Bee Cosmetic

Bee Cosmetic

Share

BKK Cosmetic & Korea Cosmetic
Retail and Wholesale Services 😙😽

Photos from Bee Cosmetic's post 27/05/2026

Thanks for Shopping with Bee ✨

25/05/2026

စျေးအတန်ဆုံး တစ်သိန်းခွဲတန် မျက်နှာသစ် 😹
မင်မင် အမြဲလွဲ😫

25/05/2026

ဆိုင်မှာ နည်းနည်း ရအုံးမယ်ရှင်📌✨

Derma B Sunblock ကို သုံးဘူးတိတိသုံးကြည့်ပြီး Siren ရဲ့ အမြင် ( Derma B Sunblock Review ) ⭐

Derma B Sunblock လေးကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ သူ့ကို Siren အရင်နှစ်လောက်က စိတ်ချရပီးပမာဏများများပါတဲ့ sunscreen ရှာရင်းကနေ တွေ့ပြီး ဝယ်သုံးခဲ့တာ အခုဆိုသုံးဘူးကုန်သွားပါပြီ။😁

ပထမဆုံး ဒီ Derma B လေးကို စသုံးသုံးချင်းသတိထားမိတာက သူ့ရဲ့အနံ့ပဲ။ စံပယ်ပန်းအနံ့ကိုမှ floral ခပ်ဆန်ဆန်လေးပါတယ်။ 😬

Siren အတွက်ကတော့ သူ့အနံ့က သည်းခံလို့ရတယ်အရမ်းမဆိုးဘူး။ အဲ့အနံ့ကို Siren ကြိုက်လားမေးရင်တော့မကြိုက်ဘူးရယ်။ 😬 ဒါပေမယ့်သုံးတာကြာ‌သွားတော့ အဲ့အနံ့ကိုယဉ်သွားပီး အသားကျသွားတယ်။ Sirenအတွက် အရမ်းကြီးစိတ်အနှောက်ယှက်မဖြစ်ဘူး။😁

ဒီ Sunscreenလေးက အဆီပြန်တတ်တဲ့သူအတွက်ဆိုရင်တော့ အဆင်မပြေ‌ဘူးလို့ Sirenမြင်ပါတယ်။🧐

ဘာလို့ဆိုတော့ Siren သုံးကြည့်ရ‌သလောက် သူက two finger လိမ်းလိုက်တယ်ဆိုရင် အရမ်း glowy ဖြစ်ပါတယ်။ ပြောရရင် လိမ်းပီးရင်ပြောင်ပြောင်၀င်း‌၀င်းဖြစ်တယ်။ ✨✨

Siren က dry skin သမားမို့အဲ့လိုဖြစ်တာကိုသဘောကျတယ်ဆိုပေမယ့် Siren ရဲ့ dry skinမှာတောင်မှ လိမ်းတာများသွားရင်နည်းနည်းလေး greasy ဖြစ်ချင်တယ်။ ဒါကြောင့် အဆီပြန်တတ်တဲ့သူဆိုရင်တော့ ဒီကောင်လေး၀ယ်မယ်ဆိုနည်းနည်းတော့စဉ်းစားပေါ့နော်။ 😬

သူ့ထဲမှာက Chemical UV Filter ငါးမျိုးပါတယ်။
အဲ့ဒါကြောင့် သူက SPF 50+ PA+++ အထိပါပီး
နေလောင်ကာတဲ့နေရာမှာတော့တကယ်စိတ်ချရပါတယ်။ နောက်ပြီး ingredient list မှာဆိုရင်လည်း skin soothing ဖြစ်စေတဲ့ cucumber,aloe vera, chamomile, madecassoside ပါတာကိုတွေ့ရပါတယ်။ essential oil တို့ mineral oil တို့ alcoholတို့ မပါပဲနဲ့ MLE လို့ခေါ်တဲ့ skin healing formulaနဲ့ထုတ်ထားတာကြောင့် သူရဲ့ product က တော်တော်လေး safe ဖြစ်ပါတာလည်း‌ေတွ့ရပါတယ်။💯⭐

Chemical Suncream အမျိုးအစားမို့ လိမ်းလိုက်ရင် whitecast တော့မကျန်ဘူး။ သူ့ရဲ့ texture ကတော့အရမ်းပျစ်တာတော့မဟုတ်ဘူး lotion ဘက်ကိုတော့ပိုသွားပါတယ်။ အသားပေါ်တင်လိုက်ရင်လည်းပွတ်ဆွဲရတာအဆင်ပြေပါတယ်။✅

ဒါပေမယ့် သူ့ကို two finger အများကြီးတစ်ခါတည်းထည့်လိမ်းတယ်ဆိုရင်တော့ အချိန်လေးနည်းနည်းပေးပီး blendရတယ်။ blend ပီးသေချာစိမ့်၀င်သွားမှ whitecast မကျန်တာပါ။ blendနေတုန်းတော့ အဖြူရောင်ခပ်ပါးပါးလေးဖြစ်နေလိမ့်မယ် အဲ့ဒါက physical suncream တွေလိုပြာပြီးဖြူတာမျိုးမဟုတ်ပဲ သူ့ရဲ့suncream စိမ့်မဝင်သေးလို့အသားပေါ်ခဏအဖြူကျန်တဲ့ပုံစံမျိုးပါ။သေချာလိမ်းလိုက်ရင်တော့ ဘာမှမကျန်ပါဘူး။ ပြောရရင် Siren လိမ်းကြည့်ရတဲ့အတွေ့အကြုံအရ သူ့ကို one finger လိမ်းပြီးမှနောက်ထပ် one finger လိမ်းမယ်ဆိုရင်တော့ စိမ့်၀င်တာမြန်တယ်။ဒါပေမယ့် two finger တစ်ခါတည်းလိမ်းမယ်ဆိုရင်တော့စိမ့်ဝင်တာနည်းနည်းကြာတာကိုတွေ့ရပါတယ်။🧐✨

သူက မျက်နှာရော body ရောသုံးလို့ရတဲ့ sunscreen အမျိုးအစားဖြစ်ပြီး Siren ကတော့ မျက်နှာနဲ့လည်ပင်းကိုပဲအဓိကထားသုံးပါတယ်။ ဘာလို့ဆိုတော့ Siren အသုံးကြမ်းပုံနဲ့ body ပါသုံးရင် တစ်လတည်းနဲ့ကုန်သွားမှာဆိုးလို့ပါ။ 😭🤣

200ml ပါတဲ့ sunscreenဖြစ်တာမို့ သာမန် sunscreenတွေထက်တော့ပိုအသုံးခံပါတယ်။
Siren တခြားsuncreamမသုံးပဲ သူ့ကိုပဲသုံးတယ်ဆိုရင် သုံးလကျော်လောက်ထိအသုံးခံပါတယ်။✅✅

ဒါတောင်Siren reapplyလုပ်တာရော two finger အပြည့်များများလိမ်းတာရောကြောင့်ပါ။ မဟုတ်ရင်တော့ဒီထက်ပိုခံပါလိမ့်မယ်။ budget safe ဖြစ်လားဆိုရင်တော့ အရင်က သူ့စျေးနှုန်းက၂သောင်းခွဲ , ၃ သောင်းဝန်းကျင်မှာရှိတယ်။ အဲ့တုန်းကအခြေအနေနဲ့ဆိုရင်တော့တော်တော်ကို budget safe တာပေါ့နော်။ ဒါပေမယ့် အခုတော့ လေးသောင်းကျော်
ငါးသောင်း၀န်းကျင်ရှိနေတာကိုတွေ့ရပါတယ်။🥹

လေးသောင်းကျော် ငါးသောင်းပေမယ့်လည်းတခြား suncream တွေနဲ့ယှဉ်မယ်ဆိုရင်တော့သူကပါတဲ့ amount များတာမို့လို့ budget ကတော့ safe ဖြစ်‌ပါသေးတယ်။💯✨✨

Siren အနေနဲ့သူ့ကို Overall ပြောရမယ်ဆိုရင်တော့ ဒီကောင်လေးက သူ့စျေးနဲ့သူပါတဲ့ amount များပြီး quality ကောင်းတဲ့ suncreamလို့မြင်တယ်။⭐

စျေးကွက်ထဲကထောင်ဂဏန်းပေးရပီး စိတ်မချရတဲ့ suncreamတွေအစားဒီကောင်လေးကို ပြောင်းသုံးတာက ပိုကောင်းပြီး sun protectionအပြည့်ဝရပါတယ်။ 😬✅

သူ့ကို dry skin,normal skin,တွေbudget safeချင်ရင်တစ်ဘူး၀ယ်ကို၀ယ်ထားသင့်တယ်လို့Sirenပြောချင်တယ်။ 🤭 အသားခြောက်ပီး ၀က်ခြံရှိတဲ့သူတွေကလည်းသုံးချင်ရင်သုံးလို့ရပါတယ်။ Sirenလည်း၀က်ခြံရှိတုန်းကသူ့ကိုသုံးခဲ့တာအဆင်ပြေတာကြောင့်ပါ။ skin barrier ထိထားရင်တော့ မသုံးစေချင်ဘူး နည်းနည်းစပ်လို့ပါ။

အဆီပြန် or အဆီပြန်၀က်ခြံရှိတဲ့သူ နဲ့ အနံ့sensitive ဖြစ်တဲ့သူတွေဆိုရင်တော့ဒီကောင်လေးကို ရှောင်တာကောင်းပါတယ်။🫶✨

နောက်ဆုံးအနေနဲ့ DermaB ကိုပြောချင်တာကတော့ဒီကောင်လေးကိုအနံ့လေးဖြုတ်ပေးရင်သိပ်ကောင်းမှာပဲလို့ 😁 ဒါပေမယ့်လည်း Siren စဉ်းစားကြည့်တာ သူ့ formula က အနံ့မထည့်ရင် sunscreen အနံ့ဆေးနံ့လိုကျန်မှာဆိုးလို့လားမသိ အဲ့ဒါကြောင့်ထည့်ထားတာလို့တော့ Siren ယူဆမိတယ်။ အနံ့ကလွဲပီး Siren အတွက်တော့ ကျန်တာအကုန်အဆင်ပြေတာမို့ သူ့ကို Siren အနေနဲ့

⭐Rating 8/10⭐ ပေးပါတယ်။

၀ယ်ချင်တဲ့သူတွေကတော့ official Commalax မှာတစ်ချက်မေးကြည့်လို့ရပါတယ်။ တခြားဆိုင်တွေမှာလည်းရပါတယ် Siren ပုံထဲကဘူးတွေဆိုရင် MoMo in Town နဲ့ MiiN Korean Cosmetics ကနေ၀ယ်ခဲ့တာပါ။ တခြားဆိုင်တော်တော်များများမှာလည်း၀ယ်လို့ရပါတယ်။ ✨✨

အဆုံးထိဖတ်‌ေပးလို့ကျေးဇူးအများကြီးတင်ပါတယ်။ ပထမဆုံးစာရှည်ရှည်နဲ့ reviewရေးတာမို့ လ်ုအပ်တာရှိရင်ထောက်ပြပေးပါအုံးနော်။ 🫶✨ နောက်ထပ် Review တွေနဲ့ပြန်လာခဲ့ပါမယ်။ 💗✨

Photos from For Your Better Skin's post 23/05/2026

ဒီလကုန်ထိ Promotion အနေနဲ့ ဘာ Capsule Cream ယူယူ
72000 Ks နဲ့ ရမယ်ရှင် ✨
Medicube Capsule Cream ✨

23/05/2026

ပါးပါးကြည်ကြည် Glow Look လေး😞🩵

Photos from Bee Cosmetic's post 22/05/2026

ဟိုးအရင်တည်းက ရောင်းခဲ့ဖူးတဲ့
Truslen Coffee လေး ပြန်ရောက်ပါပြီ 🥳

ကော်ဖီကြိုက်တယ် weight လည်း မတက်ချင်
လက်ရှိ weight ကို ထိန်းချင်ဆိုရင် ဒါလေးကို
သောက်ပါ ✅

Sugar Free ✅
Low Fat ✅
No Cholesterol ✅

No Sugar ပေမဲ့ အရသာက ချိုလည်း မချို
ခါးလည်း မခါး အဆင်ပြေတဲ့အပြင် အနံ့ကလည်း
မွှေးမွှေးလေးနော် ✨

အဆီကျ coffee ဖြစ်တာမလို့ မနက်စာ မစားခင်
အစောပိုင်းလေး သောက်ပေးရင် ပိုအဆင်ပြေပါတယ် ✨

Price - 24000 Ks ( 15ထုပ် ) ✅

💟 Bee Cosmetic 💟
☎ 09 981 338 441
🏘 85 * 86 ကြား 36 လမ်း

မန္တလေး ရန်ကုန် နေပြည်တော် မုံရွာ လားရှိုး
အိမ်အရောက် ငွေချေ ရပါတယ်ရှင့် 💗
ကျန်မြို့များကို ငွေလွှဲဝင်တာနဲ့ နေ့ချင်း ကားဂိတ် တင်ပေးပါတယ်ရှင့် ❤
မင်မင်နဲ့ နီးတဲ့ ကားဂိတ်တွေဆို ဂိတ်ပို့ခ Free နော် သဲလေးတို့ရေ 😚❤

21/05/2026

Eqqual Berry Serum ရော Medicube ရော
နှစ်မျိုး တွဲရက် ဝယ်ရင် 5 % Promotion ယူနော် 🩵

ဒီနှစ်ခုကို ဝယ်ထားမိရင် တွဲသုံးကြည့်ဖို့ recommend ပေးပါတယ်။ လိမ်းပြီးတာနဲ့ အသားအရေက bright ဖြစ်သွားတာပြီး ချက်ချင်းကို လန်းသွားတာ။ Eqqualberry bakuchiol က retinol မဟုတ်ဘူးဆိုတာကို မေ့နေတာ။ တခြား retinol ပုလင်းတွေကြားမှာ ရောထားမိတော့ သူ့လည်း retinol ပဲဆိုပြီး ဒီ Medicube ရဲ့ deep vita c capsule cream သုံးတဲ့နေ့တိုင်း သူ့ကို လုံးဝလှည့်မကြည့်ဖြစ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ skincare စင်ကို ရှင်းရင်းနဲ့ ဒီ ပုလင်းကို ကိုင်ရင်း ပြန်စဉ်းစားမိတာ ဒီ serum ကို ဘာလို့ ဝယ်ထားတာပါလိမ့်ပေါ့။ နောက်မှ retinol နဲ့တူတဲ့ serum မို့ ဝယ်ထားတယ်ဆိုတာကို မှတ်မိတာ။ retinol မဟုတ်တော့ vitamin c နဲ့လည်း တွဲသုံးလို့ရလောက်မှာပဲ ဆိုပြီးတွဲသုံးကြည့်တာ results ကတော့ ရှယ်ပဲ အသားအရေကို ကြည်တောက်ပြီး ချွေးပေါက်တွေကိုပါ ကျဉ်းအောင်လုပ်ပေးတာ။ ဝက်ခြံထွက်နေချိန်သုံးမိတာ ဝက်ခြံပိုဆိုးလာတာမျိုးလည်း မဖြစ်ဘူး ok တယ်။ deep vita c capsule cream နဲ့ တွဲလိမ်းဖို့ serum မရှိဘူးဖြစ်နေတာနဲ့ အတော်ပဲဖြစ်သွားတယ်။

Photos from Bee Cosmetic's post 21/05/2026

Romand လက်ကား အတန်ဆုံး စျေးနဲ့ ရမယ်ရှင် 🩵

အနည်းငယ်ပဲကျန်တော့ပါတယ်နော် ✨

Photos from Bee Cosmetic's post 19/05/2026

JM Solution ရဲ့ ဈေးအတန်ဆုံးနဲ့
အရမ်းလည်း ကောင်းတဲ့
Centella Care Cleansing Foam
ပြန်ရောက်ထားပါပြီ 🥰

Price - 150000 Ks ✅

ဒီဈေးနဲ့ Japan Import ဖြစ်တဲ့ Jm Solution ကို
သုံးရတာ တကယ်ကို သုံးပျော်သောပဲ 🥰🥰

Sensitive Skin နဲ့ Combination Skin တွေ အဓိကထားပြီး သုံးလို့ရတယ်နော် ✅

Deep Cleansing လုပ်ပေးနိုင်ပြီး Centella extract မလို့ ဝက်ခြံ၊ အဆီဖုနဲ့ အသားအရေ နီမြန်း
ရောင်ရမ်းတာကို သက်သာစေပါတယ် ✅

အဆီဖုတွေ blemish တွေကို သိသိသာသာ သက်သာစေပါတယ် 😚

Dead cells တွေပါးပြီး acnes တွေကို သက်သာ
စေတဲ့အပြင် ရေဓာတ် ဖြည့်ပေးလို့ အိအိစိုစိုလေးနဲ့ နူးညံ့ချောမွတ်စေပါတယ်✨✨

💟 Bee Cosmetic 💟
☎ 09 981 338 441
🏘 85 * 86 ကြား 36 လမ်း

မန္တလေး ရန်ကုန် နေပြည်တော် မုံရွာ လားရှိုး
အိမ်အရောက် ငွေချေ ရပါတယ်ရှင့် 💗
ကျန်မြို့များကို ငွေလွှဲဝင်တာနဲ့ နေ့ချင်း
ကားဂိတ် တင်ပေးပါတယ်ရှင့် ❤

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

36th Street , Bet 85th & 86th Street , Maharaungmyay Township
Mandalay
05032