Mal Lwin- Health and Beauty

Mal Lwin- Health and Beauty

Share

skin care and dietary supplement (coffee,juice,..)

02/04/2026

အသားအရေမရွေး

အသုံးပြုလို့ရသောကူရှင်လေး

အမဲစက်တင်းတိတ်ရှိနေရင်ဖုံး‌ဖိပေးတယ်

သုံးလ်ိုက်တိုင်းစိတ်ကျေနပ်စေသော


#ပြည်တွင်းပြည်ပပို့ပေးပါသည်
09.888623972Viber

05/12/2024

☘️ဘဝမှာ ဒဏ်ရာတွေ အမာရွတ်တွေ
လက်က ပြေးမလွတ်နိုင် ခဲ့ပေမယ့်လည်း
ရှင်သန်နေဖို့ သတ္တိတွေတော့ ပိုရှိလာခဲ့တယ်။

☘️ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်လုံး
ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုး ခဲ့တယ်

နာကျင်ရလည်း ငါကျော်ဖြတ်နိုင်တယ်"
ငါလုပ်နိုင်တယ်"ဆိုပြီး အရာရာ ရင်ဆိုင်ခဲ့တယ် "

☘️ကျွန်မ မက်မောတဲ့ ဂုဏ်ဆိုတာ အဲဒါပါပဲ
ကိုယ့်ကို တစတစပြိုလဲကျ စေချင်နေတဲ့
သူတွေရှေ့မှာ အရှုံးမပေးခဲ့ဘူး"

လောကဓံ"ဟာ ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းကို
ခဏခဏ အကဲဖြတ်တယ် စမ်းသပ်တယ်။

☘️ဒါကြောင့်လည်း ဘဝ စာမျက်နှာတွေ ထဲမှာ
အဆင်မပြေမှုပေါင်း များစွာကြုံခဲ့ဖူးတယ်
နာကျင်ရတဲ့ ဒဏ်ရာတွေဟာ သိပ်များခဲ့တယ်။

☘️ကျပျောက်ခဲ့တဲ့ အမှတ်တရတွေ ရှိခဲ့သလို
ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အရာတွေလည်း ရှိခဲ့ဖူးတယ်။

☘️ဘယ်လို ဆိုးဝါးတဲ့ အခြေနေပဲ ဖြစ်ဖြစ်
ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံကြုံ

ဒါဟာ ငါရှင်သန်ရမယ့် ဘဝလို့
လက်ခံလိုက် ကတည်းက အားတင်းပြီး
အရာရာကို ရင်ဆိုင် ကျော်ဖြတ်လာခဲ့တယ် "

☘️ကိုယ်မြတ်နိုးတဲ့အရာ ကိုယ်လိုချင်တဲ့ ပစ္စည်း
ကိုယ်တိုင်ဝယ်နိုင်အောင် ကြိုးစားတယ်"
ဘဝကို ပီပီပြင်ပြင် ဖြတ်သန်းဖို့ ကြိုးစားတယ်။

☘️ဒီနေ့ ဒီချိန်ထိ ကိုယ့်ဘဝ သမိုင်းမှာ
ပြီးပြည့်စုံနေသူ တစ်ယောက် မဟုတ်ပေမယ့်
ကိုယ်လိုချင်တဲ့အရာ ကိုယ်အပ်သမျှကိုတော့
ကိုယ်တိုင် ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ခဲ့ပါတယ်။

☘️ကျွန်မရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ကစ
ရှုံးနိမ့်နေချိန် အဆင်ပြေလာချိန် အထိ
ရပ်တည်နေနိုင်ခဲ့လို့ ဒီရှင်သန်ခြင်းမှာ ပျော်တယ်။

☘️ဘဝမှာ ကိုယ့်အတွက် ဘယ်သူ့ ဘယ်သူ့ကိုမှ
တာဝန်တွေ စည်းတွေ ဘောင်တွေ နဲ့လည်း
ချည်နှောင် မထားချင်ဘူး။

☘️ကိုယ့်ကို ကြိုက်တဲ့ လူတွေ အများကြီး
ရှိပါစေလို့ မမျော်လင့် သလို ~~~
မုန်းတဲ့ သူတွေကိုလည်း မေ့ထားလိုက်တယ်။

☘️ဒီကမ္ဘာပေါ်မှာ ကိုယ့်ရဲ့ကြိုးစားမှုလေးကပဲ
ကိုယ့်အတွက် အကျိုးအမြတ်ရတာမို့

ကိုယ့်တက်နဲ့ ကိုယ်လှော်ခတ် ကူးဖြတ်ရင်း
ဒီလိုလိပ်ပြာသန့်သန့်လေး ရှင်သန် သွားမယ်။

☘️ဒါဟာ ~~ ကျွန်မ ဖြစ်ချင်ဆုံး ဆန္ဒနဲ့
နေထိုင်သွား ချင်သော ဘဝ တစ်ခု ပါပဲ"


#ချစ်တဲ့မယ်မန်းသူ
5 12.2024 11:11

13/11/2024

#ခွေးလိုမပြေးနဲ့ ယုန်လိုပြေး

တစ်ခါက…မိန်းမအလွန်ကြောက်ရတဲ့ ယုန်ပစ်မုဆိုး တစ်ယောက် ရှိတယ်။ မုဆိုးရဲ့မိန်းမက သူ့ယောက်ျားကို မယုံဘူး။ ရလာတဲ့ ယုန်အရေ အတွက်ကို တိတိကျကျ သိနိုင်ဖို့ မိုးလင်းပြီဆိုရင် ယုန်ပစ်ထွက်ဖို့ မြား ဆယ်စင်း၊ ထန်းလျက် ဆယ်လုံး၊ ယုန်ကောက်ဖို့ အမဲလိုက်ခွေးတစ်ကောင် ပြင်ပေးထားလေ့ရှိတယ်။ ဆိုလိုတာက မုဆိုးက လက်အရမ်းဖြောင့်တဲ့သူဖြစ်လို့ မြားတစ်စင်းဆိုရင် ယုန်တစ်ကောင် မှန်လိမ့်မယ်။ အမဲလိုက်ခွေးကို သွားကောက်ခိုင်းပြီး ဆုအဖြစ် ထန်းလျက်တစ်လုံး ကျွေးရမယ်။ မြားဆယ်စင်း၊ ထန်းလျက်ဆယ်လုံးဆိုရင် ယုန်ဆယ်ကောင်ပေါ့။ ဒီလိုနဲ့…တစ်နေ့မှာ ယုန်ပစ်ထွက်လာကြတယ်။ မြားကိုးစင်း၊ ယုန်ကိုးကောင် အထိကတော့ အဆင်ပြေနေတယ်။ နောက်ဆုံးဆယ်စင်းမြောက် မြားကို ပစ်လိုက်တဲ့အခါ ယုန်ကို မှန်သွားတာ တွေ့လိုက်တယ်။ အမဲလိုက်ခွေးကလည်း ချက်ချင်း ယုန်နောက်လိုက်သွားတယ်။ ဒါပေမယ့် အကြာကြီးနေမှ ခွေးဟာ မောပန်းပြီး ယုန်မပါဘဲ ပြန်ရောက်လာတယ်။ မုဆိုးက စိတ်ကလည်းဆိုး၊ မိန်းမကိုလည်း ကြောက်ရတော့ ခွေးအသုံးမကျကြောင်း ပြန်ပြောပြနိုင်ဖို့ သက်သေအဖြစ် ကျန်တဲ့ ထန်းလျက်ခဲ တစ်လုံးကို ခွေးကိုမကျွေးတော့ဘဲ ပြန်သိမ်းဖို့လုပ်တယ်။ခွေးကလည်း သခင့်အမူအရာကိုကြည့်ပြီး –“မရက်စက်ပါနဲ့ သခင်ရယ်။ ကျုပ်လည်း အဲဒီ့ယုန်ရဲ့နောက်ကို ပြေးနိုင်သ လောက်ပြေးပြီး လိုက်ခဲ့တာပါပဲ။ စာနာပါ။ ညှာတာပါ။ ကျုပ်အပြစ်လို့ တစ်ဘက်သတ်ကြီး မဆုံးဖြတ်ပါနဲ့´´ လို့ စိတ်ထဲကနေ စကားတွေ ပြောနေသတဲ့။မြားချက်ထိပြီး ဒဏ်ရာရသွားတဲ့ ယုန်အကြောင်းကိုလည်း ပြောရဦးမယ်။ဒဏ်ရာရ ယုန်ကလေးလည်း မောကြီးပန်းကြီးနဲ့ မိသားစု သူငယ်ချင်းတွေဆီ ပြန်ရောက်သွားတယ်။ တခြားယုန်ကလေးတွေကလည်း “မြားချက်က အရေပြားကို ရှပ်ထိသွားလို့ တော်သေး တာပေါ့၊ မသေကောင်း မပျောက်ကောင်းပဲ´´ စသဖြင့် ဝိုင်းဝန်းအားပေးပြီး ယုန်ကလေးကို အပြေးသန်တဲ့ ခွေးလက်က ဘယ်လိုလွတ်လာတာလဲလို့ မေးကြတယ်။ ပြေးလာလို့ ရောက်လာတာပေါ့ လို့ ဒဏ်ရာရ ယုန်ကလေးက ပြန်ဖြေတယ်။ ကျန်တဲ့ယုန်တွေကလည်း ပြေးတိုင်းမရောက်တဲ့အကြောင်း၊ ပြေးရင်းနဲ့ ခွေးပါးစပ်ရောက်သွားကြရတာ များကြောင်း ပြန်ငြင်းကြတယ်။ ယုန်ကလေးက သူငယ်ချင်းတွေကို ကြည့်ပြီးပြောပြတယ်။“ဒီလိုကွ။ ခွေးက လိုက်ပြေးပြေးတယ်။ ငါက ထွက်ပြေးပြေးတယ်။ ပြေးတာချင်းတော့ တူတယ်။ ပြေးပုံချင်း မတူဘူးကွ´´ကျန်တဲ့ယုန်တွေက နားမလည်ကြလို့ ယုန်ကလေးက ထပ်ရှင်းပြတယ်။“ဒီလို သူငယ်ချင်းတို့ရ..။ ခွေးက ပြေးနိုင်သ လောက် ပြေးခဲ့တယ်။ ငါက သူ့လို ပြေးနိုင်သလောက်ပဲ ပြေးခဲ့တာ မဟုတ်ဘူးကွ။ အသားကုန် ပြေးခဲ့တာ´´“ဟင်.. ဘယ်လို´´“အေး.. ဟုတ်တယ်။ ငါက အစွမ်းကုန် ပြေးခဲ့တာ။ ငါသာ ပြေးနိုင်သလောက်ပဲ ပြေးခဲ့ရင် ဒီချိန်ဆို တခြားယုန်တွေလို ရွာလယ်ဈေးမှာ အရောင်းခံနေရလောက်ပြီကွ´´နားထောင်နေကြတဲ့ ယုန်အားလုံးက ဒဏ်ရာရ ယုန်လေးရဲ့ ဒဿသ နကိုကြားသွားတဲ့အခါ အံ့သြသွားကြတယ်။ ယုန်ကလေးက တစ်လုံးချင်း ဆက်ပြောတယ်။“ဟုတ်တယ်လေ…။ ပြေးနိုင်သလောက်သာ ပြေးခဲ့တဲ့ ငါတို့ရဲ့ မြားချက်သင့် ယုန်တွေအားလုံး သေဆုံးခဲ့ပြီးပြီ။
ငါကတော့ သူများလို အသေမခံနိုင်ဘူး။ ပြေးနိုင်သလောက်သာ ပြေးတဲ့ခွေးနဲ့ အသားကုန်ပြေးတဲ့ ငါ…။ အစွမ်းကုန် ပြေးခဲ့လို့ ငါ လွတ် မြောက် လာရတာ။ ဒါကြောင့် ခွေးနဲ့ငါ ပြေးပုံချင်း၊ ပြေးနည်းချင်း မတူဘူးလို့ပြောတာ။ မင်းတို့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီမုဆိုးရဲ့ မြားချက်ထိလို့များ ပြေးနိုင်သလောက်သာ ပြေးကြမယ်ဆိုရင် သေဆုံးကြရဦးမှာပဲ။ လွတ်မြောက်ဖို့အတွက်၊ ရှင်သန်ဖို့အတွက်၊ အောင်မြင်ဖို့အတွက် အသားကုန် ပြေး၊ အစွမ်းကုန် ပြေး…´´ဒီအကြောင်းအရာလေးမှာ ဒဏ်ရာရနေတဲ့ ယုန်လေးက အရှုံးတရားတို့ရဲ့ နိမိတ်ပုံပါ။ လူအများစုဟာ ဒဏ်ရာကို အကြောင်းပြု ပြီး ပြေးနိုင်သလောက်သာ ပြေးခဲ့ကြတယ်။ နောက်ဆုံး အမဲလိုက်ခွေးရဲ့ အစွယ်အောက်မှာ အသက်ဆုံးပါးခဲ့ကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ပြေးနိုင်သလောက်ပဲ ပြေးမိနေတယ်ဆိုတာကို သတိမပြုမိကြပါဘူး။ တချို့များဆိုရင် စိတ်ဒဏ် ရာလေး နည်းနည်းရလိုက်တာနဲ့ အိပ်ရာထဲတောင် ခွေခေါက်လဲသွားတတ်ကြတာပါ။ဘဝမှာကြုံတွေ့ရတဲ့ ဒုက္ခတွေဆိုတာ မြားချက်တွေပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အဲဒီ့မြားချက်တွေရဲ့ ပစ်ခွင်းမှုဒဏ်ကို လူတိုင်းခံကြရစမြဲပါ။အောင်မြင်မှုကို ပိုင်ဆိုင်ချင်ရင် ရလာတဲ့ ဒဏ်ရာကို ယိုးမယ်မဖွဲ့သင့်ပါဘူး။ ဒဏ်ရာနဲ့ အခက်အခဲဆိုတာ အောင်မြင်မှုအတွက် အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ ဒဏ်ရာတွေ ဘယ်လောက်ပဲ ရထားပါစေ မျှော်လင့်ချက်ကို မစွန့်လွှတ်သရွေ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခွင့် ရှိနေဆဲပါ။ဒဏ်ရာရ ယုန်သူငယ်ဟာ အသက်ရှင်သန်ခွင့်ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ မိမိလုပ်နိုင်တာကို လုပ်နိုင်သလောက်တင်မဟုတ်ဘဲ အစွမ်းကုန် လုပ်ခဲ့တဲ့အတွက် အသက်ရှင်သန်မှုဆိုတဲ့ အောင်မြင်ခြင်းကို ရနိုင်ခဲ့တာပါ။အခက်အခဲဆိုတာ အသိဉာဏ်ကြီးသူတွေအဖို့ ယာယီအတားအဆီးသာ ဖြစ်ပါတယ်။ရှင်သန်ခြင်းဆိုတာ မျှော်လင့်ခြင်းရဲ့ နောက်ထပ်အဓိပ္ပါယ်တစ်ခု ဖြစ်ပါတယ်။အောင်မြင်ခြင်းဆိုတာလည်း အစွမ်းကုန် ကြိုးစားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ – လူတွေရဲ့ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေဆိုတာ မုဆိုးနဲ့ တူတယ်။ မြားချက်နဲ့ တူတယ်။ အမဲလိုက်ခွေးနဲ့ တူတယ်။ – အောင်မြင်မှုနဲ့ လွဲချော်နေသေးလို့ စိတ်ဓာတ်ကျနေသူတွေက မြားမှန်တဲ့ ယုန်ကလေးတွေနဲ့ တူတယ်။ သူတို့နောက်မှာလည်း လောကဓံဆိုတဲ့ အမဲလိုက်ခွေးက အပြီးကိုက်ဝါးမျိုပစ်ဖို့ တကောက်ကောက်လိုက်လို့..မိမိတို့က အစွမ်းကုန် မဟုတ်ဘဲ ပြေးနိုင်သလောက် ပဲ ပြေးရင်တော့ ဟင်းတစ်ခွက်ပဲ ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်…ရှင်သန်ခြင်းများကို ပိုင်ဆိုင်နိုင်ဖို့…အောင်မြင်ခြင်းများကို ရယူနိုင်ဖို့…မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့…ပြေး … ပြေး … အစွမ်းကုန် ပြေး … ။


(မန်းသူ)

09/10/2024

❝ နားမကြားတဲ့ ဖား ❞

တစ်ခါတုန်းက ဖားတွေနေတဲ့
တိုင်းပြည်ကြီးတစ်ခုမှာ
ပြိုင်ပွဲ‌လေးတစ်ခု ကျင်းပကြသ တဲ့..။

အဲဒီပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်က
ဖားမျိုးနွယ်စုတွေ အများအပြား
ဝင်ရောက်ယှဉ်ပြိုင်ကြတယ်။

ပြိုင်ပွဲက ရိုးရိုးကလေးပါ၊
တောင်ကုန်းလေး တစ်ကုန်းရှိတယ်၊
အဲဒီ တောင်ကုန်း ထိပ်ဆုံးပေါ်ကို
တက်နိုင်တဲ့ ဖားဟာ နောက်ဆုံး
အနိုင်ရသူလို့ သတ်မှတ်ခြင်း ခံရမယ်။
သူရဲကောင်း ဖားတစ်ကောင် အဖြစ်
ဂုဏ်ပြုခံရမယ်။

တစ်ခုရှိတာက အဲဒီတောင်ကုန်းကို
တက်မယ့် လမ်းဟာ အရမ်း ချောတာမို့
အောက်ကိုပြုတ်ကျပြီး ရှုံးချင် ရှုံးသွားနိုင်တယ်၊
လမ်းကြောင်းကလဲ အောက်ကိုပြုတ်ကျဖို့
အလားအလာ ပိုများနေတာကြောင့်
တော်ရုံ အနိုင်ရဖို့ဆိုရင် မနည်းကြိုးစားယူရမှာ။

ဒီအခါ ပြိုင်ပွဲဝင် ဖားတွေက
ဆင်ခြေပေးကြတယ်..

"ဒီနေရာကို ဘယ်လိုလုပ်ပြီး
တက်လို့ ရမှာလဲ.. အဲလောက်ခက်ခဲနေရင်
မပြိုင်ဘူးကွာ.. ပြိုင်ပွဲကနေ
လုံးဝ နုတ်ထွက်တယ်ကွာ" ဆိုပြီး
ပြိုင်ပွဲဝင်တဲ့ ဖားတချို့ ပြိုင်ပွဲကနေ
နုတ်ထွက်သွားကြတယ်။

ဒါပေမဲ့ တစ်ကောင်တည်းသော
ဖားကသာ အဲဒီတောင်ကုန်းပေါ်ကို
တရွေ့ရွေ့ကလေး တက်ပြီးတော့
တောင်ထိပ်ပေါ်ကို တက်ပြနိုင်ခဲ့တယ်။

ဒါကိုပဲ ပြိုင်ပွဲပုံစံကို သဘောမကျလို့
စောစောတုန်းက နုတ်ထွက်သွားကြတဲ့ ဖားတွေဟာ
တောင်ပေါ်တက်ပြသွားတဲ့ ဖားကို
ကြည့်ရင်း တအံ့တဩ ဖြစ်နေကြတယ်။

"သူက ဘာကောင်မို့လို့လဲ..
ဘယ်လိုမှော်အစွမ်းတွေ တတ်ထားလို့လဲ.."
စသည်ဖြင့် ဖားအချင်းချင်းကြားမှာ
ဝေဖန်သံတွေ ဆူညံသံတွေ ပွက်လောရိုက်ပြီး
ပြောစရာ စကားဖြစ်လာတော့တာပေါ့။

အဲဒီအခါ တောင်ပေါ်ရောက်သွားတဲ့
ဖားရဲ့အကြောင်းကို သိတဲ့ ဖားတစ်ကောင်က
ဝေဖန်နေကြတဲ့ ဖားတွေကို
အခုလို ပြောပြတယ်။

“ ကိုယ့်‌ကောင်တို့ရေ ..အဲဒီဖားက
မွေးရာပါ နားပင်းနေတာ..
ခုနတုန်းက ငါတို့ နုတ်ထွက်တာကို
ဘာဖြစ်လို့ နုတ်ထွက်မှန်း သူ မသိလို့
အခုလို အနိုင် ရသွားတာ..
တကယ်လို့ သူသာ နားကြားခဲ့မယ်ဆိုရင်
အခုလို တက်နိုင်မယ် မထင်ဘူးဗျ ”

#....
ဒီပုံပြင်ထဲက နားမကြားရတဲ့
ဖားတစ်ကောင်လိုပါပဲ..
#တစ်ခါတလေ ကျနော်တို့ဘဝမှာ
အပျက်သဘောဆောင်တဲ့
ဝေဖန်မှုပေါင်းစုံ ကြုံတွေ့နိုင်ပါတယ်။

နောက်ပြီး လူတွေက
သူတို့ မလုပ်နိုင်ဘူးလို့ ထင်တဲ့
အရာ မှန်သမျှကို တခြားလူကိုပါ
မလုပ်နိုင်အောင် ဆွဲချတတ်တဲ့ အကျင့်
ရှိနေတတ်ကြပါတယ်။

ဒါကြောင့် ဘဝတစ်ခုကို
ထီးထီးမားမား ရှင်သန်ရပ်တည်တဲ့အခါ..

နားမကြားတဲ့ ဖားတစ်ကောင်လို ကျင့်သုံးပြီး
မလိုအပ်တဲ့ ဝေဖန်ပြောဆိုသံတွေကို
မကြားချင်ယောင် ဆောင်ထားဖို့ လိုတယ်။

ဘယ်သူ ဘာပြောပြော..
ဘာလုပ်လုပ်၊ မလုပ်လုပ်..
ကိုယ် လုပ်စရာရှိတာကို
ဖြောင့်ဖြောင့်တန်းတန်း
ရဲရဲဝံ့ဝံ့ လုပ်ဖို့ အင်မတန်အရေးကြီးတယ်။

မင်းဘဝမှာ....
အရေးမပါတာတွေကို
အရာပေးမိရင် ..
ဘယ်တော့မှ အောင်မြင်မှုကို မရနိုင်ပါဘူး။

#မေတ္ထာဖြင့်ပြန်လည်မျှဝေသည် #စာဖတ်သူတစ်ယောက် #ချစ်တဲ့မယ်မန်းသူ

09/09/2024

အလုပ်တစ်ခု လုပ်တဲ့ခါ အရင်းအနှီးလိုပါတယ်

(1) ငွေကြေး
(2) အချိန်
(3) သင်ယူမှု
(4) တစ်စိုက်မတ်မတ်လုပ်နိုင်မှု
(5) စိတ်ရှည်ဇွဲရှိဖို့

ခုရေတွင်းတူး ခု ရေကြည်မရပါဘူး
အချိန်ပေးပြီး ပေးဆပ်မှုရှိမှ တိုးတက်အောင်မြင်တာမို့

ရင်းနှီးမြုတ်နှံဖို့ မတွေဝေပါနဲ့

အောင်မြင်ချင်ရင်မတွေဝေပါနဲ့

#ချစ်တဲ့Mal(mdy)

16/07/2024

#ခက်ခဲတယ်ဆိုတာ #မလုပ်နိုင်တာမဟုတ်ပါဘူး

#ချစ်တဲ့မယ်မန်းသူ

10/07/2024

မလေးရှားရောက် မြန်မာမလေးပါ

#ချစ်ခြင်းအပြည့်နဲ့မယ်မန်းသူ

20/06/2024

အကောင်းဆုံးထက် ပိုကောင်းအောင်လုပ်ရမယ်

အဲ့ဒါကို Standard လို့ခေါ်တယ်။

လေးစားစွာဖြင့်ကူးယူပါသည်။

#ချစ်ခြင်းအပြည့်နဲ့မယ်မန်းသူ

02/06/2024

RIWAY EIG MYANMAR MDY Y Mandalay

အတွေးကောင်းမှ အကောင်းတွေးနိုင်မယ်

Negative မှ Positive သို့ တစ်ထစ်ခြင်းလှမ်းနေပြီ

ခွက်အလွတ်နဲ့သင်ယူခဲ့ပါတယ်

မှောက်ထားတဲ့ဖန်ခွက်ထဲ ထည့်မရနိုင်သလို

တစ်ဝက်ရှိနေတဲ့ဖန်ခွက်ထဲကိုထည့်ရင်လည်းလျှံကျသွာမှာမို့ အပြည့်ရချင်ခွက်အလွတ်နဲ့ထည့်မှ အပြည့်အဝရနိုင်မယ်Ok

မနေ့ကသင်ယူခြင်းမှ👍👍👍👍👍

#ချစ်ခင်ကျေးဇူးတင်ပါတယ်ရှင့်🙏
#ချစ်တဲ့မယ်မန်းသူ

30/05/2024

စိတ်ညစ်တာတွေ ခနဖယ်ထားတယ်

ပျော်ရွှင်ခြင်းက မယ့်အတွက်အားအင်ဖြစ်စေတယ်

Energy ကောင်းတွေပိုင်ဆိုင်ဖို့ အပြုံးလေးတွေဖန်ဆင်းကြပါစို့

#ချစ်တဲ့မယ်မန်းသူ

29/05/2024

နေ့ရက်တိုင်းအတွက် ပန်းတိုင်ရှိတယ်

ပန်းတိုင်ရောက်ဖို့ စက္ကန့်တိုင်းအရေးကြီးတယ်

နောင်တကိုမုန်းလို့ ကိုယ်ကြိုးစားနေတယ်

#ချစ်တဲ့မယ်မန်းသူ RIWAY International
29.5.2024

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

လမ်း၃၀/မြို့ပတ်လမ်း ကန်ကောက်အရှေ့ရွာ
Mandalay