Amara Su

Amara Su

Share

Love you all

05/09/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Photos from Amara Su's post 28/02/2025

လွယ်လွယ်နဲ့ ရင်ဖွင့်မိရာကနေ စတဲ့မီးပွါးစလေးက
နောက်ဆုံးမှာ ဂုဏ်သိက္ခာတစ်ခုလုံးကို
လောင်ကျွမ်းး ပြာ_ကျစေတဲ့ထိ ဖြစ်သွားတတ်တယ် ... ။
ရင်ဖွင့်ပြောပြရတာ လွယ်တယ် ....
နားထောင်ပေးသူလည်း အလွယ်တကူရှိနိုင်တယ် ...
မလွယ်ကူတာက ကိုယ်ဖွင့်ဟပြောပြလိုက်တဲ့
အကြောင်းအရာတွေက
ဘယ်ချိန်ထိ လုံခြုံနေမလဲဆိုတာပါပဲ ... ။

မွန်းးကြပ်မှုထုထည်ကို ခံနိုင်ရည်မရှိတော့တဲ့အခါ
ဖိအားလျော့စေတဲ့ ဖြေဆေးတစ်ခုအဖြစ်
တစ်ယောက်ယောက်က်ို ဖြစ်ကြောင်းကုန်စင်
ဖွင့်ပြောပြတာမျိုးကို လုပ်တတ်ကြတယ်မလား .. ။
လတ်တလော ကိုယ့်ရင်ထဲက တင်းကြပ်မှုကို
ပြေလျော့ရာ ပြေလျော့ငြား လက်လှမ်းမှီရာ
ရင်းနှီးသူ / သူငယ်ချင်း ဆိုတဲ့ တစ်စုံတစ်ယောက်ကို
ဖွင့်ပြောပြတယ် ..ရင်ဖွင့်တယ် .. ။
တစ်ယောက်တည်း ခက်ခက်ခဲခဲ
သိုဝှက်နေရတာနဲ့စာရင် ဒီလိုပြောပြလိုက်တာက
တကယ်လည်း စိတ်ဖြေရာဖြေကြောင်းတစ်ခု
ဖြစ်နေခဲ့တာပဲ ... ။

အဲဒီအချိန်မှာ ကိုယ့်ကို နားထောင်မယ့်သူက
အရေးကြီးလာတယ် .. ။
သူက ဘယ်လိုလူလဲ ..
ကိုယ်ဘယ်လောက်ထိ ယုံကြည်ရသလဲဆိုတာပေါ့ .. ။

သိုဝှက်ထားတာကို ဖွင့်ဟတယ်ဆိုတည်းက
အဲဒီအကြောင်းအရာက ကိုယ့်ရဲ့ လျှို့ဝှက်ချက်ဖြစ်နေခဲ့ပြီ ..။
နားထောင်သူကလည်း ဒီလျှို့ဝှက်ချက်ကို
ထိန်းသိမ်းရမယ့်သူ အလိုလိုဖြစ်လာတယ် .. ။

ခင်ဗျားရင်ဖွင့်လိုက်တဲ့သူက
ခင်ဗျားရဲ့ အကြောင်းအရာတွေကို
ဘယ်လောက်ထိ လုံခြုံအောင်ထားပေးနိုင်မလဲဆိုတာ
ခင်ဗျားကိုယ်တိုင်သေချာလား .. ?

လူတိုင်းကပြောင်းလဲတတ်တယ် ..
ကိုယ့်ကို လိုလားချိန်မှာ ကိုယ့်အတွက်တကယ်ရှိနေပေးတယ်ဆိုတာ မှန်ပေမယ့် ..
ကိုယ့်ကို မလိုလားတော့ချိန်မှာရော .. ၊?
သူ့ရဲ့ ပင်ကိုယ်စရိုက်ပေါ်မူတည်ပြီး
သူ့ရဲ့ attitude ပေါ်မူတည်ပြီး
ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေဟာ
အသုံးချစရာ ဖြစ်ချင်ဖြစ်လာမှာ .. ။

ပင်ကိုယ်စရို_က်ညစ်နွမ်းးတဲ့သုတွေက
ခင်ဗျားယုံကြည်လို့ ဖွင့်ဟပြောပြတဲ့
လျှို့ဝှက်ချက်တွေကို
သူ့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက်ဖြစ်ဖြစ် ၊
ခင်ဗျားနဲ့ နှိုင်းယှဉ်ပြီး သူ့ကိုယ်သူ ကိုယ်ရည်သွေးလိုလို့ပဲ ဖြစ်ဖြစ် ..
ခင်ဗျားကို တိုက်ခိုက်ချင်လို့ ဖြစ်ဖြစ်
လွယ်လင့်တကူ အသုံးချနိုင်သွားတယ် .. ။

အရင်းနှီးဆုံးသူငယ်ချင်းဆိုတာရော ..
ချစ်သူရည်းစားဆိုတာရော..
ရင်းနှီးသူတွေရော ..
ယုံကြည်မိသူတွေရော ..
ဘယ်သူ့ကိုမှ 100% အထိယုံကြည်ပစ်လို့မကော_င်းဘူး..။
လက်တစ်ကမ်းမှာ အများကြီးတွေ့နေတာပဲလေ ..
သူတစ်ပါးရဲ့ သိုဝှက်ထားချင်တဲ့
အကြောင်းအရာတွေကို လူစုလူဝေးထဲမှာ
မြိန်ရေယှက်ရေ ဖွင့်ချနေကြသူတွေ ..။
အဲဒီ အပြုအမူပေါ် ဂုဏ်ယူနေကြသူတွေ ..၊
အဲဒါအပေါ် ပျော်ရွှင်နေကြသူတွေ .. ။
အရပ်စကားနဲ့ ပြောရရင်
"အောက်ဖဲ လှန်တယ် .. " ပေါ့ .. ။
အရည်အသွေးနဲ့ တို_က်ခို!က်ဖို့ အရည်အချင်းမရှိသူတွေက သုံးတတ်တဲ့
အောက်လမ်းနည်းတွေပေါ့ .. ။
ဒါဟာ သိပ်ကို ဆိုးးဝါးးတဲ့ လူ့ကျင့်ဝတ်ချိုးဖော_က်မှု ..
" Privacy Violation." ပဲ .. ။
ဝမ်းနည်းစရာပါပဲ ....
ချိုးဖော_က်ခံလိုက်ရတဲ့ Privacy တွေဟာ
ထောင်သောင်းမက များလာနေပါတယ် ... ။

ဒါကို စောင့်ထိန်းရမယ့် ကျင့်ဝတ်လို့
သူတို့မမြင်ဘူး .. ။
သူတစ်ပါး ဂုဏ်သိက္ခာကို ဆွဲနှိမ့်နေရင်းနဲ့
ကိုယ့်သိက္ခာပါ ငုပ်ဆင်းသွားနေတာ
သူတို့ကိုယ်တိုင် မသိဘူး .. ။
အငုံစိတ်များတဲ့သူတွေဆို ပိုဆိုးတာပေါ့ .. ။

ကျွန်တော်တို့ကမ္ဘာက ပိုဆိုးဝါးလာနေတယ် .. ။
မိတ်ဆွေမှန်း ရန်သူမှန်း ခွဲခြားဖို့ သိပ်ခက်တယ် .. ။
မိတ်ဆွေနဲ့ ရ_န်သူကြားမှာ အလွှာပါးပါးလေးပဲခြားတယ် .. ။
အခန့်မသင့်ရင် အရင်းနှီးဆုံးသူတွေဆိုတာလည်း
အဆိုးးရွားးဆုံး ရ_န်သူ ဖြစ်သွားနိုင်တာပဲ .. ။

Privacy ချိုးဖော_က်ခံရတယ်ဆိုတာ
လက်ရှိဘဝကို သက်ရောက်မှုအများကြီး ဖြစ်တတ်တယ် .. ။
ဘဝပျက်မသွားရင်တောင်
စိတ်ဒ_ဏ်ရာတွေ တနင့်တပိုးရတတ်တာမျိုး .. ။
အဆိုးးရွားဆုံးကတော့
ကိုယ့် Privacy ကို ချိုးဖော_က်လိုက်သုတွေက
ကိုယ် အရမ်းယုံကြည်ထားတဲ့သူတွေ
ဖြစ်နေတာမျိုးပေါ့... ။
အဲဒီ နာကျင်မှုက အဆင့်မြင့်ဆုံးပါပဲ .. ။

လွယ်လင့်တကူ မဖွင့်ဟပါနဲ့ .. ။
ရင်ဖွင့်မယ်ဆိုရင်တောင်
ကိုယ့်ကို ပြန်သတ်မယ့် အကြောင်းအရာတွေကို
ချန်လှပ်ထားခဲ့ပါ .. ။
လူတိုင်းမှာ ကိုယ်တစ်ယောက်တည်းဘဲ
သိမ်းဆည်းထားသင့်တဲ့ အကြောင်းအရာဆိုတာ
ရှိနေမှာပဲ .. ။
အဲဒါတွေကို ဘယ်ယုံကြည်မှုနဲ့မှ
မလှဲလှယ်လိုက်နဲ့ .. ။
လူတွေပြောင်းလဲနေတယ် ..
ယုံကြည်ရသူတွေဆိုတာလည်း ပြောင်းလဲနေတယ် ..
အရာအားလုံးဟာ ...
အတူတူရယ်မောခဲ့ကြချိန်ကလို
တသမတ်တည်း ရှိမနေနိုင်ဘူးဆိုတာ သိပါ ... ။
ဘယ်သူမဆို Privacy Breaker ဖြစ်နိုင်တယ်လို့
လက်ခံထားပါ .. ။

ကိုယ့် Privacy ချိုးဖော_က်ခံရရင်
ကိုယ်ဘယ်လိုခံစားရမလဲ ဆိုတာ စာနာပြီး
တစ်ယောက်ယောက်က ကိုယ့်ကိုယုံကြည်လို့
ဖွင့်ဟတဲ့အကြောင်းအရာတွေကို
ကိုယ့်ဆီကနေ ဘယ်က်ိုမှလွင့်စင်မသွားစေဖို့
စောင့်ထိန်းရမှာ .. ။
ဒါဟာ လူ့ကျင့်ဝတ်ပဲ .. လူ့ယဉ်ကျေးမှုပဲ .. ။
သူနဲ့ကိုယ် ဘယ်လိုမှသဘောထားမတိုက်ဆိုင်တော့..မသင့်မြတ်တော့ဘူးဆိုတဲ့အချိန်မှာတောင်
သူ့ရဲ့ လျှို့ ဝှက်ချက်ကို
ကိုယ်ဖက်က လုံခြုံနေစေရမှာ .. ။
ကိုယ်ချိုးးဖော_က်ရင် ဝဋ်ကလည်း
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ် .. ။

နှုတ်ခမ်းတွေကို ဖတ်ပါ .. ။
ယုံကြည်မှုကို ရွေးချယ်ပါ .. ။
စိတ်ချရတဲ့ ရင်ဘတ်ကိုပဲ ပြောပြပါ .. ။
ခင်ဗျား လက်လွှတ်စပယ် ဖွင့်ဟပြောပြလိုက်တဲ့
ခင်ဗျားရဲ့ အကြောင်းအရာတွေက
ခင်ဗျားကို မလိုလားသူတွေအတွက်
သိပ်ခံတွင်းတွေ့စရာ ဖြစ်သွားနိုင်တာ မမေ့ပါနဲ့ ... ။

ကိုယ့်ကို ယုံကြည်ရသူလို့
သတ်မှတ်ခံရပြီးနောက်မှာ
အဲဒီ ယုံကြည်မှုကို
ကျွန်တော် တန်ဖိုး ထားတယ် ... ။
သူဖွင့်ပာပြောပြတာကို လုံခြုံအောင်ထားတယ် .. ။
သူနဲ့ ကိုယ် စစ်ခင်းရရင်တောင်
သူ့လျှို့ဝှက်ချက်ကို
တခြားတစ်ယောက်ပါးးစ!ပ်ဖျားဆီ
အရောက်မပို့ဘူး .. ။
သော_က်ပို လို့ ထင်ရင်လည်းထင်ပေါ့ .. ။
ကျွန်တော်ကတော့
အဲဒီ " သော_က်ပို ယဉ်ကျေးမှု " ကို
အရမ်းနှစ်ခြိုက်ပါတယ် ... ။
အဲဒီ ယဉ်ကျေးမှုကို အလွဲသုံးစားပြုတတ်သူတွေကိုလည်း
အရမ်းးရွံရှာပါတယ် ... ။

မမေ့ပါနဲ့ ...
နှုတ်ဖျားတွေကြောင့် ဒ_ဏ်ရာရတတ်တယ်ဆိုတာမမေ့ပါနဲ့ .. ။
မမေ့ပါနဲ့ ..
ခင်ဗျားရဲ့ လက်တစ်ကမ်းမှာ ရှိနေသူတွေက
ခင်ဗျားရဲ့ Privacy ကိုအလွဲသုံးစားလုပ်ဖို့
သိပ်ဝန်လေးနေမှာ မဟုတ်ဘူးဆိုတာ .. မမေ့ပါနဲ့ ။

Photos from Amara Su's post 19/02/2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ
လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့
တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ၊
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ
ရည်စားကိုပေါ်တင်တွဲလို့ ရပြီ၊
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။

အသက် 30 နှစ်မှာ
အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ၊
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။

အသက် 45 နှစ်မှာ
ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ၊
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။

အသက် 65 နှစ်မှာ
ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ၊
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။

အသက် 70 နှစ်မှာ
ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ
ကိတ်မုန့်လိုပဲ Expire Date ရှိတယ်
စားသင့်တဲ့အချိန်မှာ စားမှအရသာရှိတာ
အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ
အရသာမရှိတော့ဘူး။

လက်ရှိအချိန်မှာ
လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက်
ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ
အရမ်းမတွေးပါနဲ့
စိတ်ဆင်းရဲမခံပါနဲ့
ဘဝကတိုတိုလေးပါ။

Photos from Amara Su's post 12/01/2024

ရင့်ကျက်သင့်တဲ့အသက်အရွယ်တစ်ခုကို
ငါတို့ရောက်လာခဲ့ကြပြီ ။
လက်ခံသင့်တဲ့အရာတွေရှိလာတယ် ။
ငြင်းဆန်ရမယ့်အရာတွေလည်း သိလာတယ် ။
ပြီးတော့ လက်လွှတ်ရမယ့်အရာတွေ ရှိလာတယ် ။

တချို့သောဖြစ်ရပ်တွေက မကြုံဆုံချင်ပေမယ့်
တကယ်ကို ဖြစ်ပျက်လာခဲ့ကြတယ် ။
ဖြစ်စဥ်တွေတိုင်းမှာ ငါတို့ လက်ခံရမယ့်
အမှန်တရားတစ်ခုတော့ ရှိနေတတ်တယ်လေ ။
အမှန်တရားဆိုတာ အမြဲတမ်းတော့ မချိုမြနိုင်ဘူးမို့လား ။

ဘဝဟာ တစ်နေရာထဲမှာ ရပ်နေတာမျိုးမဟုတ်ဘူး
နာကျင်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်
မပျော်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်
ထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိနိုင်တယ်
လမ်းလွဲသွားတဲ့ ရေစက်တွေလည်း ရှိနိုင်တာပဲ ။
ဒါပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ကို ဆက်နေရဦးမှာမို့လေ ။

ချစ်ခြင်းပဲဖြစ်ဖြစ် ၊ မေတ္တာပဲဖြစ်ဖြစ်
နွေးထွေးမှု စစ်စစ်မှန်မှန်လေးတွေပဲ ပေးဖြစ်ခဲ့တယ်
မဆုံလို့ လမ်းလွဲရတဲ့အခါ
လိပ်ပြာသန့်စွာ နှုတ်ဆက်နိုင်သူဟာ
ကိုယ်ပဲ ဖြစ်ချင်တယ် ။

တစ်ယောက်တည်း မွေးဖွားလာပြီး
တစ်ယောက်တည်း လျှောက်လှမ်းလာတဲ့လမ်းတွေပဲ
ငါ တစ်ယောက်တည်းပါပဲ...
ဒါပေမယ့် ပျော်ရွှင်စရာတွေရှာဖွေရင်း
ရှေ့ဆက်လျှောက်လှမ်းသွားရမယ်လေ...။

#လုံးလုံးလေး
#တစ်ယောက်ထဲလည်းပျော်ပါတယ်

Photos from Amara Su's post 23/05/2023

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...

ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့စောင့်နေကြလို့ပါပဲ....။



မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့စောင့်နေကြလို့ပါပဲ... ။


မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး
ပြန်မထ နိုင်မယ့်နေ့ကို
သူတို့စောင့်နေကြလို့ပါပဲ....။

Credit: original writer 🙏

18/04/2023

အပျိုကြီး လူပျိုကြီး တွေဆို လှောင်ချင်ပြောင်ချင်သလို လုပ်နေကြတဲ့ လူမှုအသိုင်းကလူအချို့ကိုပြောပါရစေ...

အပျိုကြီး လူပျိုကြီး ကဖြစ်ချင်တိုင်းဖြစ်မရဘူး မိမိအလိုရှိတာ လိုတရ ဖြစ်နေတဲ့သူမှ အားကိုးမရှာတာပါ
မိမိခြေထောက်အပေါ်မိမိရပ်နိုင်သူပါ

အိမ်ထောင်ပြုပြီးဘဝပျက်နေသူဒုနဲ့ဒေးပါ

ပတ်ဝန်းကျင် ကအပျိုကြီးဖြစ်လို့ လှောင်ကြတာ မြန်မာ့အသိုင်းဝိုင်းမှာ ပဲရှိတယ်။

တကယ်က အပျိုကြီးဖြစ်တဲ့သူကို လေးစားအားကျရမှာပါ။

မိဘကို လက်ညှိုးညွှန်ရာ ရေဖြစ်စေတယ်

မိမိဘဝကိုအလိုရှိတဲ့အတိုင်းစီမံနိုင်တယ်

သူများမျက်နှာကြည့်ပြီး မိဘကို ပေးကမ်းရတာ သူများကိုခွင့်တောင်းပြီး လုပ်နေရတာတွေ မကြိုက်ဘူး အခုပြောနေသူရော ဘဝအတွက်အာမခံချက်ဘာရှိလဲ မိဘအတွက် ဘာတွေလုပ်ပေးပြီးပြီလဲ

အိမ်ထောင်ပြုပြီးပိုကောင်းတဲ့ဘဝရဖို့ထက် ပိုစိုးတဲ့ဘဝမရအောင်သာ ကြိုးစားပါ

အဲ့ဒီအပျိူကြီးလူပျိုကြီးဆိုတဲ့သူတွေက အပေတေ တွေမဟုတ်ဘူးနော်

ရာထူး ပညာ ဥစ္စာ ရုပ်ရည် ပြည့်စုံ သူတွေ

မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သူ တွေ

မိဘနဲ့မောင်နှမတွေကို ပြုစုစောင့်ရှောက်နိုင်တဲ့သူတွေ

လူ့ပတ်ဝန်းကျင် ကိုအကျိုးအများကြီးပြုနိုင်တဲ့သူတွေပါ

အိမ်ထောင်ပြု တယ်ဆိုတာ သိပ်လွယ်တယ်ထင်ရင်မှားမယ်

သံသရာထိ တွေးကြည့်ဖူးလို့လား

အိမ်ထောင်ပြု မှားရင် ငရဲကျတတ်တယ်''လူ့ငရဲ''

အိမ်ထောင်ပြုရတာကအရမ်းလွယ်တယ်

အိမ်ထောင်တစ်ခုတည်မြဲဖို့ ထိန်းသိမ်းတည်ဆောက်ရတာအရမ်းခက်တယ်

မိန်းမဆိုရင်အသက်ကြီးသွားရင် မကောင်းဘူး

သမီးကညှာအခါမလင့်စေနဲ့လို့ ပြောကြတဲ့သူတွေ ရှိတယ်

အိမ်ထောင်ပြုဖို့ဆိုတာ အရင်ဆုံး စိတ်ပိုင်းဆိုင်ရာ စီးပွားရေး အလုပ်အကိုင် လူနေမှု အဆင့်အတန်းဒါတွေအဆင်သင့်ဖြစ်နေဖို့လိုပါတယ်။

အိမ်ထောင်ပြုပြီး မိဘကို လစ်လျူ ရှူထားရတဲ့အခါ မိဘသိတက်တဲ့သားသမီးက သူ့လက်ရှိအနေအထားကိုမပျော်တော့ဘူး။

အိမ်ထောင်ဘက်ကလည်း သူ့မိဘဆွေမျိုးတွေဆိုအထိမခံ တဲ့အခါ အနေထားက အိုကေမနေတော့ဘူး

အိမ်ထောင်ပြုတာဟာနှစ်ယောက်ပေါင်းရတာမဟုတ်လို့

ကိုယ့်အနေနဲ့ အဆင့်သင့်မဖြစ်သေးဘူးလို့ထင်ရင် အိမ်ထောင်မပြုတာအကောင်းဆုံးပါပဲ။

ရှေးလူကြီးတွေ ပြောကြတဲ့နောင်ပြင်ဖို့ ခက်သည့်အမျိုးဆိုတာကရှိပြီးသားပဲ

ဒီအရာတွေ၏ အဓိပ္ပာယ် အတိမ်အနက် သိသူ

ဒါကို အလေးနက်ထားတန်ဖိုးထားသူတွေက ဘယ်အရာကိုမှ လွယ်လွယ်မဆုံးဖြတ်ကြပါဘူး

အိမ်ထောင်ရေးတစ်ခုဖြစ်သွားပြီဆိုတဲ့အခါ Good wife material ဆိုတဲ့ ဘောင်အတွင်းဝင်ဖို့ တတ်နိုင်သမျှ သူသူငါငါ ကြိုးစားကြတယ်

ဒါပေမယ့် တခါတလေကြိုးစားရင်းနဲ့ ခရီးအတူဆက်သွားလို့မရတဲ့အခါတွေမှာ မဖြစ်ချင်ပဲ လက်တွဲ ဖြုတ်လိုက်ကြရတာတွေရှိတယ်

နှစ်ဦးစလုံးနစ်နာကြရတာပါပဲ

အနည်းဆုံး တလင်ကွာ တခုလတ် ဖြစ်ကြရတာပါပဲ

အပျိုလူပျိုဘဝ ပွေရှုပ်တာကို လူ့အသိုင်းဝိုင်းက လက်ခံကြပြီး

အိမ်ထောင်ကွဲကျ မေးငေါ့တတ်ကြတယ်

အပျိုလူပျိုဘဝ ကဂုဏ်ရှိတယ် တင့်တယ်တယ်

လူရာဝင်တယ် ဆိုပေမယ့် တခုလတ် တလင်ကွာလဲ

မပွေမရှုပ်ဖင်မသရမ်းနေရင် ကောင်းကောင်းမွန်မွန် နေထိုင်ရင် လူမှုအသိုင်းဝိုင်းက အတိတ်တွေကို ရေနူးမနေသင့်ကြဘူးမဟုတ်လား

အချို့အိမ်ထောင်ပြိုကွဲ ကြတဲ့အခါ

ကလေးတွေရှိရင် ပိုစိုးတယ် မိဘမပြည့်မစုံနဲ့ ကြီးပြင်းကြရတဲ့ စိတ်ဒဏ်ရာတွေ က တွေးကြည့်ရင်တောင်သနားလွန်းလို့

အိမ်ထောင်မှုမပြုခင် သူ့မိသားစု ကိုယ့်မိသားစု အဆင် ပြေ၏မပြေ၏ဒီအိမ်ထောင်ရေးအတွက် အားလုံးဟာ စိတ်ရောလူပါ တည်ဆောက်ယူကြရတဲ့အရာပါ။

လူတွေက မယူခင်အကောင်းပါ ယူပြီးမှ မကောင်းတဲ့အရာတွေမြင်လာတွေ့လာကြတယ်

တခါတလေ လင်မယားခြင်းအဆင်ပြေနေရင်တောင် ဘေးပယောဂကြောင့် ကတောက်ကစနဲ့ရန်ပွဲ တွေဖြစ်ကြရတယ်

ဒီရန်ပွဲကနေ သူတခွန်းကိုယ်တခွန်းအနိုင်ယူပြောကြရင်းသေရာပါ စိတ်ဒဏ်ရာတွေရပြီး မုန်းစိတ်တွေ ဝင်သွားတတ်ကြတယ်

ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ပါစေ ချစ်လို့ယူကြတဲ့အိမ်ထောင်ရေးကနေ သာယာမှု၊ပျော်ရွင်ကြည်နူးမှုရဖို့လိုပါတယ်

ဒါကြောင့် အိမ်ထောင်ပြုကြတဲ့အခါ သီးသန့်အိမ်ခွဲနေဖို့ပြောကြတာပါ။

တခါတလေ မိဘဆွေမျိုးတွေက ပြောဆိုတဲ့စကားကိုနားယောင်ပြီး အတူပေါင်းသင်းလာသူ မိမိကို သူ့မိဘဆွေမျိုးတွေထက်ချစ်လို့ မိမိဘဝထဲ ခြေစုံပစ်ဝင်လာသူကို သူတပါးစကားကြောင့်နားယောင်ပြီးအပြစ်ရှာတဲ့
ငတုန်းတွေကရှိသေးတယ်။

ဒီအရာတွေကို တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ကြုံရမှသိရတာမျိုးမဟုတ် သူငယ်ချင်းတွေ ပတ်ဝန်းကျင် ကဖြစ်ပျက်နေတာတွေကြည့်ပြီး

အိမ်ထောင်ပြုရင် ဒါတွေ မလွှဲမသွေရင်ဆိုင်ရမှာပါလားဆိုတာသိရတယ်

ဒီ ဒုက္ခ တွေကို အခုနက အပျိုကြီး လူပျိုကြီးဖြစ်မယ်အရွယ်လွန်ပြီးကလေးမရဖြစ်မယ်

လို့မေးကြ ပြောကြတဲ့ ပတ်ဝန်းကျင်က လူတွေ ကြုံရမှာ မဟုတ်ပါဘူး၊ ရင်ဆိုင်ရမှာမဟုတ်ပါဘူး

အဓိက ကတော့ မိမိ၏ဖြစ်တည်မှုနဲ့ မိမိသာသက်ဆိုင်ပါတယ်။

အိမ်ထောင်ပြုပြီးရင် လင့်အလိုမယားအလိုကျနေပေးရတယ်

လင့်အကြိုက်မယားအကြိုက်တွေပြုမူရတယ်

တကိုယ်ရေဘဝလို နေချင်သလိုမနေရဘူး

အရာရာ ကခွင့်ပြုချက်တွေလိုတယ်

ကိုယ်ကတော့ရှင်းတယ်

အိမ်ထောင် ပြုဖို့ ယူမယ့်သူမရှိလို့မဟုတ်ဘူး

ဝိုင်းနေလွန်းလို့ခါချနေရတယ်

အဲ့ထဲကမှ မေတ္တာ စစ်မှန်သူရွေး

သေအတူရှင်မကွာ နေနိုင်သူရွေး

မိဘမောင်နှမတွေနဲ့ မိမိစရိုက်ကိုက်ညီမှုရှိမရှိရွေး

ကိုးကွယ် ယုံကြည်မှု နဲ့ မျိုးရိုးကိုရွေး

အကုန်ရွေးရတယ်

သားကြီး သမီးကြီးဆို သေချာပေါက်မိဘကို ပြုစုလုပ်ကျွေးရမယ်

ကိုယ် ကမိဘသိတက်တဲ့သူမို့ မိဘမသိတက်တဲ့သူဆို မုန်းတယ်

ကိုယ်အိမ်ထောင်ပြုဖြစ်ခဲ့ရင် သူ့မိဘကိုယ်မိဘတန်းတူထားတာမျိုးပဲလိုလားတယ်

ရန်ဖြစ်စကားများတဲ့အခါ မင်းမိဘကိုငါထောက်ပံ့ပေးရတယ်ဆိုတဲ့စကားနဲ့ကိုယ့်ကိုအနိုင်ယူတာမခံနိုင်ဘူး

ဒီလိုပဲ သူ့ပေးကမ်းမှုကြောင့်ကိုယ့်မိဘတွေမျက်နှာအငယ်မခံနိုင်ဘူး

ဒါကြောင့် စလယ်ဆုံး ကိုယ်ပဲတာဝန်ယူတယ်

ကျွေးချင် ကန်တော့ချင်တာလက်ခံတယ်ပြုစုလို့ရတယ်

ကိုယ့်မိဘတွေကို ထောက်ပံ့ပေးရလို့ဆိုပြီးရန်ဖြစ်စကားများပြီးလင်မယားကွဲတာမျိုးမဖြစ်မခံနိုင်ဘူး

နောက်ဆုံး ကိုယ်အရင် လူ့ဘဝကြီးကထွက်သွားရရင်တောင် ကိုယ်ထားရစ်ခဲ့ တဲ့အရာတွေနဲ့ ရင်ကော့ခေါင်းမော့ပြီး မိဘနှစ်ပါးကို စောင့်ရှောက်ပေးလို့ရတယ်

မိဘပိုင်ဆိုင်တဲ့အရာတွေလည်းရှိပြီးသားဖို့ မဖြုန်းဘူးဆိုရင် နောင်ဘဝထိ အသုံးပြုလို့ရတယ်

အတိတ် အနာဂါတ် ပစ္စုပ္ပန် ထိ စလယ်ဆုံး တာဝန်ယူထားသော မိန်းမတယောက်က အိမ်ထောင်ရေးကိုပြီးစလွယ်မဆုံးဖြတ်ဘူး

ရာထူး ဥစ္စာ စည်းစိမ် ပညာ တွေပြည့်စုံနေတဲ့မိန်းမတယောက်က တွေ့ရာလူကို ချစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မရွေးချယ်ဘူး

တာဝန် ယူတာဝန်ခံမှုမရှိရင် မတည်မြဲ ဘူး

သူ့ဘက်ကိုယ့်ဘက် မမျှတရင်အဆင်မပြေဘူး

ကိုယ်တွေစကားပြောတတ်ခင်က

ဗိုက်ဆာတယ် ပူတယ် အေးတယ် နာမကျန်းဖြစ်တယ်ဆိုတာ အရိပ်အခြေကြည့်ပြီးမိဘနှစ်ပါးကသိတယ်

ခံစားရသမျှဝေဒနါကို ကိုယ့်ကိုစားဆရာဝန်တွေကိုပြောပြပေးနိုင်သလို ခံစားမှုသက်သာလျော့ပါးအောင်စွမ်းဆောင်ပေးကြတယ်

ဒီလိုပဲ

ကိုယ့်မိဘတွေအသက်ရွယ်ကြီးလာတဲ့အခါ ကိုယ်ကအရိပ်အခြေကြည့်ပြီးအလိုက်တသိလုပ်ပေးရမယ်

ကိုယ့်မိဘကလည်းခုထိကျန်းကျန်းမာမာလုပ်နိုင်ကိုင်နိုင်တယ်

ပြောချင်တာက တော့

ဘုရားတရားလုပ် မိဘပြုစုစောင့်ရှောက်နိုင်ဖို့ဆိုတာ အပျို ဘဝပဲရတာ

လူစိတ်ရှိတဲ့အမျိုးသားရရင်တော့ အိမ်ထောင်သည်လဲအဲ့ဘဝရတယ်

အိမ်ထောင်ရေးကံက အရေးကြီးတယ်

ပြီးစလွယ် လုပ်လို့မရတာမို့ ဝေဖန်လေကန်နေကြသူတွေ ရာသက်ပန် အာမခံချက်ပေးနိုင်မှ သူတပါးကို အပျိုကြီး လူပျိုကြီး ဘဝကနေ အိမ်ထောင်ပြုဖို့ပြောကြပါ

အိမ်ထောင်ရေးအဆင်မပြေသောကဖြစ် စားဝတ်နေရေး ခက်ခဲနေရင်အဲ့လူတွေက ကူညီထောက်ပံ့ပေးကြပေါ့

မွေးလာတဲ့ကလေးတွေပညာရေး ရင်းနှီးမတည်ပေးကြပေါ့

ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင် လေနဲ့ စိုးရိမ်မှုတွေပေးမနေနဲ့ သူများဘဝတွေသူ့ဘာသာလှပါစေ

တယောက်ထဲလှလှ

နှစ်ယောက်တွဲလှလှ

အဓိက ကတော့လှနေဖို့ပဲလိုပါတယ်

ဟုတ်တယ်...ဟုတ်

19/03/2023

" သူတို့မသိတဲ့ ဆရာမအကြောင်း "
=======================

အတန်းဝင်တိုင်း မျက်နှာလေးတွေ
လိုက်ကြည့်ပြီး လူစုံမှ ရင်အေးတတ်တဲ့
ဆရာမအကြောင်း သူတို့ မသိဘူး...

မျက်နှာမကောင်း၊နေမကောင်းရင်
ဘာဖြစ်လို့လဲလို့ အမြဲတွေးပြီး စိတ်ပူနေတတ်တဲ့
ဆရာမအကြောင်း သူတို့ မသိဘူး...

သူတို့ကို ဘယ်လိုသင်ရင်
သူတို့စာကြည့်ရတာ ပိုလွယ်မလဲလို့
အမြဲတွေးနေတတ်တဲ့ ဆရာမအကြောင်း
သူတို့ မသိဘူး...

စာသင်ခန်းထဲမှာ စာတစ်ခုတည်းတင် မဟုတ်ဘဲ
ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းအတွက်
လိုအပ်တဲ့အရာတွေပါ သင်ပေးပြီး
အမြဲဆုံးမချင်တတ်တဲ့ ဆရာမအကြောင်း
သူတို့ မသိဘူး...

သူတို့ ' နောင်တ' ဆိုတဲ့ စကားလုံးနဲ့ တွေ့ရမှာစိုးလို့
ပြင်းပြင်းပြင်းထန်ထန်ပြောဆိုဆုံးမပြီးတိုင်း
ငါပြောတာလွန်သွားလားဆိုတဲ့
စိတ်နဲ့ စိတ်မကောင်းဖြစ်တတ်တဲ့
ဆရာမအကြောင်း သူတို့ မသိဘူး...

မင်းသား မင်းသမီး သရုပ်ဆောင်တာကိုသာ
သူတို့မြင်တယ် စာသင်ခန်းထဲမှာ ပျော်အောင်၊
အတန်းတက်ချင်အောင် စိတ်ညစ်စရာရှိရင်တောင်
သူတို့မှတ်ထားတဲ့ ဆရာမရဲ့ တက်ကြွတဲ့ပုံစံပျက်မှာစိုးလို့
မျိုးစုံသရုပ်ဆောင်ပြီး စာသင်နေတဲ့
ဆရာမအကြောင်း သူတို့မသိဘူး...

သူတို့စာဖြေထားတာတွေ စစ်ရတိုင်း
အားမလိုအားမရဖြစ်ပြီး ရင်နာနေရတတ်တဲ့
ဆရာမအကြောင်း သူတို့မသိဘူး...

ဆရာမက သူတို့ကို
အရမ်းချစ်တယ်ဆိုတာတော့ သိမယ်လို့
မျှော်လင့်ရင်း..

Credit:
original uploaded

Photos from Amara Su's post 15/12/2022

ကျွန်မက ကျွန်မ ပါ ပဲ

လူတွေက ကံချင်းမတူကြလို့ ဘယ်သူ့ကိုမှ တုပြီး
လိုက်အားကျ မနေတတ် ပါဘူး

သူ့မှာလည်း သူကံတရားနဲ့သူ အကောင်း အဆိုး ရှိသလို
ကျွန်မလည်း ကျွန်မ ကံတရားနဲ့ ကျွန်မ ပဲလေ"

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး အချစ်ခံရသည် ဖြစ်စေ
အပစ်ခံရသည် ဖြစ်စေ ဘယ်သူနဲ့မှ ပြိုင် မငြင်း ချင်ဘူး"

ဘယ်လို ဒုက္ခတွေ အခက်အခဲတွေနဲ့ပဲ ကြုံကြုံ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားပြီး ရင်ဆိုင်တယ်"

ကျွန်မက ဘယ်လို နာကျင်မှု မျိုးကိုမှ လည်း
အလေးအနက်ထားပြီး အချိန်ကြာကြာ မခံစားတတ်ဘူး"

လောကကြီးက ကိုယ်ဖြစ်ချင်သလို မဖြစ်လာလည်း
နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်တယ်"

စိတ်ဓာတ်ကျရှုံးရင် အရာအားလုံး ဆုံးရှုံးတတ်တာမို့
စိတ်ဓာတ်ကျစေမယ့် အကြောင်းတွေကို သိပ်မတွေးဘူး"

တခြားလူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်
သိမ်ငယ်အောင် တန်ဖိုးကျအောင်လည်း မလုပ်ဘူး"

အတိတ်အကြောင်းတွေကို ပြန်မတွေးပဲ နေတယ်"
အနာဂတ်"အတွက်လည်း ပူဆွေး သောကတွေ မဖြစ်ဘူး"

ရှင်သန်နေရတဲ့ ဒီအခိုက်အတန့်လေးကိုပဲ အာရုံစိုက်ပြီး
စိတ်ပေါ့ပေါ့ပါးပါးနဲ့ စိတ်ပျော်အောင် နေလိုက်တယ်"

ကျွန်မ လဲကျတဲ့ အချိန်တွေရှိခဲ့ဖူး သလို
လှဲချခံရတဲ့ အခါတွေလည်း ဘဝမှာ အခါခါ ပါပဲ"

ကျွန်မ စိတ်ရင်းကို ဖျက်စီးသွားတဲ့ သူတွေရှိတယ်"
ကျွန်မ အိမ်မက်တွေကို ရိုက်ချိုးပစ်တဲ့ သူတွေရှိတယ်"

ကျွန်မကို မျော်လင့်ချက်မဲ့အောင် လုပ်တဲ့ လူတွေထဲမှာ
တရင်းတနှီး ပတ်သက်ခဲ့ဖူးတဲ့ သူတွေလည်း ပါတယ်"

အဲဒါကြောင့်..ထင်ပါရဲ့
အခုနောက်ပိုင်း အချိန်တွေ ကြာလာလေ~~

လောကဓံ"တရားတွေ ကိုလည်း မကြောက်တော့ဘူး
လူတချို့ကိုလည်း သိပ်ပြီး ဂရုစိုက် မနေတတ်တော့ဘူး"

မကျေနပ်စရာတွေနဲ့လည်း ခေါင်းစား မခံချင်တော့ဘူး
ကျွန်မ အကြောင်း ကောင်းဖို့သာ ကြိုးစားနေလိုက်တယ်"

ကျွန်မ ဖြစ်တည်မှုလေးကို ကျေနပ်စွာ လက်ခံပြီး
မလိုအပ်တဲ့ အရာတွေရဲ့ ခပ်ဝေးဝေးမှာ နေဖြစ်လာတယ်"

ကျွန်မ အမြဲတမ်း ပြုံးရယ် မနေနိုင်ရင်တောင် ဘဝကို
ပျော်အောင်နေတတ်ဖို့ သင်ခန်းစာတွေ အများကြီး ရခဲ့ပါပြီ"

ခိုင် (အညာမြေ)

Photos from Amara Su's post 28/11/2022

ဖတ်ကြည့်နော်😊

# လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။
အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာအပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို့ နောက်မကျဖို့ပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့မြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း
ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး
ဆရာနဲ့တပည့်
အလုပ်ရှင်အလုပ်သမား
သူငယ်ချင်းကြား
ချစ်သူကြား
မိတ်ဆွေကြား

အသင်းအဖွဲ့တွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း
ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖို့စဉ်းစားတိုင်းမှာ
တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ
အဆုံးမှာစော်ကားစရာအဖြစ်သာ ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်
"လူသားတွေ ကျေးဇူးကန်းတဲ့အခါ
နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး

မူရင်းရေးသားသူကိုလေးစားလျက်

credit

Photos from Amara Su's post 12/10/2022

တစ်ခါလောက်ဖြစ်ဖြစ် ဆိုးကြည့်ပါ . . .

ကိုယ်ကောင်းလို့ ကိုယ့်ဘေးနားမှာ ရှိနေတာဆိုရင်အောင့်သက်သက်နိုင်ပါတယ် ဝမ်းလည်းနည်းရတယ်
ငါ မကောင်းတော့ရင် ငါဆိုးနေရင်ကော ရှိနေပါ့မလားဆိုတဲ့ အတွေး ခေါင်းထဲဝင်လာဖူးတယ်ဆိုရင် ဒီစာလေးကို ဆုံးတဲ့အထိ ဖတ်ကြည့်ပါ ။ ဘယ်လိုဆိုးရမလဲဆိုတာ ပြောပြထားတယ် ။

အမြဲတမ်းသည်းခံနေတာတွေ ရပ်ပြီး မြိုသိပ်ထားတာတွေ ရင်ဘတ်ထဲမှာရှိသမျှ ဖွင့်ပြောပြလိုက် ဘာဆက်ဖြစ်လာမယ်လို့ ထင်လဲ အဆိုးဆုံးအခြေအနေအရဆိုရင် ရန်သူတွေအထိ ဖြစ်သွားတတ်ပါတယ် ။

ကူညီနေတာတွေရပ်ပြီး ငါ မကူညီနိုင်တော့ဘူး မင်းဟာမင်းလုပ်တော့လို့ ပြောကြည့်ပါ ကမ္ဘာ့ရန်တွေ ဖြစ်သွားတဲ့အထိ ပြင်းထန်ကောင်း ပြင်းထန်ပါလိမ့်မယ် ။

အမြဲတမ်းရှင်းနေကျဝိုင်းမှာ မရှင်းပဲ ထိုင်နေကြည့် ဘေစာရွက်လာတဲ့အခါ ကိုယ့်ကိုယ်လှမ်းကြည့်ကြလိမ့်မယ်
အမြဲတမ်းကောင်းနေခဲ့တာကို ရပ်ပြီး တစ်ခါလောက်ဖြစ်ဖြစ် ဆိုးကြည့်ပါ ဟုတ်ကဲ့လို့ အမြဲပြောခဲ့တာရပ်ပြီးကိုယ့်အတွက် ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း ဟင့်အင်းလို့ ငြင်းခဲ့ပါ ။

နောက်ဆုံးမှာလူတော်တော်များများ ကိုယ့်အနားက ထွက်သွားကြလိမ့်မယ် ကိုယ့်အပေါ် တကယ်နားလည်ပြီး တန်ဖိုးထားတဲ့လူတွေသာ ကျန်ခဲ့ကြလိမ့်မယ် ။ ဒါ အမြတ်ပဲလေ ။ လူများပြီး ပွဲမစည်တာထက်စာရင် ကိုယ့်အနားမှာရှိတဲ့လူတွေက ကိုယ့်ကို တန်ဖိုးထားပါလားဆိုတဲ့ အသိလေးက အရမ်းကျေနပ်ဖို့ ကောင်းပါတယ်
ဒါကြောင့် ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ် ဆိုးကြည့်ပါ
ပြီးရင် ဘယ်နှစ်ယောက်များကျန်ခဲ့မလဲလို့ ရေတွက်ကြည့်ပေါ့။

တစ်စုံတစ်ယောက်ပဲ ကျန်ခဲ့ရင်တောင် အရမ်းကို ပျော်ဖို့ကောင်းနေပါပြီ ကိုယ့်အနားမှာ ခင်သလိုလို မင်သလိုလိုနဲ့ ရပ်နေတဲ့လူတွေ ကိုယ်ဆိုးတဲ့အခါ ထွက်သွားကြလိမ့်မယ် ၀မ်းမနည်းနဲ့ ပြုံးပြုံးလေးသာ နှုတ်ဆက်ပေးလိုက်ပါ

အမြဲတမ်းကောင်းနေတဲ့အခါ အဖော်တွေအပေါင်းတွေ အများကြီးရှိနေလိမ့်မယ် ပြီးတော့ ဒုက္ခတွေကော ဒဏ်ရာတွေကော အများကြီးရှိနေလိမ့်မယ် ဘ၀မှာ တစ်ခါလောက်ဖြစ်ဖြစ်ပဲ ဆိုးကြည့်ပါ တစ်ခါလောက်ဖြစ်ဖြစ် ငြင်းကြည့်ပါ ။

#မိန်းမသားတို့အတွက်
#သျှင်ယွန်း

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay