Collagen By May

Collagen By May

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Collagen By May, Health/Beauty, Mandalay.

27/09/2022

Sun creamခွဲခြားနည်း😍

ကိုယ်သုံးနေတဲ့Suncreamဘယ်အမျိုးအစားထဲပါလဲ သိချင်တဲ့သူတွေအတွက်ရော

ဘယ်လိုsuncreamကိုသုံးရမလဲ မသိသေးတဲ့သူတွေအတွက်ရော

ခွဲခြားတတ်အောင်တင်ပေးလိုက်ပါတယ်ရှင်

12/08/2022

Collagen သောက်ချင်ပေမယ့် collagen အကြောင်း သေချာမသိသေးတဲ့ သဲလေးတို့အတွက်

Collagen ဆိုသည်မှာ လူတိုင်းအတွက်
တကယ့် ကိုမရှိမဖြစ် လိုအပ်တဲ့
Protein အမျိုးအစားတစ်ခုဖြစ်ပါတယ်။

မိန်းကလေးသာမက ယောကျာ်းလေးတွေပါ အသက် 25ကျော်တာနဲ့ Collagen ဓာတ်ဆုံးရှုံးလို့ အသားရေနှင့် ခန္ဓာကိုယ် အရိုးအဆစ်တွေ
ပျက်စီးစေပါတယ်။

ဒါအပြင် လေဒဏ် /နေဒဏ်တို့ နှင့်
အခြား chemical ပါသောပစ္စည်းများ
သုံးစွဲလိမ်းခြယ် မှုကြောင့် အသားရေဟာ
ပျက်စီးသထက် ပိုမိုပျက်စီးလာပါတယ်။
ဒါတွေကို အကောင်းထိရောက်စွာ
ပြန်လည် ပြုပြင်ပေးဖို့ Collagen ဓာတ်
ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်လှပါတယ်။

Collagen သောက်သုံးခြင်းဖြင့် ရလဒ်တွေကတော့..

Collagenဟာ အသားရေကို တင်းရင်းကာ ကျစ်လစ်သွယ်လှ စေရုံသာမက
ကိုယ်ခန္ဓာရှိအရိုး အဆစ် Joint လေးများ
တစ်ခုစီကိုသန်မာစေပြီး ကြံ့ခိုင်စေပြီး
ဆံပင်ပျက်စီးနေခြင်း။ ဆံပင် အရှည်နှေးခြင်းတို့ကိုပါ
ထိရောက်စွာကောင်းမွန်စေပါတယ်။ဒါ့အပြင်
ဆံပင် ပျက်စီးပြီး နှစ်ခွဖြစ်ခြင်းကိုလည်း
သက်သာစေပါတယ်။

ဆံပင်သာမကလက်သည်း။
ခြေသည်းလေးတွေကိုပါ အားဖြည့်ပေးလို့
အမြဲပန်းရောင်သန်းပြီးကျန်းမာတဲ့
လက်သည်းလေးတွေပိုင်ဆိုင်စေပါတယ်။

မျက်နှာ အသားရေပေါ်ရှိ မှဲ့ခြောက် နဲ့
အမဲစက်များကိုလည်း သိသိသာသာ ပျောက်ကင်းလာစေပြီး ဝင်းမွတ်ဖြူစင်လာစေပါတယ်။
နေလောင်လို့ အသားရေ မညီညာခြင်း နှင့်
အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများနှင့် အိပ်ရေး ပျက်ခြင်းကြောင့်
မျက်ကွင်းညိုခြင်းတို့ကိုပါ ပျောက်ကင်းစေပါတယ်။

Collagen သောက်သုံးခြင်းဟာ
Plastic Surgery လုပ်သလိုပင် အသားရေကိုတင်းရင်းလှပစေ နိုင်သောတစ်ခုတည်းသော အန္တရာယ်ကင်းလှတဲ့ နည်းလမ်းတစ်ခုပါ
အသားရေတင်းရင်းလာတဲ့ အတွက်
မျက်နှာ မေးရိုးရှိ ကြွက်သားများတင်းရင်း လို့
ပိုမို နုပျိုလှပသော V-Shape မျက်နှာ
အနေအထား ကို ရရှိစေပါတယ်။

Collagen ကို အခြား မိမိစားသုံးသော အစားအစာ / အဖျော်ရည် တို့နှင့်လည်း
တွဲဖက်စားသောက် နိုင်လို့ အချိန်ပေးပြီး
သောက်စရာမလိုပါဘူး။

ဘယ်အချိန်တွေ သောက်ရင်
ပိုသင့်တော်မလဲ

Collagen ဟာ အသားရေကောင်းမွန်
လှပဖို့ သာမက ကျန်းမာရေးကိုလည်း
အထောက်အကူပြုလို့ နေ့ ။ည အချိန်မရွေး
သောက်သုံးနိုင်ပါတယ်
မနက်ပိုင်း အစာနဲ့အတူ သောက်ခြင်းဖြင့်
ကျန်းမာသန်စွမ်း ပြီး တစ်နေ့လုံး လန်းဆန်း
တတ်ကြွမှုရှိစေပါတယ်။

ညပိုင်းအိပ်ခါနီး အစာစားပြီး
သောက်ရင်တော့ တစ်ညလုံး မျက်နှာ နှင့့်
ကိုယ်ခန္ဓာအသား အတွက်အထိရောက်ဆုံး
ပြုပြင်ပေးလို့ မနက်မိုးလင်းတာနဲ့
ကြည်လင် ဝင်းမွတ်နေတဲ့ အသားလေးကို
ရရှိစေမှာပါ။

လစဉ် ပုံမှန် Collagen သောက်တဲ့သူတိုင်းအမြဲနုပျိုကျန်းမာနေရုံသာမက အစဉ်လန်းဆန်းတက်ကြွ နေလို့ နဂိုရှိရင်းစွဲအသက်ထက်
၁၀နှစ်နီးပါးငယ်ရွယ်နုပျိုနေသလို
ထင်ဟပ်စေပါတယ်။

ဒါကြောင့် Collagen ကို အသက် 25 ကျော်မှ စပြီး လစဉ် သောက်သုံးသွားမယ် ဆိုရင်
စိုပြေ တင်းရင်းသော အသားရေကို
အမြဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်လို့ သောက်ဖို့
အကြံပေးလိုက်ပါတယ်နော်

Collagenက စွဲသောက်သင့်လား ???

အနဲဆုံး ၃လလောက် သောက်ပေးသင့်ပါတယ်။ ၃လပြီးရင် ၂လလောက်ခြား ပြန်သောက်
အဲ့လိုလုပ်ပေးရပါမယ် ၃လလောက်သောက် ပြီးရင်တော်တော်သိသာသွားပါပြီ ၂လလောက် ကြာတဲ့ထိ အသားအရည်လှနေမှာပါရှင့်

04/07/2022

Hello🤗အားလုံးဘဲမင်္ဂလာပါ Collagen by may Pageကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်😍

ဒီနေ့လေးမှာ အမေးများတဲ့မေးခွန်း၃ခုကိုလာပြီးSharingလုပ်ပေးတာဖြစ်ပါတယ်ရှင်✍

ဒီvideoလေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် PageလေးကိုLike&Followလေးလုပ်ပေးပါနော်🤗

တခြားသူတွေသိရအောင်လည်း Shareသွားပေးပါအုံးရှင်🤗

Photos from Collagen By May's post 03/07/2022

ပျားရည်ရယ် သကြားရယ် မန်ကျဥ်းမှဲ့ရယ် အကြောပြတ်ရာတွေ အမာရွတ်တွေအတွက်Youtubeမှာတွေ့လို့ Scrubလေး လုပ်စမ်းကြည့်မလို့

ထူးခြားရင်အားလုံးကို Sharingလာလုပ်ပေးမယ်

မထူးခြားဘူး မသိသာဘူးဆိုရင်တော့ မလုပ်ပေးတော့ဘူး

အခုတော့ May Layအရင် စမ်းကြည့်လိုက်မယ်နော်😘

01/07/2022

❌ပိုက်ဆံသီးသန့်ကုန်စရာမလိုဘဲ❌

အားလုံးဘဲမင်္ဂလာပါ Collagen by may Pageကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်

ဒီနေ့လေးမှာ Mayက Collagenဖိုး ပိုက်ဆံလုံးဝမကုန်ချင်ဘူးဆိုတဲ့ မမတွေ ညီမလေးတွေအတွက် နေ့စဥ်အစားအသောက်ကနေ Collagen ရရှိနိုင်မဲ့ နည်းလမ်းတွေကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်ရှင်

အားလုံးဘဲ ဒီvideoလေးက အကျိုးရှိတယ်ဆိုရင် PageလေးကိုLike&Followလေးလုပ်ပြီး တစ်ခြားသူတွေအတွက် Shareသွားပေးဖို့မမေ့ပါနဲ့နော်💘

30/06/2022

Collagenရဲ့အဓိကတာဝန်❗
Collagenရဲ့အဓိကကောင်းကျိုး7ချက်❗
လေ့လာထုတ်နုတ်ပြီး ပြောပြပေးထားတာဖြစ်ပါတယ်ရှင်
နောက်ထပ်videoတွေမှာလည်Collagenနဲ့ပတ်သက်တဲ့ Sharingများစွာပြုလုပ်ပေးမှာဖြစ်လို့ Pageလေးကို Like&Followလုပ်ထားဖို့မမေ့နဲ့နော်💘
ဒီvideoလေးက အကျိုးရှိတယ်ဆိုရင် တခြားသူတွေသိရအောင် Shareသွားပေးပါအုံးရှင်😍

29/06/2022

❗Collagenနဲ့ပတ်သက်ပြီး အမေးအများဆုံးမေးခွန်း၃ခု❗
Collagenဆိုတာဘာလဲ❓
Collagenကိုဘယ်လိုနေရာတွေမှာလိုအပ်လဲ❓
ဘယ်လိုလူတွေပိုပြီးလိုအပ်လဲ❓

26/06/2022

Collagen သောက်မယ်ဆိုသိထားသင့်တာလေးတွေ 👇👇👇

🍷 အသက်၂၀ နှစ်ကျော်မှသောက်တာကောင်းပါတယ် (မလိုအပ်ဘူးထင်သေးရင်တော့ အသက် ၂၅ လောက်မှသောက်ပါ)

🍷 collagen ကအသားမဖြူပါ (အသားအရေအတွက်ဆို အသားကိုကြည်လာစေတယ်)
collagen ဓာတ်က ခန္ဓာကိုယ်တစ်ခုလုံးမှာလိုတာဖြစ်လို့ ဆံပင်အရှည်မြန် ၊ လက်သည်းမာလာတာ ၊အသားအရေညီလာတာ ၊အမာရွတ်လေးတွေမှိန်လာတာ ၊အရေးအကြောင်းတွေကို နောက်ကျစေပြီး အသားအရေ ကျစ်လစ်မယ် ၊ ရှိရင်းစွဲအသက်ထက် အရွယ်တင်စေပါတယ်...

🍷 တနေ့ကို collagen 50000 mg ထိသောက်လို့ရပါတယ် .. ဒါပေမယ့် ကိုယ်က 10000 mg ပဲသောက်မယ်ဆို ၆ လလောက်သောက် ၁ လခွဲ/၂ လလောက်နား အဲလို timeline လေးနဲ့ ရေရှည်စွဲသောက်လို့ရပါတယ် (လှချင်စောနဲ့ အများကြီးမသောက်ပါနဲ့ တန်ဆေးလွန်ဘေးပါနော်)

🍷Mayကတော့7gပါငါးသစ်သီးcollagenကို မနက်တိုင်းသောက်ပေးပါတယ်

🍷 တနေ့လုံးကို ရေမသောက်ပဲ၊ collagen ပဲသောက်လို့မရဘူးနော် (ရေလည်းများများသောက်ဖို့လိုပါတယ် ...အနည်းဆုံး ၁ လီတာခွဲ/၂ လီတာ)

🍷 collagen ကို အစာနဲ့ဝေးဝေးသောက်တာက ပိုထိရောက်ပါတယ် (မနက်စောစော သို့ ညအိပ်ရာဝင်ခါနီးသောက်ပါ)

🍷 နို့တိုက်မိခင် ၊ ကိုယ်ဝန်ဆောင်မေမေ ၊ ကျောက်ကပ်ရောဂါရှိသူတွေ ၊ နာတာရှည်ရောဂါ ကိုယ်ခံအားကျဆင်းစေတဲ့ ဆေးစွဲသောက်ရသူတွေကတော့ မသောက်သင့်ပါဘူးနော်

🍷 အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လွှတ်မှုလျော့လာလို့ ကော်လဂျင်ကို ဖြည့်စွက်စာအနေနဲ့သောက်သုံးပေးသင့်ပါတယ်နော် ...

Collagen by may❣

24/06/2022

👉 Collagen နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခု

💙 မနက်သောက်ရမလား ၊ ညဘက်သောက်ရမလား
အမှန်တိုင်းပြောရရင် collagen ကဖြည့်စွက်စာဖြစ်လို့ ကြိုက်တဲ့အချိန်သောက်လို့ရပါတယ်.. မနက်စောစောနိုးတဲ့သူကမနက်သောက် ၊ ညဘက်အိပ်ခါနီးလေး သောက်ရတာကြိုက်ရင်ညဘက်သောက်ပါ၊ နေ့လည်သောက်လည်းရပါတယ်။

💙 Collagen ကိုအစာနဲ့ဝေးရမှာလား၊ မဝေးရင်ကောရလား
ရပါတယ်၊ အစာနဲ့ဝေးခိုင်းတယ်ဆိုတာက အစာအိမ်က ဘာအစာမှမရှိခင် ကော်လဂျင်ဓာတ်ကိုအပြည့်အဝစုပ်ယူမှုအားကောင်းတာမို့လို့ပါ ၊ အစာစားပြီးသောက်လည်းရပါတယ် ၊အစာအိမ်သမားတွေဆို အစာစားပြီးသောက်ပေးပါ။ ကော်လဂျင်သောက်ပြီး တခုခုစားလို့လည်းရပါတယ်။

💙 ကော်လဂျင်သောက်ရင် ပိုဝလာလား
လုံးဝ မဝ စေပါဘူး ၊ ကော်လဂျင်ထဲမှာ ဝစေတဲ့ဓာတ်မပါပါဘူး.. Mayဆို အသက်20 ထဲ ကသောက်လာတာ ဝမဝသာကြည့် 😝 (GYM ဆော့နေတဲ့သူဆိုရင်တော့ muscle building အတွက်အထောက်အကူပြုပါတယ်)

💙 ကော်လဂျင်ကိုနေ့တိုင်းသောက်လို့ရလား
ရပါတယ်၊ အသက် 20 နှစ်ရှိသူတိုင်း တနေ့ကို 10g (10000 mg) သောက်လို့ရပါတယ်။
အသားအရေ ၊ ဆံပင် ၊ အရေးအကြောင်း ၊ အရိုးအဆစ်အရွတ်အတွက် ကော်လဂျင်ကို အနည်းဆုံး ၃ လ- ၅လ ဆက်တိုက်သောက်ပေးသင့်ပါတယ်။
(ရေလည်းများများသောက်ဖို့လိုပါတယ်)

💙 ကော်လဂျင်က side effect ရှိလား
တန်ဆေးလွန်ဘေးဆိုသလိုပဲ ... တနေ့ကို တကြိမ် 10 g သို့မဟုတ် 10000 mg ကိုပဲသောက်စေချင်ပါတယ် (ပိုသိသာစေချင်ဇောနဲ့ တနေ့ ထဲအများကြီးမသောက်သင့်ပါဘူး) ၊ ကော်လဂျင်သောက်ပြီး အသားတွေယားလာတာ၊ လျှာနဲ့ ခန္ဓာကိုယ်မှာ အဖုအပိန့်ထွက်ပြီး ရောင်လာတာ၊ ဗိုက်နာလာတာ ၊ ပျို့ချင်အန်ချင်တာ ဆိုရင်တော့ ဆက်မသောက်သင့်ပါဘူး (ကိုယ်နဲ့မတည့်တာဖြစ်နိုင်ပါတယ်)

ကော်လဂျင်နဲ့ပတ်သက်ပြီးထပ်သိချင်တာရှိရင်လည်းမေးခဲ့နော် 💙

အားလုံးပဲအရွယ်တင်နုပျိုကြပါစေ 💙

Collagen By May❣

27/05/2022

🌿 သူများCollagenဆိုတိုင်း ဘာမှမသိဘဲနဲ့ လိုက်ပြီးCollagenနေရတာလား အခုစိတ်မပူနဲ့တော့ May လာပြီ🌿
👇🌿

အားလုံးဘဲ မင်္ဂလာပါရှင် Collagen By May Pageကနေ ကြိုဆိုလိုက်ပါတယ်ရှင်🌿🌿🌿🌿

အရွယ်ရောက်ပြီးသော အမျိုးသား/အမျိုးသမီး အားလုံးကို ထပ်မံပြီး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေရှင်🌿🌿🌿

ဒီPageလေးကနေ အမျိုးသမီး/အမျိုးသား အားလုံးအတွက် အမြဲတမ်းနုပျိုလန်းဆန်းနေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ Collagen နဲ့ပတ်သက်သော အကြောင်းအရာများကို မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်🌿🌿🌿

🌿Collagenဆိုတာဘာလဲ

🌿Collagen ဘယ်နှမျိုးရှိလဲ

🌿ဘာကြောင့်Collagenသောက်သင့်လဲ

🌿Collagenသောက်သူနှင့်မသောက်သူ ဘာတွေကွာ​ခြားမှုရှိမလဲ

🌿ဘယ်အသက်အရွယ်မှာ Collagen စသောက်သင့်လဲ

🌿အသက်အရွယ်အလိုက် Collagen သောက်ရမည့်အချိန်တွေ ကွာခြားမှုရှိလား

🌿Collagenကို ဘယ်လိုသောက်ရမလဲ အချိန်ဘယ်လောက်သောက်ရမလဲ

🌿ကိုယ်နဲ့သင့်တော်တဲ့Collagenကို ဘယ်လိုရွေးရမလဲ

🌿ဘယ်လိုလူတွေမသောက်သင့်ဘူးလဲ

🌿Collagenဆိုတာ အသားဖြူစေတဲ့အရာလား

🌿Collagenရဲ့အဓိက ကောင်းကျိုးကဘာလဲ

🌿Collagenသောက်ရင် ဆိုးကျိုးရော ရှိနိုင်လား

အစရှိသဖြင့် အမေးများတဲ့ မေးခွန်းတွေအပြင် လူအများစုသတိမထားမိသေးသော မသိသေးသော Collagenနဲ့ ပတ်သက်သော အကြောင်းအရာများကို မျှဝေပေးသွားပါမယ်ရှင်

ဒါကြောင့် Pageလေးကို Like & Seefirstလုပ်ထားဖို့မမေ့နဲ့နော်🌿

May🌿

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mandalay