Lanos Jellymask Hninphway_ MDY

Lanos Jellymask Hninphway_ MDY

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lanos Jellymask Hninphway_ MDY, Health/Beauty, Mandalay.

Photos from Lanos Jellymask Hninphway_ MDY's post 14/02/2023

Online စျေးသည်တွေအနေနဲ့ ငွေဝင်ရင်ကိုကျေနပ်ပြီ 🤗🥰

အမြဲအားပေးတဲ့ ကာကာလေး🥰
ဒီထက်ပိုပြီး ဝက်ခြံကင်းပြီး ချောမောလာပါစေ🥰

Jelly Mask 3ဗူးဝယ် 1ဗူးFree ရ

ညကတည်းကယုံကြည်ပြီးငွေအရင်လွဲပေးထားတဲ့ကာကာလေး ☺️
ကျေးဇူးအများကြီးတင်ပါတယ် 🥰

12/02/2023

💗Jelly Mask ကို လက်တွေ့သုံးစွဲသူတိုင်း ဝက်ခြံအရှင်းပျောက်ကင်းတယ် 😍😍😍

ဝက်ခြံပျောက်ကင်းချင်သူတိုင်း Jelly Mask လေးကြောင့် စိတ်ချမ်းသာရပြီ 🤗🥰

1ဗူး 29500 ks
3ဗူးဝယ် 1ဗူးfreeရ
လက်လီ/လက်ကားဝယ်ယူနိုင်ပါသည်

မန်းလေးအိမ်အရောက်ငွေချေလို့ရ
အခြားမြို့တိုင်းကိုနီးစပ်ရာ ကားဂိတ်ကတစ်ဆင့်ပို့ဆောင်ပေးပါတယ်

12/02/2023

skincareတွေကို ပမာဏဘယ်လောက်စီ လိမ်းရမလဲ ❓

skincare တွေလိမ်းတဲ့အခါ ဘယ်လောက် amount လိမ်းရမလဲ ၊ နဲနဲပဲလိမ်းမိသွားရင် effective ဖြစ်ပါ့မလား ၊ များသုံးမိရင်ရော ဆိုးကျိုးတွေရှိလား စသဖြင့် အမေးများလာလို့ ဒီ post လေးကို sharing လုပ်ပေးလိုက်ပါတယ်။

တစ်ခုသိစေချင်တာက ဒီမှာ နိုနို​ပြထားတဲ့ amount အတိုင်း ကွက်တိကြီး ချိန်လိမ်းရမယ်လို့လဲ မဟုတ်ဘူးနော်။ လူတိုင်းရဲ့ မျက်နှာအရွယ်အစား အကြီးအသေး နဲ့ skin type တွေဟာ မတူညီနိုင်တာကြောင့် ဒီ amount လေးတွေကို အခြေခံထားပြီး ကိုယ် လိုအပ်သလောက်ပမာဏကို အတိုးအလျော့ လုပ်လို့ရပါတယ်။

📌 Cleanser
နိုနိုကတော့ ညှစ်ရတဲ့ Tube ဘူး cleanser လေးနဲ့ ချိန်ပြထားတယ်။ tube ဘူးနဲ့လာတဲ့ cream type or other cleanser လေးတွေဆိုရင် dime-sized လို့ခေါ်တဲ့ ဒင်္ဂါးပြားအသေးလေးရဲ့ amount သုံးပေးပါ။ သစ်အယ်သီးအရွယ်အစားလောက်ပေါ့။ ဒီ amount က မျက်နှာတင်မက လည်ပင်း ၊ ဂုတ်တွေအထိ သုံးပေးဖို့ လုံလောက်ပါတယ်နော်။ ကိုယ်က မျက်နှာတစ်ခုပဲ သီးသန့်သုံးချင်ရင် မျက်နှာသေးရင် လျော့လိုက်လဲရတယ်။ pump နဲ့လာတဲ့ cleanser တွေကတော့ လွယ်တယ် 1 pump ယူသုံးလိုက်ရုံပဲ။

📌 Essence / Serum / Ampoule
သူလဲ Pump နဲ့လာရင် 1 pump စာ ယူသုံးရုံပဲ။ essence နေရာမှာ နိုနိုပြထားတာက 1pump စာပါ။
အဲ့လို မဟုတ်ပဲ dropper လို အစက်ချ သုံးရတဲ့ ဘူးမျိုးဆိုရင်တော့ 3 to 5 drops ဆိုရင် လုံလောက်ပါတယ်။ ကိုယ့်မျက်နှာအရွယ်အစား ၊ သုံးချင်တဲ့ aera ပေါ်လိုက်ပြီး အတိုးအလျော့လုပ်နိုင်ပါတယ်။

📌 Moisturizer
Moisturizer ကလဲ Cleanser နဲ့ သိပ်မကွာခြားတဲ့ အရွယ်အစားလောက်ပါပဲ။ ဒါကိုမှ ကိုယ့်မျက်နှာက အစိုဓာတ်မလုံလောက်ဘူးထင်ရရင် ထပ်ယူလိမ်း ၊ တစ်ချို့ thick cream type moisturizer တွေဆို ကိုယ့်မျက်နှာပေါ်မှာ heavy ဖြစ်မယ်ထင်ရရင် ပမာဏ လျော့လိမ်းတာမျိုး လုပ်ပေးလို့ရပါတယ်။

📌 Eyecream
မျက်လုံးနားတစ်ဝိုက်ပဲလိမ်းမှာဖြစ်လို့ pea sized amount ပဲလုံးစေ့ပမာဏ လောက်ဆို လုံလောက်ပါတယ်။
ကိုယ်က smile line နေရာနားတွေပါ လိမ်းချင်ရင်တော့ နဲနဲပိုလိမ်းပေးပေါ့နော်။

📌 Facial Oil
Oil တွေသုံးရင်တော့သတိထားပါ။ 2 to 3 drops အပြင် ပိုမသုံးတာ ကောင်းပါတယ်။ အခန့်မသင့်ရင် pore clogged ဖြစ်ပြီး အဆီဖုထတတ်လို့ပါ။ face oil တွေလိမ်းမယ်ဆို moisturizer လိမ်းအပြီး နောက်ဆုံး step မှာမှ သုံးပေးပါနော်။

📌 Sunscreen
ဒါကတော့ အမြဲပြောပြနေကျ 2fingers method နဲ့ ပြပေးထားပါတယ်။ ပျမ်းမျှ 1ml , 1.25ml လိမ်းမှ labelled spf အတိုင်း အပြည့်အဝ protection ရမှာဖြစ်ပါတယ်။ မလိမ်းနိုင်ရင် ဘာဖြစ်လဲဆို သူ့ဘူးမှာပြထားတဲ့ spf ပမာဏ အတိုင်းတော့ အပြည့်မရဘူး ၊ နေရောင်ကနေတော့ လိမ်းထားသလောက် ကာပေးပါလိမ့်မယ်။ 1.25ml ကို တိုင်းရလွယ်အောင် လက်နှစ်ချောင်းစာ ညှစ်ယူပြီး သုံးလို့ရပါတယ်။

ဒါဆို ဒီ Post လေးကလဲ အထောက်အကူတစ်ခုခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

With love ,
Your Dear Noh


Crd

Photos from Lanos Jellymask Hninphway_ MDY's post 06/02/2023

Powder ကိုသုံးကြည့်ပြီး ရလာတဲ့ Results ကတော့ လုံးဝ Woo ပါပဲ 😮🫠

မပြာဘူး
မမည်းဘူး
မကွက်ဘူး
ဒါ့အပြင် သဘာဝအသားရည်နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းရဲ့အသားအရည်နဲ့ တစ်ထပ်တည်းကျနေစေတယ် 🥰

ဝက်ခြံသမားတွေအတွက် အဓိက ထုတ်လုပ်ထားတာ ဖိတဲ့အတွက် အရမ်းကို perfect ဖြစ်စေပါတယ် 💗

1ဗူး 23500 ks
လက်လီ/လက်ကား ဝယ်ယူအားပေးနိုင်ပါတယ်

မန်းလေးအိမ်အရောက်ငွေချေလို့ရ
အခြားမြို့တိုင်းကို နီးစပ်ရာကားဂိတ်ကနေတစ်ဆင့်ပို့ဆောင်ပေးပါတယ်



#ဆရာဝန်ဖော်မြူလာနဲ့ထုတ်ထားတဲ့ဝက်ခြံသမားအတွက်ပေါင်ဒါ

Photos from Lanos Jellymask Hninphway_ MDY's post 04/02/2023

📌မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဝက်ခြံရဲ့တာဝန်ဆိုရင် 🤔

📌ဝက်ခြံပျောက်ဖို့က Jelly Maskရဲ့ တာဝန်ဖြစ်သွားပြီး🤗

📌ဝက်ခြံထွက်သူတိုင်း Jelly Maskလေးကြောင့် ဝက်ခြံအရှင်းပျောက်ကင်းကုန်ပြီ 😱

💗ဝက်ခြံဆို Jelly Maskကို သတိရလိုက်ပါ 😉

1ဗူး 29500 ks
3ဗူး ဝယ် 1ဗူး free
လက်လီ/လက်ကားဝယ်ယူအားပေးနိုင်ပါတယ်

မန်းလေးအိမ်အရောက်ငွေချေလို့ရ
အခြားမြို့တိုင်းကို နီးစပ်ရာကားဂိတ်ကတစ်ဆင့်ပို့ဆောင်ပေးပါတယ်
Messenger (or) Viber (or) 09 787843469သို့ဝယ်ယူအားပေးနိုင်ပါပြီ

04/02/2023

မျက်နှာ တင်းရင်းစေမယ့်နည်း

တော်ရုံမျက်နှာအရေးအကြောင်းအတွက် စျေးကြီးတဲ့ အရေပြားလိမ်းဆေးတွေ သုံးစရာမလိုပါဘဲ အိမ်မှာတင် အလွယ်ပြုလုပ်နိုင်ပါတယ်။ အချိန်ကုန်လည်းသက်သာပြီး အစွမ်းထက်တဲ့ ဒီနည်းက မျက်နှာအရေပြားကို သိသိသာသာတင်းရင်းစေပါတယ်။ ဒါတင်မက မျက်နှာနေလောင်တာ၊မဲတာအတွက်လည်း ကောင်းပါသေးတယ်။

ပြုလုပ်ပုံ
ငှက်ပျောသီး - တခြမ်း
ဒိန်ချဉ် - လက်ဖက်ရည် သုံးဇွန်း
ပျားရည် - ထမင်းစားဇွန်း (၁)ဇွန်း
ဆန်ဆေးရေ - ထမင်းစားဇွန်း (၁)ဇွန်း

ငှက်ပျောသီးတလုံးကိုယူပြီး အခွံမချွတ်ဘဲ မီးအေးအေးနဲ့ (၅)မိနစ်ကြာ ဖုတ်ပါ။ ပြီးရင် ငှက်ပျောသီးကို အခွံခွာပြီး တခြမ်းခြမ်းယူပါ။ ညက်အောင် ကြိတ်ပြီး ဒိန်ချဉ်၊ ပျားရည်နဲ့ ရောစပ်ပါ။ ပြီးရင် ဆန်ဆေးရေ ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး ခပ်ပျစ်ပျစ်အရည်(paste) ဖြစ်အောင်ရောပါ။ မျက်နှာပေါ်လိမ်းပြီး နာရီဝက်ကြာထားပါ။ ပြီးရင် မျက်နှာပေါ် လိမ်းထားတာတွေကို သန့်စင်တဲ့အဝတ်စနဲ့ အရင်သုတ်ပြီး ရေအေးနဲ့ မျက်နှာပြန်သစ်လိုက်ပါ။ ဒီနည်းက မျက်နှာတင်းရင်းချင်သူအတွက် အတော်လေးထိရောက်အသုံးဝင်တဲ့နည်းဖြစ်တယ်။ အသက်အရွယ်ကြီးရင့်သူ၊ မျက်နှာ အရေးအကြောင်းများသူတွေ အဓိကသုံးသင့်တယ်။ နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းအားဖြင့် တစ်လအတွင်း တင်းရင်းတဲ့ မျက်နှာတခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

Photos from Lanos Jellymask Hninphway_ MDY's post 31/01/2023

ဝက်ခြံထွက်တတ်သူများ ဘာကြောင့်
Jelly Mask ကိုရွေးချယ်သင့်လဲ ❓

Jelly Mask Upက

📌ဝက်ခြံတွေကိုသက်သာစေတယ်

📌ဝက်ခြံကြောင့် အမဲစက်နဲ့အနီစက်ကိုလျော့ပါးသက်သာစေတယ်

📌ဝက်ခြံ အမျိုးမျိုးနဲ့ Steroidဖြစ်တဲ့ဝက်ခြံများကိုထပ်မထွက်အောင်ထိန်းသိမ်းပေးတယ်

📌အသားရေကိုနူးညံပြီး ကြည်လင်စိုပြေအောင် ကူညီပေးတယ်

30/01/2023

တွဲဖက်မသုံးသင့်သော skincare ပါဝင်ပစ္စည်းများ💁‍♀️

1.Vitamin C + AHA/BAH 🙅‍♀️

Vitamin C က အက်စစ်ဓာတ် ပစ္စည်းတစ်မျိုး
ဖြစ်သလို AHA/BAH (glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ် ပစ္စည်းတွေ
ဖြစ်တဲ့ အတွက် အတူတူ သုံးမိတဲ့အခါ
ကိုယ်ရဲ့ပင်ကိုယ် အသားအရေ က PH levelတွေကို မတည်မငြိမ် ဖြစ်စေတဲ့အတွက်
အချိန်ကြာလာတဲ့အခါ break out ဖြစ်လာတာတွေ
အသားအရေ ပါးလာတာတွေနဲ့
skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက်
‼️တွဲဖက်မသုံးမိဖို့ သတိထားသင့်ပါတယ် ‼️

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အရေးကြောင်းတွေကို
သက်သာစေတယ် အသားရည်ကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံ တွေကိုပါ သက်သာစေတဲ့
အာနိသင်တွေရှိပါတယ် ✨

AHA/BHA တွေကတော့
ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်
ပိတ်စို့ခြင်းကို သက်သာစေပြီး အသားရေကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက်
အရေပြားနုပျိုစေတဲ့ peeling acid တမျိုးလို့
သတ်မှတ်လို့ရတယ်နော် ✨ ]

2.Retinol+ AHA/BHA 🙅‍♀️

Retinol က AHAနဲ့ BHAလို
ဆဲလ်သေ ဖယ်ရှားပေးတဲ့ ပစ္စည်းမဟုတ်ပေမဲ့
အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို
အပေါ်ယံ အရေပြားကို တွန်းတင်ကွာကျ စေပြီး
ဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ ကူညီပေးတဲ့
ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ✨

Retinol နဲ့ AHA/ BHAလို acidတွေနဲ့
တွဲသုံးမိတဲ့အခါ အရေပြား အလွန်အမင်း
ခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝ
အစိုဓာတ်ကိုပါ ပျက်စီးစေနိုင်လို့ တွဲမသုံးမိဖို့
သတိထားသင့်ပါတယ်.... ‼️‼️

3. Retinol + Vitamin C 🙅‍♀️

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင်တော့
အသားအရေ နီမြန်းတာ ခြောက်သွေ့တာနဲ့
အရေပြား အဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့
အပြင် အသားရည်က နေရောင်ခြည်ရဲ့
UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာပိုမို ဖြစ်စေနိုင်လို့
တွဲမသုံးမိဖို့ သတိထားသင့်ပါတယ်.. ‼️‼️

[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်း သမားတွေအတွက်
ကတော့ Vitamin C ကို မနက်ပိုင်းသုံးပြီး..
ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို
ရနိုင်ပါတယ်✨]

4.Oil based + Water based products 🙅‍♀️

Oil based နဲ့ water based products တွေကတော့
တွဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..
စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..
oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို
ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ
ထူးလာစေမှာ မဟုတ်ပါဘူး.. ‼️‼️

5. Glycolic Acid + Salicylic Acid 🙅‍♀️

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့
သုံးတဲ့ ပစ္စည်းတွေ ဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြား နီမြန်းခြင်းနဲ့ ခြောက်သွေ့ခြင်းတွေ
အပြင် ဓာတ်မတည့်မှုကိုပါ ဖြစ်စေနိုင်တဲ့အတွက်
လုံးဝတွဲ မသုံးမိဖို့ သတိထားသင့်ပါတယ် ‼️‼️

6. Niacinamide + Vitamin C 🙅‍♀️

Niacinamide နဲ့ Vitamin C က
အမဲစက် ထွက်တတ်တဲ့ အသားအရေနဲ့
အမာရွတ်တွေ ကုသဖို့ အတွက် အကောင်းဆုံး
ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကို ဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့
အသားအရေ နီးမြန်းတာတွေနဲ့ ဝက်ခြံထွက်လာတာတွေ စတဲ့ ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက်
လုံးဝကို တွဲဖက်မသုံးမိဖို့ သတိထားသင့်ပါတယ်..‼️

ပျိုမေတို့အနေနဲ့ skincare သုံးတာဟာ
အသားအရည် နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါ တယ်
ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredients
တွေကို သိထားမှသာ ငွေကုန် လူပမ်း
အသားအရေ ပျက်စီးမှု မဖြစ်စေမှာ မဟုတ်ပါလား..ရှင်.... 💁‍♀️

ပျိုမေတိုင်း skincare လေးတွေကို
မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....
လှပနိုင်ကြပါစေရှင်.. 💕

🎀"Ellie" Pageထဲက အသဲလေးတွေ
သိရအောင် ပြန် shareလိုက်တာပါရှင့်


#တွဲဖက်မသုံးသင့်သောskincareများ

27/01/2023

𝐉𝐞𝐥𝐥𝐲 𝐌𝐚𝐬𝐤 (ညလိမ်းပေါင်းတင်)

ဘာကြောင့် 𝐉𝐞𝐥𝐥𝐲 𝐌𝐚𝐬𝐤 ကို ရွေးချယ်သင့်သလဲ?
🌸𝐬𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞အသားအရေအတွက် အထူးသင့်တော်
ခြင်း။
🌸ဝက်ခြံအရင်းအမြစ်ကို ထိရောက်စွာ ကုသ‌ပေး
ခြင်း။
🌸တင်းတိတ်၊ အမဲစက် နှင့် အရေးအကြောင်းများ
လျော့ကျစေခြင်း။
🌸အသားအရေအတွက်လိုအပ်တဲ့𝑣𝑖𝑡𝑎𝑚𝑖𝑛/𝑐𝑜𝑙𝑙𝑎𝑔𝑒𝑛
ဓာတ်တွေကိုပါ ဖြည့်တင်းပေးလို့ တင်းရင်းနုပျို
စေခြင်း။
🌸ချွေးပေါက် ကျဉ်းစေပြီး အဆီပြန်ခြင်းကို ထိန်း
ပေးကာ အသားအရေကို ညီညာ ချောမွတ် လှပ
စေခြင်း။
🌸ရေဓာတ် ဆယ်ဆ ဖြည့်ပေးလို့ အသားအရေကို
ကြည်လင်‌စို‌ပြေစေခြင်း။
🌸ဘေးထွက်ဆိုးကျိုး လုံးဝမရှိ။ ရှိလာခဲ့မယ်ဆို
ရင်တောင် ကုမ္မဏီက တာဝန်ခံမှုအပြည့်အဝပေး
ထားတယ်။
🌸𝐜𝐡𝐞𝐦𝐢𝐜𝐚𝐥 လုံးဝမပါဝင်၊သဘာဝကုန်ကြမ်းစစ်စစ်
မှ ပေါင်းစပ်ထုတ်လုပ်ထားတာ‌ကြောင့် ကိုယ်ဝန်
ဆောင် မိခင်တွေပါ သုံးပေးနိုင်ပါတယ်။
#တစ်နေ့တစ်ကြိမ် ညအိပ်ရာဝင်ခါနီး လိမ်းပေးရုံပါပဲ။ မျက်နှာပြန်သစ်စရာမလိုပါဘူးနော်။

𝐉𝐞𝐥𝐥𝐲 𝐌𝐚𝐬𝐤 - 29500 𝐤𝐬
3ဗူးယူ တစ်ဗူးလက်ဆောင်ရ

မန်းလေးအိမ်အရောက်ငွေချေလို့ရ
အခြားမြို့တိုင်းကိုလည်း နီးစပ်ရာ ကားဂိတ်မှာ့တစ်ဆင့်ပို့ဆောင်ပေးပါတယ်
☎️09 787843469 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်

Lanos Organic Skincare
လက်လီ/လက်ကား မှာယူရရှိနိုင်ပါတယ်ရှင်။

Photos from Lanos Jellymask Hninphway_ MDY's post 26/01/2023

ိုဘာကြောင့်လိမ်းသင့်သလဲ❓

ပျိုပျိုမေတို့ရေ အလှအပဆိုတာ မျက်နှာပေါ်က ကာလာစုံအလှတွေအပြင် အသားအရေရဲ့ အလှအပလည်း လိုအပ်ပါတယ်။

ဒါမှ မျက်နှာလေး လှသလို အသားအရေလေးလည်း စိုပြေပြီး လိုက်ဖက်ညီစွာ လှမှာပါ။

👉ဒီလို စိုပြေကြည်လင်တဲ့ မျက်နှာနဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကို မေ့ထားလို့ မရဘူးနော်။

🌞နေပူထဲ ထွက်တဲ့အခါတိုင်းမှာ Sunscreen လေး မဖြစ်မနေလိမ်းပါ။ နေပူထိနိုင်မယ့် ကိုယ်ရဲ့ အသားအရေနေရာရာတွေကို လိမ်းပေးပါ။

🤷‍♂️ငယ်ရွယ်နုပျိုခြင်းနဲ့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာပါပဲ။

#ဒါကSunscreenလိမ်းကိုလိမ်းသင့်တဲ့အကြောင်းရင်းပါပဲနော်

✅Sunscreen ဟာ တင်းတိပ်နဲ့ အရေးအကြောင်းတွေလိုမျိုး အသက်အရွယ်ကြီးရင့်မှု လက္ခဏာတွေ ပြခြင်းကနေ ကာကွယ်ပေးပါတယ်

📌လေ့လာသူတွေအရတော့ အသက်(၅၅) နှစ်အောက် Sunscreen သုံးတဲ့သူတွေဟာ မသုံးတဲ့သူတွေထက် (၂၄%)လောက် အသက်အရွယ်ကြီးရင့်တဲ့ လက္ခဏာတွေ လျှော့နည်းတယ်လို့ ဆိုထားပါတယ်။

ိမ်းတာကအလှအပအတွက်သာမကကျန်းမာရေးအတွက်လည်းကောင်းကျိုးသက်ရောက်စေပါတယ်

📌Sunscreen နေ့တိုင်းလိမ်းပေးမယ်ဆိုရင် melanoma လိုမျိုး အရေပြားကင်ဆာ အမျိုးအစားတွေ ဖြစ်ခြင်းကတောင် ကာကွယ်ပေးနိုင်ပါတယ်

ဒါဟာ အသက်(၂၀) ပတ်ဝန်းကျင်လောက်ရှိတဲ့ အမျိုးသမီးတွေအတွက်တော့ သူတို့ကို ခြိမ်းခြောက်နေတဲ့ အရေပြားကင်ဆာပါပဲ။

ိုလိမ်းသင့်တဲ့နောက်ထပ်အချက်တွေကတော့

🌞Sunscreen ဟာ မျက်နှာပေါ်မှာ အညိုရောင်အကွက်နဲ့ အရေပြားအရောင်မညီခြင်းတွေ ဖြစ်ခြင်းကို တားဆီးပေးပါတယ်။

🌞မျက်နှာပြင်ပေါ် အနီရောင်သွေးကြောတွေ ပေါ်လာခြင်းနဲ့ အသားအရေပေါ်မှာ အဖုအဖိန့်တွေ ဖြစ်ခြင်းကိုလည်း လျှော့ကျစေပါတယ်

🌞 အိုဇုန်းလွှာက ပျက်စီးနေတာမို့ အရေပြားကို ထိခိုက်နာကျင်စေမယ့် ဓါတ်ရောင်ခြည်တွေ ခန္ဓါကိုယ်ကို မထိအောင်လည်း ကာကွယ်ဖို့ လိုအပ်ပါတယ်။


ဲ့ပတ်သက်တဲ့ဗဟုသု

23/01/2023

လက်ထဲမှာကိုင်ထားတဲ့ ဗူးလေးက 😍😍😍

မင်မင်လို ဝက်ခြံ နဲ့ အဆီပြန်တတ်တဲ့သူလည်း သုံးလို့ရတယ်
Powderလေးလိမ်းပြီး ညပိုင်း ထိကို ကြည့်ကောင်းနေရော 🥰😘

1ဗူး 23500 ks

မန်းလေးအိမ်အရောက်ငွေချေလို့ရ
အခြားမြို့တိုင်းကိုလည်း နီးစပ်ရာကားဂိတ်မှာ့တစ်ဆင့်ပို့ဆောင်ပေးပါတယ်

ူးဝယ်ယူသူတိုင်းconcealer၁ဗူးလက်ဆောင်ရ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mandalay