moti direct

moti direct

Share

Wholesale & retail

17/04/2026

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတယ်။ မိမိတို့ရဲ့ ဘဝခရီးကို ဖြတ်သန်းတဲ့အခါမှာလည်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူတရားတွေ လွှမ်းမိုးခြင်းမခံရဘဲ အသိဉာဏ် (ပညာ) ကို ရှေ့ထားပြီး ဆင်ခြင်တုံတရားနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။

နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး ဘယ်လိုလောကဓံမျိုးနဲ့ ကြုံရပါစေ၊ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့ ကျော်ဖြတ်နိုင်ကြပါစေ။ မိမိတို့ ပြုလုပ်သမျှသော အလုပ်ကိစ္စတိုင်းမှာလည်း အတ္တကို ရှေ့မထားဘဲ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် စေတနာကောင်းတွေနဲ့ အောင်မြင်မှုကို ရယူနိုင်ကြပါစေ။ အဓိကကတော့ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ ရှိတဲ့ ကိုယ်ကျင့်တရား (သီလ) ကို မြဲမြံအောင် ထိန်းသိမ်းခြင်းဖြင့် ဘေးကင်းလုံခြုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ငြိမ်းအေးစွာ အသက်ရှင်နေထိုင်နိုင်ကြပါစေလို့ အလေးအနက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ဆုတောင်း2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်ကူး #မေတ္တာ #အေးချမ်းမှု #တရားတော် #ဘဝခရီး #ဓမ္မရသ crd Buddha mudra

Photos from moti direct's post 16/04/2026

ကလေးတွေကို ရှင်းပြ ဖို့လွယ်‌သွားပြီ။
မင်္ဂလာတရားလေးပါး
ဗျသနတရားငါးပါး
မဂ္ဂင်ရှစ်ပါး
ရန်သူမျိုး ငါးပါး
ဗြဟ္မစိုရ်တရား လေးပါး
သစ္စာတရား လေးပါး
ဝိပတ္တိတရား ၄ပါး🙏

◾လိုအပ်သလို အသုံးပြုနိုင်ပါတယ်

✨ကလေး‌လေး‌တွေကို ပြန်ရှင်းပြဖို့အတွက်‌ရော မသိသေးတဲ့သူ‌တွေအတွက်ရော ဒီပုံလေးတွေက
သဘောပေါက်နားလည်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်🙏



အားလုံးကို ေးပါသည်၊၊

22/01/2026

ဘာပဲလိုလို ဆုတစ်ခုပဲတောင်းပါလေ ရှယ်ပြီးကောင်းတာပြောပါ လုပ်ပါလေ

လင်းညှို့တာရာ

18/01/2026

" ပျားစွဲသောမုတ်ဆိတ် ဓာတ်ဘိသိတ်ပန်းချီ "

သင်ဒါကိုမြင်လျှင် ရှယ်ပါ အကောင်းဆုံးသော အရာများ ၊ အခွင့်ရေးကောင်းများ ရရှိပေလိမ့်မည် စည်းစိမ်ချမ်းသာကောင်းများ ပြည့်စုံပြီး ရွှေငွေများ ပေါကြွယ်၍ ထမင်းရည်ချောင်းစီး မောင်းတီးကာ အလှူတွေပေးနိုင်တော့မည့် ဓာတ်နိမိတ်ဗျာ။

မှန်ဘောင်သွင်း၍ မင်္ဂလာကျက်သရေပြည့်စုံသော စကားများ ဂါထာများရွတ်ဖတ်ပီး ချိတ်စွဲထားပါက မိမိတို့၏ မိသားစု စီးပွားရေး လုပ်ငန်းဆောင်တာများတွင် အခွင့်အရေးကောင်းများ အခြေအနေကောင်းများ ကံကောင်းမှုများ သတင်းကောင်းများ ကြုံလာစေသည်သာမက စားဝတ်နေရေးအတွက် ပူပန်သောကလည်း ကင်းဝေးသွားပါလိမ့်မည်။

လင်းညှို့တာရာ

Online Professional English Network (OPEN) Alumni Community of Practice 07/01/2026

‼️‼️ အမေရိကန် အစိုးရကိုယ်တိုင် ထောက်ပံ့ထားတဲ့ အဂ်လိပ်စာ အခမဲ့ အတန်း အခု ဖွင့်လိုက်ပါပြီ… ( သင်တန်းကြေး + သင်တန်းဆင်းလက်မှတ် အခမဲ့)

Online Professional English Network ( OPEN) အစီစဉ်ကို အမေရိကန် အစိုးရက ထောက်ပံ့ပေးထားပါတယ်..

ဒီ အစီစဉ်မှာ အဂ်လိပ်စာနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ကျောင်းသားတွေအတွက် သာမက ဆရာတွေ အတွက်ပါ ရည်ရွယ်ပြီး ဖွင့်ထားတာပါ…

အမြဲတမ်းဖွင့်ထားတဲ့ အတန်း မဟုတ်ဘဲ သတ်မှတ်ကာလမှာ စာရင်းသွင်းထားမှသာ တက်ခွင့်ရမှာ ဖြစ်ပါတယ်…

အခု ဖွင့်လိုက်တဲ့ အတန်း ၃ တန်းကတော့

👉English for Business and Entrepreneurship
👉English for Tourism Professional
👉English for Career Development

စပြီး စရင်းသွင်းရမယ့်ရက်က ဇန်နဝါရီလ ၅ ရက် ကနေ မတ်လ ၂၃ ရက်အတွင်း ဖြစ်ပါတယ်ဗျ…

သင်တန်းကြေး အခမဲ့ အပြင် စစ်ဆေးမှုတိုင်းမှာ သတ်မှတ်ထားတဲ့ အမှတ်ရရင် သင်တန်းဆင်းလက်မှတ်ပါ အခမဲ့ ထပ်ရမှာပါ…။

ဒီလို အခွင့်အရေးဆိုတာ အမြဲတမ်း မရလို့ အခုချိန်ရတုန်း လက်ဦးမှု ယူထားလိုက်ပါ…။

ပေးထားတဲ့ Link ကို ဝင်ပါ။

ကျွန်တော်တို့ဆီမှာ အဂ်လိပ်စာနဲ့ ပတ်သက်တဲ့ အတန်းတွေကို အခြေခံကစပြီး စနစ်တကျ သင်ယူလို့ရပါပြီ။ သင်တန်းတက်ချင်တဲ့ သင်တန်းသားတွေ အနေနဲ့ သင်တန်းအသေးစိတ်ကို Messenger မှာ လာပြီး စုံစမ်းလို့ရပါတယ်..။

https://openenglishcommunity.org/page/massive-open-online-courses-moocs?fbclid=IwRlRTSAPJ5jNleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEegcWe3KfjT3Ax2LNvNmjIfYxyZdC57FypIkNP3FJIxc8rZs7e0bLWzST6KTs_aem_tmQ_bA_Zmd1qYtgMzn4AxA

Online Professional English Network (OPEN) Alumni Community of Practice The Online Professional English Network (OPEN) Program is sponsored by the U.S. Department of State with funding provided by the U.S. government and administered by FHI 360.

Photos from moti direct's post 25/04/2025

Aftershock အပီး အကြောင်း Knowledge sharing

Rebound Hammer Test (သို့မဟုတ်) Schmidt Hammer Test ဆိုတာက ကွန်ကရစ်ရဲ့ ကျစ်လစ် ခိုင်မာမှု ဖိအားခံနိုင်မှု(Compressive Strength) ကို အလွယ်တကူ အနီးစပ်ဆုံး တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို
Non-destructive Test (NDT) ဖြစ်တဲ့အတွက်ကြောင့် အဆောက်အဦမှာရှိတဲ့ကွန်ကရစ်ကို ဖျက်စီးစရာမလိုဘဲ ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ RHT စနစ်ဟာအသုံးများပြီး Engineers တွေနဲ့ အဆောက်အဦ ပိုင်ရှင်တွေအတွက် အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦရဲ့ ကွန်ကရစ်ခိုင်မာမှု (Concrete Strength) နဲ့ ပျက်စီးမှုအခြေအနေ (Damage Assessment) ကို အမြန်ဆန်ဆုံးစစ်ဆေးရန် Rebound Hammer Test ကို အသုံးပြုနိုင်ပါသည်။ အားသာချက်များ၊ ကန့်သတ်ချက်များနှင့် လက်တွေ့အသုံးချနည်းများကို အောက်မှာအသေးစိတ်ပြောပေးသွားပါမယ်။

၁။ Rebound Hammer အလုပ် လုပ်ပုံ........................................................
ပထမဦးဆုံး Rebound Hammer Test အလုပ် လုပ်တဲ့ပုံကို အနည်းငယ်ရှင်းပြပေးပါမယ်။
ကို ကွန်ကရစ်မျက်နှာပြင်ပေါ်သို့ ထောင့်မတ်ကျစွာ (90°) ဖိထားပါ။
Plunger (စနက်တံ) ကို ဖိအားပေးပြီး Release လုပ်လိုက်ပါက Hammer ပြန်ခုန်လာ ပါမယ်။
ကွန်ကရစ်ရဲ့ မာကျောမှုပေါ်မူတည်ပြီး Rebound Value (R) ကို Hammer က ဖော်ပြပေးပါလိမ့်မယ်။ Rebound Value (R) ကို ကြည့်ပြီး Compressive Strength (MPa or psi)ကို တွက်ချက်နိုင်ပါတယ်။ ကွန်ကရစ်ရဲ့ ကျစ်လစ်ခိုင်မာမှု၊ ဖိအားဒဏ် ခံနိုင်မှုကိုဆိုလိုတာပါ။

Rebound Hammer သည် Spring-Loaded Mass System ဖြင့်အလုပ်လုပ် ပြီး Plunger ကို ဖိအားပေးပစ်လိုက်သောအခါ ရရှိလာတဲ့
Rebound Distance ကိုတိုင်းတာခြင်းစနစ်ဖြစ်ပါတယ်။ Rebound Value (R) သည် ကွန်ကရစ်၏ Surface Hardness နှင့် Elasticity အရခိုင်မာသောကွန်ကရစ်တွင် Rebound Value မြင့်လေ့ရှိပါတယ်။

၂။ Rebound Hammer အမျိုးအစား......................................................
ဆောက်လုပ်ရေးတွင်အသုံးပြုသော rebound hammers အမျိုးမျိုးရှိပါတယ်။

Standard Rebound Hammer (Type N) 2.207 Nm (Normal) :
အသုံးအများဆုံးအမျိုးအစားဖြစ်ပြီး ခိုင်မာသောကွန်ကရစ်များ(ပုံမှန်အားဖြင့် 10 MPa မှ 70 MPa အတွင်း) ကို စမ်းသပ်ရန်အတွက် အသုံးပြုပါတယ်။ ပုံမှန် အဆောက်အဦတွေနဲ့ လူနေအိမ် စမ်းသပ်မှုများအတွက်ပါ။

Low-Strength Rebound Hammer (Type L) 0.735 Nm (Low) :
ပုံမှန်အားဖြင့် 10 MPa အောက် ကွန်ကရစ်ကို စမ်းသပ်ရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။ပြန်ပြီး ပြုပြင် ထားတဲ့ကွန်ကရစ်များ၊ ကွန်ကရစ်အဟောင်းများ နဲ့ ကွန်ကရစ် Grade အဆင့်နိမ့်သည့် အခြေအနေများအတွက် အသုံးပြုနိုင်ပါတယ်။
High-Strength Rebound Hammer (Type S) 29.43 Nm (High) :
ဤအမျိုးအစားကို ပုံမှန်အားဖြင့် 70 MPa အထက်တွင် ကျစ်လစ် ခိုင်ခန့် အားကောင်းသည့် ကွန်ကရစ်
များအား စမ်းသပ်ရန်အတွက် အသုံးပြုပါတယ်။ အထပ်မြင့် အဆောက်အအုံများ သို့မဟုတ် တံတားများ ကဲ့သို့သော နေရာများတွင် အသုံးပြုထားတဲ့ Grade မြင့် ကွန်ကရစ် များ တိုင်းတာရာမှာအသုံးပြုပါတယ်။

၃။ စစ်ဆေးစမ်းသပ်ရန်အတွက်ပြင်ဆင်ခြင်း............................................................

ကွန်ကရစ်မျက်နှာပြင်အခြေအနေလိုအပ်ချက်အရသန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။ **ယုံကြည်စိတ်ချရသော ရလဒ်များအတွက် မှန်ကန်သော မျက်နှာပြင်ပြင်ဆင်မှုသည် မရှိမဖြစ်လိုအပ်ပါတယ်* ။ အရင်ဆုံး ဖုန်၊ ကျောက်စရစ်ခဲများ၊ Plaster များကို ရှင်းလင်းပါ။ ကွန်ကရစ်မျက်နှာပြင်ကို ချောမွေ့အောင် Grinding Wheel ဖြင့်သန့်စင်ပါ။ အက်ကြောင်းများကို မထိမိစေရန် သတိထားပါ။စမ်းသပ်မယ့် Concreteမျက်နှာပြင်သည် ညီညာနေရန်လိုပါတယ်။ စိုထိုင်းဆ (moisture) ရှိနေရင် ခြောက်သွေ့အောင်လုပ်ပေးဖို့လိုအပ်ပါတယ်။ စိုထိုင်းဆ များနေရင် Rebound Value ကျဆင်းတက်ပါတယ်။ Temperture 10°C ~40°C အတွင်း Testing လုပ်နိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

၄။စစ်ဆေးစမ်းသပ်ခြင်း.................................

Rebound Hammer ကို Calibrate လုပ်ခြင်း
Calibration Anvil ပေါ်မှာ စမ်းသပ်ပြီး တိကျမှုကို
အရင်စစ်ဆေးရပါမယ်။တခါတလေမှာ အလုပ် မလုပ်တဲ့ Rebound Hammer တွေ ကြုံရတက်လို့ပါ။ ထို့နောက် Concrete တစ်နေရာတည်း ကို အနည်းဆုံး 10 ခါ စမ်းပြီး ပျမ်းမျှ Rebound Value ရှာသင့်ပါတယ်။ Column, Beam, Slab ကဲ့သို မတူညီတဲ့နေရာများစွာမှာ စမ်းသပ်ပါ။

Honeycomb, Crack နှင့် မညီညာသောနေရာများကို Testing မလုပ်သင့်ပါ။ ထောင့်မတ်ကျစွာ (90°)ဖိထားရန် အရေးကြီးပါတယ်။

ကွန်ကရစ်သက်တမ်း (၇)ရက်ထက် မနည်းသော ကွန်ကရစ်ကိုသာ တိုင်းပါ။ Early Age Concrete တွင် Rebound Value မတည်ငြိမ်ပါ။ကွန်ကရစ်ခိုင်မာမှုကို (၂၈) ရက် ပြည့်မှသာ တိကျစွာတိုင်းတာခြင်းသည် အကောင်းဆုံး ပါ။

** #ငလျင်ဒဏ်ခံ ထားရတဲ့ အဆောက်အဦတွေမှာအဓိကအားနည်းနိုင်သော အစိတ်အပိုင်းများ ဖြစ်တဲ့ ကော်လံ (Columns) (အထူးသဖြင့် အောက်ခြေနှင့် အပေါ်ဆုံးအဆက်နေရာများ။
Beams များတွင် ငလျင်ဒဏ်ကို အများဆုံးခံရသော အဆစ်နေရာများ ဖြစ်တဲ့
(Beam-Column Joints) နေရာများ။

နရံများတွင် (Shear Walls)၊ အက်ကြောင်းများရှိသော နေရာများ ဖြစ်တဲ့ နေရာများ ၊ ဥပမာ ကြမ်းပြင်/မျက်နှာကြက်ပြား /အခန်း
နံရံများ။
Slabs – ကွဲအက်နေသော နေရာများ ကို သေချာစွာ စစ်ဆေးစမ်းသပ်ပေးရပါမယ်။

၅။ကွန်ကရစ်အရည်အသွေးကိုခန့်မှန်းခြင်း.........................................................
Rebound Value (R) ကို ကြည့်ပြီး

R < 20 အောက်ဆိုပါက Poor အလွန်အားနည်းပြီး ပြုပြင်ရန် လိုအပ်ပါသည်။နေထိုင်ရန်မသင့်ပါ။
R = 20 ~30 အတွင်းဆိုပါက Normal ပုံမှန်ခိုင်မာမှုရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။
R =30 ~40 အတွင်းဆိုပါက Good ကောင်းတဲ့အခြေအနေ ဖြစ်ပါတယ်။
R >40 အထက်ဆိုပါက Very Good အရမ်းကောင်းတဲ့ ကွန်ကရစ်သား ဖြစ်ပါတယ်။

Rebound Value နိမ့်သော နေရာများရင် အတွင်းပိုင်း ပျက်စီးနိုင်ချေရှိပါတယ်။

၆။ Rebound Hummer Test အားသာချက်များ..................................... ................ ............

(က) အဆောက်အဦအိုမင်းမှုသက်တမ်းကိုစစ်ဆေးနိုင်ခြင်း
(ခ)ဆောက်လုပ်ပြီးသား အဆောက်အဦးများရဲ့
ကွန်ကရစ်အရည်အသွေး စစ်ဆေး၍အားနည်းနေတဲ့ နေရာတွေကို ရှာဖွေနိုင်ပါတယ်။ပြုပြင်ဖို့လိုတဲ့နေရာတွေကို ခန့်မှန်းလို့ရနိုင်ပါတယ်။
(ဂ) Quality Control အနေနဲ့ ဆောက်လုပ်နေစဉ် ကာလအတွင်းမှာလဲ ကွန်ကရစ်အရည်အသွေးကို စောင့်ကြည့်နိုင်ပါတယ်။

(ဃ) လေ့ကျင့်မှု ( Training )အချိန်အတိုင်းအတာ အနည်းငယ် အတွင်းမှာ သင်တန်းပေးပြီး အသုံးပြုနိုင်ပါတယ်။စျေးသက်သာ​ပြီးကုန်ကျစရိတ်နည်းစေပါတယ်။အချိန်ကုန်သက်သာ၍ တစ်နေရာလျှင် (၁၀) မိနစ်ထက်မပိုဘဲ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

(င) Non-Destructive စနစ်ဖြစ်၍ ဖြိုချရန်မလိုအပ်ပဲ အမြန်ဆုံး စစ်ဆေးနိုင်သည်။ ပထမအဆင့် ဆန်းစစ်ခြင်း အဖြစ် ပိုမိုတိကျသော စစ်ဆေးမှုများမပြုလုပ်မီ (Core Test, UPV, Rebar Detector) မပြုလုပ်မီ Screening Tool အဖြစ်အသုံးပြုနိုင်ပါတယ်။

၇။ကန့်သက်ချက်များ................................

(က) ငလျင်ဒဏ်ခံအဆောက်အဦများတွင် အတွင်း
Rebound Hammer သည် Concreteမျက်နှာပြင်အနီးရှိ ခိုင်မာမှုကိုသာ တိုင်းတာ ပေးနိုင်ပါတယ်။
ကွန်ကရစ်၏ မျက်နှာပြင် မာကျောမှု (Surface Hardness)တိုင်းတာသော်လည်း အတွင်းပိုင်း
ခိုင်ခံ့မာကြောမှု ကို မတိုင်းတာနိုင်ပါ။ အထူးသဖြင့် အတွင်းပိုင်းတွင် ပျက်စီးသွားခြင်း နဲ့ အက်ကွဲမှုများရှိနေခြင်း မစမ်းသပ်နိုင်ပါ။ကွန်ကရစ်၏ 20mm–50mm အနက်အထိသာသက်ရောက်မှုရှိပါတယ်။
အဆောက်အအုံရဲ့အလုံးစုံကြံ့ခိုင်မှုကို တိကျစွာ ထင်ဟပ်နိုင်မည်မဟုတ်ပါ။

(ခ)Rebar နှင့် Formwork ​installation အားနည်းချက်များအရ သံချောင်းနှင့်နီးသော နေရာများတွင် Rebound Value မှားယွင်းနိုင်ပါတယ်။
အတွင်းအက်ကြောင်းများ (Internal Cracks) ဖြစ်ခြင်း၊ လေခိုနေခြင်း (Voids/Air Pockets) ၊ သံချောင်းချေးတက်ခြင်း (Rebar Corrosion တို့ကိုလည်း စမ်းသပ်၍မရပါ။

(ဂ) Rebound Hammer Test သည် ခန့်မှန်းတွက်ချက်မှုသာ ရရှိနိုင်ပြီး ( Core Test) ကဲ့သို တိကျသော Compressive Strength ကိုတွက်ချက်ပေးဖို့ လိုအပ်ချက်ရှိပါတယ်။

(ဃ) စမ်းသပ်မှုအခြေအနေများအလိုက်
ရလဒ်များသည် မတူညီမှု ဖြစ်ပေါ်တက်ပါတယ်။ ဥပမာ Rebound Hammer ကို အသုံးပြုမယ့်
အော်ပရေတာ ရဲ့ ကျွမ်းကျင်မှု နှင့် ပတ်ဝန်းကျင်အပူချိန် ၊ စိုထိုင်းဆ ကဲ့သို့သော အခြေအနေ များသည် ရလဒ်များကို အများကြီးသက်ရောက်
လွှမ်းမိုးနိုင်ပါတယ်။ ဆိုလိုသည်မှာ ရလဒ်များသည် မတူညီသောစမ်းသပ်သူများ နဲ့ စမ်းသပ်တဲ့ပတ်ဝန်းကျင်များကြားတွင် ကွဲပြားနိုင်ပါတယ်။

(၈) နိုင်ငံတကာစံချိန်စံညွှန်းများ.................................................
International စံချိန်စံညွှန်းများအဖြစ်
ASTM C805 – Rebound Hammer Test Standard Method
IS 516:1959** – Indian Standard for Concrete Testing
BS EN 12504- – European Standard တို့ကို သက်မှတ်ပေးထားပါတယ်။

(၉) အနှစ်ချုပ်..........................

Rebound Hammer Test ဟာကွန်ကရစ်ခိုင်မာမှုကို အလွယ်တကူ ခန့်မှန်းတဲ့ နည်းဖြစ်ပြီးအသုံးများတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ အရည်အသွေးစစ်ဆေးခြင်း (QC) အတွက် ထိရောက်ပါတယ်။
ငလျင်ဒဏ်ခံရထားတဲ့အဆောက်အဦများအတွက် အရေးကြီးသော Preliminary Assessment Tool ဖြစ်သော်လည်း ပို၍ Safe ဖြစ်စေရန် ၊
အတိအကျဆုံးရလဒ်ရရှိရန် အခြားစမ်းသပ်နည်းများနှင့် ပေါင်းစပ်အသုံးပြုဖို့​လိုအပ်ပါသည်။

အတိအကျဆုံးရလဒ်ရရန် အတွက် Core Test စစ်ခြင်း( တိကျသော Compressive Strength ရရှိရန် စစ်ခြင်း)၊ Ultrasonic Pulse Velocity Test (UPV) ကွန်ကရစ်အတွင်းပိုင်း ပျက်စီးမှုကို စစ်ဆေးခြင်း၊Rebar Detector သံချောင်းပျက်စီးမှုကို စစ်ဆေးခြင်း ၊ Visual Inspection အက်ကြောင်း၊ ကွဲအက်မှုများကို မျက်မြင်စစ်ဆေးခြင်း၊ Impact-Echo Test အတွင်းပိုင်း Void နှင့် Delamination များကို ရှာဖွေခြင်း၊
Ground Penetrating Radar (GPR) နံရံများ ကြမ်းပြင်များ သို့မဟုတ် ဖောင်ဒေးရှင်းများကို ပျက်စီးမှုတစ်စုံတစ်ရာမဖြစ်စေဘဲ မူလ Structure
Design မှ ကွဲလွဲချက်များ ကို ရှာဖွေခြင်း စတဲ့
နည်းပညာများနဲ့ ပေါင်းစပ်အသုံးပြုသင့်ပါတယ်။
အခြားသောနည်းပညာများလဲ ရှိကောင်းရှိနိုင်ပါတယ်။ ဖြည့်စွက်ရေးသားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်..
အန္တရာယ်ရှိတဲ့ အဆောက်အဦများ၊ ပြိုကျနိုင်ခြေရှိသော နေရာများမှာ Protocol များကို လိုက်နာဖို့လိုအပ်ပါတယ်။ ငလျင်ဒဏ်ခံ အဆောက်အဦများအတွက် Engineers အသင်းအဖွဲ့များ၊ ငလျင်ပညာရှင်များ ၊ တာဝန်ရှိသူများနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချဖို့ အထူးတိုက်တွန်းပါတယ်။

Senior များ နဲ့ လုပ်ဖော်ကိုင်ဖက် Engineers များအားလုံးကိုလေးစားလျက် 🙏

ငလျင်ဘေးအန္တရာယ်မှ အမြန်ဆုံးလွတ်မြောက်ကြပါစေ..🙏

စာသား Credit # ဆရာမဆု (BE (Civil))

16/04/2025

" အတက်နေ့မှစပြီး ဆုတောင်းပြည့်ရေစင်ကနေ ဆုတောင်းတွေပြည့်ကြစေ "

မြင်သည်လျှင်ဆုတောင်းပြီး ရှယ်ပါလေ။ ရွှေရေတံခွန်ဓာတ်ပန်းချီဖြစ်သည်။ ကျွန်ုပ်တို့အနားတွင်ရှိသော မမြင်ရသည့် စွမ်းအင်များထံသို့ ဆုတောင်းများပို့ပါ ယုံကြည်စွာဆုတောင်းပါဘာမဆိုဆုတောင်းပါ လုပ်စရာရှိတာလည်းလုပ် ဆုလည်းတောင်းကွယ် ရက်ပိုင်းအတွင်း ပြည့်ပါလိမ့်မယ်ဗျာ။ သင်္ကြန်ကာလမှာ စိတ်ကြည်ကြည်လေးထား အကြည်ဓာတ်မပျက်စေနဲ့ ကိုယ့်စိတ်ကို ပျက်စီးအောင်လုပ်နေတဲ့သူတွေရဲ့အဝေးမှာနေဗျာ။ စိတ်ကို အဆိပ်မခတ်နဲ့ ခတ်တဲ့သူတွေနဲ့လည်း မနေနဲ့။

လင်းညှို့တာရာ

05/03/2025

သင်ယခု ဒီအန်းကုန်းဘိုးဘိုးကိုမြင်တဲ့အချိန်မှာ

ခြေထောက်တချောင်းပေါ်တချောင်းထပ်ထားမိနေပါလိမ့်မယ်။

ကိုယ်တိုင်လဲ အဲ့လိုဖြစ်လို့ပြန် sharing ပြုလုပ်ပေးလိုက်တာပါ။

ရဲရဲကြီးသာ share လိုက်ပါ
ဒါဆိုရင်တော့ သိပ်မကြာခင်အချိန်အတွင်း သင်ကံကောင်းလာတော့မယ့်နိမိတ်ဖြစ်ပါတယ် ငွေဝင်ကြမ်းလာတော့မှာဖြစ်ပါတယ်

အားလုံးကျန်းမာ ချမ်းသာပါစေသော်

use ur 🧠

07/02/2025
Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Corner Of 66 Road & 133 Street
Mandalay