္ဂဇင်းအချို့သည် ယနေ့တိုင် တည်မြဲကာနေခြင်းဖြစ်သည်။
၅။ပန်းရောင်စာပေ📔
နာမည်လှ၏။ သို့သော် အနှစ်မပါ၊ အကာလည်းမရှိ အခွံချည်းသက်သက်သာရှိသော ကြက်ဥကဲ့သို့ ဤစာပေသည် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းများသာဖြစ်သည်။ ထိုစာပေအချို့သည် ( Homoromantic ) လိင်တူအချစ်ဇာတ်လမ်းများကို နောက်ပိုင်းတွင် ဦးစားပေးရေးလာသည်။ ပွင့်လင်းမြင်သာလာသော ယနေ့ခေတ်တွင် ပန်းရောင်စာပေတို့သည် အပြာစာပေ ဆန်လာကြသည်။
ထို့ကြောင့် နောက်ပိုင်းခေတ်တွင် ပန်းရောင်စာပေတို့သည် အပြာစာပေအဖြစ် ပြောင်းလဲလာမည်ကို စိုးရိမ်လာရသည်။ ဤစာပေတို့သည် မနူးမနပ် ဆယ်ကျော်သက်အရွယ်များ အကြားတွင် များစွာ စိုးမိုးထားပေသည်။ ထိုစာပေတို့သည် လူငယ်တို့ကို မတိုးတက်အောင် ဆွဲခေါ်ထားပေသည်။ ဤစာပေမျိုးသည် ယဉ်ကျေးမှုကို ဝါးမျိုနေသောစာပေ ဖြစ်ပေသည်...။
Credit to Original Writer
01/05/2026
Kyanthar သူအချောလေးများ လာပါပီ Part 3 lay pr🥰😉😞
Like and follow lay 🥰🥰🥰😍
Kyanthar သူလေးတေ ချစ်ကြည့်ပါ😝😝🥰
01/05/2026
တစ်ခါလွမ်းလို့
တစ်ပွင့် ပွင့်မယ်ဆိုရင်
တစ်လောကလုံး
ပန်းတွေနဲ့ဖုံးသွားလိမ့်မယ် ။
-မောင်စိန်ဝင်း(ပုတီးကုန်း)
11/04/2026
Kyan Thar သား အချောလေးတေ မျှော်နေကြမယ်ထင်လို့🤪😉
Part 2...လေး🤍
Like and follow lay
Kyan Thar သားလေးတွေလဲ ခန့်ကြကြောင်း🤪
11/04/2026
Kyan Thar သား အချောလေးတေ မျှော်နေကြမယ်ထင်လို့🤪😉
Part 1...လေး🤍
Like and follow lay
10/04/2026
Kyan Thar သူ အချောလေးများ😉🤍💜
Part 2. ရှင်🤭🤟
Kyan Thar သူတွေ မချောဘူးလို့ ဘယ်သူပြောလဲ🤪💕❣
10/04/2026
Kyan Thar သူ အချောလေးလေးများ😉🤍
Part 1..🤭🤟
Kyan Thar သူတွေ မချောဘူးလို့ ဘယ်သူပြောလဲ🤪💕❣
08/04/2026
လောကကြီးထဲမှာ ကိုယ့်မိဘလောက် ကိုယ့်နှလုံးသားကို လုံခြုံမှုပေးနိုင်တဲ့နေရာ မရှိဘူး🥺🤍💘လူအယောက်တသန်းကကောင်းနေရင်လဲ သင့်မိဘကို မမှီဘူး 😊😘🥰
Click here to claim your Sponsored Listing.
