Pyaw Bwe PAGE

Pyaw Bwe PAGE

Share

Y

13/07/2022

ပျော်ဘွယ်မြို့
အရှေ့/‌အနောက်/တောင်/မြောက်
မြို့အဝင်အထွက် ဂိတ်များ ယခုရက်ပိုင်း
အစစ်အဆေးကြမ်း.....

11/07/2022

ပျော်ဘွယ်မြို့နယ် ဇူလိုင်(၉)ရက်နေ့ ဖောင်းဒိုင်းဖြစ်စဥ်အပြီး မြို့ပေါ်/ကျေးရွာများမှ ဒလန်သတင်းပေးဟု နာမည်ကြီးနေသူများ၏လက်ရှိအခြေအနေ⬇️⬇️⬇️

Photos from Pyaw Bwe PAGE's post 11/07/2022

ပျော်ဘွယ်မြို့။ ။
ဇူလိုင်(၁၁) / ၂၀၂၂

ဇူလိုင်(၉)ရက်နေ့ ပစ်ခတ်မှုတွင် သေဆုံးခဲ့သော မယဉ်ယဉ်အေး(၄၂)နှစ် အား ယနေ့ညနေ(၅)နာရီ အချိန်ခန့်တွင် ပျော်ဘွယ်မြို့တောင်ဘက်တွင်ရှိသော မကျီးပင် သုဿန်သို့ပို့ဆောင် သဂြိုလ်မည်ဖြစ်ကြောင်းသိရှိရသည်။

မယဉ်ယဉ်အေး၏ခင်ပွန်းဖြစ်သူဝင်ကြိုင်(ခေါ်)မီးခဲ သည် ပျော်ဘွယ်မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဒု-ဥက္ကဋ္ဌဖြစ်ကြောင်းသိရသည်။ခင်ပွန်းဖြစ်သူ
ဝင်ကြိုင်(ခေါ်)မီးခဲ၏ နိုင်ငံရေး
ပဋိပခတင်းမာမှုများနှင့်နိုင်ငံအနှံ့နယ်စုံအလောင်းအစား အရှုပ်အထွေးတွေကြား အနေအထိုင်အေးဆေးသူ မယဉ်ယဉ်အေးမှာဓားစာခံ ဖြစ်ခဲ့ရသည်ဟု ၎င်း၏ဆိုင်တွင် စားသောက်ဖူးသောမြို့ခံလူတစ်ဦးက ဆိုသည်။

ပဋိပခအရှုပ်အထွေး ကင်းရှင်းသော ကောင်းမွန်ရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် မယဉ်ယဉ်အေးရေ ...
Pyaw Bwe PAGE

09/07/2022

ပျော်ဘွယ်မြို့။ ။
ဇူလိုင်(၉) / ၂၀၂၂)

ပျော်ဘွယ်မြို့နယ် ရွှေပြည်ရန်အောင်ရပ်ကွက် (အ.ထ.က - ၁) ကျောင်းလမ်းအရှေ့ဘက် သိမ်တော်ဦးဘုရားကျောင်းပေါက် အနီးတွင် နေထိုင်သော ဝင်းကြိုင်(ခေါ်)မီးခဲ ၏ ဇနီး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ...

ယနေ့ ည(၇)နာရီကျော်ခန့် အချိန်တွင် ဝင်းကြိုင်(ခေါ်)မီးခဲ ၏ဇနီးဖြစ်သူ မယဉ်ယဉ်အေး သည်နေအိမ် အာပူရှာပူဆိုင်အတွင်း သေနတ်ဖြင့် (၄)ချက်ပစ်ခတ်ခံရပြီး ရင်ဘတ်/ဦးခေါင်းတို့အားထိမှန်ကာ နေရာတွင်ပွဲခြင်းပြီးသေဆုံးသွားကြောင်း သိရှိရပါသည်။‌
လာရောက်ပစ်ခတ်သူမှာအဖွဲ့ဖြင့်မဟုတ်ပဲ တစ်ယောက်ထဲဖြစ်ကြောင်းသိရသည်။
သေနတ်သမားလွတ်မြောက်သွားပြီးမယ‌ဉ်ယဉ်အေးအား လူနာတင်ကားဖြင့်သယ်ဆောင်သွားပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များရောက်ရှိစစ်ဆေးလျက်ရှိသည်။

ဝင်းကြိုင်(ခေါ်)မီးခဲ သည်မြို့ပေါ်တွင် ဒလန်သတင်းပေးဟုနာမည်ကြီးနေသူဖြစ်ကြောင်းသိရှိရပြီး စစ်အစိုးရတာဝန်ယူပြီးချိန်တွင် မြို့ပေါ်ရှိ ရိုးသားစွာလုပ်ကိုင်စားသောက်နေသော မြို့နေလူအချို့အား အွန်လိုင်းပေါ်တွင် နိုင်ငံရေးလှုပ်ရှားသူများ/ဆူပူသူများအဖြစ်ရေးတင်ခဲ့သူဖြစ်ကြောင်းသိရသည်။

ယခု ပစ်ခတ်မှုသည် မည်သို့မျှထင်မှတ်မထားသောဖြစ်စဉ် တစ်ခုဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မည်သို့ဆက်စပ်နေသည်ကိုခန့်မှန်းမရကြောင်းမြို့ခံတစ်ဦးမှပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့တွင် ပထမဆုံးပစ်ခတ်သေဆုံးမှုဖြစ်ကြောင်းသိရသည်။
Pyaw Bwe PAGE

Photos from Pyaw Bwe PAGE's post 09/07/2022

မနေ့က ကားအက်စီးဒင့်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဏ္ဏဝါဆေးဆိုင်မှ CCTV / ရွှေငါးမုန့်ဆိုင်မှ CCTV / ရွှေမေတ္တာ ဖုန်းဆိုင်မှ CCTV / ရိုးမဘဏ်မှ CCTV / KMD ဖုန်းဆိုင်မှ CCTV တို့အား ဆိုင်ရှင်အားခွင့်ပန်ပြီး
ကာယကံရှင်တွေကြည့်သင့်တယ်။
နေ့လည် တစ်နာရီနောက်ပိုင်းမှတ်တမ်းလိုက်ရင်တွေ့နိုင်မှာပါ။
အဖြစ်နိုင်ဆုံးက KMDဖုန်းဆိုင်နှင့်‌ ရွှေမေတ္တာဖုန်းဆိုင်‌တွေက CCTVပါ။သူကလမ်း အနောက်ဘက်ခြမ်းဖြစ်တာကြောင့် ကားနံပတ်အားမြင်နိုင်ချေများပါတယ်။
ကားနောက်ဘီးနှစ်ဘီးလုံးဆင့်ကျိတ်တာမို့ ရှေ့ဘီး သွေးစ မပေရင်တောင် နောက်ဘီးမှာ သွေးစတွေရှိမှာပါ။ နောက်ပြီးအဲ့အချိန်ဆို ရေဆေးဖို့ရာအချိန်မရှိသေးပါ။
စိတ်ထဲမတင်မကျဖြစ်နေသော ကာယကံရှင်ကောင်လေးဘက်မှ မိသားစု မိတ်ဆွေများ ကားနံပတ်အတိအကျသိရှိစေရန်အကြံပြုခြင်းဖြစ်သည်။
လမ်းအရှေ့ဘက်ခြမ်းက CCTV တွေကတော့လမ်းအလယ်လောက်အထိ ချိန်သားရှိမရှိမသေချာပါ။
ကားကြီးအား ညာဘက်မှကျော်တက်စဉ် လမ်းဘေးရပ်ထားသော ဘီးအား ချိတ်မိကာ လက်ကိုင်ခေါက်သလိုဖြစ်ပြီး ကားအောက်သို့လဲကျသွားခြင်းဖြစ်ပြီး ကားသမားတောင်အဲ့အချိန်မှာသိလိုက်မှာမဟုတ်ဘူး ဟု အနီးနားတွင်ရှိသောမျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။


Pyaw Bwe PAGE

08/07/2022

ပျော်ဘွယ်မြို့။ ။
ဇူလိုင်(၈)/၂၀၂၂

ပျော်ဘွယ်မြို့ ရန်ကုန်-မန္တလေး လမ်းမတော် နာရီစင်တောင်ဘက် နောင်ရိုးလက်ဖက်ရည်ဆိုင်ရှေ့ (1:30 pm)အချိန်ခန့်တွင်အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး နေရာတွင်ပွဲခြင်းပြီးသေဆုံး...
အနီးပတ်ဝန်းကျင်မျက်မြင်များပြောစကားအရ ဆီဘောက်ဆာ တွဲကားဟု အကြမ်းဖျင်းသိရပြီး နောက်ပိတ် အဖြူနှင့်အပြာရောင်သုတ်ထားကာ ဘီးများတွင်သွေးများပေကျံလျက် ရမည်းသင်းမြို့ဘက်သို့ ထွက်ခွာမောင်းနှင်သွားကြောင်းသိရှိရပါသည်။

02/07/2022

#ရမည်းသင်းမြို့က၂၀၂၀ကြံ့ခိုင်ရေးပါတီအမတ်နေအိမ်ဗုံးဖြင့်တိုက်ခိုက်ခံရ
မန္တလေးတိုင်း၊ ရမည်းသင်းမြို့တွင် စစ်ကောင်စီထောက်ခံပွဲများကို ကိုယ်တိုင်ဦးဆောင်နေသူ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်း ဦးကျော်မြင့်​၏နေအိမ် ဗုံးဖြင့်တိုက်ခိုက်ခံရ

ဇူလိုင်လ(၁)ရက်နေ့ ညနေ(၇)နာရီခန့်က ရမည်းသင်းမြို့၊ အုန်းပင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးအမတ်​လောင်း ဦးကျော်မြင့်၏နေအိမ်အား ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရမည်းသင်း PDF (Y-PDF) က ထုတ်ပြန်ထား
Pyaw Bwe PAGE

28/06/2022

မိန်းခလေး(၃)ဦးမောင်းနှင်စီးလာသောဆိုင်ကယ်အားနောက်မှဝင်တိုက်ပြီးလေးခွနှင့်ပစ်ကာခြိမ်းခြောက်ယူဆောင်ထွက်ပြေး

ဇွန်(၂၈)၂၀၂၂ #သာစည်
#ရွှေမောင်မောင်(မိတ္တီလာ)

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်ကုက္ကိုကန်-ထနောင်းကုန်းကျေးရွာအနီးခရိုင်ချင်းလမ်းတွင်မိန်းခလေး(၃)ဦး မောင်းနှင်စီးလာသောဆိုင်ကယ်အားနောက်မှဝင်ရောက်တိုက်ကာလေးခွနှင့်
ပစ်သဖြင့်ဆိုင်ကယ်လဲကျစဥ်ဆိုင်ကယ်အားယူဆောင်ထွက်ပြေးသွားကြောင်း
စုံစမ်းသိရသည်။

ဇွန်(၂၇)ရက်နေ့နံက်(၈:၃၀)အချိန်ခန့် ပျော်ဘွယ်မြို့နယ်တွင်းရွာနေမိန်းခလေး(၂)ဦးမှမိတ္တီလာတက္ကသိုလ်သို့ကျောင်းအပ်ရန်ဆိုင်ကယ်ဖြင့်ခရိုင်ချင်းဆက်လမ်းအတိုင်းစီးနင်းလာပြီး
ကုက္ကိုကန်ကျေးရွာနသူငယ်ချင်းမိန်းခလေးအားဝင်ရောက်ခေါ်ဆောင်၍(၃)ဦးမောင်းနှင်စီးနင်းလာရာမျက်နှာချင်းဆိုင်မှအမည်မသိအမျိုးသား(၄)ဦးမောင်းနှင်စီးလာသောဆိုင်ကယ်နှစ်စီးမှကုက္ကိုကန်-ထနောင်းကုန်းရွာကြား မိုင်တိုင်အမှတ်(၁၀၂/၂)အနီးပြန်ကွေ့
လိုက်လာပြီးဆိုင်ကယ်အားနောက်မှဝင်တိုက်၍လေးခွနှင့်ပစ်ရာဆိုင်ကယ်မောင်းနှင်စီးလာသူမိန်းခလေး(၃)ဦးအနက်တစ်ဦးတွင်ယာမျက်လုံးအောက်ဘက်ထိမှန်ဒဏ်ရာရရှိကာ
လမ်းဘေးသို့ဆိုင်ကယ်လဲကျခဲ့ကြောင်းသိရသည်။

ဆိုင်ကယ်နှင့်မိန်းခလေးများလဲကျနေစဥ်အမျိုးသား(၄)ဦးမှတုတ်ဓားများကိုင်ဆောင်ဆင်းလာပြီးမိန်းခလေးများ
အားမော့မကြည့်နဲ့..မအော်နဲ့ဟုခြိမ်းခြောက်ပြောဆို၍မိန်းခလေး(၃)ဦးစီးလာသောဟွန်ဒါအယ်လ်ဖာအမျိုးအစားအဖြူရောင်ဆိုင်ကယ်အား
ခရိုင်ချင်းဆက်လမ်းအတိုင်းပျော်ဘွယ်ဘက်သို့ယူဆောင်မောင်းနှင်ထွက်ပြေး
သွားကြောင်းသိရသည်။

အခင်းဖြစ်ပွားစဥ်ကပါရှိသူမိန်းခလေး၏အုပ်ထိန်းသူထံဆက်သွယ်မေးမြန်းချက်အရဖြစ်စဥ်မှန်ပါတယ်..ဆိုင်ကယ်ယူဆောင်ထွက်ပြေးတာအမျိုးသား
(၄)ဦးပါ..တောင်ကြီး-ပျော်ဘွယ်လမ်းဘက်အတိုင်းမောင်းပြေးကြတာပါ..
ဖြစ်စဥ်နဲ့ပတ်သက်ပြီးနယ်မြေခံရဲစခန်းမှာတို​င်ကြားရန်ဒီနေ့မနက်မှာပဲမိန်းခလေးတွေနဲ့အတူသွားရောက်နေပါပြီဟုပြောပြသိရသည်။

Photos from Pyaw Bwe PAGE's post 25/06/2022

မိတ္ထီလာမြို့ ရုပ်ရှင်ရုံလမ်းရှိ ကွင်းအင်ပါယာ အလှပြင်ဆိုင်နှင့် ရန်မျိုးအောင်ရပ်ကွက်ရှိ ပြုံးမမအရက်ဆိုင်တို့အား အမည်မသိအဖွဲ့တစ်ခုမှလာရောက်ဖောက်ခွဲခဲ့ကြောင်းသိရှိရပါသည်။

24/06/2022

24.6.2022
မိတ္ထီလာမြို့ ည (10:20)အချိန် ရုပ်ရှင်ရုံလမ်းထဲရှိ ကွင်းအင်ပါယာအနီး၌ပေါက်ကွဲမှုဖြစ်ပွား...

23/06/2022

ရမည်းသင်းမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်/ကားများအား စစ်ဆေးဆောင်ရွက်မည့်ကိစ္စ

(၂၃/၆/၂၀၂၂)မှ(၂၄/၆/၂၀၂၂)ရက်များကိုပညာပေးကာလ သတ်မှတ်ထားပြီး (၂၅/၆/၂၀၂၂)ရက်နေ့မှစ၍ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ပါသောကြောင့် ရပ်ကွက်/ကျေးရွာများမှလာရောက်ကြသောပြည်သူများ ဆိုင်ကယ်စီးဦးထုပ်မဖြစ်မနေဆောင်းပေးကြပါရန်အသိပေးအပ်ပါသည်။
(က) ဆိုင်ကယ်တစ်ဦးထဲစီးပြီး ဦးထုပ်မဆောင်းပါက ဒဏ်ငွေ----၁၀၀၀၀

(ခ) ဆိုင်ကယ်တစ်စီးလူနှစ်ယောက် ဦးထုပ်‌မဆောင်းပါက ဒဏ်ငွေ----၁၀၀၀၀

(ဂ) ဆိုင်ကယ်တစ်စီးနှစ်ဦးထက်ပိုပြီးဦးထုပ်မဆောင်းပါက ဒဏ်ငွေ----၁၅၀၀၀

(ဃ) သုံးဘီး/ဆိုက်တွဲ မောင်းနှင်ပြီး ဦးထုပ်မဆောင်းပါက ဒဏ်ငွေ----၁၅၀၀၀

(င) ဒဏ်ငွေရိုက်ခံရသူနောက်တစ်ကြိမ်ဖောက်ဖျက်ပါက တရားဆွဲခံရမည်။
Pyaw Bwe PAGE

Photos from Pyaw Bwe PAGE's post 23/06/2022

ဆိုင်ကယ်သူခိုး ၃ဦးထံမှ သိမ်းဆည်းရမိ ဆိုင်ကယ်ချက်စီနံပါတ်များ

မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ ၊ မှုခင်းနှိမ်နှင်းရေးဌာန မှ ဖမ်းဆီးရမိသော ဆိုင်ကယ်သူခိုး ၃ဦးထံမှ ဖော်ထုတ်သိမ်းဆည်းရမိသော ဆိုင်ကယ် ၉ စီး၏ ဆိုင်ကယ်အမျိုးအစား ၊ ဆိုင်ကယ်ချက်စီအမှတ် ၊ ခိုးယူခဲ့သော နေရာများကို အသေးစိတ်ဖော်ပြပေးလိုက်ပါသည်။

ဆိုင်ကယ်ပျောက်ဆုံးသူ မိဘပြည်သူများအနေဖြင့် မိမိတို့ဆိုင်ကယ်အမျိုးအစား ၊ နံပါတ်၊ နေရာများနှင့်တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်ပါက မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ ၊ မှုခင်းဌာနစိတ်သို့ သွားရောက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။
Pyaw Bwe PAGE

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay