Girl Generation GG comestic

Girl Generation GG comestic

Share

Head to Toe ❤️ Skincare, Haircare, Bodycare and Cosmetics အမျိုးမျိုးကို
GG မှာ ‌အားပေးနိုင်ပါတယ်နော်

09/06/2026

🤎 Hair Care ဆို ကောင်းတာမှ သုံးချင်သူတွေအတွက် Dr Banggiwon ရဲ့ Premium အဆန်ဆုံး
Ampoule set လေး အစုံပြန်ရပါပြီနော်😍

စမ်းသုံးဖို့ Shampoo 100 ml လေး ပြန်ရထားသလို
Hair Serum လိုမျိုးလိမ်းရတဲ့ Ampoule လေးလည်း
ပြန်ရောက်ထားပါပြီ။

မျှော်နေသူတွေ အားပေးလို့ ရပါပြီနော်🤗

Dr Banggiwon ရဲ့ ဒီ Ampoule set လေးကတော့ Hair Care ဆို ပစ္စည်း ကောင်းမှ သုံးချင်သူတွေရယ်၊
ဆံပင်ကျွတ်၊ ခေါင်းအဆီပြန်၊ ဗောက်ထ အစုံ
သက်သာချင်သူတွေအတွက်ပါ။
သူက Scalp လို့ခေါ်တဲ့ ဦးရေပြား အတွင်းပိုင်းအထိ
ပြုပြင်ကုသပေးတာမို့ Hair problem အများစုကို
ဖြေရှင်းပေးနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့
ဆံကေသာအလှကို ပိုင်ဆိုင်စေပါတယ်။

ခေါင်းလျှော်ပြီးတိုင်း ဖွာလန်ခြင်းမရှိ
ဆိုင်မှာပုံသွင်းထားသလို သေသပ်လှပတဲ့ ဆံကေသာကို ချက်ချင်းရစေတာက သူ့အားသာချက်ပါပဲ။

Coffee ကရတဲ့ Caffeine ပါဝင်တာမို့
Repair effect တအားကောင်းပါတယ်။

အကောင်းကြိုက်သူတိုင်း ဝယ်သုံးဖို့ မမေ့ပါနဲ့နော်။

Price -
Shampoo - 48000 ( 480 ml )/ 8500 ( 100 ml )
Treatment - 25000 ( 200 ml )
Ampoule - 17000 ( 30 ml )

08/06/2026

Scinic Brand ထဲက ပစ္စည်းပြတ်တာ ကြာသွားတဲ့
Rice Whip Cleansing Foam အကိတ်ကြီး
ပြန်ရောက်လာပါပြီနော်🤩🤩

ဆန်နဲ့ အဓိကလုပ်ထားတာမို့ အသားအရေ ကြည်စိုပြီး နူးညံ့ချောမွတ်ချင်သူတိုင်း သူ့ကို သုံးပြီး မျက်နှာ သစ်လို့ ရပါတယ်။

နည်းနည်းလေး သုံးရုံနဲ့ အမြှုပ်ထွက်အားလည်း
ကောင်းလို့ Deep Cleansing ဖြစ်စေပါတယ်။

220 ml တောင်ပါတဲ့ အကိတ်ကြီးမို့ တစ်ဘူးဝယ်ထားပြီး အကြာကြီး သုံးချင်ရင် ရွေးလို့
ရပါတယ်နော်။

အသားအရေ မွဲခြောက်ပြီး တင်းတိပ်အမည်းစက်
ရှိတဲ့သူ၊ အသားအရေ အာဟာရပြည့်ဝချင်သူတွေဆို အကြိုက်တွေ့စေမှာပါ။

လတ်တလော Online က မှာယူလို့ရပြီး
ဆိုင်တွေမှာတော့ ပိတ်ရက်ကစပြီး အားပေးလို့
ရပါမယ်နော်။

Price -32000 ( 220 ml )

06/06/2026

မျက်နှာသစ်ဆေး တစ်နှစ်စာလောက် ဝယ်စရာ
မလိုအောင် ဒီတစ်ခါ မင်မင်က Cleanser 3 ဘူးကို
တစ်ယောက်တည်းကို ပေးပါမယ်နော်🤩🤩

ရွေးချယ်ထားတဲ့ Brand ကတော့ Scinic ထဲက
Cleanser လေးတွေပဲ ဖြစ်ပါတယ်။

Scinic Brand က Quality ကောင်းပြီး
ဈေးသင့်တာ သုံးဖူးသူတိုင်း သိကြမှာပါနော်။ ဒီ Cleanser လေးတွေဆိုလည်း ဈေးသက်သာပေမဲ့
တအားသုံးလို့ ကောင်းတာပါ။

3 မျိုးထဲမှာဆိုရင် Baking Powder အပြာလေးကတော့ အဆီပြန်ပြီး ဆားဝက်ခြံများသူတွေ
သုံးလို့ကောင်းပါတယ်။ သူက Deep Cleansing ဖြစ်လို့ အညစ်အကြေးနဲ့ မိတ်ကပ်တွေကို သေချာ
သန့်စင်ပေးပါတယ်။

Honey Banana အဝါလေးကတော့ နာမည်လေးအတိုင်း ပျားရည်+ ငှက်ပျောသီးနံ့သင်းသင်းလေးနဲ့
စိတ်ကြည်စေပါတယ်။ သူကတော့ အသားကြည်စေပြီး အသားအရေ စိုပြေနူးညံ့စေတာမို့
တင်းတိပ်အမည်းစက်ရှိသူ၊ အသားခြောက်သူတွေ
ပိုအဆင်ပြေမှာပါ။

Best seller The Simple Mild Foam လေးကတော့
မတည့်တာများတဲ့ Sensitive skin type တွေ၊
ဆယ်ကျော်သက်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်၊
ဝက်ခြံတွေနဲ့ Breakout ဖြစ်ထားသူ၊ Skin barrier ပျက်စီးထားသူတွေ သုံးလို့ ရပါတယ်။
Gel texture လေးမို့ နူးနူးညံ့ညံ့နဲ့ အသားအရေကို
အညင်သာဆုံး သန့်စင်ပေးပါတယ်။

3 မျိုးလုံးကို တစ်ယောက်တည်းရမှာဆိုတော့
ပွတာပဲနော်🤗🤗 တစ်နှစ်စာလောက်တော့ ခိုင်သွားမှာပါ။

‼️ Giveaway မှာ ပါဝင်ဖို့ ဆိုရင်တော့
အခု post လေးကို Share ပြီး Share ထားတဲ့
Ss နဲ့အတူ GG ထဲက သုံးဖူးတာလေးတွေကို
Review အနည်းငယ် ပြောခဲ့ပေးပါနော်။
မသုံးဖူးသေးရင်တော့ လက်ရှိအသားအရေ ပြဿနာလေး ပြောပေးပါနော်။

နောက်တစ်ပတ် စနေနေ့ Giveaway အသစ်မတင်ခင် Winner ကို ကြေညာပေးပါမယ်နော်။
အားလုံးပဲ ကံကောင်းကြပါစေ🍀🍀🤩

06/06/2026

Friday ညတိုင်း Flash Sale ရှိမှာဖြစ်သလို
Saturday ညတိုင်း Giveaway ပေးမှာမို့
ခဏနေရင် မင်မင်က post တင်ပေးပါတော့မယ်နော်😍😍
Are you ready for it ?🤗🤗

06/06/2026

ဒီ post အောက်မှာ မန့်ထားတဲ့ comment လေးတွေ အကုန်ရလိုက်ပါမယ်နော်။
မင်မင် အသည်းပေးထားတာလေး Ssပြပြီး
messenger မှာ confirm ပြန်လုပ်ပေးပါနော်

‼️GG Friday Flash Sale Final Post
Edit - all sold out

ဒီညရဲ့ နောက်ဆုံး post အနေနဲ့
Graymelin Mugwort set ထဲက
Cleanser, Toner, Gel လေးတွေကို
15% off နဲ့ set 30 စာ ရောင်းပေးပါမယ်နော်။
3 မျိုးလုံးက Fresh Date ကိုမှ အထဲက
ပစ္စည်းလည်း ကောင်းပါတယ်နော်။
အားနည်းချက်အနေနဲ့ သယ်ယူတုန်းက
အပြင်စက္ကူဘူးခွံပျက်စီး
သွားလို့ စက္ကူဘူးခွံတော့ မပါပါဘူးနော်။

3 မျိုးလုံး ဝယ်လည်းရသလို
လိုချင်တာပဲ ခွဲဝယ်လည်း ရပါတယ်နော်။
ယူချင်သူများမှာမို့ တစ်မျိုး တစ်ဘူးနှုန်းသာ
ယူပေးပါနော်။

အရင်မန့်သူ အရင်ရပါမယ်နော်၊ရတဲ့သူကို
comment အသည်းပေးပါမယ်နော်။

Cleanser - 36500-15%=31025 ( 150 ml )
Toner - 39500-15%=33575 ( 200 ml )
Gel -36000-15%=30600 ( 100 ml )

06/06/2026

ညက ဒီ post အောက်မှာ မန့်ထားတဲ့ Customer လေးတွေ အကုန်ရ‌လိုက်ပါတယ်နော်။ Messenger မှာ comment လေးပြပြီး
Order confirm လုပ်ပေးကြပါဦးနော်🩵

‼️ Friday Flash Sale Post (1)
ပထမဆုံး အတန်ဆုံး ရောင်းပေးချင်တဲ့
product လေးကတော့ Scinic Cicanoid Retinal Cream လေး ဖြစ်ပါတယ်။
ဒါလေးက ဟိုတလောကမှ ဝင်ထားတာဖြစ်ပြီး
ဒီအသုတ်က exp နီးတာလေးတွေ မှားပါလာလို့ 42000 တန်ကို 70% off ပြီး 12600 နဲ့ပဲ ရောင်းပေးပါမယ်နော်။
3 လခွဲလောက်တော့ သုံးလို့ ရတာမို့
Retinal cream စမ်းသုံးချင်သူတွေ ယူထားသင့်ပါတယ်နော်။
Retinal က Retinol ထက် Result ပြတာ 11 ဆလောက် မြန်လို့ အရေးအကြောင်းတွေ သက်သာတာမြန်ပါတယ်။

‎မင်မင်တို့ Retinal Cream လေးကတော့
‎Wrinkles နဲ့ ပတ်သက်တဲ့ Smile lines, Fine lines, Crow's Feet မှန်သမျှ အထူးသက်သာစေရုံမက

‎ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေ၊
‎အမည်းစက်တွေလည်း အမြန်ပျောက်စေပါတယ်။

‎ကြမ်းတမ်းမွဲခြောက်နေတဲ့ အသားအရေကို
‎Smooth ဖြစ်စေပြီး Brightening effect လည်း
‎ပေးပါတယ်။

‎ဆဲလ်သေဖယ်ရှား၊ ချွေးပေါက်မပိတ်စေရုံမက
‎ဝက်ခြံဖြစ်စေတဲ့ Bacteria တွေ သ-တ်ပေးလို့
‎Oily acne prone skin တွေလည်း သုံးလို့ရပါတယ်။

‎Collagen တွေလည်း တိုးပွားစေတာမို့
‎ငယ်ရွယ်နုပျိုစေမှာ အသေအချာပါပဲ။

‎သူ့မှာဆိုရင်‎ingredient အနေနဲ့ Retinal 0.05%, Retinol 0.01%, ‎Niacinamide, Adenosine, Hyaluronic acid, Panthenol, Ceramide, Shea butter, Centella, Madecassoside စတာတွေ ပေါင်းစပ်ပါဝင်တာမို့ ‎အသားအရေအတွက် ထိမိတဲ့ Result ‌တွေ ပေးစွမ်းနိုင်ပါတယ်။

‎Yesstyle website မှာဆိုလည်း User review 4.8/5
‎လောက်ထိ ရထားတာလေးပါ။

‎texture ကလည်း အပျစ်ပေမဲ့ စိမ့်ဝင်လွယ်တာမို့
‎လိမ်းရတာ သဘောကျစေမှာပါ။
‎ပဲစေ့လောက်လိမ်းရင် လုံလောက်ပါတယ်နော်။

‎စစချင်း တစ်ပတ် 2-3 ကြိမ်သာ လိမ်းသင့်ပါတယ်၊
‎အသားကျရင် ညတိုင်း လိမ်းလို့ရပါပြီ၊
‎မနက်ခင်း မလိမ်းရပါနော်။
‎မနက်တိုင်း Sun Cream လည်း လုံလောက်အောင်
‎လိမ်းပေးပါနော်။

ဒါလေးကတော့ ဘူး 100 ကျော်လောက်
ရှိတာမို့ Stock လက်ကျန် ရှိသလောက်
အကုန်ရောင်းပေးပါမယ်နော်။

05/06/2026

‼️GG Friday Flash Sale Final Post
Edit - all sold out

ဒီညရဲ့ နောက်ဆုံး post အနေနဲ့
Graymelin Mugwort set ထဲက
Cleanser, Toner, Gel လေးတွေကို
15% off နဲ့ set 30 စာ ရောင်းပေးပါမယ်နော်။
3 မျိုးလုံးက Fresh Date ကိုမှ အထဲက
ပစ္စည်းလည်း ကောင်းပါတယ်နော်။
အားနည်းချက်အနေနဲ့ သယ်ယူတုန်းက
အပြင်စက္ကူဘူးခွံပျက်စီး
သွားလို့ စက္ကူဘူးခွံတော့ မပါပါဘူးနော်။

3 မျိုးလုံး ဝယ်လည်းရသလို
လိုချင်တာပဲ ခွဲဝယ်လည်း ရပါတယ်နော်။
ယူချင်သူများမှာမို့ တစ်မျိုး တစ်ဘူးနှုန်းသာ
ယူပေးပါနော်။

အရင်မန့်သူ အရင်ရပါမယ်နော်၊ရတဲ့သူကို
comment အသည်းပေးပါမယ်နော်။

Cleanser - 36500-15%=31025 ( 150 ml )
Toner - 39500-15%=33575 ( 200 ml )
Gel -36000-15%=30600 ( 100 ml )

05/06/2026

‼️ GG Friday Flash Sale Post ( 4 )
ဒီတစ်ခါကတော့ Round Lab Pine Calming Cica Sunscreen လေးပဲ ဖြစ်ပါတယ်။
ဒါလေးကတော့ exp fresh ပါနော်။
အသစ်ဝင်ထားတာ မကြာသေးလို့
မိတ်ဆက်တဲ့အနေနဲ့ 15 ယောက်စာ Sale လုပ်ပေးပါမယ်။
ဒီ Sunscreen လေးကတော့ Chemical Sunscreen ကိုမှ အဆီထိန်းတာ ကြိုက်သူတွေအတွက်ပါ။
အဆီပြန်ပြီး ဝက်ခြံအဆီဖု မပြတ်တဲ့
Oily acne prone skin တွေ အကြိုက်တွေ့မယ့်
Sunscreen လေးပါ။
Sensitive skin တွေကအစ သုံးလို့ရတဲ့အထိ
Mild ဖြစ်ပါတယ်။
texture ကလည်း အေးအေးကျဲကျဲလေးမို့
Sunscreen အမိုက်စားလေး သုံးချင်တယ်ဆို
ရအောင် ယူထားပါနော်။

52000-15%= 44200 ( 40 ml )

05/06/2026

‼️ GG Friday Flash Sale Post ( 3)
ဒီတစ်ခါ 3 ခုမြောက်ကတော့ Dr Ceuracle Jeju Matcha Clay Pack လေးပဲ ဖြစ်ပါတယ်။
ပေါင်းတင်ရတာ ကြိုက်သူတွေ ယူထားသင့်သောလေးပါ။
သူက ‌ဘာတွေ ကောင်းမှာလဲဆိုရင် Jeju ကျွန်းက
ရတဲ့ Matcha နဲ့ Clay ကို ပေါင်းထားတာမို့
အသားအရေကို Soothing ဖြစ်စေပြီး
အဆီပြန်တာကို သက်သာစေပါတယ်။
ဆဲလ်သေတွေ ဖယ်ရှားပေးသလို ဆားဝက်ခြံတွေလည်း သက်သာစေပါတယ်။
International review တွေမှာတော့ သူက သုံးနေစဉ် ချွေးပေါက်တွေကို ဆွဲကပ်ပေးတာမို့
ချွေး‌ပေါက်ကို သိသိသာသာ ကျဉ်းလာစေပါတယ်တဲ့။
Dr Ceuracle Brand ကမို့ Quality မကောင်းမှာတော့
မပူပါနဲ့နော်။ ဝက်ခြံအဆီဖုသမားတွေကအစ
သုံးလို့ရပါတယ်။
exp 8 လလောက် ကျန်တာကို 50% off
အထိ ချပေးထားတာမို့ ချွေးပေါက်မပိတ်ချင်သူ၊
ဆားဝက်ခြံများပြီး အဆီပြန်လွန်းသူတွေ ရအောင်ယူထားပါနော်။

45000-50%=22500 ( 110 g )

05/06/2026

‼️ GG Friday Flash Sale Post (2)
ဒုတိယ product လေးကတော့ Dr Banggiwon Nano Bubble Mild Cleansing Foam လေး
ဖြစ်ပါတယ်။
သူကတော့ exp နီးလို့ ချပေးတာ မဟုတ်ဘဲ
သုံးကြည့်စေချင်လို့ Sale ချပေးတာပါနော်။
exp ကတော့ 2028 4 လပိုင်းမှမို့ 2 နှစ်နီးပါး
ကျန်ပါတယ်။

ဒီ Cleanser ကတော့ အဆီပြန်ပြီး
ဆားဝက်ခြံ၊ ဝက်ခြံအဆီဖု သမားတွေ
အကြိုက်တွေ့စေမှာပါ။
သူ့မှာဆို Salicylic Acid အနည်းငယ်နဲ့ Tea Tree တွေပါတာမို့ ချွေးပေါက်မပိတ်စေသလို
ဝက်ခြံအဆီဖုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
အမြှုပ်များများနဲ့ သစ်ရတာမို့ အဆီပိုတွေလည်း
ဖယ်ရှားပေးပါတယ်။

Nano line မှာဆို Cream type formula လည်း
တစ်ခုရှိပေမဲ့ ဒီကောင်လေးက ညှစ်လိုက်တာနဲ့
Foam ထွက်လာပြီး အမြှုပ်ထွက်အောင် ပွတ်စရာ မလိုလို့ irritation ဖြစ်တာလည်း နည်းစေပါတယ်။

Mild ဖြစ်အောင် ထုတ်ထားတာမို့ Sensitive skin ကအစ all skin type ရပါမယ်နော်။
သစ်ပြီးတာနဲ့ အသားလေးကို စိုစိုအိအိလေး ဖြစ်စေပါတယ်။

500 ml ပါတဲ့ အကိတ်ကြီးမို့ တစ်ဘူးဝယ်ထားရင်
ကြာကြာ သုံးရမှာပါ။

သူ့ကိုယူမယ်ဆို 48000-30%= 33600 နဲ့
Stock ရှိသလောက် ယူပါနော်။

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No 311, San Yate Nyein , Gamone Pwint, 3rd Floor
Kamayut
11041

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00