Dr.Lone
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Lone, Health/Beauty, 75st, Bet 27x28, Mandalay.
03/05/2026
နှစ်သစ်ကူး မေတ္တာလက်ဆောင် - Dr. Lone ရဲ့ Give Away အစီအစဉ်! 🎁✨
မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ Dr. Lone ကို အစဉ်တစိုက် အားပေးလာကြတဲ့ ပရိသတ်များအတွက် အထူးအစီအစဉ်လေးတစ်ခု ပြုလုပ်ပေးချင်ပါတယ် 🥰
ဒီလိုရာသီဥတုမှာ အပူငြိမ်းပြီး စိတ်ကြည်လင်လန်းဆန်းစေမယ့် Dr. Lone နံ့သာဖြူလိမ်းဆေးရည် (30 ml) (၁၀) ဘူးကို ကံထူးရှင် (၁၀) ဦး ရွေးချယ်ပြီး လက်ဆောင်ပေးသွားမှာပါ! 🥳
ဘယ်လိုပါဝင်ရမလဲဆိုရင် -
၁။ Dr. Lone Page ကို Like & Follow လုပ်ထားပါ
၂။ ဒီ Post လေးကို Share ပေးပါ
၃။ Comment မှာ "နှစ်သစ်ဆုတောင်းစကားလေး” ဆုတောင်းပေးရင်း သူငယ်ချင်း (၃) ယောက်ကို Mention ခေါ်ပေးပါ
📅 ပါဝင်နိုင်မည့်ကာလ: မေလ (၁၅) ရက်နေ့အထိ
🎊 ကံထူးရှင်ကြေညာမည့်ရက်: မေလ (၁၇) ရက်
နှစ်သစ်မှာ အပူဒဏ်ကင်းဝေးပြီး အေးမြလန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ Dr. Lone ရဲ့ Give Away မှာ အခုပဲ ပါဝင်လိုက်ပါ … 💜
#တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒေါက်တာလုံး #နံ့သာဖြူလိမ်းဆေး #နှစ်သစ်လက်ဆောင်
26/04/2026
မိသားစုတိုင်းအတွက် မရှိမဖြစ် … Dr. Lone သဘာဝအေးမြသက်သာအတွဲ 🌿✨
ပင်ပန်းနွမ်းနယ်မှုတွေ၊ ညောင်းညာကိုက်ခဲမှုတွေနဲ့ အပူအောင်းတာတွေက သင့်မိသားစုရဲ့ စိတ်ချမ်းသာမှုကို အနှောင့်အယှက်ပေးနေပါသလား?
Dr. Lone က သင့်အိမ်သားအားလုံးအတွက် အေးမြသက်သာခြင်းကို ယူဆောင်ပေးဖို့ အသင့်ရှိပါတယ်
✅ Dr. Lone နံ့သာဖြူလိမ်းဆေး
နံ့သာဖြူရဲ့ သဘာဝရနံ့က အပူအောင်းတာ၊ အသားပူတာတွေကို သက်သာစေလို့ လူကြီးမိဘတွေနဲ့ ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်
✅ Dr. Lone ဒဏ်ကျေကပ်ဆေး
ဇက်ကြောတက်၊ ခါးနာ၊ ပုခုံးညောင်းတာတွေကို ချက်ချင်းပြေလျော့စေပြီး သဘာဝအတိုင်း ဖော်စပ်ထားလို့ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်
မိသားစုဝင်တိုင်း အေးမြလန်းဆန်းပြီး ညောင်းညာကိုက်ခဲမှုတွေကင်းဝေးဖို့ Dr. Lone က အမြဲအဆင်သင့်ရှိနေမှာပါ … 💜
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး #နံ့သာဖြူလိမ်းဆေး
23/04/2026
ဘုရားဖူးခရီးထွက်တဲ့အခါ အိတ်ထဲမှာ မပါမဖြစ် ဆောင်ထားသင့်တဲ့ အရာ (၃) ခု ✨
ကြည်နူးစရာ ဘုရားဖူးခရီးစဉ်လေးတွေမှာ စိတ်အနှောင့်အယှက်မဖြစ်ဘဲ အေးအေးချမ်းချမ်း ဖူးမြော်နိုင်ဖို့ဆိုရင် ဒီအရာလေးတွေကိုတော့ မဖြစ်မနေ ဆောင်သွားဖို့ တိုက်တွန်းချင်ပါတယ်
၁။ ရေဓာတ်ဖြည့်တင်းဖို့ ရေသန့်ဗူး
ဘုရားရင်ပြင်တော်ပေါ်မှာ လျှောက်ရတာဖြစ်ဖြစ်၊ လှေကားထစ်တွေ တက်ရတာဖြစ်ဖြစ် အပူဒဏ်ကြောင့် ချွေးထွက်များပြီး မောပန်းလွယ်တတ်ပါတယ်
ဒါကြောင့် လူပင်ပန်းတာ သက်သာစေဖို့ ရေဓာတ်ကို အမြဲဖြည့်တင်းပေးနိုင်မယ့် ရေသန့်ဗူးလေးကို ဆောင်ထားပါ
၂။ နေရောင်ကာ ပစ္စည်းများ (ထီး သို့မဟုတ် ဦးထုပ်)
မြန်မာပြည်ရဲ့ ပြင်းထန်တဲ့ နေရောင်ခြည်က လူကို အင်အားကုန်ခမ်းစေသလို ခေါင်းမူးခေါင်းကိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်
အပူဒဏ်ကနေ ကာကွယ်ဖို့ ထီး သို့မဟုတ် ဦးထုပ်လေး ဆောင်သွားခြင်းက သင့်ကို ပိုပြီး သက်သောင့်သက်သာရှိစေမှာပါ
၃။ အညောင်းပြေစေမယ့် Dr. Lone ဒဏ်ကျေကပ်ဆေး
ဘုရားဖူးခရီးဆိုတာ လမ်းလျှောက်ရတာများတဲ့အတွက် ခြေသလုံးတွေ ညောင်းတာ၊ ခါးနာတာတွေက ရှောင်လွှဲလို့မရပါဘူး
ဒေါက်တာလုံးဒဏ်ကျေကပ်ဆေးက လမ်းလျှောက်များလို့ ညောင်းလာတဲ့အခါ ကပ်ထားလိုက်ရုံနဲ့ အညောင်းအညာပြေပြီး ဘုရားဆက်လက်ဖူးမြော်ဖို့ အားအင်ဖြစ်စေပါတယ်
ဒီ (၃) ခုသာ အိတ်ထဲမှာ အသင့်ရှိနေမယ်ဆိုရင် ဘယ်လို ဘုရားဖူးခရီးစဉ်မျိုးမဆို အေးအေးချမ်းချမ်းနဲ့ ကုသိုလ်ယူနိုင်ပြီပေါ့ ✨🙏🏻
အခုလို အသုံးဝင်မယ့် ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Dr. Lone Page ကို Like လုပ်ထားဖို့ မမေ့နဲ့ဦးနော် …
မိတ်ဆွေတို့ရော ဘုရားဖူးသွားရင် ဘာတွေဆောင်သွားလေ့ရှိလဲ? Comment မှာ ဝေမျှခဲ့ပါဦး … 👇🏻💬
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး #ဘုရားဖူးသွားတဲ့အခါ
13/04/2026
ပိတောက်ရနံ့တွေ သင်းပျံ့နေတဲ့ ဒီလိုအချိန်မှာ ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စရာ သင်္ကြန်ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ✨✨
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာတွေ ကင်းဝေးပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ 💜
#အတာသင်္ကြန် #နှစ်သစ်
02/04/2026
ဒီနွေရာသီမှာ အညောင်းဆုံးနေရာက ဘယ်နေရာလဲ?
အပူရှိန်ကလည်းပြင်း၊ အလုပ်တွေကလည်း များတဲ့အခါ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာတော့ ညောင်းညာကိုက်ခဲမှုတွေ ရှိနေမှာပါပဲ
အခုပုံထဲက သင်အညောင်းဆုံးနေရာကို Emoji လေးတွေနဲ့ ပြောပြခဲ့ပါဦး
❤️ ဇက်ကြော
😮 ခြေထောက်
👍 ခါး
🥰 ပုခုံး
ဘယ်နေရာပဲညောင်းညောင်း Dr. Lone ရှိရင်တော့ စိတ်ချလိုက်တော့နော် 💜
ညောင်းတဲ့နေရာလေးကို အသာအယာနှိပ်နယ်၊ ဆေးကပ်ခွာလေးကပ်ပြီး အေးမြသက်သာစွာ အနားယူလိုက်ပါ … 🥰
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဘယ်နေရာအညောင်းဆုံးလဲ
23/03/2026
နွေရာသီရဲ့ အပူရှိန်ကြောင့် စိတ်မကြည်မလင်ဖြစ်ပြီး အိပ်ရခက်နေပါသလား?
Dr. Lone နံ့သာဖြူလိမ်းဆေးရည်က သင့်မိသားစုအတွက် အေးမြခြင်းကို ဆောင်ကြဉ်းပေးမှာပါ 💜
🥰 နံ့သာဖြူရဲ့ သဘာဝအစွမ်းကြောင့် လိမ်းလိုက်တာနဲ့ အသားထဲထိ အေးမြသွားစေပါတယ်
😴 နူးညံ့တဲ့အနံ့လေးက စိတ်ကိုကြည်လင်စေပြီး ကလေးငယ်တွေကိုရော လူကြီးတွေကိုပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်
✅ ဘေးထွက်ဆိုးကျိုးအတွက် ပူစရာမလိုဘဲ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်
မိသားစုဝင်တိုင်း အေးအေးချမ်းချမ်း အနားယူနိုင်ဖို့ Dr. Lone နံ့သာဖြူလိမ်းဆေးဘူးလေးကို ဆောင်ထားလိုက်ရအောင် … 💜
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #နံ့သာဖြူလိမ်းဆေး #အပူဒဏ် #အိပ်မပျော်
18/03/2026
ညောင်းညာကိုက်ခဲမှုတွေကြောင့် အိပ်ရေးမပျက်ပါစေနဲ့
Dr. Lone တိုင်းရင်းဆေးကပ်ခွာလေးနဲ့အတူ တစ်ညတာလုံး နှစ်ခြိုက်စွာ အနားယူပြီး မနက်ခင်းကို အပြုံးနဲ့ ကြိုဆိုလိုက်ပါ 🥰
🌙 Dr. Lone - တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးဖို့ အမြဲအသင့်ပါ
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး #နှစ်ခြိုက်စွာအိပ်ပျော်ဖို့
14/03/2026
ဟင်းချက်ရင်း၊ အိမ်အလုပ်လုပ်ရင်း ညောင်းညာတာတွေကြောင့် စိတ်မညစ်ပါနဲ့တော့!
အိမ်ရှင်မတစ်ယောက်ရဲ့ တစ်နေ့တာက မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်တာများတယ် မဟုတ်လား
မတ်တပ်ရပ်တာကြာလို့ဖြစ်ဖြစ်၊ အလေးအပင်မလို့ဖြစ်ဖြစ် ပုခုံးနဲ့ ကျောပြင်တွေ ညောင်းညာကိုက်ခဲလာတဲ့အခါ …
Dr. Lone တိုင်းရင်းဆေးကပ်ခွာရှိရင် အားလုံးအိုကေပြီပေါ့ 😉
• ကပ်ထားရုံနဲ့ နာကျင်ကိုက်ခဲမှုကို အမြန်ဆုံး သက်သာစေတယ်
• အလုပ်မပျက်ဘဲ လှုပ်ရှားသွားလာလို့ရလို့ အိမ်ရှင်မတွေအတွက် အသင့်တော်ဆုံးပဲ
နူးညံ့တဲ့ အထိအတွေ့နဲ့အတူ ညောင်းညာမှုကို နှုတ်ဆက်လိုက်ရအောင် … 👋🏻👋🏻
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး #အိမ်ရှင်မတို့အတွက်
10/03/2026
"ပူအိုက်တဲ့ ရာသီမှာတောင် လန်းဆန်းကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ..." 🤔✨
နွေရာသီမှာ အသားအရေ ညိုညစ်သွားမှာကို စိုးရိမ်နေပါသလား?
အဆီပြန်ပြီး ဝက်ခြံတွေ ထွက်လာမှာကို ကြောက်နေပါသလား?
နံ့သာဖြူရဲ့ အေးမြတဲ့ ဂုဏ်သတ္တိဟာ အပူကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်
Dr. Lone ရဲ့ နံ့သာဖြူလိမ်းဆေးကို ပုံမှန်လိမ်းပေးရုံနဲ့ အသားအရေက အတွင်းပိုင်းထိ အားဖြည့်ပေးပြီး ကြည်လင်ဝင်းပတဲ့ အလှတရားကို ရရှိမှာပါ
နွေအပူကို နံ့သာဖြူနဲ့ အနိုင်ယူလိုက်ရအောင်! 💪☀️
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #နံ့သာဖြူလိမ်းဆေး #နွေအပူ
03/03/2026
ဒူးနာ၊ ခါးနာ၊ ဇက်ကြောတက်တာတွေအတွက် ဆေးလိမ်းစရာမလိုဘဲ ချက်ချင်းသက်သာစေဖို့ Dr. Lone ရှိတယ်!
ဆေးနံ့ပြင်းပြင်းတွေနဲ့ ဆေးလိမ်းရတာ စေးကပ်ကပ်ဖြစ်လို့ စိတ်ညစ်နေပါသလား?
လက်မပေ၊ အင်္ကျီမပေဘဲ ထိရောက်တဲ့ဒဏ်ကျေကပ်ခွာလေးနဲ့ မိတ်ဆက်ပေးပါရစေ
• သဘာဝဆေးဖက်ဝင်အပင်များနဲ့ ဖော်စပ်ထားလို့ ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပါဘူး
• ကပ်လိုက်တာနဲ့ နာကျင်မှုကို အမြန်ဆုံး သက်သာစေပြီး အကြောအခြင်တွေကို ပြေလျော့စေတယ်
• ကပ်ခွာအမျိုးအစားဖြစ်လို့ နေရာမရွေး၊ အချိန်မရွေး သယ်ဆောင်အသုံးပြုရ လွယ်ကူတယ်
အသက်ကြီးပိုင်း မိဘဘိုးဘွားတွေတင်မကဘဲ တစ်နေကုန် ကွန်ပျူတာရှေ့ထိုင်ရသူတွေ၊ အလေးအပင်မသူတွေအတွက်လည်း ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးလေးတစ်ခုပါ … 💜
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး #လိမ်းစရာမလို #ကပ်ရုံပဲ
28/02/2026
ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ရလွန်းလို့ ဇာတ်ကြောတွေ တောင့်တင်းနေပြီလား?
အလုပ်ကို အာရုံစိုက်နေရင်းကနေ ရုတ်တရက် ဇာတ်ကြောက တက်လာပြီဆိုရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အလုပ်က ခရီးမတွင်တော့ပါဘူး
Office Syndrome ကြောင့် ဖြစ်ရတဲ့ ဇာတ်ကြောတက်တာ၊ ပခုံးနာတာတွေဟာ သင့်ရဲ့ တစ်နေ့တာကို အနှောင့်အယှက်ပေးနေပြီဆိုရင် …
✅ ဒေါက်တာလုံးဒဏ်ကျေကပ်ဆေး ရှိပါတယ်
• ကပ်လိုက်တာနဲ့ နာကျင်နေတဲ့နေရာကို တိုက်ရိုက်ထိရောက်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်
• အသားကပ် ဒီဇိုင်းဖြစ်လို့ အဝတ်အစားအောက်မှာ ကပ်ထားလည်း သိသာခြင်းမရှိဘဲ အလုပ်ထဲ အာရုံအပြည့်သွင်းလို့ရပြီပေါ့
နာကျင်မှုကို အောင့်အီးသည်းမခံပါနဲ့ဒေါက်တာလုံးနဲ့အတူ ပေါ့ပါးတဲ့ အလုပ်ခွင်ကို ပြန်လည်ပိုင်ဆိုင်လိုက်ပါ 💪🏻💪🏻
#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
