Mal Ma Di - Beauty Saloon & Cosmetics Sale
We care for your beauty
29/07/2023
👉အလှူ
👉မဂ်လာဆောင်
👉Pre-Wedding
👉မွေးနေ့
👉ဘွဲ့
👉ပွဲတက်မိတ်ကပ်နှင့်
👉solo portraitလေးတွေပြင်ဆင်မှုများအတွက်ဆက်သွယ်စံုစမ်းနိုင်ပါသည်။
☎️09428029424
Vb 428029424
MUA by me👑💄
လားရှိူးမြို့MalMaDiအလှပြင်ဆိုင်တွင်အမျိုးသမီးဝန်ထမ်းအလိုရှိသည်။
👉ဘာသာစုံကျွမ်းကျင်(1)ဦး
👉လစာ+%ခံစားခွင့်ရမည်။
👉တစ်လ(2)ရက်နားခွင့်ရှိသည်။
👉အလုပ်သင်(1)ဦး
👉လစာ+bonusခံစားခွင့်ရမည်။
👉တစ်လ(2)ရက်နားခွင့်ရှိသည်။
☎️09428029424
09666618784
👉မနက်(9)နာရီမှည(9)နာရီအတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။
27/07/2023
ချစ်ရတဲ့သူလေးတေစိတ်တိုင်းကျဆောင်ရွက်ပေးနေတာမို့မြန်မြန်လာခဲ့ကြနော်😘
☔️☔️☔️မိုးရာသီအထူး..discount
မင်မင်တို့ဆိုင်ရဲ့pageလေးကိုlike and share လေးတစ်ချက်လုပ်ပေးရုံနဲ့မင်မင်တို့ဆိုင်မှာဘာပဲလုပ်လုပ်20%discountချပေးမှာနော်🥰
ကိုယ့်အသဲလေးတေကိုလှအောင်ပြင်ပေးဖို့အတွက်အစွမ်းကုန်ကြိုးစားနေတယ်နော်😘
ကို့အသဲတေစိတ်တိုင်းကျ😘
27/06/2023
မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု
နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို
သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။
မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။
ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်ရှင်။
(၁)ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့
ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။
(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့
ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး)ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ
အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။
(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့
ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။
(၅) Mask မသုံးခင် မျက်နှာသစ်ပါ
Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။
(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့
အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။
(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ စိတ်အချရဆုံးက Tissue သုံးခြင်းပါပဲ
ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။
မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။
Credit to Original Writer
🥰🥰
ကို့အချစ်တေအဆင်ပြေတယ်အရမ်းကြိုက်တယ်ဆိုရင်ပဲပင်ပမ်းရကြိုးနပ်ပါပီနော်😘
Click here to claim your Sponsored Listing.
Category
Website
Address
Lashio
Opening Hours
| 08:30 - 20:30 |
