NATTY MOMA
ETERNAL OF STYLE
12/07/2023
ရန်ကုန်ရောက်ရင် maw yon cafe ကိုသွားဖို့က bucket listလေး
မော်ရုံရောက်ပြီးတဲ့အခါမှာတော့ အသက်ကြီးတဲ့အခါ မော်ရုံလိုရပ်ဝန်းတခုပိုင်ဆိုင်ရဖို့က life goal ဖြစ်သွားတယ် 🍃🍂🌼
ဒီpostက review ဘာညာရေးတာမဟုတ်ပါဘူး
ပြောမပြတတ်ဘူးအဲ့သွားရင်ဘာရမယ်ဆိုတာကို ဘာလို့ဆို အကုန်ရသွားလို့ 😅
ဒီတိုင်း အလှပုံလေးရိုက်ဖို့ lighting ကောင်းကောင်း အသားဖွေးဖွေးလေးရမယ့်နေရာတော့မဟုတ်ဘူး
ဒါမယ့်အဲ့လိုနေရာတွေနဲ့ဘာမှမဆိုင်တဲ့ နှလုံးသားကဖြစ်တည်လာသမျှစုစည်းထားတဲ့နေရာတစ်ခု
လူသားဆန်မှုနဲ့နွေးထွေးမှုလည်းရှိတယ်
တဆိုင်လုံးကိုဖန်တီးထားတာက audience လာဖို့ လှအောင်attractive လုပ်ထားတာမဟုတ်ဘူး
နေရာတခုချင်းစီကပစ္စည်းတခုချင်းစီကိုတကယ်သက်ဝင်ခံစားမြတ်နိုးပီးစပ်ဟပ်အသုံးပြုထားတာ ဖန်တီးသူရဲ့ခံစားမှုကိုအမှီလိုက်နိုင်မှတကယ်ကြိုက်နိုင်မယ့်နေရာ
အပတ်တိုင်းရဲ့ရက်တိုင်းမှာ ဆိုင်ရှင်နဲ့စျေးဝယ်ဆိုတဲ့ကန်သတ်ချက်မျိုးနဲ့မဟုတ်ပဲကြည်ရွှင်စရာလေးတွေအမြဲဖန်တီးနေတဲ့နေရာ
ဆရာ နေမျိုးဆေး သူဖန်တီးထားတဲ့နေရာလေးမှာ သူစိတ်ပါသမျှကို ပါသလိုထိုင်လုပ်နေတာမြင်ရတာ တအားကိုအားကျဖို့ကောင်းတာ
ဒီကိုရောက်မှ စိတ်ကူးပုံဖော်မှုတွေအတွက် ပိုက်ဆံအပြင်အခြားသောအရေးကြီးတာတွေရှိသေးတာသိရတယ်
ကျနော်လည်း ဆရာနေမျိုးလိုအသက်အရွယ်ရောက်ရင် မော်ရုံလိုရပ်ဝန်းလေးတခုပိုင်ဆိုင်ချင်တယ်
ပုံတင်ဖို့ပဲပေမယ့် တကယ်meltedဖြစ်ခဲ့တဲ့နေရာလေးမို့ အမှတ်တရဖြစ်အောင် blogမှာလာတင်လိုက်တာပါ🤭
See ya in next blog♥️🫶
Have a good day ♥️
22/06/2023
💋နှုတ်ခမ်းနီလှလှလည်းဆိုးချင် အစားလည်းအားရပါးရစားချင်တဲ့foodieလေးတွေ ဒီreview လေးကိုဆက်ဖတ်ဖြစ်အောင်ဖတ်ပါ💄
Hello သဲလေးတို့🤎
Chanel ရဲ့ sister company လို့သိကြတဲ့ drug store brand ဖြစ်တဲ့ BOURJOISရဲ့ lipstick လေးက foodie လေးတွေအတွက်အရမ်းအသုံးဝင်ကြောင်း အမှတ်မထင်တွေ့ရှိထားတာလေး လာshareပေးတာပါ🫶
အမှတ်မထင်တွေ့ဆို မာမားမှန်တင်ခုံပေါ်ကတွေ့တာပဲ🤭 ဟီးးးး
မနေ့က အပြင်သွားတော့ outfitကအညိုလေးမို့နှုတ်ခမ်းနီအညိုရှာရင်း မာမားဆီကဒါလေးနဲ့လိုက်မှာဆိုပီးငှါးဆိုးကြည့်ရင်းတအားကြိုက်သွားတာပဲ
ဘာလို့ကြိုက်သွားလဲဆို-
✔️အစာစားရင်းပျက်လည်း ရုပ်ပျက်ဆင်းပျက် ပေပွမသွား 💯 (ရပီ ဒီတခုတည်းနဲ့တင် ဒို့ကကိုးကွယ်လိုက်ပီ 🥹🫶)
✔️နှုတ်ခမ်းလုံးဝမခြောက်
✔️pigmentation အရမ်း(အရမ်း)ကောင်း
✔️blendလို့လွယ်
✔️texture ပါးပါးလေးနဲ့အရောင်မှန်ထွက်
✔️ဖျက်ရလွယ်ကူ
✔️စျေးလည်းသင့် ဒီအချက်တွေကြောင့်ပါ
တခြားဟာအဆင်မပြေချင်နေ ကိုယ်ကအစားငမ်းတဲ့သူ🥹 ပီးတော့နှုတ်ခမ်းနီဆို အရောင်ရင့်တွေနှုတ်ခမ်းအပြည့်ဆိုးတဲ့သူ ဆိုတော့
❌အစာစားတုန်းtissueသုံးတဲ့အချိန် tissue မှာ ထိမိလိုက်တဲ့လက်မှာ သွားတွေမှာ ရုပ်ပျက်ဆင်းပျက်ပေပွကုန်တာမျိုး
❌ဆီနဲ့တွေ့တဲ့အချိန် နှုတ်ခမ်းဘေးတွေပါအရောင်တွေဝေ့တက်သွားတာမျိုး
❌အအေးသောက်ရင်းပိုက်မှာအဖတ်တွေကပ် နှုတ်ခမ်းအလယ်ကြီးတခုတည်းကွက်ပီးကွာကုန်တာမျိုး
❌ဖျက်ချင်တဲ့အချိန်နှုတ်ခမ်းသားတွေပါတွန့်နေအောင်ဆွဲဖျက်ရပီး အရောင်တွေစွဲကျန်နေခဲ့တာမျိုး
အဲ့လိုဟာတွေမဖြစ်တာနဲ့တင်ကိုကြိုက်နေပီ
🤎သူက velvet ဆိုတော့ long lasting မဖြစ်ဖူးနော် ပွတ်ဖျက်ရင်ပျက်တယ် ဒါမယ့် တော်ရုံလည်းမပျက်လွယ်ဘူးရယ် ဆီပါတာတွေအားရပါးရစားမှပျက်တာ ပျက်လည်း အပေါ်ကပြောခဲ့သလိုပဲပေပွမသွားဘူး ဒီတိုင်း appetizer လောက် drinks လောက်စားတာကတော့ နဲနဲမှမရွေ့ဘူး
ပုံတွေက Goldious Mingalar Mandalay မှာ sodaသောက် မုန့်တွေစား စကားတွေများကြီးပြောပီးမှ touch up မလုပ်သေးဘဲရိုက်ထားတာ
အဲ့တာတောင် tired lip ပုံစံဖြစ်မနေဘူး လုံးဝ supportပဲ
အဲ့ကအပြန် မောက်ချိုက်ဝင်စားတာ ဆီတွေတော်တော်များတာကို စားပီးမှန်ကြည့်တဲ့အချိန် လုံးဝ ရုပ်မပျက်သလို စားတုန်းကသုတ်ခဲ့တဲ့တစ်ရှူးတွေမှာလည်းပွစိတတ်ကြည့်မကောင်း ဖြစ်မနေဘူး အဲ့မှာအရမ်းစွဲလန်းသွားပီး foodieတွေအတွက် review ပေးဖို့စိတ်ကူးမိတာ
🤎ကျနော်ဆိုးထားတဲ့အရောင်လေးက No.23 chocolat corset တဲ့
1990 -2000 က ခေတ်စားခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်ဆိုးတဲ့ အညိုရောင်ကွက်တိ
တော်တော်ရင့်လို့ မနေ့ကoutfit လေးနဲ့ contrast မိအောင် Maybelline superstay matte ink ထဲက No.65 seductress ဆိုတဲ့အရောင်လေးနဲနဲစပ်ဆိုးထားတယ်
မာမားဝယ်တာ၂သောင်းစွန်းစွန်းလေးပဲပေးရတယ်ပြောတယ် ဒီစျေးနဲ့ ပြန်ရတဲ့qualityလေးကတန်ပါတယ် brand ကလည်းMade in FRANCE ကိုမှ image ကောင်းပီးသားဆိုတော့သိပ်အထွေထူး review စရာတော့မလိုတော့ပါဘူး
ကျနော့်လို အစားလည်းအရမ်းငမ်း အလှလည်းအရမ်းမက်သူလေးတွေအတွက် sharing လုပ်ပေးလိုက်ပါတယ်ရှင့်🤎
Have a good day✨
15/06/2023
“Collagen သောက်ရုံနဲ့ အသားမဖြူနိုင်ပါဘူး”
မင်္ဂလာပါသဲလေးတို့ရေ ♥️
ဒီနေ့တော့ ကျနော် beauty myth article(အလှအပယုံတမ်းစကားအကြောင်း) လေးတခုsharing လုပ်ပါမယ် အဲ့ဒါလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ collagen ဟာအသားဖြူစေတယ်ဆိုတဲ့ လွဲမှားတဲ့အယူအဆလေးအကြောင်းပါ
ဆိုတော့ ကျနော် collagen အကြောင်းနဲ့ ခန္ဓာကိုယ်ဘာကြောင့်collagen လိုသလဲ Collagenကဘာလို့အသားမဖြူစေနိုင်တာလဲ ဆိုတာလေးတွေအောက်မှာဆက်ပြောပေးမှာမို့ ဆက်ဖတ်ပေးပါဦးရှင့်🫶
🧬Collagen ဆိုတာ ကျနော်တို့ခန္ဓာကိုယ်မှာအရင်တည်းကရှိနှင့်ပီးသား proteinတမျိုးပါ collagen ကခန္ဓာကိုယ်တည်ဆောက်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့အတွက် တကိုယ်လုံးမှာရှိတဲ့ protein ဓာတ်အားလုံးရဲ့ 25% ကနေ 35% ထိ အရေးပါတဲ့ဓာတ်တမျိုးပါ
ကျနော်တို့ အသက်၂၀ ကျော်တာနဲ့ ခန္ဓာကိုယ်မှာ collagen ထုတ်လွှတ်နှုန်း တနှစ်ကို 1%စီလျော့နည်းလာပါတယ် အဲ့လိုလျော့နည်းလာတာက ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆို-
-အိုမင်းရင့်လျော်မှုကိုဖြစ်စေတဲ့အတွက် ဆံပင် လက်သည်း အသားအရည်တွေ ငယ်တုန်းကလိုမလှတော့ဘဲအားနည်းလာတယ်
-အရိုး အဆစ် နဲ့ ကြွက်သားသန်မာမှုတွေလျော့နည်းသွားမယ်
-အတွင်းကလီစာတွေအနေနဲ့လည်းmetabolic processကိုအရင်လိုလုပ်ဆောင်ပေးဖို့collagenလိုအပ်မှုတွေရှိလာတတ်ပါတယ်
🧬အသက်အရွယ်ကြောင့်အပြင် Collagen လျော့နည်းမှုဖြစ်စေတဲ့အခြားအကြောင်းတွေကတော့-
-သကြားဓာတ်လွန်ကဲစွာစားသုံးခြင်း
-ဆေးလိပ်သောက်ခြင်း
-နေရောင်ထိတွေ့မှုများခြင်း ( UVA ထိတွေ့မှုများခြင်းပါ ကျနော်တို့သုံးနေတဲ့ ဖုန်းတွေ laptop တွေကလာတဲ့raysကလည်း UVA ပါပဲ)
-pollution ထိတွေ့မှုများခြင်း
-အိပ်ချိန်စားချိန်မမှန်တာကြောင့်metabolism ကမောက်ကမဖြစ်ခြင်းတွေပါ
ကိုယ်ကအသက်အရမ်းမကြီးသေးပေမယ့်လည်း အသက်ထက်ပိုအိုမင်းနေသလိုဖြစ်နေရင် ဒီအချက်တွေထဲကတခုခုနဲ့ ငြိနေလို့collagenလိုအပ်နေတာပါပဲ
🧬ဒါကြောင့် collagen ကို ကျနော်တို့တွေ ဆဲလ်အသစ်ဖြစ်ပေါ်ဖို့အချိန်စကြာလာပြီဖြစ်တဲ့ အသက်၂၀အရွယ်ကစလို့ ကိုယ့်ခန္ဓာကိုယ်အခြေအနေအရလိုအပ်သလိုသောက်သုံးပေးနိုင်ပါတယ် အမျိုးသားရောအမျိုးသမီးပါ သောက်သုံးနိုင်ပါတယ်
အသက်၄၀အထက်ဆိုရင်တော့ must take ဖြစ်သွားပီ အသက်ကြီးလာလေပိုလိုအပ်လေပဲ
🧬Collagen ဘယ်ကရလဲဆို ဟိုးအရင်ကတော့ တိရိစ္ဆာန်ရဲ့အရည်ပြား အရိုးနု အရွတ် အူရေပြား စတာတွေ ကနေထုတ်ယူကြတယ်
အခုနောက်ပိုင်းတော့ လူမျိုးဘာသာမရွေးသောက်သုံးနိုင်တဲ့ marine collagen တွေကစျေးကွက်ပိုရတဲ့အတွက် တော်တော်များများ marine collagen တွေချည်းဖြစ်လာကြပါပီ
🧬Collagen ကို ပုံစံမျိုးစုံထုတ်ကြတယ် ဖျော်ပီးသားအရည်၊ဖျော်သောက်ရတဲ့powder ၊ဆေးတောင့် ၊jelly အပြင် အခုဆို collagen soup အနေနဲ့ပါ သောက်လာကြပြီ
ကိုယ်ကြိုက်တဲ့ပုံစံကိုရွေးပြီးသောက်လို့ရတယ်
အရင်ကတော့ collagen ဆိုရင် ဖျော်ပြီးသားအရည်က solubleဖြစ်လို့ ပိုပြီးeffective ဖြစ်တယ် အူနံရံတွေကပိုစုပ်ယူနိုင်တယ် ဆိုပြီးရှိပေမယ့် အခုနောက်ပိုင်းမှာတော့ hydrolyzed collagen လို့ခေါ်တဲ့ molecule size သေးငယ်တဲ့ ရေမှာအလွယ်တကူပျော်ဝင်တဲ့ collagen အမျိုးအစားကိုထုတ်လာကြပြီမို့ ဘယ်ပုံစံကိုသောက်သောက် hydrolyzed ဖြစ်ရင် ပိုကောင်းပါတယ်
🧬Collagen ကသောက်လိုက်ပြီးရင်အရင်ဆုံး အစာအိမ်နဲ့အူလမ်းကြောင်းကနေစုပ်ယူတာဖြစ်လို့ အူလမ်းကြောင်းကြွက်သားလှုပ်ရှားမှုကောင်းမွန်စေတယ် metabolism ကိုမြန်ဆန်စေတယ် အဲ့ကနေမှတဆင့်တကိုယ်လုံးမှာရှိတဲ့ collagen လိုအပ်တဲ့နေရာတွေကိုပို့ဆောင်ပေးပီး organs တခုချင်းစီအတွက်လိုအပ်သလိုအသုံးချပေးတယ်
ဒါကြောင့်-
-အူလမ်းကြောင်းကောင်းမွန်လို့ ဝမ်းမချုပ်စေဘူး
-metabolism ကောင်းစေလို့ weight ထိန်းပီးသားဖြစ်တယ်
-organs တခုချင်းစီဆီကိုလိုအပ်သလိုပို့ဆောင်ပေးလို့ နှလုံးကြွက်သားညှစ်အား အဆုတ်ကျုံ့ဆန့်အား အစရှိတဲ့အတွင်းကလီစာတွေအပြင် အရိုး အဆစ် အရိုးနု ကြွက်သား အရည်ပြား နဲ့ လက်သည်းခြေသည်းတွေအထိ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်
🧬Collagen က တရက်ကို 2500 to 36000mg per a day လောက်ထိသောက်လို့ရပါတယ် အသက်အရွယ်အလိုက် ကိုယ့်ခန္ဓာကိုယ်လိုအပ်သလောက်ပမာဏကိုချင့်ချိန်ပြီးသောက်သုံးနိုင်ပါတယ် ကျနော်ကတော့ 12000-18000 mg လောက်သောက်ဖြစ်ပါတယ်
🧬Collagenသောက်ပီးရင်တော့ရေများများသောက်ဖို့လိုပါတယ် သူ့ကို ပျော်ဝင်ဖို့ လိုအပ်တဲ့ organsတွေဆီကို fast flow ဖြစ်ဖို့ နဲ့ ကျောက်ကပ်မှာအနည်ထိုင်မှုတွေမဖြစ်အောင်ရေကကူညီပေးတာပါ
သူက overdosed ဖြစ်တယ်ဆိုတာမျိုးတော့မရှိပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပေါ့ အသောက်များတဲ့အခါ ရင်ပူ ၊ရင်ပြည့်ရင်ကယ် ၊ပါးစပ်ပျက်တာမျိုး ဖြစ်တတ်တယ် ဒါကလည်း collagen က သောက်သမျှရေကိုစုပ်ယူအသုံးပြုတာကြောင့် dosage များလေ ရေလိုအပ်လေ ဆိုတဲ့သဘောပါပဲ
🧬Collagen မှာ type တွေကွဲပြားပါတယ် -
Type 1 - အရည်ပြား၊အရွတ်၊သွေးကြော၊organs နဲ့ အရိုးတွေအတွက်ပါ ခြုံပြောရရင် type 1က အရွယ်တင်နုပျိုမှုအတွက်လို့ပြောလို့ရပါတယ်
Type 2- အရိုးနု လို့ခေါ်ကြတဲ့ joints တွေကြားကအရွတ်တွေကျန်းမာဖို့ပါ အသက်အရွယ်ရလို့ ဒူးနာခါးနာတာတွေအတွက်ပေါ့
Type 3- အရည်ပြားတင်းရင်းမှု elasticity အတွက်ပါ
Type 4- organs တွေရဲ့ tissue တွေအတွက်ပါ
Type 5 - ဆဲလ်မျက်နှာပြင်တွေ ဆံပင်နဲ့ ကိုယ်ဝန်ဆောင်တွေအချင်းကျန်းမာဖို့အတွက်ပါ
Type 10- အရိုးသန်မာမှုနဲ့ strong ဖြစ်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့အတွက်ပါ
ကိုယ့်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်အရရွေးချယ်ပီးသောက်ပေးနိုင်ပါတယ်
🧬Collagen ကို မနက်အစောဗိုက်ထဲမှာအစာမရှိတဲ့အချိန်သောက်တာကပိုပီးအူကစုပ်ယူနိုင်စွမ်းရှိပီးeffective ဖြစ်သလို
ညအိပ်တဲ့အခါမှာခန္ဓာကိုယ်က collagen တွေထုတ်လွှတ်တာမို့ ညအိပ်ရာဝင်ခါနီးသောက်ရင်လည်း collagen ထုတ်လွှတ်နှုန်းကိုပိုတိုးစေပါတယ်
ဒါပေမယ့်-
-အသက်၁၂ နှစ်အောက်ကလေးတွေမသောက်သင့်ပါဘူး အဲ့အရွယ်က ခန္ဓာကိုယ်က အကောင်းဆုံးcollagen တွေautoထုတ်ပေးနေတာဖြစ်လို့ collagen ထုတ်လွှတ်မှုက်ိုနှောင့်ယှက်သလိုဖြစ်ပီး ထုတ်လွှတ်နှုန်းရပ်သွားစေတတ်ပါတယ်
-ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်းtype 5 collagen ကလွဲလို့ တခြားtypeတွေမသောက်သင့်ပါဘူး သန္ဓေသားရဲ့ကိုယ်ပိုင်collagen ထုတ်လွှတ်နှုန်းကိုထိခိုက်နိုင်ပါတယ်
-ကျောက်ကပ်ရောဂါရှိသူတွေနဲ့တခြားသောဆေးတွေသောက်နေရသူတွေဆရာဝန်ခွင့်ပြုချက်နဲ့သာသောက်သုံးသင့်ပါတယ်
🧬Collagenသောက်တဲ့အခါ Vitamin-C ပါတွဲသောက်ပေးသင့်ပါတယ် Collagen ထုတ်လွှတ်မှုနှုန်းကို Vit-C ကကူညီပေးသလို hydrolyzed collagen မဟုတ်တဲ့collagen ဆိုရင်တောင် Vit-Cက molecules ဖြိုခွဲမှုကိုပိုမြန်စေပါတယ်
တခါတည်းတွဲမသောက်ချင်ရင် မနက် ည ခွဲသောက်လို့ရပါတယ်
🧬အဓိကအချက်က Collagen ဆိုတာ အသားဖြူစေတဲ့အရာမဟုတ်ပါဘူး ခန္ဓာကိုယ်ရဲ့ ယိုင်နဲ့နေတဲ့ အချက်တွေကိုပြန်တည့်မတ်ပေးတဲ့ထောက်တိုင်တခုသာဖြစ်ပါတယ် collagen သောက်လို့အသားမဖြူနိုင်ပါဘူး အသားအရည်နဲ့အိုမင်းရင့်ရော်ခြင်းပြသနာတွေကိုပဲဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်
❗️Glow Skin ကိုသာရမှာဖြစ်ပြီး fair skin တော့မရနိုင်ပါဘူး❗️
Gluta + ပါတဲ့ collagen တွေကတော့ဖြူနိုင်ပါတယ်
ဒါမယ့် sunburn ကိုတော့ protect လည်းမလုပ်နိုင်သလို after care မှာ သောက်လို့လည်း ပြန်မဖြူလာပါဘူး
တခုတော့ရှိတာပေါ့လေ burning skin ကို cell တွေ renew မြန်မြန်ဖြစ်ဖို့ collagenတော့သောက်လို့ရပါတယ်
❗️ဒါမယ့် အရင်ထက်ပိုမဖြူနိုင်ပါဘူး❗️
Collagen ကအသားမဖြူတော့ ဖြူစေတဲ့Glutaအကြောင်းလည်း ဆက်ရေးပေးပါအုန်းမယ် 😅
ဒါကတော့ ကျနော်သိသမျှ collagenအကြောင်းအကုန်ပါပဲ
ဒီ content လေးကနေတခုခုရသွားရင်ပဲ ကျေနပ်ပါပီ
အားလုံးပဲ မှန်ကန်တဲ့နည်းလမ်းနဲ့လှပနိုင်ကြပါစေရှင်♥️♥️
Photo credit: Pinterest
13/03/2023
နွေဦး 🍂
မင်းငါ့ကိုမချစ်တော့ဘူး
ရူးသွားလိမ့်မယ် . . .
#အညာ #အညာနွေ #နွေ #နွေဦး
19/02/2023
Instagram vibe အပြည့်နဲ့ ပြင်ဦးလွင်က mini jungle လေး 🏞️🏔️⛺️
Hello သဲလေးတို့ရေ🥰
ဟိုတရက်က တင်ဖြစ်တဲ့ပုံလေးတွေထဲကblue lagoonလေးအကြောင်း ဒီနေ့ ပြောပြပါပြီ
အဲ့ပုံလေးတွေမကြည့်ရသေးရင် ဒီမှာ >> https://www.facebook.com/100085429122852/posts/150274044496899/?mibextid=cr9u03
စောင့်ရတာကြာသွားရင်လည်းဆောရီးပါနော် 🤭ဟီးးး
ကျနော်တို့ ဘော်ဒါတွေခရီးစုသွားရင် အမြဲကွိုင်တယ်
၂ယောက်က adventure trip တွေကြိုက်တယ်
ကျနော်နဲ့နောက်သူငယ်ချင်း၂ယောက်ကတော့သဘာဝဆန်တာကြိုက်ပေမယ့်လို့ သက်တောင့်သက်သာဖြစ်ပြီးလှလှပပဝတ်စားဓာတ်ပုံရိုက်လို့ရမယ့်နေရာကိုသာသွားချင်ကြတာပါ
ဒီတခေါက် ဒီနေရာလေးကိုရွေးဖြစ်တဲ့အဓိကအကြောင်းကလည်း အဲ့ပြသနာအတွက်အရမ်းအဆင်ပြေလို့ရွေးဖြစ်တယ်လို့ပြောလို့ရတယ်
🏞️ကျနော်တို့သွားခဲ့တာ Adventure Hill Farm Resort ပါ
ဧက၄၀ကျော် ခြံအကျယ်ကြီးထဲ ရေတံခွန် စမ်းချောင်း ဂူ , တောင်နံရံတွေနဲ့ blue lagoon လေးတွေအပြင် တောအုပ်ကြီးနဲ့မို့ jungle vibe အပြည့်အဝရရှိသလို အေးဆေးအနားယူလို့ရပြီး သက်တောင့်သက်သာလည်းရှိတယ်
Adventure အနေနဲ့ဆို -
စမ်းချောင်းထဲမှာ glass boat စီးလို့ရတယ်🚣
ဖောင်စီးလို့ရတယ်
trekkingသွားလို့ရတယ် 🏃
Camping ထွက်လို့ရတယ်🏕️
Cave entering လုပ်လို့ရတယ်
Rock climbing လုပ်လို့ရတယ်🧗
Zip line လည်းရှိတယ်
တခြား ကျနော်မသိသေးတာတွေလည်းရှိရင်ရှိမှာ
ကျတော်ကတော့ဘာadventure မှမလုပ်ခဲ့ပါဘူး ဒီတိုင်း အလှဓာတ်ပုံရိုက်ပီး chill ခဲ့တာပေါ့
👙ရေတံခွန်လေးရှိတယ်ဆိုကတည်းက ကျနော်ကိုယ်တိုင်ထိုးထားတဲ့ bikiniလေးယူသွားဖို့စီစဉ်တယ်
အပေါ်ထပ်ဝတ်ဖို့ lace cardigan topလေး နဲ့တွဲဖြစ်တယ်
Btw..more bikini photos on my ig acc 🤭(link below 👇)
Touch up ဘာညာလုပ်ပီး ကိုယ့်ကိုယ်ကိုမှန်ထဲပြန်ကြည့်တော့ feminine ဖြစ်နေသလိုခံစားရလို့ သူငယ်ချင်းထဲက ပုလဲနားကပ်လေးတွေငှါးပန်လိုက်တယ် feels like a fairy godmother of the lagoon ဟိ🤭🫶
အဲ့ရေတံခွန်နဲ့ blue lagoon နေရာလေးက ကျနော်တို့ fbမှာခနခနshareနေကြတဲ့ jungle ထဲက စမ်းချောင်းလေးမှာbikiniနဲ့ကောင်မလေးပုံလေးတွေလိုမျိုးကွက်တိရိုက်လို့ရတဲ့နေရာလေးမို့ သွားမယ့်သူလေးတွေ bikini ယူဖြစ်အောင်ယူသွားပါ 👙
ဒါမယ့်တခုရှိတာက ရေပြာနေတဲ့နေရာကတော်တော်နက်တယ် အဲ့တော့ ရေထဲကိုအဲ့လိုဆင်းပီးရိုက်မရခဲ့ဘူးပေါ့
နောက်ထပ်နေရာတွေ ကျနော်မရောက်ခဲ့ဘူး
ကျနော့်သူငယ်ချင်းတွေကတော့ မနက် လှေထွက်စီးကြတယ်ပြောတယ် ကျနော်က ညအအေးဒဏ်မခံနိုင်လို့အိပ်ရေးပျက်ပီးအိပ်ကျန်ခဲ့တယ်😅
🚪ကျနော်တို့က ၆ယောက်သွားခဲ့ပီး ၇ယောက်အခန်းမှာနေခဲ့ကြတာ
၇ယောက်ခန်းကို၁၈၀၀၀၀ကျခဲ့တယ် တယောက်၃၀၀၀၀ပဲရယ် breakfast ရောပါတယ်ဆိုတော့ တန်တယ်ပြောရမှာပေါ့ အခန်းလေးတွေကလည်းချစ်စရာလေးတွေ ကျနော်တို့အိပ်တဲ့အခန်းဆို ဘေးမှာစမ်းချောင်းလေး ညဆိုရေစီးသံလေးတွေကြားရတယ်
🥘နောက် အဲ့ဒီမှာ must try တခုက resortက kitchen က ကရင်စာတွေစားဖြစ်အောင်စားကြည့်ပါ တကယ်အရမ်းကိုကောင်းတာ
ကျနော်တို့ဘယ်လောက်ကြိုက်ခဲ့ကြလဲဆို ပုံရိုက်ဖို့တောင်အချိန်မပေးတော့ဘူး အကုန်ရှယ်စားကြတာ😆
🏞️Resortလေးက လူလုပ်ထားတာထက်ပိုပီးသဘာဝနဲ့နီးစပ်တယ် နောက် service လေးတွေကလည်းအဆင်သင့်အမြဲရှိနေတော့ ကျနော်တို့လိုjungle vibeလည်းကြိုက်ပီး ဒုက္ခမခံနိုင်တဲ့သူတွေအတွက်တော့ကွက်တိပါ🤭🫶
🚏Resort က မြို့ထဲနဲ့နဲနဲလေးလှမ်းတယ်
လားရှိုးအထွက်ဘက် ဒီဇင်ဘာဟိုဘက်ကျော်ပီးမှ မန်းလေး-လားရှိုးလမ်းပေါ်က ရွှေတော်ဝင်စားသောက်ဆိုင်ဘေးလမ်းကနေဝင်သွားပီးလမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်းလိုက်သွားလိုက်လို့ရပါတယ်
လိုတာခနခနထွက်ဝယ်လို့အဆင်မပြေတာလေးတခုတော့ရှိတာပေါ့ ကျန်တာအကုန်အဆင်ပြေခဲ့ပါတယ်
Travel blog ရေးဖို့လည်း အစီစဉ်မရှိတော့ပုံတွေလည်းသေချာမရိုက်ဖြစ်ခဲ့လိုက်ရဘူး ရသလောက်လေးပဲတင်ပေးလိုက်ပါတယ်🥹🫶
ဒီနေ့တော့ ဒီလောက်ပါပဲရှင်
နောက်blogတွေမှာပြန်တွေ့ကြမယ် 😘
Alert ‼️ ig acc : https://instagram.com/khant_htae_minn_thwin?igshid=YmMyMTA2M2Y=
Urs’ Khant Htæ
10/02/2023
ကိုယ့်ဌာနေဝန်းကျင်မှာကွယ် တကယ်ပင်အလှရှိတယ် 🌿🏞️
ပွင့်လင်းရာသီမှာ ညအိပ်ညနေသွားchillလို့ကောင်းတဲ့ ပြင်ဦးလွင်ကနေရာလေးအကြောင်း blogလေးတခုရေးပေးဖို့ရှိလို့ stay tune ပါရှင်😘
လောလောဆယ်တော့ပုံလေးတွေပဲအရင်ကြည့်ထားနှင့်ပေါ့ရှင်🤭🫶
31/01/2023
ရေပြာလှိုင်း ကမ်းခြေဆီ
မြေနီလမ်းကလေးကို ဖြတ်လျှောက်ခဲ့သည်
နေခြည်ရောင်ဝါ ခြုံလွှမ်းသည် . . . .
06/01/2023
✨Vogue မဂ္ဂဇင်းရဲ့ 2023 မှာtrendဖြစ်မယ့် Makeup Trend 5ခု အကြောင်း✨
မင်္ဂလာပါသဲလေးတို့ရေ♥️
နှစ်တစ်နှစ်ကုန်ဆုံးကူးပြောင်းပြီဆိုရင် သဲလေးတို့တော့မသိဘူး ကျနော်ကတော့ guessing the trend blogတွေလိုက်ဖတ်တော့တာပဲ🥶
လာမယ့်နှစ်မှာဘာတွေခေတ်စားလာမယ်ဆိုတဲ့အကြောင်းတွေပေါ့
fashion, makeup, culture စတဲ့အကြောင်းအရာတွေဘယ်လို evolution ဖြစ်မလဲ? retrograde ဖြစ်မလား? ဒီနှစ်trendတွေမှာဘာအသစ်အဆန်းလေးတွေပါမလဲ? ဆိုတာလေးတွေ စိတ်ဝင်တစားဖတ်ဖြစ်ပါတယ်
ဒီနှစ်လည်း blog တွေအစုံလိုက်ဖတ်ပြီးမူးနောက်ပီးနောက်မှာ နောက်ဆုံးတော့ Vogue မှာရေးထားတဲ့၅မျိုးက အားလုံးကိုခြုံငုံပြီးပြောထားတာတွေဖြစ်လို့ Vogue ရဲ့blogကိုပဲ ကျနော့်အာဘော်နဲ့ပြန်ရေးပေးလိုက်ပါတယ်♥️
𝟭 . 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 𝗟𝗶𝗽𝘀
Bold ဖြစ်တဲ့နှုတ်ခမ်းနီဆိုးတဲ့ပုံစံတွေပိုခေတ်စားလာပါမယ်။ အရင်ကကျနော်တို့Asian lookတွေကြီးစိုးနေချိန် gradient lips တွေကိုပိုရွေးချယ်ကြပေမယ့်လို့ ဒီနှစ်မှာတော့ အရောင်အရရော lip contour ပုံစံရော ပြောင်းပြန်changeလိုက်ပါပြီ ။ main color ထက်ပိုရင့်တဲ့lip liner တွေကိုသုံးပြီးနှုတ်ခမ်းကိုပုံဖော်တဲ့အခါ boldဖြစ်တဲ့နှုတ်ခမ်းပုံစံကိုရရှိမှာဖြစ်ပါတယ်။ သူနဲ့လိုက်ဖက်တဲ့ day to night look ကတော့ clear skin နဲ့ မျက်တောင်တွေမျက်ခုံးတွေကို လိုတာထက်ပိုဆွဲတာမျိုးမလုပ်ပဲ သပ်သပ်ရပ် သန့်သန့်ရှင်းရှင်းပြင်ထားတဲ့lookမျိုးတွေနဲ့ပိုလိုက်ဖက်ပါတယ်
𝟮 . 𝗙𝘂𝘁𝘂𝗿𝗶𝘀𝘁𝗶𝗰 𝗠𝗲𝘁𝗮𝗹𝗹𝗶𝗰𝘀
Alloy-inspired shimmer တွေသိသိသာသာကြီးခေတ်စားပါမယ်။ ဘာလို့သိသိသာသာလို့ပြောရလဲဆို အရင်က ဒီlookတွေဟာ only for runway ဖြစ်ခဲ့တာပါ။ eventအတွက်ဆိုရင်တောင် ရုပ်ရှင်eventတွေရဲ့special character actressတွေမှာလောက်သာတွေ့ရတဲ့lookတွေဖြစ်သလို အရင်က ဒီလို metallic ဖြစ်တဲ့ cosmetics တွေဆိုလည်း hotဖြစ်တာရှားပါတယ် ။ အခုမှာတော့ robotic trend က လူငယ်တွေကြားထဲမှာ မျက်မှန်တွေ jacket တွေအနေနဲ့ မနှစ်က ကတည်းက ကြိုရောက်နှင့်နေပြီးဖြစ်လို့ ဒီနှစ်မှာတော့ makeup trend အနေနဲ့ပါရောက်ရှိလာမှာဖြစ်ပါတယ် ။ ဒီလို metallic color cosmetics တွေနဲ့ ကျနော်တို့ရဲ့ငယ်ဘဝအိပ်မက် AI တွေဖြစ်တဲ့ mermaid, fairytale တို့လို lookတွေလည်းဖန်တီးလို့ရမှာဖြစ်ပါတယ်
𝟯 . 𝗠𝗼𝗿𝗲 𝗕𝗹𝘂𝘀𝗵
Blusher တွေကို ပြီးခဲ့တဲ့နှစ်တွေကနေစပြီး အရင်ကထက်ပိုလိမ်းလာတာတွေ့ရပါတယ်။ ပါးနီ ဆိုတဲ့ powder ပုံစံအပြင် လိမ်းရလွယ်ပီးသဘာဝဆန်တဲ့ lookကိုပေးနိုင်တဲ့ cream, liquid တွေပါရွေးချယ်ဝယ်ယူနိုင်နေပါပီ။အရင်နှစ်ကဆို နှာခေါင်းနဲ့မျက်လုံးဘေးမှာခြယ်တဲ့lookလေးကအရမ်းခေတ်စားခဲ့တယ်။ bronzer နဲ့ highlighter ကိုသုံးပြီး မျက်နှာကfeatures တွေကိုပေါ်အောင်ခြယ်ကြတဲ့နည်းထက် ပါးနီနဲ့ မျက်နှာလေးကိုအသက်ဝင်လာအောင်ခြယ်တဲ့နည်းက ၂၀၂၃မှာပိုခေတ်စားလာအုန်းမှာဖြစ်ပါတယ်
𝟰 . 𝗙𝗮𝗰𝗲 𝗘𝗺𝗯𝗲𝗹𝗹𝗶𝘀𝗵𝗺𝗲𝗻𝘁𝘀
Euphoria effect က ၂၀၂၃ မှာပါရပ်တန့်မသွားပဲဆက်ပါလာအုန်းမှာပါ။ euphoria series ရဲ့ iconic looksတွေထဲကတစ်ခုဖြစ်တဲ့ ကျောက်တွေနဲ့ မျက်နှာပေါ်မှာ ခန္ဓာကိုယ်ပေါ်မှာအလှဆင်တာတွေ ဆက်ခေတ်စားပါအုန်းမယ်
𝟱 . 𝗟𝗼𝗻𝗴𝗲𝗿 & 𝘀𝗵𝗮𝗿𝗽𝗲𝗿 𝗖𝗮𝘁-𝗲𝘆𝗲 𝘄𝗶𝗻𝗴𝘀
ပြီးခဲ့တဲ့နှစ်မှာ winged-liner တွေပြန်ခေတ်စားတဲ့အလျောက် အရမ်းhotသွားတဲ့ပုံစံကတော့foxy-eyeပုံစံပါ။ ဒီနှစ်မှာတော့ အဲ့ထက်ပိုsharpဖြစ်ပြီးပိုရှည်တဲ့wingနဲ့ ဥဩငှက်မျက်လုံးပုံစံ liner ဆွဲပုံတွေခေတ်စားပါမယ် ။ ဒီ eyeliner trend က 2023 ရဲ့ Dark femininity ကိုကိုယ်စားပြုတဲ့ major trend တစ်ခုအနေနဲ့ဖြစ်လာပါလိမ့်မယ်။
ကျနော့်အနေနဲ့ ၂၀၂၃ရဲ့ makeup trend ကိုခြုံငုံပြီးမြင်အောင်ပြောရမယ်ဆိုရင် Euphoria era အောက်က မလွတ်သေးတဲ့trend ပါ ♥️
ဒီtrend ကိုမျက်လုံးထဲမှာအနီးစပ်ဆုံးပုံဖော်လိုက်ရင် Euphoria queen Maddy ရဲ့ look ကိုဒိန်းခနဲပြေးမြင်ရမှာပါပဲ ✨
နောက် သတိထားမိတာက contouring section ကို အရင်လိုတခုပ်တရမပြောကြတော့ပါဘူး
ကျနော်လည်း ဒီနောက်ပိုင်း ပန်းချီအကြောင်းအနည်းငယ်လေ့လာဖြစ်နေတော့ မျက်နှာတစ်ခုကို casually contouring လုပ်တဲ့ပုံစံများများစားစားသိပ်မရှိတာတွေ့ရတော့ ကျနော်ထင်တယ် way of contouring တွေလည်းကုန်သလောက်ရှိသွားလို့နေမှာ😅အရင်နည်းတွေထဲကပဲ ခုtrend နဲ့လိုက်မယ့်ပုံစံလောက် အပါးအယားလေးပဲသွားကြမယ်ထင်တယ်
ပြီးတော့ minimalism ကြီးစိုးလာပီးနောက်ပိုင်း အရင်ကလို full makeup onတဲ့ ခေတ်ကလည်းကုန်သလောက်ရှိနေပြီကိုး
ကျနော်တို့လူငယ်တွေ fashion တွေ makeup တွေနဲ့ use to ဖြစ်လာကြတဲ့အချိန်ဖြစ်လို့ trend တွေဆိုတာ ဟိုးးးအရင်ကလိုအထူးအဆန်းကြီးတွေဖြစ်မနေကြတော့ပါဘူး
ပွဲတွေရှိလာရင် trendy looks တွေနဲ့ဂေါ်နေတဲ့သူတွေကို တဝကြီးထိုင်ငမ်းချင်ပါသေးတယ်🥳
နောက်လာမယ့် blogလေးက ၂၀၂၃ trendy fashion အကြောင်းလေးဖြစ်ဖို့များပါတယ်
တခြားblogger တွေရေးပြီးဖြစ်ပေမယ့်လည်း trend အပေါ်ကျနော့်အမြင် ခံစားချက်လေးတွေ အာချောင်ချင်သေးလို့ ရေးခွင့်ပြုပါအုန်းနော်🥶
Urs’ Khant Htæ
Source: https://www.vogue.com/article/makeup-trends-2023/amp
#2023
Click here to claim your Sponsored Listing.
