Shwenannhtike

Shwenannhtike

Share

စိတ်ရောလူပါ အကုသိုလ်စိတ်ကင်း ၍လှစေကျန်းမာစေချင်သည်

17/06/2025

လွယ်လွယ်ကူကူငါးဥ ချဉ်စပ်ဟင်းရည်ပူပူလေး
Tomyam fish eggs ပါဝင်ပစ္စည်း
🦈🐋🦈🐋🦈🐋🦈🐋🦈
ပြုလုပ်နည်း
=======
ငါးဥ ကိုဆား၊ ဆနွင်း၊ဆီ၊ ရေအနည်းငယ် ထည့်ပြီး ပြုတ်ကြော် ချက်ပါ။
ရေအနည်းငယ် ကျန်လျှင်ချထားပါ။
ဒယ်အိုး ထဲ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ထည့် ဆီသတ်ပါ။
နွမ်းလျှင် ငါးဥ ထည့်ပါ။ရေထည့်ပါ။
အရသာ စိတ်ကြိုက်ပြင်ဆင်ပါ ဆီပြန် ရေဆူလျှင် ကျက်ပါပြီ။

ငါးဥ
ကြက်သွန်ဖြူ (ထောင်းထားပါ)
ကြက်သွန်နီ (အဝိုင်းလှီးထားပါ)
ခရမ်းချဉ်သီး (အဝိုင်းလှီးထားပါ)
ဆား
ဆနွင်း
ဆီ
ရေ
ရှမ်းနံနံပင်
ငရုပ်သီးစိမ်
အချဉ်ရည်

မူးရင်းပိုင်ရှက်အား
Shwe Nann Htikeအောင်မြင်ချမ်းသာLucky777
Credit ပေးပါသည်

15/06/2025

ချမ်းသာချင်ရင် ဒီအချက်တွေကို သိထားဖို့လိုတယ် 💰🚀

"ငွေကြေးအောင်မြင်မှုဆိုတာ ကိန်းဂဏန်းတွေထက် စိတ်ဓာတ်နဲ့ အလေ့အကျင့်တွေပေါ်မှာ မူတည်နေတယ်"

ဆင်းရဲတာက ကံမဟုတ်ဘူး၊ အသိပညာနဲ့ အလေ့အကျင့်ပါ

"ငွေအကြောင်း မသင်လို့၊ ကြောက်လို့၊ ရေတိုတွေးလို့၊ မစုတာနဲ့ အဆက်အသွယ်မရှိလို့ပါ"

"ငွေနောက်မလိုက်နဲ့၊ ကိုယ့်ကျွမ်းကျင်မှုနောက်လိုက်"
"ငွေက သင့်နောက်ကို အလိုလိုလိုက်လာမယ်"
( Warren Buffett )

ချမ်းသာချင်ရင် ဒီ ၅ ချက်ကို ပြင်ဆင်ပါ

1️⃣ ငွေအကြောင်းလေ့လာ
2️⃣ ကြောက်စိတ်ကိုအနိုင်ယူ
3️⃣ ရေရှည်တွေးပြီး ရင်းနှီးမြှုပ်နှံ
4️⃣ ငွေစုပါ
5️⃣ မိတ်ဆွေကောင်းတွေနဲ့ ဝိုင်းဝန်း

ငွေရှာဖို့ အရေးကြီးဆုံးက ဘာလဲ?

"မင်းဘာသိလဲဆိုတာထက် ဘယ်သူတွေနဲ့သိလဲဆိုတာ ပိုအရေးကြီးတယ်"
"အောင်မြင်မှုဆိုတာ ခရီးတစ်ခုပါ"
"ဘဏ်အကောင့်ထဲက ငွေပမာဏထက် သင်ယူခဲ့ရတဲ့အရာတွေက တန်ဖိုးရှိပါတယ်"

------

#ဘီလျံနာကြီးရဲ့ပြောစကားအရ ဒီ အချက် ၅ ချက်ကို အသေးစိတ် ဖတ်ရှုလိုက်ပါဦး ....

(၁) ငွေအကြောင်းမလေ့လာတာ ငွေအကြောင်းလေ့လာရတာ ကိုတော်တော်များများက ရှုပ်တယ် ထင်နေကြတယ်။
ခက်တယ်ပေါ့။

ဘာလို့လဲ ဆိုတော့ မသင်ရလို့။

ခင်ဗျား/ကျနော်တို့က သချာ်တွက်တယ်၊သိပ္ပံသင်တယ်။ ဘယ်တုန်းကများ ငွေအကြောင်းလေးလေးနက်နက် စဉ်းစားခဲ့လဲ။အချိန်ကုန်ခံပြီး ရင်းနှီမြှုပ်နှံမှု ဘယ်လို လုပ်ရလဲ အခွန်ဘလိုဆောင်မလဲ မတွေးကြ မသိကြပါ ဘူး

ကိုယ်မှန်တယ် ထင်တာတွေလုပ်ရင်း နဲ့ ရေရှည်ကျ တော့ ပေးဆပ်လိုက်ရရော။ငွေကြေးနဲ့ပက်သက်ပြီး မပူပင်ရတဲ့ ၅%ထဲပါချင်ရင် တော့ ငွေအကြောင်းကို စလေ့လာရမယ်။
ငွေဘယ်လို လည်ပတ်လဲ အလုပ်လုပ်လဲ သိရမယ်။
ကိုယ့်ကိုယ်ကို ပြန်သင်တတ်ရပါမယ်။

(၂) ကြောက်တတ်တာ

အလုပ်တိုင်းမှာ ၁၀၀%အာမခံ မရှိဘူး။ အနည်းနဲ့အများဆိုသလို မသေချာမှုတွေ ရှိတယ်
ကြောက်တဲ့လူတွေက မလုပ်ဖြစ်ဘူး။ ကြောက်ရင်လွဲ ရဲရင်မင်းဖြစ် ဆိုတာမျိုးပေါ့။
ဒါပေမယ့် တခုပြောပြပါမယ် ကြောက်နေတယ် ဆိုတာ ကိုယ်ဘာလုပ်နေလဲ ကိုယ်မသိတာကနေလာတယ် တဲ့။
အလုပ်တခုကို သေသေချာချာ လေ့လာ လိုက်စားထား တဲ့သူတွေက အကြောက်တရားတွေမရှိတော့ပါဘူး

(၃)ရေတိုတွေးတာ

ခုလောလောဆယ် အဆင်ပြေဖို့ အတွက်ပဲအလုပ်လုပ် ကြပါတယ် ရေရှည်တွေးတဲ့ လူနည်းပါတယ် ချမ်းသာချင်ရင်
ရေရှည်ကြည့်ပြီးကြိုးစား ငွေကို ကောင်းကောင်းရင်းနှီးမြှုပ်နှံတတ်ရပါမယ်

(၄)ငွေမစုတာ

ငွေကို ရရ စားစား မလုပ်သင့်ပါဘူး စုပါ။
မိုးဘယ်လောက်ရွာရွာ အရေးမကြီးဘူး မိုးတိတ်သွားရင် ကိုယ့်ဆီမာရေဘလောက်ကျန်ထဲ့လဲ ကအရေးကြီးတာပါ။ စုပါ ဆောင်းပါ။ကိုယ့်ကိုယ်ကို အတွက် ရင်းနှီးမြှုပ်နှံ မြှင့်တင်ပြီးရင် လုပ်ငန်းတွေကိုယ်သေချာတဲ့နေရာတွေမှာ ထပ်ရင်းနှီးပါ။ငွေနောက်ကိုပဲ လိုက်နေတာငွေရှာမှတော့ငွေနောက်လိုက်ရမှာပေါ့ဘပြောကြပါမယ် ဟုတ်တယ်။
ဒါပေမယ့် ငွေနောက်ကိုအသည်းအသန်မလိုက်ပဲ ကိုယ်တည်ဆောက်ချင်တဲ့အလုပ် ချစ်တဲ့အလုပ်ကို ကြိုးစား ပြီးတည်ဆောက်ရင် ငွေက ကိုယ့်နောက်လိုက်လာပါလိမ့်မယ်
ငွေ မှ ငွေ ဖြစ်နေရင်ပင်ပန်းပြီး မကြာခင် အားပျက်ပြီး ဆက်မလုပ်နိုင် ဖြစ်သွားတတ်ပါတယ်။
ကိုယ်စိတ်ပါဝင်စားတာတွေအထဲက အလုပ်ဖြစ်မယ့် အရာကို အရာကို ပိုပြီးကြိုးကြိုးစားစားလုပ်ပါ။
အောင်မြင်လာရင်ငွေက အလိုလို လိုက်လာပါလိမ့်မယ်

(၅)အဆက်အသွယ်ကောင်းမရှိတာ

‘မင်းဘာသိလဲဆိုတာထက် ဘယ်သူတွေနဲ့သိလဲဆိုတာ ပိုအရေးကြီးတယ်" ဆိုတဲ့ စကာလေးရှိပါတယ်
ငွေရှာတဲ့အပိုင်းမှာ ဒီစကားက အရမ်းအရေးကြီးပါ တယ်
အဆက်သွယ်ကောင်းတွေရှိရမယ်။အကုန်လုံး တယောက်ထဲလုပ်နိုင်တယ် လို့ မတွေးရပါဘူး။မိတ်ဆွေတွေဆီက အလုပ်အကိုင် အခွင့်ရေးတွေ ၊ အကြံဉာဏ်တွေ ရလာတတ်ပါတယ်။အပေါင်းသင်း ဝင်ဆံ့ပြီး ဆရာသမား ကောင်းတွေလဲ ရှိမယ်ဆိုရင် ဝင်ငွေ ပိုတိုးတက်လာဖို့ အခွင့်လမ်းများပါတယ်။
----------

ဒီထိကြည့်လာပြီဆိုရင် ချမ်းသာတယ်ဆိုတာ ငွေအများ ကြီးရတာ ရှိတာကိုပဲ ပြောတာမဟုတ်ဘူးဆိုတာကိုတော့ ကောင်းကောင်း သဘောပေါက်လောက်ပါပြီ

ဒါက ငွေနဲ့ကိုယ့်ရဲ့ဆက်ဆံရေးရယ် ကိုယ့်တန်ဖိုးထားတဲ့ တထပ်တည်းကျမယ့် ရည်ရွယ်ချက်တွေ နဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ဆို တာတွေကိုနားလည် ဖို့ပါပဲ။

ဒါက ခရီးစဉ်တခုမို့ စိတ်ရှည်ရမယ် ဇွဲကောင်းရမယ် သင်ယူရမယ် တခါတလေ အမှားတွေ လုပ်မိတာမျိုးတွေလဲ ကြုံရမယ် သင်ယူပါ ပြင်ဆင်ပါ ရှေ့ဆက်ပါ။

ဘဏ်အကောင့် ဘယ်လောက်ကြီးလဲ ဆိုတာထက် ကိုယ့်ရဲ့ ရွေးချယ်မှုတွေ သင်ယူခဲ့ရတာတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာတာတွေက အမြတ်ပါပဲ။

Shwe Nann Htike
Shwenannhtikeအောင်မြင်ချမ်းသာLucky777
အောင်မြင်ချမ်းသာLucky777


#ငွေကြေးအောင်မြင်မှု
#ချမ်းသာချင်ရင်
#စီးပွားရေးအကြံဉာဏ်

Photos from Shwenannhtike's post 22/05/2025

“ဘဝရဲ့လက်တွဲဖော်” ဆိုတာ 👩‍❤️‍👨👨‍👨‍👧‍👦

ဘဝရဲ့လက်တွဲဖော် ဆိုတာ
🍀အကောင်းဆုံးကို ရလိုက်တာမဟုတ်ဘူး
အသင့်တော်ဆုံးကိုသာ ရလိုက်တာပါ

သင်ကိုင်ထားတဲ့ ဖုန်းတစ်လုံးလိုပေါ့
အကောင်းဆုံး ဖြစ်ချင်မှဖြစ်မယ်
🍀ဈေးအကြီးဆုံး ဖြစ်ချင်မှဖြစ်မယ်။

🍀သင့်ဘတ်ဂျက်နဲ့ အကိုက်ဆုံး
သင့်အလုပ်အတွက် အသင့်တော်ဆုံး
ဖုန်းကိုသင်ကိုင်ထားသလိုပါပဲ ။

🍀အကောင်းဆုံး ဟင်းလျာတွေ
ဈေးအကြီးဆုံး ဟင်းပွဲတွေကို
သင်စားချင်မှစားရမယ်စားနိုင်ရင်လည်း စားနိုင်လိမ့်မယ်

ဒါပေမယ့်
🍀သင့်လက်ရှိဆာလောင်မှုကို
ပျောက်စေမယ့်သင့်ရောဂါနဲ့ တည့်မယ့်
သင့်ဝင်ငွေနဲ့ကိုက်ညီမယ့် ဟင်းတစ်ခွက်လိုပါပဲ ။

🍀သင်စီးနေတဲ့ဖိနပ်ဟာ
(၅)သိန်းတန် (slipper) ဖြစ်ချင်မှဖြစ်မယ်

ဒါပေမယ့်
(၅)ထောင်တန်ဖိနပ်နဲ့လည်း
သင်လိုရာခရီး ရောက်နိုင်သလိုပါပဲ ။

🍀သင့်ရဲ့လက်တွဲဖော်ဟာ
မင်းသားတွေလို ချောချင်မှချောလိမ့်မယ်
မင်းသမီးတွေလို လှချင်မှလှလိမ့်မယ်
အများက အကောင်းပြောချင်မှ ပြောလိမ့်မယ်

ဗိုက်ပူချင်လည်းပူနေမယ်
ပိန်ချင်လည်း ပိန်နေမယ်
စတိုင်လ်ကျချင်မှလည်း ကျမယ်
🍀သင့်မိတ်ဆွေတွေက ကြိုက်ချင်မှလည်း ကြိုက်လိမ့်မယ်

🍀သင့်လက်တွဲဖော်ဟာ
စင်းလုံးချော ဖြစ်ချင်မှဖြစ်မယ်
အတ္တတွေရှိနိုင်တယ်မာနတွေရှိနိုင်တယ်
မပြည့်ဝမှုတွေလည်း ရှိနိုင်တယ် ။

ဒါပေမယ့် သင့်အတ္တတွေ သင့်မာနတွေ
သင့်ရဲ့မပြည့်ဝမှုတွေ မရင့်ကျက်မှုတွေ ကိုတော့
အားလုံးထက် ပိုနားလည်ပေးမယ့်သူမျိုး

( လူတော်တော်များများဟာပြောပဲ ပြောတတ်ကြတာပါ။
ဝေဖန်ပဲ ဝေဖန်တတ်ကြတာပါ။
သင့်ဒုက္ခတွေကိုတော့မျှဝေယူဖို့ စိတ်မကူးကြပါဘူး။ )

ဒါ့ကြောင့်
🍀သင့်ဒုက္ခကို မသိချင်ဟန်ဆောင်နေကြ မယ့်
လူတွေနဲ့
သင့်ဒုက္ခတွေကို မျှဝေယူမယ့်သူ
နှစ်မျိုးသာ သင့်ဘဝမှာ သင်တွေ့ရမှာပါ

မနက်အိပ်ယာထ သင့်ဘေးမှာ
ဘယ်သူရှိစေချင်တာလဲ

ညအိပ်ယာဝင်ခါနီး သင့်စိတ်ဝိညာဉ်ကို
လုံခြုံမှုပေးနိုင်တာ ဘယ်သူပါလဲ

🍀သင်ငိုနေရင်
ဘေးနားမှာရှိနေပေးနိုင်တာ
ဘယ်သူပါလဲ

သင်ဆာလောင်ချိန်မှာ!
သင့်အတွက် စားစရာတစ်ခုခု
ဖန်တီးပေးနိုင်တာ
ဘယ်သူပါလဲ

🍀သင်နာမကျန်းဖြစ်နေရင်
သင့်ကိုပြုစုမယ့်သူ

သင်ပျော်ရွှင်ချိန်မှာ
သင့်အတွက် ကျေနပ်ပေးမယ့်သူ

🍀သင်အောင်မြင်ချိန်မှာ
သင့်အတွက် သင့်ထက်ပိုပြီး
ဂုဏ်ယူနေမယ့်သူ

သင့်အိမ်ပြန်ချိန်တွေကို
(အခမဲ့)စိတ်ပူပေးမယ့်သူ

👩‍❤️‍👨သင့်ရဲ့ဒေါသ သင့်ရဲ့မာန သင့်ရဲ့သောကတွေကို
(မေတ္တာဖြင့်) အရင်းနှီးဆုံး
နားလည်ပေးမယ့်သူ ဘယ်သူပါလဲ

အဲဒီသူမျိုးကိုခေါ်တာဖြစ်ပါတယ်

သေချာတာကတော့
သင့်အတွက် ခက်ခဲနေချိန်တွေ
ကျရှုံးနေချိန်တွေ နာမကျန်းဖြစ်နေချိန်မှာ
သင့်စိတ်ကူးတွေထဲက
သင့် (idol) တွေ
သင့် (celebrities) တွေ
သင့် (crush) တွေက
သင့်ဘေးမှာ ရှိနေနိုင်မှာမဟုတ်ဘူး
ဆိုတာပါပဲ

ဒါ့ကြောင့်

သင့်မှာမောပန်းလာရင် မှီဖို့
နံရံလိုလူ ရှိသလား ?

အားနာစရာ မလိုလောက်အောင်
မြေကြီးလို ထမ်းပိုးထားတဲ့သူ ရှိသလား ?

ဟာသဇာတ်ကားတွေ မလိုအောင်
သင့်ကို ရယ်မောစေတဲ့သူ ရှိသလား ?

ကမ္ဘာ့အတော်ဆုံး စားဖိုမှူးတွေထက်
သင့်အကြိုက်ကိုပိုသိတဲ့သူ ရှိသလား ?

ဘဝရဲ့ နေပူပူကိုကာကွယ်ပေးမယ့်
ထီးလိုလူ ရှိသလား ?

သူရှိရင်ငါလုံခြုံပြီ'ဆိုတဲ့စိတ်နဲ့
နေ့တွေညတွေကို အတူဖြတ်ကျော်ပေးတဲ့သူ ရှိသလား?

မိတ်ဆွေ
သင့်လက်တွဲဖော်ရဲ့တန်ဖိုးအမှန်ကို
ပကတိအမြင်နဲ့ မြင်ကြည့်လိုက်ပါ

ဘယ်လိုပဲဖြစ်ဖြစ်
သူဟာသင့်အတွက် အမြဲရှိနေမှာပါ

ဘုရားပေးတဲ့
တချို့လက်ဆောင်တွေက
သင့်တစ်ယောက်တည်း
အတွက်သာဖြစ်ပါတယ်

တခြားလူတွေကို
ပေးတာမဟုတ်တဲ့အတွက်
တခြားလူတွေက လက်ဆောင်ရဲ့တန်ဖိုးကို
သိမှာမြင်မှာ နားလည်မှာ မဟုတ်ပါဘူး

ဒါ့ကြောင့် သင်တန်ဖိုးထားပါ။

ShwenannhtikeShwe Nann Htike🍀🍀🍀
အောင်မြင်ချမ်းသာLucky777👩‍❤️‍👨

Photos from Shwenannhtike's post 20/05/2025

. 🏆" Golf ကစားမည်ဆိုပါက "🎖️🥇🥈🥉

(၁) သင်စိတ်ဆိုးတတ်လား?
ကစားနေစဉ် စိတ်မတိုမိစေရန် စိတ်ထိန်းပါ

(၂) သင် အချက်ရေခိုးပြီး ညစ်ပတ်တတ်သလား?
ကစားနေစဉ် မပြုလုပ်မိစေရန်စိတ်ထိန်းပါ

(၃) သင်ဆဲရေးတိုင်းထွာ တတ်သလား?
ကစားနေစဉ် မပြုလုပ်မိဖို့ စိတ်ထိန်းပါ

(၄) သင်မှားလျင် သူများကို လွှဲချတတ်သလား?(အပြစ်ဖို့တတ်သလား?)
ကစားနေစဉ် မပြုလုပ်မိဖို့ စိတ်ထိန်းပါ

(၅) သင်မကျေနပ်လို့ စိန်ခေါ်တတ်သလား?
ကစားနေစဉ် မပြုလုပ်မိဖို့ စိတ်ထိန်းပါ

(၆) သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သဘောမကျဘူးလား?
ကစားနေစဉ် စည်းကမ်းအတိုင်း လိုက်နာပေးလိုက်ပါ

(၇) သင်ရှုံးလို့ အရှုံးကို လက်မခံနိုင်ဘူးလား?
ရှုံးကြေးကို လျောှ့ယူဖို့ နိုင်တဲ့သူကို တောင်းပန်လိုက်ပါ 😁

(၈) သင်ပြိုင်ပွဲဝင်ပြီး 🏆 ဆု
ရရှိအောင်ကြိုးစားမှာလား?
မှန်ကန်စွာ အရည်အချင်းအမှန်ဖြင့်ရရှိသော အောင်မြင်မှုဖြစ်ပါစေ
🤾🏻‍♀️🏌🏻🧘🏻‍♀️
(မသမာသောနည်းဖြင့်ရယူဖို့ မကြိုးစားပါနှင့်)

(၉) ဒီလောက်ကောင်းတဲ့ Game ကစားပွဲကို ဘာလို့ ဖျက်လိုဖျက်စီး လုပ်ချင်ရတာလဲ?
မလုပ်ပါနဲ့....မိမိကြောင့် Golf ရိုက်ကစားနည်းကို လူအထင်သေးပြီး အပြောအဆို မခံပါနှင့် 🙏
*** Golf game ကို သင့်ကြောင့်
နာမည်မပျက်ပါစေနှင့်🏌🏻🏌️
===============================
Shwe Nann Htikeအောင်မြင်ချမ်းသာLucky777
🏃🏻‍♀️🏃‍♂️🤼‍♀️🏂🪂🏋️

စနစ်တကျအားကစားစိတ်ဓာတ်ထားရှိရမည်🏆

19/05/2025

❤️အိမ်ထောင်သည်အမျိုးသမီးတယောက်ဘဝမှာ အလိုအပ်ဆုံးအရာက မိမိလင်ယောကျားရဲ့ ချစ်မြတ်နှိုးမှုပါပဲ...❤️
ကိုယ့်ကို အရိပ်တကြည့်ကြည့် ချစ်တဲ့ ,ဂရုစိုက်ဖေးမတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပါ..ချစ်ခြင်းမေတ္တာကို အခြေခံထားတဲ့ အိမ်ထောင်တခုမှာ ငွေကြေးဥစ္စာတွေက သူ့အလိုလိုနောက်ကပါလာပါတယ်..မိန်းမကိုချစ်တော့ ပိုင်ဆိုင်သမျှရှာဖွေသမျှအရာရာဟာ မိန်းမဆီပဲ စီးဆင်းပါတယ်..မိမိဇနီးစိတ်ဆင်းရဲရမယ့်အရာမှန်သမျှကို တတ်နိုင်သမျှ မလုပ်မိဖို့ ရှောင်ရှားပါတယ်..အရာရာဟာ မိမိဇနီး, သားသမီးအတွက်ပါ..
အဲ့လိုယောကျားကို ရထားတဲ့မိန်းမကတော့ အသိုင်းအဝိုင်းကြား မျက်နှာပွင့်ဂုဏ်ရှိပါတယ်..အဲ့နောက်မှ သစ္စာရှိတာ, နွေးထွေးတာ,

ကြင်နာမှုနဲ့ထွေးပွေ့တာက
သူ့အလိုလိုပါပြီးသားပါ..မိသားစုအတွက်

အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးရှိတဲ့
အိမ်ထောင်ဦးစီးယောကျားကောင်းတယောက်ကို သင်ပိုင်ဆိုင်ထားရင် ကမ္ဘာပေါ်မှာ သင်ဟာ ကံအကောင်းဆုံးအမျိုးသမီးတယောက်ပါ..

Shwe Nann Htike
အောင်မြင်ချမ်းသာLucky777
#မောင့်ချစ်မဝလေး
#မဟေသီ
#မီးနေသည်ချွေးအောင်း
#ကလေးမွေးပြီးချွေးအောင်းစို့

16/05/2025

တစ်ချို့က
သူတစ်ပါးကိုမဲ့ပြလိုက်ပေမယ့်
ရွဲ့သွားတဲ့ကိုယ့်မျက်နှာကို သတိမထားမိကြဘူး

တစ်ချို့က
သူတစ်ပါးဂုဏ်သိက္ခာ
ကျအောင် အပုပ်ချပြောဆိုနေပေမယ့်
နိမ့်ကျသွားတဲ့ကိုယ့်အဆင့်အတန်းကို
မတွေးမိကြဘူး။

တစ်ချို့က
သူတစ်ပါးအဆင်ပြေတာကို မရှုစိမ့်နိုင်ပေမယ့်
ပေါ်လွင်နေတဲ့ကိုယ့်မနာလိုစိတ်ကိုတော့
မရှက်တတ်ကြဘူး။

တစ်ချို့က
သူတစ်ပါးမျက်ရည်ကို
ပြက်ရယ်ပြုတတ်ကြပေမယ့်
ကိုယ်တိုင်ငိုခဲ့ဖူးတဲ့အခိုက်အတန့်တွေကို
သတိမရကြဘူး။

တစ်ချို့က
သူတစ်ပါးကိုကဲ့ရဲ့ဖို့
စိတ်အားထက်သန်ကြပေမယ့်
ကိုယ့်အားနည်းချက်ကိုတော့ အပြစ်လို့
မမြင်တတ်ကြဘူး။

တစ်ချို့က
သူတစ်ပါးအနာကိုဆွဖို့ဝန်မလေးပေမယ့်
ကိုယ့်ဒဏ်ရာဟောင်းကိုတော့ နည်းနည်းလေးမှအထိမခံနိုင်ကြဘူး။

တစ်ချို့က
သူတစ်ပါးမကောင်းကြောင်းကိုစပ်စုတတ်ပေမယ့်
မလှခဲ့တဲ့ ကိုယ့်နောက်ကြောင်းကိုတော့
လူသိမခံချင်ဘဲ ဟန်မပျက်
နေတတ်ကြပြန်ပါတယ်။

သူ့မျက်လုံးထဲက
စူးသေးသေးတစ်ချောင်းကိုမြင်တတ်ရင်
ကိုယ့်မျက်စိထဲစိုက်ဝင်နေတဲ့
စူးကြီးကြီးတစ်ချောင်းကို သတိထားမိပါစေ။

တစ်ဖက်သားကို
အပြစ်တင်တော့မယ်ဆိုရင်
ပြန်တွေးကြည့်ပါဦး ကိုယ်ကလည်းပြည့်စုံရဲ့လားလို့

သူကောင်းတာ မကောင်းတာထက်
ကိုယ်ကောင်းဖို့ကအဓိကကျတယ်

သူဘယ်သူဆိုတာထက်
ကိုယ်ကရော ဘယ်လိုလဲဆိုတာ
ကိုယ်တိုင်အရင်သိဖို့လိုတယ်

သူတစ်ပါးကို
လက်ညှိုးထိုးနေမယ့်အစား
ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ပြီး
အတတ်နိုင်ဆုံးပြုပြင်နေထိုင်သွားခြင်းကသာ
အကောင်းဆုံးပါ ။

Shwe Nann Htikeအောင်မြင်ချမ်းသာLucky777

#ဘဝအတွတ်စာဖတ်ပါ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ

15/05/2025

ပျားဘုရင်မ 👑🐝🐝🐝🐝🐝🐝🐝🐝🐝🐝

ပျားအုံတစ်ခုမှာ ပျားဘုရင်မ သေသွားတဲ့အခါ..... အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို
အလျင်စလိုမဟုတ်ဘဲ ချမှတ်ရပါတယ်..

ဘုရင်မ မရှိလို့ ပျားအုံကြီးဟာ ပြိုလဲမသွားပါဘူး
အခြေအနေနဲ့အညီတော့ ပြောင်းလဲသွားပါတယ်..

ပထမဆုံးသူတို့ဟာ သာမန်ပျားလောင်းတွေ
အများကြီးထဲကနေ နည်းနည်းလေးကို
ရွေးချယ်လိုက်ပါတယ်..

အရွေးချယ်ခံ ပျားလောင်းတွေဟာ တခြားသူတွေထက် ထူးခြား​နေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့သူတွေ ဖြစ်လာနိုင်လို့ပါ..

သူတို့ကို သာမန်မဟုတ်တဲ့ အရာတစ်ခု ကျွေးမွေးပါတယ်- အဲဒါကတော့ တော်ဝင်ဂျယ်လီလို့ခေါ်တဲ့
အသွင်ပြောင်းနိုင်တဲ့ ဝတ်ရည်ပါ..

အဲဒီနေရာကနေပြီး မယုံနိုင်စရာအရာတွေ
စတင်ပါတော့တယ်..

ဒါဟာ ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာမဟုတ်ပါဘူး
ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးလို့ ဖြစ်လာတာပါ..

ဂရုတစိုက် ကျွေးမွေးခံရတဲ့ ပျားလောင်းတစ်ကောင်ဟာ ဘယ်သူမှ မထင်ထားတဲ့ ဘုရင်မတစ်ကောင်
ဖြစ်လာပါတယ်..

ပျားဘုရင်မကို သူတို့ မွေးဖွားတာမဟုတ်ပါဘူး
ဖန်တီးလိုက်တာပါ..

သူမဟာ သာမန်ပျားတွေထက် ပိုပြီး
အသက်ရှည်လာပါမယ်..

ပျားအုံရဲ့ စည်းကမ်းနဲ့ အစီအစဉ်တွေကို သူမက ပြန်လည်တည်ဆောက်ပါလိမ့်မယ်..

အရင်က တိတ်ဆိတ်နေတဲ့ နေရာမှာ ဘုရင်မရဲ့
လှုပ်ရှားမှုတွေနဲ့ အသံတွေ ပြန်လည်ပေါ်လာမယ်..

ပျားအုံတစ်ခုမှာ အခက်အခဲတွေ ကြုံလာတဲ့အခါ ပရမ်းပတာတွေ မဖန်တီးပါဘူး။ ဦးဆောင်နိုင်တဲ့သူပေါ်ပေါက်လာဖို့ တည်ဆောက်ကြပါတယ်..

ဒါကြောင့် ဒီအချက်တွေထဲမှာ ကျွန်တော်တို့ လူသားတွေအတွက်လည်း သင်ခန်းစာတစ်ခု ရနိုင်ပါတယ်..

ကြီးမြတ်ခြင်းဆိုတာ အမြဲတမ်း မွေးရာပါ အရည်အချင်းမဟုတ်သလို ရာထူးအာဏာကြောင့် ရတာမျိုးလည်း မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်ကို ထူးခြားတဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေ ပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရာတစ်ခုပါ..

ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ဘို့ လိုပါတယ်..

ကျွန်​တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက်
လူငယ်များကိုလည်း ပြုစုပျိုးထောင်ပေးဖို့
လိုပါတယ်...။

Shwe Nann Htike

အောင်မြင်ချမ်းသာLucky777Shwenannhtike
Crd #🙏
Saya U Khin Zaw ( ဘာသာပြန် )

05/05/2025

မနက်အိပ်ရာကနိုးတော့
အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့
အသက်၂၆နှစ်အရွယ်ကောင်မလေး
အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေ
အာရုံကြောပျက်သွားတာလို့ပါတဲ့နေ့်

#မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ

ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss
သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့
အားလုံးလဲ သိထားရအောင်
ပြန်လည်မျှဝေတာ

Sleep Deprivation ( အိပ်ရေးမဝခြင်း )
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ post ကိုတော့ညဘက်တော်တော်နဲ့
မအိပ်နိုင်တဲ့သူတွေ
ဖတ်သင့်ပါတယ် ။

Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊
ဒါပေမယ့်အိပ်လားဆို
တော့မအိပ်ကြပါဘူး ။
အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာ
များတယ် ။
အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှ
စအိပ်ကြတယ် ။
အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။
တချို့ဒီလိုတွေးတယ် "
ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊
အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ
ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။

No ပါ
ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့
Side effect ကတော့
တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ

Symptoms စပြရင်ယေဘုယျအားဖြင့်
ခေါင်းအပိုင်းက
စပြကြတာများတယ် ။

Memory Issues မှာဆိုရင်
ညဘက်ဆိုကိုယ့် ဦးနှောက်က
သူ့ထဲအသစ်ထပ်ထည့်ရမယ့်
Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။ အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ
မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။
အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာ
အားနည်းလာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး
ထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူး
မြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။
ဒီ weight gain ကေတာ့
ဆိုးကျိုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic
အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့
Sleep Deprivation
အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်
ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့
အတွက်ရောဂါပိုးတွေ
အလွယ်တကူဝင်နိုင်တယ် ။

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့
ရောဂါတွေက
နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊
ဆီးချိုစတဲ့ရောဂါ
တွေဖြစ်နိုင်တယ် ။
S*x Hormones တွေပွားနှုန်းကိုလဲ
လျော့စေပါတယ် ။

Sleep Deprivation ဖြစ်တာ
ကြာလာရင်ရုပ်ပိုင်းဆိုင်ရာ
ကိုပါထိခိုက်လာနိုင်တယ် ။
ဥပမာ - ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင်
ဘာမှမကိုင်နိုင်တော့ဘဲအား
မရှိတော့မျိုးတွေဖြစ်နိုင်တယ် ။
အိပ်ရေးမဝရင်
အသိသာဆုံးကမျက်လုံး မျက်နှာ
ဖြစ်တဲ့အတွက် skin suffer
တွေပါဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ

ဒါတွေကတော့ခေါင်းအစခြေအဆုံး
ဖြစ်တတ်တဲ့ Sides Effect တွေပါ ။

၁၂ နာရီအလွန်ဆုံးထားပြီး
အိပ်ကြ
ပါ ။

ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

မေတ္တာဖြင့်

Nann Htike
အောင်မြင်ချမ်းသာLucky777@
Ashin Kall Than La

Photos from Shwenannhtike's post 03/05/2025

တော်တဲ့အမျိုးသားလားသိချင် သူ့ဇနီးကိုကြည့်
👩‍❤️‍👨😘😘😘😘😘👩‍❤️‍👨🎁🎉🎊💯🍀💦

အမျိုးသားတွေ မကြာခဏ လွဲမှားစွာ နားလည်တတ်ကြတဲ့ အချက်တစ်ခုရှိတယ် - အမျိုးသမီးတစ်ယောက်က ချစ်တဲ့အခါ တစ်ဝက်တစ်ပျက်ချစ်တာမဟုတ်ဘူး။
သူမရတဲ့အချစ်‌ေတွကို ပြန်ပေးတယ်၊ ဒါတင်မကသေးဘူး - ပိုတောင်ပေးတတ်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားဟာ
ပဲ့တင်သံတစ်ခုလို၊ စွမ်းအင်တွေရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုလိုပါ။
သူမဟာ ယောက်ျားတစ်ယောက်ရဲ့ စကားလုံးတွေ၊ အပြုအမူတွေ၊ အသံအနေအထား၊ ရည်ရွယ်ချက်တွေကို scanဖတ်ပြီး - ဒါတွေအားလုံး တစ်သားတည်းဖြစ်လာချိန်မှာ၊ သူမလည်း အလားတူ‌ ရောင်ပြန်ဟပ်ပေးပါတယ်။

တစ်ခါတစ်လေ အဲဒီပြန်ဟပ်မှုမှာ နူးညံ့မှု၊ နွေးထွေးမှု၊ သစ္စာရှိမှု၊ စိတ်ချမ်းသာမှုတွေ ပေါ်လာတတ်ပါတယ် - အမျိုးသားအတွက် နှလုံးသား အေးချမ်းစရာနေရာတစ်ခုပေါ့။

တစ်ခါတစ်လေကျတော့လည်း
အဲဒီပြန်ဟပ်မှုက တိတ်ဆိတ်မှု၊ ကွာဝေးမှု တွေ တိတ်တဆိတ် ပိတ်လိုက်တဲ့ တံခါးတစ်ချပ်လိုတွေ ဖြစ်သွားတတ်တယ်ပါ။

သူမဟာ အငြိုးထားတာမဟုတ်သလို၊ လက်စားချေတာမျိုးလည်း မဟုတ်ဘူး။
သူမက မှန်တစ်ချပ်လိုပါပဲ။
သင်ကိုယ်တိုင် သူမကို ပေးခဲ့တဲ့အရာကိုပဲ သူမက ပြန်ပြီး ရောင်ပြန်ဟပ်ပေးတာပါ။

ဥယျာဉ်လေးတစ်ခု လိုချင်လား? ပြုစုပျိုးထောင်ပေးပါ။
ချစ်ခြင်းမေတ္တာ လိုချင်လား? သူမကို ချစ်ပေးပါ။
သစ္စာရှိမှု လိုချင်လား?
သူမယုံကြည်စိတ်ချရတဲ့သူတစ်ယောက် ဖြစ်အောင်နေပါ။

အေးချမ်းစွာနေတတ်ပြီး ကြင်နာတတ်တဲ့၊ သစ္စာရှိတဲ့ အမျိုးသမီးတစ်ယောက် သင့်ဘေးမှာရှိနေရင်၊
သင် ကံကောင်းတာမဟုတ်ပါဘူး - သင်ကိုယ်တိုင် တည်ဆောက်ထားတဲ့အရာပါ။

တကယ်လို့ သူမဟာ အေးစက်‌ နေမယ်၊
စိုးရိမ်နေမယ်
ဒါမှမဟုတ်
သင့်ဘေးမှာမရှိတော့ဘူးဆိုရင်လည်း
အဲဒါက ပဟေဠိမဟုတ်ပါဘူး။ သင်ကိုယ်တိုင်ပဲ အဲဒီလိုဖြစ်အောင် ပုံသွင်းခဲ့တာပါ။

သူမကို လေ့လာပါ... တကယ့်ကို သေသေချာချာ နာလည်အောင်ကြည့်ပါ။
ဘာလို့လဲဆိုတော့ သူမဟာ သင့်ရဲ့အဖော်သက်သက်မဟုတ်ပါဘူး။

သူမဟာ သင့်ရဲ့ ရောင်ပြန်ဟပ်မှုပါ။
ကျေးဇူးတင်ပါသည်
Shwe Nann Htike

🙏🙏🙏🙏🙏
🥰🥰🥰🥰Credit@followers

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay