Scents by H

Scents by H

Share

ရေမွှေးReviewတွေဖတ်လို့ရပြီး Authenticရေမွှေးပုလင်းကြီးတွေနှင့် Decant ပုလင်းငယ်များရရှိနိုင်ပါတယ်ဗျ

Photos from Scents by H's post 07/04/2024

နွေရာသီ အတွက် promotion လေး လာပါပြီဗျာ

နည်းနည်းနောက်ကျသွားလို့ sryပါ🥲

အဲ့ဒါကြောင့် ၁သိန်းဖိုးနဲ့ အထက်အားပေးတဲ့
ကိုယ့်လူတွေ အားလုံးကိုသတ်မှတ်နေရာအတော်များများမှာ
Deli freeနဲ့ ပို့ပေးပါ့မယ်ဗျာ🍾🍾🥳🥳

သင်္ကြန်ပိတ်ရက်လေးလဲ ကြားထဲခံနေလို့
promotion ရက်လေးကို
(8.04.24) ကနေ (25.04.24)ထိ
သတ်မှတ်ပေးလိုက်ပါ့မယ့်
ဒီရက်ပိုင်းအပ်သော(ပိတ်ရက်မတိုင်ခင်)
orderလေးတွေကိုတော့ သင်္ကြန်မတိုင်မှီပို့ပေးပြီး
တချို့orderလေးတွေကိုတော့ ပိတ်ရက်ပြီးမှ
ရောက်နိုင်မယ်ဆိုတာကို ကြိုပြီး အသိပေးပါရစေဗျာ✌🏻

06/04/2024

မလျော့ပေးရတာ ကြာလို့ လာမယ်နော် 😊😊

21/03/2024

Gymဆော့နေတဲ့ အချိန်
စိတ်ညစ်နေတဲ့ အချိန်
အရမ်းပူနေတဲ့ အချိန်
အလုပ်များနေတဲ့ အချိန်တွေမှာ
စိတ်ကို တော်တော်လေး ပြေလျော့ပေးတဲ့ ဆရာသမားလေး💧

16/03/2024

ဒီနေ့က နွေပူပူမှာ Viking Cologne လေးနဲ့🌶️💧






Music: Daisy
Musician: Philip E Morris

15/03/2024

Hello ကိုယ့်ဆရာတို့ရေ
ဒီနေ့အပြင်သွားစရာရှိလို့ မသွားခင်သုံးဖြစ်တာလေး
နွေဦးရာသီနဲ့လိုက်ဖက်တာလေး သုံးဖြစ်တယ်




Music: Things Happen
Musician: Philip E Morris

12/03/2024

ရေမွှေးရောင်းရလို့ ကုန်တာလား
ကိုယ်သုံးလို့ကုန်တာလား မသဲကွဲဘူး🙂‍↔️🙂‍↔️

ဘယ်ချိန်နေနေ စိတ်မပြတ်စေရတဲ့ ကောင်လေးပေါ့😇

11/03/2024

မနက်ပိုင်းလေး တဖြတ်အေးနေတာကလွဲရင်
တနေကုန် ပူလာပြီနော်

စိတ်အခြေနေတွေ မကောင်းဘူး
ရာသီဥတုတွေ မကောင်းဘူးလို့ ခံစားနေရရင်
အကြည်ဓာတ်ရတာလေးတွေလဲ ရွေးသုံးနော်😇

နေ့တိုင်းလဲဆွတ်လို့ရတယ် နားတဲ့အချိန်လဲဆွတ်လို့ရတယ်
အလုပ်သွားလဲ ဆွတ်လို့ရတယ်😅

Fresh _ Citrus
Notes - (Mandarin Orange / Cinnamon/Vetiver/ Sandalwood)

10/02/2024

စျေးတန်းကတော့ ကွာတာအသိသာကြီး😅
Quality ကတော့ ဘယ်လိုပြောရမလဲ
သူ့နေရာနဲ့သူရှိတယ်ဗျာ
Notesတွေ ပြောင်းသွားတဲ့အချိန်
Base notes ရောက်တဲ့အချိန်တွေမှာတော့
အနည်းငယ် ကွာတာလေးတွေ သတိထားမိလိမ့်မယ်

GIT က ရှတတ Green fragrance ဘက်ကို သွားပြီး

CWကတော့ Aquatic/Blue fragrance ဘက်ကို ပိုရောက်တယ်

ရေမွှေးရဲ့ တချို့နေရာတွေမှာလဲ
ခင်ဗျား အစားစာ စားရသလိုဘဲဗျာ
Eg. သရက်သီးကြိုက်တဲ့သူဆို စိန်တစ်လုံးအစစ်နဲ့
တခြားသရက်သီးရဲ့ အရသာကို
ကောင်းကောင်းကြီး ခွဲပြီးသိသလိုပေါ့ဗျာ😅😅

Creed Green Irish Tweed
(Fresh_Green_Aquatic)
Notes - Bergamot/ Lavender/ Sandalwood/ Oakmoss

Davidoff Cool Water
(Aquatic_Fresh_Green)
Notes - Rosemary/ Lavender/Sandalwood/ Oakmoss

ဒီနေ့ကတော့ cw လေး ဆွတ်ထားပြီး
စိတ်ကူးပေါက်လို့တင်လိုက်တာ😅

05/02/2024

မြန်မာနိုင်ငံရဲ့ ရာသီဥတုအတော်များများနဲ့လိုက်တဲ့
ရေမွှေးတွေထဲမှာ ဒီကောင်လေးလဲပါတယ်

အစပိုင်းမှာ Grapefruit နဲ့ lemon အဓိကပါလို့
အနံရှိနေတဲ့တချိန်လုံး စိတ်ကို လန်းနေစေမှာ အမှန်ဘဲ

နေရာအတော်များများနဲ့လဲ အဆင်ပြေစေတယ်
- daily သုံးမလား အဆင်ပြေတယ်၊ပေါ့ပေါ့ပါးပါးဖြစ်နေလို့
ထသွားထလာ ဘယ်ချိန်သုံးသုံးပြေတယ်၊
- Business နဲ့ဆိုင်တဲ့နေရာတွေမှာ သုံးမလား It’s Okဘဲ😎
သန့်ကြည်လေးဖြစ်နေစေမှာနော်😁
- Leisure time တွေ၊ Vacation တွေမှာ သုံးမလား ပြေတယ်နော်
အရင်တခါကလဲ ပြောပါတယ်
ငွေဆောင်သွားတဲ့တလျှောက် ဒီကောင်လေးသုံးတာ
လုံးဝပြေနေရောဘဲ😇

Unisex ဖြစ်လို့ မိန်းကလေးတွေ သုံးချင်လဲပြေတယ်

Performance ကလဲ အဆင်ပြေတယ်ထဲပါတယ်

Acqua Di Parma _ Blu Mediterraneo

Fresh _ Fruity _ Citrus

Notes - Grapefruit /Lemon/ Pink Pepper/ Cedarwood

01/02/2024

မန်းလေးဆောင်းရဲ့အအေးဓာတ် မကုန်ခင်လေးမှာ
မကြာမကြာ ကျွန်တော် သုံးဖြစ်နေတဲ့ဆရာသမား

- Teenagerတွေ ၊ သက်လတ်ပိုင်းတွေနဲ့လိုက်တယ်

- အေးတဲ့ရာသီ/အေးတဲ့နေရာ အတော်များများနဲ့လိုက်တယ်

အများကြီးမပြောတော့ပါဘူး
ဒီကောင်က ချိုပေမယ့်် / အီမသွားတဲ့ထဲပါလို့
ခဏခဏညွန်းပေးဖြစ်တဲ့ထဲပါတယ်

Performanceကောင်းတဲ့အတွက်
အားပေးကြတဲ့ ကိုယ့်လူတွေများကြလို့
မကြာမကြာ ပြန်ပြန်ပြည့်ပေးရတဲ့ကောင်ဆိုလဲ မမှားဘူး

JPG Ultra Male

Sweet _ Fruity

Notes - Pear / Lavender / Cinnamon / Vanilla

28/01/2024

ရေမွှေးတွေကလေ
သေချာလေး စိတ်ဝင်တစားမခံစားမိဘဲ
တခြားသူတွေ တင်ထားတာတွေကို
ကိုယ်ခံစားရသလို ပုံမှန်အတိုင်းဘဲ
တင်ရောင်းနေတဲ့ အချိန်ဆို သိပ်မရောင်းရဘူး

အဲ့လိုမှ မဟုတ်ဘူး
ကိုယ်တကယ်ခံစားရတာတွေ ကိုယ့်တကယ်ကြိုက်တဲ့
အချက်လေးတွေကို postရေးတင်ပြီး/customerတွေ
လာမေးတဲ့အချိန်တေမှာ ပြောပြပြီး
သေချာလေး ညွှန်းပေးနိုင်တဲ့ အချိန်တွေဆိုရင်တော့
ရောင်းနေရာတာက ပြောစရာမလိုဘူး🤨

ဘယ်အလုပ်လုပ်ဖြစ်ဖြစ် စိတ်ဝင်စားဖို့က
တကယ်လိုအပ်တယ်နော် 🍺

ဘာရယ်မဟုတ်ပါဘူး
လက်ရှိ ပုလင်းလေးတွေ ပြန်စစ်ရင်း
စျေးနှုန်းလေးတွေ ပြန်လုပ်ရင်းနဲ့ postလေးတင်လိုက်တာ😅

13/12/2023

နောက်ထပ် ဆောင်းတွင်းမှာကိုယ့်ထဲရှိသင့်တဲ့
Scent profile ထဲမှာ ဒီဟာလေးလဲပါတယ်လို့မြင်တယ်
သူ့ရဲ့ fruity ဖြစ်တဲ့ အနံလေးကြောင့်
အနွေးဓာတ်လေး ရနေစေတာရယ်၊
ဒီကောင်လေးဆွတ်ထားပြီး နောက်ပိုင်းမှာကျန်နေစေမယ့်
Musk & Vetiver အနံလေးတွေကြောင့်
ကိုယ့်ရဲ့ ကိုယ်သင်းအနံအလေးက ခက်သင်းသင်းလေး
ကိုယ်ပေါ်မှာကျန်နေစေခဲ့မှာပါ😇🌱

MontBlanc Individuel
10ml - 25000
5ml - 14000

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


61 Street, Between 135 And 136, Industrial Zone(1)
Mandalay