Beauty skin for all
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty skin for all, Beauty, cosmetic & personal care, shwepanchi, Lashio.
26/02/2021
ခေါင်းကိုက်ဝေဒနာပျောက်ရန် သဘာဝနည်းလမ်း
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခေါင်းဘယ်လောက်ပဲ ကိုက်ကိုက်၊ ဘယ်လောက်ပဲ မူးမူး သဘာဝအတိုင်း ပျောက်စေတဲ့ နည်းလမ်း ရှိပါတယ်။
ယင်းကတော့ သံပုရာသီးကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သံပုရာသီးကို နှစ်ခြမ်း ခြမ်းပြီး အတွင်းသားကို နဖူးမှာ သာသာလေး ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။ ယင်းသို့ ပွတ်သပ်ခြင်းဖြင့် တကယ်ပဲ ခေါင်းကိုက် သက်သာ ပျောက်ကင်းစေပါတယ်။
သံပုရာသီးက အအေးဓာတ်နဲ့ အနံ့က ဦးနှောက်ကို လန်းဆန်းစေပြီး ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။
--
Ref: medic-facts
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
--=
25/02/2021
သင်မသိသေးတဲ့ ဆံပင်အကြောင်း
၁။ လူတစ်ယောက်မှာ ဆံပင်စုစုပေါင်း တစ်သိန်းမှ တစ်သိန်းခွဲ အထိရှိတယ်။
၂။ တစ်ရက်မှာ ဆံပင် ၅၀ မှ ၁၀၀ ကြားကျွတ်ထွက်တယ်။
၃။ ခန္ဓာကိုယ်မှာ အမြန်ဆုံးကြီးထွားမှုက အရိုးဖြစ်ပြီး၊ ဆံပင်က ဒုတိယအမြန်ဆုံးဖြစ်တယ်။
၄။ ဆံပင်က သူ့ရဲ့အမြစ် (Follicle) မွ ကျွတ်ထွက်တာနဲ့ ၊ ဆံပင်အသစ်ထွက်ဖို့ စတင်တယ်။
၅။ ဆံပင်တစ်ပင်ရဲ့ သက်တမ်းဟာ ၅ နှစ်ဖြစ်တယ်။
၆။ ဆံပင်ဟာ ဆံချည်မျှင်လောက်သေးသွယ်တဲ့ ကြေးနန်းကြိုးထက် ပိုမာကျောတယ်။
၇။ အေးခြင်း (သို့မဟုတ်) ကြောက်လန့်ခြင်း ကြောင့် ကြက်သည်းထခြင်း ဖြစ်တယ်ဆိုတာ ဆံပင်အရင်းမှာ ရွိတဲ့ သေးငယ်သော ကြွက်သားကျုံ့သွားခြင်းကြောင့်ဖြစ်တယ်။
============
Crd to original uploader
25/02/2021
ပျိုမေတိုင်း သိထားရမည် အသားအရေ (၅) မျိုး အကြောင်းအပြည့်အစုံ
ဖတ်ရန်ကြာချိန် (၃) မိနစ်
မိတ်ကပ်တွေ Skincare အလှအပထုတ်ကုန်တွေရွေးချယ်၀ယ်ယူရာမှာ ပျိုမေတို့ အသားအရေအမျိုးအစားအလိုက် ထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေကို သေချာရွေး၀ယ်နိုင်ဖို့လိုအပ်ပါတယ်။ ဥပမာ အဆီပြန်တဲ့ အသားအရေပိုင်ရှင်က ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်အတွက်ထုတ်ထားတဲ့ ပစ္စည်းကိုအသုံးပြုနေရင်စျေးဘယ်လောက်ကြီးကြီး ထိရောက်မှုရှိမှာမဟုတ်ပါဘူး။
အခုခတ်မှာ ထုတ်လုပ်သူတွေဖက်ကလည်း အသားအရေအမျိုးအစားပေါ်မူတည်ပြီး ထုတ်ကုန်တွေကို ထုတ်လုပ်လာကြတယ်ဆိုတော့ ကိုက ဘယ်လိုအသားအရေအမျိုးအစားထဲမှာပါတယ်ဆိုတာ သိနေဖို့အရေးကြီးတာကြောင့် အသားအရေလှပစေဖို့ အဖိုးတန်သဘာဝပစ္စည်း (၈) မျိုးပါဝင်တဲ့ PurePlus 8 in 1 ကနေပြီးတော့ အသားအရေ အမျိုးအစား (၅) မျိုးအကြောင်းကိုဖော်ပြလိုက်ပါတယ်။
ပုံထဲမှာပါတဲ့အတိုင်း
၁. Normal Skin (ပုံမှန် အသားအရေ)
၂. Dry (ခြောက်သွေ့တဲ့အသားအရေ)
၃. Oily (အဆီပြန်တဲ့အသားအရေ)
၄. Combination (ပေါင်းစပ်အသားအရေ)
၅. Sensitive (ထိလွယ်ရှလွယ် အသားအရေ)
ဆိုပြီးခွဲခြားထားပါတယ်။
၁. Normal Skin Normal Skin (ပုံမှန်အသားအရေ)
---
ပုံမှန်အသားအရေကတော့ ကောင်းမွန်သောမျှတသည့်အသားအရေဖြစ်ဖြစ်ပါတယ်။ ချွေးပေါက်တွေကလည်းပုံမှန် မကျဥ်းမကျယ် အနေအထားမျိုးပါ။ အစိုဓာတ်ပိုမိုထုတ်လုပ်ပြီး အစိုဓာတ်ကိုထိမ်းထားနိုင်တာကြောင့် ကျန်းမာသန်စွမ်းပြီးကြည်လင်ပြတ်သားမှုရှိတဲ့အသားအရေပါ။ အရေပြားပြဿနာများလည်းမရှိသလောက်နည်းပါးပြီး တစ်ကူးတက ပြုပြင်ထိမ်းသိမ်းဖို့ မလိုအပ်လို့ အရမ်းကံကောင်းတဲ့အသားအရေလို့ဆိုရမှာပါ။
၂. Dry (ခြောက်သွေ့တဲ့အသားအရေ)
---
ခြောက်သွေ့တဲ့အသားအရေ ဆိုတာမျက်နှာပေါ်မှာ အဆီထုတ်တဲ့ ဂလင်း (sebum) နည်းတဲ့အသားအရေ ချွေးပေါက်ကျဥ်းတဲ့ အသားအရေ ဖြစ်ပါတယ်။ ထို့ကြောင့်အသားအရေကအခြောက်သွေ့နေပြီး အရေးအကြောင်းဖြစ်တာ၊ အသားတင်းတာ၊ အသားပတ်တာ နှင့် ယားယံခြင်းတွေဖြစ်တတ်တဲ့ အပြင် ခြေလက်တွေပါခြောက်သွေ့နေတတ်ပါတယ်။
Tips – အရေပြားခြောက်သွေ့ခြင်းမှကာကွယ်ရန် hyaluronic acid ပါသောထုတ်ကုန်များနှင့် ရေဓာတ်ဖြည့်တင်းရန် အဆီပါဝင်တဲ့ moisturizer ကိုအသုံးပြုနိုင်ပါတယ်။ Foundation ကို ရေဓာတ်များပြီး ချောမွေ့စေတဲ့ ဟာမျိုးအသုံးပြုနိုင်ပါတယ်။
၃. Oily (အဆီပြန်တဲ့အသားအရေ)
---
ခြောက်သွေ့တဲ့အသားအရေ နဲ့ပြောင်းပြန် အဆီပြန်အသားအရေ ဆိုတာမျက်နှာပေါ်မှာ အဆီထုတ်တဲ့ ဂလင်း (sebum) များတဲ့ အသားအရေဖြစ်ပါတယ်။ အဆီဂလင်းတွေက အဆီတွေလိုအပ်တာထက်ပိုထုတ်တာကြောင့် အဆီတစ်ဝင်းဝင်းနဲ့ ပြောင်ချောနေတာမျိုးတွေ့ရမှာပါ။ ချွေးပေါက်ကျယ်ပြီးတော့အဆီများတာကြောင့် ဆဲလ်အသေတွေနဲ့ရောပြီး ၀က်ခြံပိုဖြစ်နိုင်တဲ့ အသားအရေဖြစ်ပါတယ်။
Tips – အဆီပြန်တာကိုဖယ်ရှာဖို့ ခနခန မျက်နှာသစ်တာဟာ အဆီဂလင်းများကိုပိုလှုံ့ဆော်ပေးလို့ အဆီပြန်တာကိုပိုဆိုးလာစေပါတယ်။
နောက်အဆီပြန်တာ oily နဲ့ ရေဓာတ်ပြည့်နေတာ moisturizer ကကွဲပြားပါတယ်။ ဒါကြောင့် ဂျယ်ပါတဲ့ moisturizer ကို အသုံးပြုဖို့လိုအပ်ပါတယ်။ foundation ကို matte , powder type မျိုးတွေသုံးပေးပါ။
၄. Combination (ပေါင်းစပ်အသားအရေ)
---
ပေါင်းစပ်အသားအရေဆိုတဲ့အတိုင်း အဆီပြန်အသားအရေ (oily skin) နဲ့ ခြောက်သွေ့တဲ့အသားအရေ (dry skin နှစ်ခုပေါင်းစပ်ထားပြီးအများဆုံးတွေ့ရတဲ့အသားအရေအမျိုးအစားဖြစ်ပါတယ်။ T-zone (ပုံတွင်ကြည့်) မှာအဆီများပြီး ကျန်မျက်နှာပြင်တွင်ခြောက်သွေ့လေ့ရှိပြီး အဆီများတဲ့ T-zone မှာဝက်ခြံများဖြစ်ပေါ်လေ့ရှိပါတယ်။
Tips မတူညီတဲ့ ဧရိယာမှာမတူညီတဲ့နည်းလမ်းကိုသုံးပြီး အသားအရေထိမ်းသိမ်းမှုပြုလုပ်သင့်ပါတယ်။ ဂျယ်ပါတဲ့ moisturizer ကို အသုံးပြုပေးသင့်ပြီး foundation ကိုတော့ အလတ်အလတ် မစိုမခြောက်တဲ့ဟာမျိုး အသုံးပြုပေးသင့်ပါတယ်။
၅. Sensitive (ထိလွယ်ရှလွယ် အသားအရေ)
---
ထိခိုက်လွယ်သောအသားအရေဆိုတာ အရေပြားဓာတ်မတည့်မှုအဖြစ်များတဲ့အသားအရေပါ။ မျက်နှာမှာအနီစက်ကလေးတွေ ဖြစ်နေတတ်ပြီး အလှအပထုတ်ကုန်တော်တော်များများနဲ့ ဓာတ်မတည့်သလို အနီရောင်ဖြစ်ပြီးယားယံလာတာမျိုးအထိဖြစ်တဲ့အသားအရေပါ။
Tips - ဘယ်ထုတ်ကုန်မျိုးကိုမဆိုအသုံးမပြုခင် စမ်းသပ်ပြီးမှ၀ယ်ယူပါ။ Sensitive skin အတွက်သီးသန့်ထုတ်ထားသော hypoallergenic ဖြစ်သော ဓာတ်မတည်မှုအနည်းဆုံး အလှကုန်များကို ရွေးချယ်အသုံးပြုပါ။
Skin Type စမ်းသပ်နည်း။
---
မျက်နှာသစ်ဆေး (facial foam) နဲ့ မျက်နှာသစ်ပြီး ဘာမှမလိမ်းပဲ (၁) နာရီတိတိစောင့်ပါ။
ထို့နောက် စက္ကူပါးသို့မဟုတ် တစ်ရှူးဖြင့် မျက်နှာကိုကပ်ကြည့်ပါ။
နှာခေါင်းနဲ့ နဖူး T- Zone မှာပဲ အဆီပြန်နေရင် (Combination Skin)
မျက်နှာတစ်ပြင်လုံးအဆီပြန်နေရင် (Oily Skin)
အဆီမပြန်ပဲခြောက်သွေ့နေသည်မျက်နှာတင်းသည်ခံစားရလျှင် (Dry Skin)
ပုံမှန်ပဲ အရမ်းအဆီမပြန် ခြောက်လည်းမခြောက်ဘူး တစ်ခါတလေပဲအဆီပြန်တာဆို (Normal Skin)
၀က်ခြံအနီစက်နဲ့ ဓာတ်မတည်တာအဖြစ်များရင်တော့ (Sensitive Skin)
နောက်အသားအရေအမျိုးအစားကတစ်သတ်မတ်တည်မဟုတ်ပဲ အသက်အရွယ်၊ နေရာ၊ ရာသီဥတု အရ ပြောင်းလဲနေနိုင်ပါတယ်။ ဆောင်းရာသီမှာခြောက်သွေ့နေတတ်ပြီး အရမ်းပူတဲ့နွေရာသီမှာအဆီပြန်နေတတ်တာမျိုး အသက်ရလာလို့ အသာအရေစိုပြည်မှုနည်းလာပြီးခြောက်သွေ့လာတာမျိူးလည်ရှိတတ်ပါတယ်။
Crd(မူရင်း)
25/02/2021
မျက်စိပါဝါသမားများ
မျက်စိအားဆေးသောက်တိုင်း ပါဝါမကျနိုင်ပါ ✴
ပါဝါ ဖြစ်ပေါရသော အကြောင်းရင်းများမှာ
၁) မျက်ကြည်လွှာ အခုံးပုံစံမမှန်ခြင်း။
၂) မွေးရာပါ မျက်လုံးအိမ် ရှည်ခြင်း/ တိုခြင်း
၃) မွေးရာပါ မျက်စိရောဂါများ
၄) မှန်ဘီလူးပုံစံ မမှန်ခြင်း တို့ဖြစ်ပါသည်
အလင်းတန်းသည် ဆုံချက်နေရာကို မရောက်သောကြောင့် ပါဝါ ဖြစ်ပေါလာရခြင်း ဖြစ်ပါသည်
မျက်စိပါဝါကို လေဆာနဲ့ ဖျောက်၍ရပါသော်လည်း
မွေးရာပါ အာရုံကြောအားနည်းခြင်း ၊ မြင်လွှာရောဂါ ၊ ရေတိမ် ၊ မျက်ကြည်လွှာပါးနေပါက လေဆာပစ်၍မရပါ။
မျက်မှန်မတပ်ချင်လို့ မျက်ကပ်မှန်တပ်သူများ
မျက်ကြည်လွှာ ပျက်စီးရင် ထိုင်ငိုနေရပါလိမ့်မယ်။
Credit- khing Myat
မျက်စိကျန်းမာရေး ဗဟုသုတ group
25/02/2021
ဝက်ခြံအကြောင်း သိကောင်းစရာ
========================
၁။ဝက်ခြံဆိုသည်မှာ.......
*အရေပြားရှိ အဆီကျိတ်လမ်းကြောင်းလေးများနှင့်
မွေးညှင်းပေါက်လေးများ၏ ပိတ်ဆို့ရောင်ရမ်းခြင်း
ဖြစ်ပါသည်။
၂။ဝက်ခြံဖြစ်သော နေရာ........
*မျက်နှာ၊လည်ပင်း၊ပုခုံး၊လက်မောင်းအပေါ်ပိုင်း၊
ရင်ဘတ်၊ကျော နှင့် တင်ပါးတို့ဖြစ်ပါသည်။
၃။ဝက်ခြံအထွက်များချိန်........
*အရွယ်ရောက်ချိန် ဖြစ်ပါသည်။
*အသက် ၁၈နှစ်မျှတွင် ဝက်ခြံအထွက်များဆုံးဖြစ်ပါသည်။
၄။ဝကျခွံ၏ လက်ခဏာ..........
*ဝက်ခြံဖုလေးများသည် နာတတ်ပါသည်။
*Comedonesဟုခေါ်သည့် အဖြူဆံ အမည်းဆံများပါ
သော အဖုလေးများဖြစ်ပါသည်။
*အနီဖုလေးများ၊ပြည်ဖုလေးများအနေနှင့်
တွေ့ရတတ်ပါသည်။
*ပြည်တည်နာလည်း တွေ့ရတတ်ပါသည်။
*ဝက်ခြံဖုလေးများဆက်ကာ လမ်းကြောင်းလေးများ
ဖြစ်လာ တတ်ပါသည်။
၅။ဝက်ခြံဖြစ်ရခြင်း အကြောင်းရင်း..........
*အရွယ်ရောက်ချိန်တွင် အင်ဒရိုဂျင် ဟော်မုန်း
အထွက်များလာ ပြီး မျက်နှာပေါ်မှ အဆီကျိတ်လေးများကို အဆီပိုထွက်လာစေ ပါသည်။
*အဆီကျိတ်နှင့် ဆက်နေသော မွေးညှင်းပေါက်လေးများ ပိတ် ဆို့သွားစေပါသည်။
*ဘတ်တီးရီးယားပိုး ဝင်ရောက်လာပါသည်။
*ထို့ကြောင့် အရေပြားရောင်ရမ်းလာပြီး ဝက်ခြံထွက်
လာခြင်း ဖြစ်ပါသည်။
၆။ဝက်ခြံ၏ ဆိုးကျိုးများ........
*အနီရောင်၊အမည်းရောင် အကွက်များဖြစ် ကျန်ခဲ့ခြင်း။
*ပြည်တည်နာကြီးများ ဖြစ်ခြင်း။
*မျက်နှာတစ်ခုလုံး ရောင်ရမ်းလာခြင်း။
*ဖျားလာခြင်း၊အဆစ်နာလာတတ်ခြင်း၊ကြွက်သားများ
နာလာတတ်ခြင်း။
*တစ်ကိုယ်လုံး ပိုးဝင်ခြင်း။
*အချိုင့် အနာရွတ်၊ အဖု အနာရွတ် များဖြစ်ခြင်း။
*စိတ်ဓာတ်ကျခြင်းများ ဖြစ်ပါသည်။
၇။ဝက်ခြံကုသနည်း........
(အနာရွတ် မကျန်ချင်လျှင်စောစော ကုသသင့်ပါသည်)
*လိမ်းဆေး၊စားဆေးများဖြင့် ကုသခြင်း၊
*အရောင်ကျဆေးထိုးခြင်း၊
*ပြည်တည်နာကြီးပါက ခွဲစိတ်ခြင်း၊
*laserဖြင့် ကုသခြင်း၊
*ပြန်မဖြစ်အောင် အရေပြားကိုပုံမှန် ထိန်းသိမ်းခြင်းတို့
ဖြစ်ပါ သည်။
၈။ဝက်ခြံ၏ သက်တမ်း........
*စနစ်တကျ ကုသလျှင်ပင် လချီကြာတတ်ပါသည်။
*ဝက်ခြံသည် အသက်၂၀ခန့်မှာ သူ့အလိုလို
ပျောက်ကင်းတတ် ပါသည်။
*သို့သော် အချို့လူများသည် အသက်၄၀ခန့်အထိ ဝက်ခြံ
ပေါက်တတ်ပါသည်။
၉။ဝက်ခြံကို ပိုဆိုးစေသော အရာများ.........
#ဟော်မုန်းပြောင်းလဲခြင်း၊
(၁၀ကျော်သက် အရွယ်ရောက်ချိန်၊ဓမ္မတာလာခါနီးအချိန်များမှာ ဝက်ခြံပိုဆိုးတတ်ပါသည်၊၊
အချို့ကလေးတားဆေးများသည် ဝက်ခြံကို
ပိုဆိုးစေပါသည်။)
#မျိုးရိုးဗီဇ။
မိဘမှာ ဝက်ခြံများများထွက်ခဲ့ရင် သားသမီးမှာ
ဝက်ခြံပိုထွက်နိုင်ပါသည်။
#ပူပြင်းသောရာသီဥတု။
(ရာသီဥတုပူသောအခါ ဆံပင်ဖုံးထားသော
အရေပြားနေရာမှာ ဝက်ခြံပိုဆိုးတတ်ပါသည်။
အဝတ်ထူထူကြပ်ကြပ် ဝတ်မိသောအခါ ကျောမှာ
ဝက်ခြံထွက်တတ်ပါသည်။)
#ဖိအား။
(မျက်မှန်ကိုင်းကြပ်ခြင်း၊ တယ်လီဖုန်းကြာကြာပြော
ခြင်း၊ ဦးထုပ်ကြပ်ကြပ်ဆောင်းခြင်းများ ပြုလုပ်သောအခါ အပူချိန်နှင့် ပွတ်တိုက်သော ဖိအားတို့ကြောင့်
ဝက်ခြံပိုဆိုးစေ ပါသည်။
#အဆီများသောအလှပြင်ပစ္စည်း။
(အဆီများသည် မွေးညှင်းပေါက်ကို ပိတ်ဆို့ပြီး
ဝက်ခြံကိုပိုဆိုးစေပါသည်။
#အလုပ်အကိုင်။
(အဆီနှင့် ထိတွေ့နေရသူများတွင် ဝက်ခြံပိုဆိုး
တတ်ပါသည်။
#ဆေးများ။
(ဥပမာ-တီဘီဆေး၊စတီးရွက် ဆေးများသည်
ဝက်ခြံကို ပိုဆိုးစေပါသည်။)
#စိတ်ဖိစီးမူများခြင်း။
(စိတ်ဖိစီးမူများသောအခါ ဓာတုပစ္စည်းတွေ ထွက်လာပြီး ဝက်ခြံထွက်လာစေပါသည်။)
#မျက်နှာအရေပြားအားထိခိုက်စေခြင်း။
(ဝက်ခြံကို ညစ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ မကြာခဏ
ကိုင်တွယ်ခြင်းများ၊ ပြုလုပ်ပါက အရေပြားထိခိုက်ပြီး
ဝက်ခြံပိုဆိုးလာပါသည်။ မျက်နှာကို ပွတ်တိုက်ပြီး
မကြာခဏသစ်လျှင် အရေပြားအပေါ်ယံလွှာ
ပျက်စီးသောကြောင့် ဝက်ခြံပိုဆိုးစေပါသည်။
#အစား။
(ချောကလက်နှင့်အချို၊ အဆီများသော အစားများသည်
ဝက်ခြံကိုပိုဆိုးစေသည်ဟု သက်သေစာတမ်း ပြုစုထား
ခြင်းကို မတွေ့ရသေးပါ။ သို့သော် ဝက်ခြံထွက်သူများ
သည် အဆီ၊ အချိုနှင့် ပင်လယ်စာကို လျှော့စားသင့်ပါသည်။)
၁၀။ဝက်ခြံထွက်သူများ လိုက်နာရန်
#အာဟာရ-ကျန်းမာစေမည့် အာဟာရ စားရပါမည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွတ်၊ သစ်သီးများ စားရပါမည်။ လိုအပ်သော ဗိုက်တာမင်များ စားရပါမည်။
#အရက်နှင့်ဆေးလိပ်- ရှောင်သင့်ပါသည်။
#လေ့ကျင့်ခန်း-ပုံမှန်ပြုလုပ်သင့်ပါသည်။
#သန့်ရှင်းမူ-တစ်ကိုယ်ရည်နှင့် အရေပြားကိုဂရုစိုက်ရပါမည်။
#စိတ်-ဖိစီးမူကို ရှောင်သင့်ပါသည်။လုံလောက်သော အိပ်စက်အနားယူရပါမည်။
#ပုံမှန် အရေပြားထိန်းသိမ်းရပါမည်။
#စနစ်တကျ ဆေးကုသရပါမည်။
ကျေးဇူးတင်ပါသည်....အစအဆုံးဖတ်ဖြစ်သော ချစ်မိတ်ဆွေများ။
ခံစားချက်များကိုလည်း ပြန်လည် reaction ပေးရန်
မျှော်လင့်လျက်။
...........အားလုံးကိုယ်စီ ကျန်းမာလှပ ကြပါစေ။
Credit ......လေးစားစွာဖြင့်
23/02/2021
ဆံသား ကျန်းမာရေး ပြဿနာတွေထဲမှာဆံပင်အရှည် နှေးခြင်းဟာ မိမိအသုံးပြုတဲ့ Hair Product တွေနဲ့လည်း ဆိုင်သလို အခုဖော်ပြပေးမယ့် အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့်ဆံပင်တွေကို အရှည်နှေးစေတဲ့ အကြောင်းရင်း ၅ ချက်ကို ပြောပြပေးပါ့မယ်ရှင့်
(၁) မျိုးရိုးနဲ့ ဆိုင်ခြင်း
ဆံပင်အရှည် နှေးတာနဲ့ ဆံပင်ကျွတ်တာတွေဟာ မျိုးရိုးနဲ့လည်း ဆိုင်ပါတယ်။ သင့်ဆံပင်အရှည် နှေးရခြင်းဟာ တခြားသော အကြောင်းအရာတွေကြောင့် မဟုတ်ဘဲ မျိုးရိုးနဲ့ ဆိုင်တယ်ဆိုရင်တော့ အစားအသောက်နဲ့ ဆံပင်ထိန်းသိမ်း ပြုပြုခြင်းကိုပဲ ဂရုတစိုက် ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
(၂) အစားအသောက်နဲ့ ဆိုင်ခြင်း
ချိုလွန်းတဲ့ အစားအစာတွေနဲ့ သကြားပါဝင်မှု များတဲ့ အစားအစာတွေ စားသုံးခြင်းဟာ ဆံပင်အရှည် နှေးစေတဲ့ အကြောင်းရင်းတခုဖြစ်ပြီး ပရိုတင်းဓာတ် ချို့တဲ့တဲ့ အခါမျိုးမှာဆိုရင်တော့ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးမှုများခြင်းဟာ ဆံပင်ရှည်နှုန်းကို ၃၀ ရာခိုင်နှုန်းလောက်ထိ ရပ်တန့်စေနိုင်ပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ရေသောက် နည်းခြင်း
ခန္ဓာကိုယ်တွင်း ရေဓာတ် အလုံအလောက် မရရှိခြင်းဟာ ကျန်းမာရေးအပေါ်လည်း သက်ရောက်မှု ရှိသလို ဆံသားကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေသောက် နည်းတာကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းဟာ ဆံပင်အရှည်နှေးခြင်းကို ဖြစ်ပေါ်စေနိုင်သလို ဆံသား မွဲခြောက်ခြင်း၊ ဆံပင် ကျွတ်ခြင်းနဲ့ ဆံသား အဖျားနှစ်ခွ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) ဦးရေပြား အဆီထွက်ခြင်း
ဆံပင်ကို အမြဲလိုလို စည်းနှောင်ထားသူတွေနဲ့ ခေါင်းချွေးထွက်များသူတွေမှာ ဦးရေပြား အဆီပြန်တတ်ပြီး ဦးရေပြား အဆီပြန်ခြင်းဟာ ဆံပင်ရှည်နှုန်းကို နှေးစေနိုင်တဲ့အပြင် ဆံပင်တွေ ထပ်မံ ပေါက်ရောက်ဖို့ကိုလည်း ဟန့်တားစေပါတယ်။
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Lashio
