Pôñê Yâpê
I hope you're happy....��
23/08/2023
လူတစ်ယောက်ကို
ဒီတိုင်းလေး ချစ်နေရတာကို
သဘောကျတယ် ...
တကူးတကကြီးမြဲအောင်
ဘာနဲ့မှ မချည်ချင်တော့သလို
ဘယ် ဆက်ဆံရေးကိုမှ
ကိုယ့်ဖက်ကပဲ လုပ်မယူချင်တော့ဘူး
ဒီတိုင်းလေးပေါ့ ...
ငါတို့တွေ ချစ်နေကြတယ်
ပြီးတော့
အတိတ်ကို ပြန်လှည့်ကြည့်တိုင်း
ငါတို့တွေ ချစ်ခဲ့ကြတယ်ဆိုတဲ့
အမှတ်တရတွေပဲ ရှိချင်တယ် ...
#ကျေးကို
ခုကျဘာလို့ ထားခဲ့တာလဲ...💔🥀
ကိုယ့်ရဲ့အတိတ်ရက်စွဲတချို့မှာ
မင်းရှိခဲ့ဖူးတယ်ဆိုတာနဲ့တင်
လုံလောက်ပြီ....😇🥀
05/06/2023
မေတ္တာမရှိတဲ့အရပ်မှာငါနေတယ်
ငါ့အကြောင်းရင်ဖွင့်စရာဆိုလို့ ကြယ်တွေသာရှိတယ်
ပန်းတွေမပွင့်လည်း ငါဂရုမစိုက်ဘူး
လှလှလေးပွင့်မှတင့်တယ်တယ်ထင်တဲ့ လောကကလူတွေဘက်ကငါမနေဘူး
အလေ့ကျပေါက်ပင်တွေကို နှစ်သက်ချင်နှစ်သက်မယ်
သူတို့ဟာ ငါ့ဘဝနဲ့တူလို့လားလို့မေးရင် ငါမငြင်းပဲ ကျေကျေနပ်နပ် ဝန်ခံမယ်
လောကကြီးရဲ့ မာယာတွေကိုကြောက်လို့
လူတွေနဲ့ခပ်လှမ်းလှမ်းမှာနေရင်း တစ်ယောက်ထဲဖြစ်လာလည်းငါမမှုဘူး
ခင်ဗျားတို့သိလား
အထီးကျန်ခြင်းက သိပ်ကို အေးချမ်းတယ်ဆိုတာ
ဒီလိုပါပဲ ကျွန်တော့်ဘဝက
နေ့ဘက်မှာပုံမှန်လည်ပတ်ရင်း ညအခါကြယ်တွေကိုငေးရင်းပေါ့
05/06/2023
တိတ်တိတ်လေးပဲ ချစ်နေတော့မယ် ။
လွမ်းတယ်... ဒါပေမယ့် ဘယ်သူ့ကိုဆိုတဲ့ ခေါင်းစဥ်တပ်ပိုင်ခွင့်တွေ ရှိမနေဘူးလေ...ချစ်တယ် လွမ်းတယ် ဒီလောက်ပဲပေါ့ သိပါစေဆိုတဲ့ မျှော်လင့်ချက်လေးထားခဲ့ပေမယ့် မသိနိုင်တဲ့ အဝေးမှာ ရှိနေတဲ့သူကို သိပ်ချစ်တာပဲလို့ ဖွင့်ဟပြောမနေတော့ပါဘူး ။ တိတ်တိတ်လေးချစ်နေရတာကလဲ အချစ်ပါပဲ ။
ကံကြမ္မာက တစ်ခါတစ်လေကျတော့ ရက်စက်တယ် ဘယ်တော့မှ မပေါင်းစပ်ရမယ့်လူနှစ်ယောက်ကိုမှ အချစ်ဆိုတဲ့ ခေါင်းစဥ်လေးအောက်မှာ ဆုံပေးတတ်တာလေ ။ တစ်စုံတစ်ယောက်အတွက်ကျ ရေစက်လို့ ခေါ်ပြီး ကိုယ့်အတွက်ကျတော့ တစ်သက်လုံးဆပ်ရမယ့် ဝဋ်ကြွေးပေါ့ ။
သူငါ့ကို သိပ်ချစ်တာပဲဆိုတဲ့ ခံစားမှုလေးကို တစ်ခါတစ်လေကျတော့ တောင့်တမိတယ် ။ ဒါပေမယ့် ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလေ ။ အဆင်ပြေလား ပြေးကြည့်ပြီး အဆင်မပြေတဲ့အခါ အနားရှိပေးရုံလောက်ပါပဲ ကိုယ်က တတ်နိုင်ခဲ့တာပါ။ စကားတွေပြောဖို့ ပျင်းနေတဲ့အခါ စာတွေပို့ဖို့ ဒီထက် မပိုဘူး ။
အများကြီး မျှော်လင့်မထားမိဖို့ပဲရယ်ပြီးတော့ သူ့ကို ကိုယ်မပိုင်ဘူးဆိုတဲ့ အမှန်တရားရယ်ကို မကြာခဏ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ် ။ ငေးကြည့်ရုံပဲ တတ်နိုင်တာတွေက အရမ်းလှသတဲ့... ဒါပေမယ့် စွဲစွဲလမ်းလမ်းဖြစ်သွားရင် ဘယ်လောက်ထိ ဒုက္ခရောက်ရသလဲဆိုတာတော့ ဘယ်သူမှ သိမနေပါဘူး ။
လွမ်းတယ်... ဘယ်သူ့ကိုဆိုပြီး နာမည်တပ်ပြောပိုင်ခွင့်မရှိတွေရယ် ပြီးတော့ ချစ်တယ်ဆိုပြီး ပြောပြပိုင်ခွင့်ရှိမနေတော့တဲ့အခါ တိတ်တိတ်လေးချစ်နေရတာပဲ ကောင်းပါတယ် ။
အချစ်ဆိုတာ... ချစ်တယ်လို့ ဖွင့်ဟမှ မဟုတ်ပဲလေ ။ တစ်ခါတစ်လေ ဖွင့်ဟလိုက်မိမှ အရင်လို ဖြစ်မလာတော့တာတွေလဲ ရှိလာတတ်သေးတာကိုး... လိုတဲ့အခါ အပြေးလေးသွားပြီး မလိုတဲ့အခါ ချောင်ကပ်နေလိုက်ရတဲ့ဘဝမှာပဲ နေသားကျအောင် ကြိုးစားရမှာပေါ့ ။
ကိုယ်... ပြောပြလို့လဲ ဘာမှ ထူးမသွားတော့တဲ့အခါ တိတ်တိတ်လေး ချစ်နေတာပဲ ကောင်းပါတယ် ။
#ကျေးကို
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Lashio
