Dr.Hnin Wai Wai

Dr.Hnin Wai Wai

Share

ဒေါက်တာနှင်းဝေဝေ
အာဟာရဆိုင်ရာအထူးကုဆရာဝန်

24/06/2026

မကြာခဏ ဝမ်းချုပ်တတ်သူတွေဟာ လိပ်ခေါင်းရောဂါ စအိုကွဲနာ ဖြစ်နိုင်ချေများနှင့် စပ်ဆက်နေပါတယ်… ဒါကြောင့် ဝမ်းမချုပ်အောင်အတွက်ဆောင်ရန် ရှောင်ရန် nutrition tips
#အာဟာရဆရာဝန် #အာဟာရပညာပေး #မကွေး #မကွေး

14/06/2026

မကြာခဏ ဗိုက်အောင့်တတ်တဲ့ အစာအိမ်ယောင်နေတဲ့လူနာတွေအတွက်စားသောက်နေထိုင်မှုဆိုင်ရာ general nutrition tips 🥰

#အာဟာရပညာပေး
#အာဟာရဆရာဝန် #မကွေး

09/06/2026

သွေးတွင်းအဆီဓာတ်များတဲ့သူတွေအတွက် ဆောင်ရန် ရှောင်ရန် (စားသောက်နေထိုင်မှုဆိုင်ရာ Nutrition education) post လေးဖြစ်ပါတယ်ရှင်

ကျန်းမာပျော်ရွှင်ပါစေရှင့်
Dr နှင်းဝေဝေ
အာဟာရဆရာဝန်
မကွေးမြို့

#မကွေး #အာဟာရဆရာဝန်

01/06/2026

June လ ၁ ရက်နေ့ဟာ World milk day ဖြစ်ပါတယ်

ကျွန်မတို့နိုင်ငံဟာ နွားနို့သောက်တဲ့အလေ့အကျင့်နည်းပါတယ်…

တကယ်ကတော့ အာဟာရတန်ဖိုးမြင့်တဲ့ နွားနို့သောက်တဲ့အလေ့အကျင့်ကို ကလေးငယ်တွေမှာကတည်းကပြုစုပျိုးထောင်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်…

Happy World Milk Day ပါရှင်

#အာဟာရဆရာဝန်

01/06/2026

ပိန်နေတဲ့သူတွေ ဝိတ်တင်ဖို့ဆိုတာကလဲ ဝိတ်ချရတာလိုပဲ challenging ဖြစ်ပါတယ်… ဝိတ်တင်ဖို့ပဲဖြစ်စေ ဝိတ်ချဖို့ပဲဖြစ်စေ motivation, consistency and proper supervision ဟာအင်မတန်မှအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်

ကျန်းမာပျော်ရွှင်ကြပါစေ
Dr နှင်းဝေဝေ
အာဟာရဆရာဝန်

#မကွေး #ဝိတ်တင်မယ်

28/05/2026

ခေတ်သစ်ဝိတ်ချကုထုံး ပိန်ဆေး (GLP-1) တွေဟာ အဝလွန်ရောဂါဖြစ်နေသူတွေ comorbid ရှိသူတွေမှာ အသုံးပြုရင်တကယ်အကျိုးရှိတဲ့ ဆေးဝါးတွေဖြစ်ပါတယ်

Cosmetic purpose အနေနဲ့ ဆေးထိုးဖို့ criteria တွေမဝင်သူတွေ ဟာ မှားယွင်းပြီး misuse ဖြစ်မှာကိုတော့ အင်မတန်စိုးရိမ်မိပါတယ်

မှန်ကန်တဲ့ diet plan + lifestyle ပြောင်းလဲမှုတွေနဲ့ ပိန်ဆေးကို တွဲအသုံးပြုမယ်ဆိုရ င်တော့ အဝလွန်ရောဂါရှိသူတွေအတွက် miracle တစ်ခုဖြစ်လာနိုင်ပါတယ်…

ပိန်ဖို့အတွက်အရင်းခံကတော့ မျှတစုံလင်စွာ ကျန်းမာတဲ့စားသောက် နေထိုင်မှု ပုံစံပဲဖြစ်ပါတယ်နော်

#ပိန်ဆေး #ဝိတ်ကျ #အာဟာရဆရာဝန်

28/05/2026

2026 World Nutrition Day

မိသားစုများအားလုံး ကိုယ်စီ အာဟာရပြည့်ဝ ကျန်းမာပျော်ရွှင်ကြပါစေရှင်

ဆန္ဒမွန်ဖြင့်
Dr နှင်းဝေဝေ
အာဟာရဆရာဝန်
မကွေးမြို့

Photos from Dr.Hnin Wai Wai's post 24/05/2026

မြန်မာနိုင်ငံအစာအာဟာရပညာရှင်များအသင်းတည်ထောင်ခြင်း ၅ နှစ်ပြည့် နှင့် ၂၀၂၆ ခုနှစ် World Nutrition Day အထိမ်းအမှတ်ပွဲလေးမှာ Joint pharmaco-nutrition action in changing obesity အကြောင်းလေးကို တင်ပြခဲ့ပါတယ်ရှင်

Photos from Dr.Hnin Wai Wai's post 19/05/2026

၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့မှာကျရောက်မဲ့ World Nutrition Day အထိမ်းအမှတ် နှင့် မြန်မာနိုင်ငံအစာအာဟာရပညာရှင်များအသင်း (Myanmar Nutrition and Dietetics Association) တည်ထောင်ခြင်း ၅ နှစ်ပြည့်ပွဲကြီး အတွက် Nutrition Symposium ကိုပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်…

ယခုခေတ်မှာ trend ဖြစ်နေတဲ့ ပိန်ဆေးတွေဟာ အဝလွန်ရောဂါအတွက် တကယ်အထောက်အကူဖြစ်တဲ့ဆေးဝါးဖြစ်သလိုပဲ စနစ်တကျ စားသောက်နေထိုင်မှုပုံစံနှင့် မတွဲဖက်ရင် ခန္ဓာကိုယ်မှာ ဘယ်လို risk တွေရှိလာနိုင်တယ်ဆိုတဲ့ အကြောင်းတွေအပါအဝင် အခြား nutrition topics တွေကို ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ live session ကို join နိုင်ပါတယ်ရှင်

ကျန်းမာလှပတဲ့ဘဝများပိုင်ဆိုင်နိုင်ပါစေ
Dr နှင်းဝေဝေ
အာဟာရဆရာဝန်
မကွေးမြို့

10/05/2026

သရက်သီးမှည့်တွေပေါတဲ့အချိန်ဟာ ဆီးချိုရောဂါရှိသူတွေရဲ့ ခံနိုင်ရည်ကိုစမ်းသပ်တဲ့အချိန်အခါပါ….

ဆီးချိုရှိသူတွေမှာ ကစီဓာတ်အုပ်စုကိုဘယ်လောက်စားနေလဲဆိုတာဟာအင်မတန်အရေးကြီးပါတယ်… သရက်သီးမှည့်ဟာ ကစီဓာတ်အုပ်စုဝင်ဖြစ်သလို glycemic index low to medium ရှိတဲ့ ချိုတဲ့အစားအသောက်ဖြစ်တဲ့အတွက် ဆီးချိုမထိန်းနိုင်သူ အစားအသောက်မထိန်းနိုင်သူတွေမှာ မဖြစ်မနေရှောင်ဖို့လိုပါမယ်နော်

ကျန်းမာပျော်ရွှင်ပါစေရှင်

#အာဟာရဆရာဝန် #မကွေး #ဆီးချို

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Category

Website

Address

Magway
04018