Mal Cuties

Mal Cuties

Share

အလှပနှင့် ကျန်းမာ​ရေးဆိုင်ရာပစ္စည်

17/10/2024

သီတင်းကျွတ် အခါသမယလေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ
စီးပွါးလာဘ်လာဘများ တိုးပွါးကြပါစေ
ကပ်ကြီးသုံးပါးရန်မှလည်း ကင်းဝေးကြပါစေ

🙏🙏🙏

09/10/2024

Hello!!

31/12/2022

🎉 "Happy New Year 2023" 🎉

နှစ်သစ်ကူးအခါသမ​​လေးမှစပြီး ကမ္ဘာသူ ကမ္ဘာသားများအားလုံးရွှင်လန်းချမ်း​မြေ့ပြီး စီးပွားလာဘ်လာဘများ ဒီ​ရေအလားတိုးပွားကြပါ​​စေလို့ Mal Cuties မိသားစုမှ ဆုမွန်​တောင်းလိုက်ပါတယ် 🤗

25/12/2022

🎄 MERRY CHRISTMAS TO YOU 🎄

ယ​နေ့ကျ​ရောက်တဲ့ ခရစ်စ္စမတ်အချိန်အခါ​လေးမှာ ​အေးချမ်းသာယာပြီး တစ်ဦးတစ်​ယောက်ချင်းအ​ပေါ် ကံ​ကောင်းခြင်း​တွေကျ​ရောက်ပါ​စေလို့ Mal Cuties မိသားစုမှ ဆုမွန်​တောင်းလိုက်ပါတယ် ❤

22/12/2022

"ကရင်နှစ်သစ်ကူး​နေ့"

ယ​နေ့မှာကျ​ရောက်တဲ့ ကရင်နှစ်သစ်ကူး​နေ့​လေးမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေ​​ကြောင်း Mal Cuties မိသားစုမှ ဆုမွန်​ကောင်း​တောင်းလိုက်ပါသည် 🥰

10/11/2022

Luvas Hair Tonic (5)Benefits

💗ဦးရေပြားအေးမြစေခြင်း။ ။ခေါင်း
လျှော်ပြီး ဦးရေပြားသန့်ရှင်းနေချိန်မှာ Hair Tonic လေးကို တခေါင်းလုံးအနှံ့ထည့်ပေးခြင်းဖြင့် ဦးရေပြားအေးမြမှုကို ပထမဦးဆုံးအထိအတွေ့အဖြစ်ခံစားရမှာဖြစ်ပါတယ်။

💗ဗောက်ထခြင်းမှကင်းဝေးစေခြင်း။ ။
Hair tonic လေးကို ဦးရေပြားအနှံ့ တခေါင်းလုံးထည့်ပေးခြင်းဖြင့် ဗောက်ထ၍ယားယံခြင်းများမှ ကင်းဝေးစေပါတယ်။

💗ဆံသားပိုမိုအားကောင်းစေခြင်း။ ။ ဦးရေပြားသန့်ရှင်းနေချိန် Tonic လေးကို စိမ့်ဝင်အောင် လိမ်းပေးခြင်းဖြင့် ဆံသားပိုမိုသန်စွမ်းလာစေဖို့ အားပေးအထောက်အကူဖြစ်စေပါတယ်။

💓ဆံပင်ကျွတ်သက်သာစေခြင်း။ ။ Hair Tonic ကို ခေါင်းလျှော်ပြီးတိုင်းသုံးစွဲပေးခြင်းဖြင့် ဆံပင်ကျွဆ်နှုန်းအထူးသက်သာစေပါတယ်။

💓 ဆံသားနုများ(Baby Hair )ပိုမိုထွက်အားကောင်းစေခြင်း။ ။ Luvas Hair tonic ကို ဆံပင်ကျွတ်သူတွေသာမက မွေးရာပါ ဆံပင်ပါးသူများ နဖူးကျဥ်းစေဖို့ Baby Hair ထွက်လိုသူများအတွက်ပါ အသုံးပြုပေးနိုင်ပါသည်။

09974351000
Mdy Cash on deli

07/11/2022

တန်ဆောင်မုန်းလပြည့်နေ့( မြတ်စွာဘုရားရှင် မှ အဇာတသတ်မင်းကြီး အမှူးပြုသော မှူးမတ်များနှင့် ပရိသတ်တို့ကို တန်ဖိုးကြီးမားသော သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြတရားတော် ကို ဟောကြားသည့်နေ့ ) နေ့ထူးနေ့မြတ်မှ စပြီး ••••

ကျွန်ုပ်တို့ နေထိုင်သည့် မြန်မာနိုင်ငံ, ဘဒ္ဒကမ္ဘာနှင့် အနန္တစကြဝဠာ တို့တွင် မှီတင်းနေထိုင်လျက် ရှိကြသည့် အနန္တသတ္တဝါ ၃၁-ဘုံသား အပေါင်းတို့သည် -

" တန်ဖိုးရှိတဲ့ အရာတွေကို ဆောင်ယူသိမ်းပိုက်၍ မုန်းတီးသူများ ကင်းကာ လရောင်ကဲ့သို့ အေးချမ်းခြင်းမျိုးနှင့် ပြည့်စုံသော နေ့များကို ပိုင်ဆိုင်နိုင်ပါစေ။ "

မေတ္တာဖြင့် -

, SAI MYO WIN

Photos from Mal Cuties's post 06/11/2022

☆တန်​ဆောင်တိုင် Promotion ​လေး 10% off ☆

လပြည့်တစ်ရက်တည်း​နော် ​သဲ​လေးတို့ 🥰🥰

Haircare product ​လေး​တွေပါ​နော် 🤗

က သဲ​လေးတွေအတွက် instock ရှိပီးသားဆို​တော့ ​စောင့်စရာမလိုဘူး​နော်
နယ်ကလူ​တွေတွက်လည်း ဒီ​နေ့ပို့နက်ဖြန်​ရောက်ပဲ 😁

Ph- 09974351000
အ​သေးစိတ်သိချင်တာရှိရင် cbက​နေလည်း​စုံစမ်းလို့ရပါတယ် 😊

- 18500
- 23000
tonic - 48500
coat - 11500

12/10/2022

ဆံသား​ခြောက်​သွေ့ခြင်းကို ဘယ်လိုထိန်းသိမ်းမလဲ?

၁။ ပျက်စီးနေတဲ့ ဆံသားအစလေးတွေကို ညှပ်ပစ်ပါ။

ဆံသားခြောက် ပြီးပျက်စီးနေပြီဆိုရင် အသစ်ပြန်ပြင်ဆင်ဖို့အတွက် ညှပ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်လိုက်တဲ့အခါမှာ နဂိုကောင်းမွန်တဲ့ ဆံသားတွေ ပြန်ပေါက်လာစေနိုင်ပါတယ်။

၂။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးပါ။

တချို့သော အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို အားဖြစ်စေပြီး ပျက်စီးနေတဲ့ ဆံသားကို အကောင်းအတိုင်း ပြန်လည်ကျန်းမာလာစေနိုင်ပါတယ်။ ဗီတာမင် A ၊ ဗီတာမင် C နဲ့ သံဓာတ်တွေဟာ ကိုယ့်ရဲ့ ဆံသားကို ကျန်းမာလှပစေပြီး ပြန်လည်စိုပြေတောက်ပလာစေနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးတာဖြစ်စေ၊ ဖြည့်စွက်အားဆေး သောက်ပေးတာ ဖြစ်စေ ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ငါးကြီးဆီ နေ့စဉ်စားပေးပါ။

Omega-3 ငါးကြီးဆီဟာ အသားအရေကို လှပစေတယ်။ ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေတယ်။ ဆံသားပါးတာ၊ ခြောက်ပြီး ကြမ်းလာတာကို ကာကွယ်ပေးနိုင်ပြီး ပျက်စီးနေတဲ့ ဆံကေသာကိုလည်း အကောင်းအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဆော်လ်မွန်ငါး၊ တူနာငါး၊ ငါးကွမ်းရှပ်၊ ပင်လယ်စာတွေမှာ ငါးကြီးဆီ ကြွယ်ဝတဲ့အတွက် နေ့စဉ် မဖြစ်မနေ စားပေးသင့်ပါတယ်။ အခွံမာသီး၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးတွေမှာ ကိုယ်ခန္ဓာအကျိုးပြု အာဟာရဓါတ်တွေနဲ့ Antioxidant တွေအပြင် ဆံသားကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၄။ နေ့တိုင်း ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။

ခေါင်းလျှော်ရည်ဟာ ဦးရေပြားပေါ်က အညစ်အကြေး၊ ဖုန်မှုန့်၊ ချွေးတွေကို ဖယ်ရှားပေးနိုင်ပေမယ့် တစ်ချိန်ထဲမှာပဲ ဆံသားကို ကျန်းမာစေတဲ့ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကို နေ့တိုင်းလျှော်မယ့်အစား တစ်ရက်ခြား တစ်ခါ လျှော်ပေးတာက အကောင်းဆုံးပါပဲ။

၅။ ဆံပင်အခြောက်ခံစက် အသုံးမပြုပါနဲ့။

ဆံသားခြောက်လာခြင်းရဲ့ အဓိကတရားခံကတော့ ဆံပင်အခြောက်ခံစက်က ထွက်လာတဲ့ အပူငွေ့တွေပါပဲ။ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်အခြောက်ခံစက်နဲ့ အပူပေးလိုက်တဲ့အခါ ဦးရေပြားပေါ်မှာ ကျန်နေတဲ့ အဆီတွေကို ဖယ်လိုက်ပြီး ဆံပင်သားကို ကြမ်းတမ်းခြောက်သွေ့သွားစေနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးအပြင်သွားစရာ မရှိဘူးဆိုရင်တော့ ခေါင်းလျှော်ပြီးရင် မျက်နှာသုတ်ပဝါနဲ့ပဲ ဆံပင်ကို ခြောက်အောင် သုတ်ပေးပါ။

၆။ အပူပေးစက်တွေနဲ့ ဆံပင်ပုံသွင်းတာတွေ ရပ်လိုက်ပါတော့။

ဆံပင်ဖြောင့်ဖို့၊ ကောက်ဖို့၊ ပုံသွင်းဖို့အတွက် အပူပေးစက်တွေ အသုံးပြုလိုက်တဲ့အခါမှာ ဆံသားကို ပျက်စီးပြီး ကြမ်းတမ်းခြောက်သွေ့သွားစေနိုင်ပါတယ်။

၇။ ရေအေးနဲ့ ခေါင်းလျှော်ပေးပါ။

ရေပူရေအေးနဲ့ ရေချိုးတဲ့အခါမှာ မတူညီတဲ့ အာနိသင် အကျိုးကျေးဇူးတွေ ရှိပါတယ်။ ရေအေးနဲ့ ခေါင်းလျှော်တဲ့အခါမှာ ဆံသားအမြန်ပေါက်လာစေဖို့ ကူညီပေးတယ်။ ဦးရေပြားကို အေးမြပြီး လန်းဆန်းစေတယ်။ ဆံသားခြောက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

၈။ ဆီသန့် လိမ်းပေးပါ။

သဘာဝဆီသန့်တွေဟာ ခြောက်သွေ့နေတဲ့ ဆံသားတွေအတွက် အကောင်းဆုံးပါပဲ။ အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါဆီ အစရှိသဖြင့် ဆီတွေဟာ ဆံသားကို ချောမွေ့တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး ပျက်စီးနေတဲ့ ဆံသားကို ပြန်လည်ပြုပြင်ပေးတယ်။ ဆံပင်ကို ပုံမှန်အတိုင်း ပြန်လည်ပေါက်လာစေပါတယ်။

၉။ အပြင်ထွက်ရင် ဦးထုပ်ဆောင်းပါ။

ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအရေအတွက်သာမက ဆံသားကို ပျက်စီးကြမ်းတမ်းပြီး ခြောက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ဦးထုပ်ဆောင်းပေးပါ။ နေရောင်ခြည်နဲ့ ဆံသားကို တိုက်ရိုက်မထိတွေ့ဖို့ အရေးကြီးပါတယ်။

ာဝန်

19/07/2022

"၁၉ ဇူလိုင် မ​မေ့နိုင်"

(၁၉.၇.၂၀၂၂)ရက်​နေ့မှာကျ​ရောက်တဲ့(၇၅ကြိမ်​မြောက်) "အာဇာနည်​နေ့" တွင်ကျဆုံး​​လေပြီ​သော အာဇာနည်​ခေါင်း​ဆောင်ကြီးများအား အ​လေးပြုအပ်ပါသည်။

11/07/2022

#၂၀၂၂အတွက်ပါ
နှစ်တစ်နှစ်မှာ တစ်ကြိမ်သာ အဓိဌာန်ပြု
အားထုတ်ခွင့်ရတဲ့ ဝါတွင်း ( ၃ )လ
နဝင်းရက်ပေါင်း (၉၀)
ဂုဏ်တော်(၉)ပါးအဓိဌာန်
ပုတီးစိပ်နည်းလေးပါ ✨🙏🙏🙏✨

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာနေ့ မှစ၍
သီတင်းကျွတ်လပြည့်နေ့)
အထိရက်ပေါင်း( ၉၀ ) တိတိ စိပ်ရပါမယ် 🙏

အချိန်လည်း တိကျစွာ စိပ်ဖို့လည်းမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်နော်🙏

သက်သတ်လွတ်လည်း စားဖို့မလိုပါဘူး
စားနိုင်သူကတော့ ပိုပြီးကောင်းပါတယ်ခင်ဗျ🙏

📿📿📿ပုတီးစိပ်ရမယ့်နေ့ရက်များ📿📿📿

1️⃣ (၁၂.၇.၂၀၂၂) မှ (၂၀.၇.၂၀၂၂) အထိ
🙏📿

ဂုဏ်တော် ( ၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီပါ

📿အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်📿

2️⃣ (၂၁.၇.၂၀၂၂ ) မှ(၂၉.၇.၂၀၂၂) အထိ🙏📿

📿အရဟံသိဒ္ဓိ (၉)ပတ်📿

3️⃣(၃၀.၇.၂၀၂၂ ) မှ (၇.၈.၂၀၂၂ ) အထိ🙏📿

📿သမ္မာသမ္ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

4️⃣(၈.၈.၂၀၂၂ ) မှ (၁၆.၈.၂၀၂၂ )အထိ🙏📿

📿ဝိဇ္ဇာစရဏသမ္ပန္နောသိဒ္ဓိ (၉)ပတ်📿

5️⃣(၁၇.၈.၂၀၂၂ )မှ (၂၅.၈.၂၀၂၂ )အထိ🙏📿

📿သုဂတော သိဒ္ဓိ (၉)ပတ်📿

6️⃣( ၂၆.၈.၂၀၂၂ )မှ (၃.၉.၂၀၂၂ ) အထိ🙏📿

📿လောကဝိဒူ သိဒ္ဓိ (၉)ပတ်📿

7️⃣(၄.၉.၂၀၂၂ ) မှ (၁၂.၉.၂၀၂၂ ) အထိ🙏📿

📿အနုတ္တရောပုရိသဒမ္မသာရထိသိဒ္ဓိ (၉)ပတ်📿

8️⃣(၁၃.၉.၂၀၂၂ ) မှ (၂၁.၉.၂၀၂၁) အထိ🙏📿

📿သတ္ထာဒေဝမနုဿာနံသိဒ္ဓိ (၉)ပတ်📿

9️⃣ (၂၂.၉.၂၀၂၂ ) မှ (၃၀.၁၀.၂၀၂၂) အထိ🙏📿

📿ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

🔟(၁.၁၀.၂၀၂၂ ) မှ (၉.၁၀.၂၀၂၂) အထိ🙏📿

📿ဘဂဝါသိဒ္ဓိ (၉)ပတ်📿

အဓိဌာန်အောင်ကြပြီးလိုအင်ဆန္ဒများအားလုံး
ပြည့်ဝကြပါစေခင်ဗျ 🌸🙏🙏🙏

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mandalay
05022

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00