Skin Care City
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skin Care City, Health/Beauty, Mandalay.
13/08/2021
COVID နောက်ဆက်တွဲလက္ခဏာများ
==========================
COVID ပျောက်သွားပေမယ့် ၄ပတ်ကနေ ၃လကြားမှာ ဒီလို လက္ခဏာတွေ ဖြစ်တတ်ပါသေးတယ်
အသက်ကြီးသူ၊ နဂိုရောဂါ အခံရှိသူ၊ ဆေးရုံတက်ပြီး ကုသမှုခံယူလိုက်ရသူတွေမှာ အဖြစ်များပါတယ်
COVID လက္ခဏာ မပြပဲ ၄ပတ်ကြာမှ ဒီလိုလက္ခဏာတွေ ပေါ်တဲ့သူတွေလဲရှိပါတယ်
အပျော့စားလက္ခဏာများ
----------------------------------
🔹️ ချောင်းခြောက်ဆိုးခြင်း
🔹️ အသက်ရှုမဝခြင်း
🔹️ ရင်ဘတ်အောင့်ခြင်း
🔹️ ရင်တုန်ခြင်း (အဖြစ်များ)
🔹️ မအီမသာဖြစ်ခြင်း
🔹️ ပျို့ချင်၊ အန်ချင်ဖြစ်ခြင်း
🔹️ ဗိုက်အောင့်ခြင်း
🔹️ ဝမ်းလျှောခြင်း
🔹️ နုံးခြင်း၊ မောခြင်း
🔹️ ညဘက် အိပ်မပျော်ခြင်း (အဖြစ်များ)
🔹️ သတိမေ့ခြင်း
🔹️ အာရုံစူးစိုက်မရခြင်း
🔹️ ခေါင်းကိုက်ခြင်း
🔹️ မိုက်ခနဲ မူးဝေခြင်း
🔹️ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
🔹️ ခြေလက်ထုံကျင်ခြင်း
🔹️ အရေပြား ယားယံခြင်း၊ အနီစက်ထွက်ခြင်း
🔹️ ဆံပင်ကျွတ်ခြင်း
🔹️ ရာသီမမှန်ခြင်း
🔹️ မျက်စိ နီခြင်း၊ ရောင်ခြင်း
🔹️ အနံ/အရသာ ပြောင်းခြင်း
ပြင်းထန် လက္ခဏာများ
-------------------------------
ကိုယ်တွင်း ခုခံအားက ရောဂါကို အနိုင်မတိုက်နိုင်တဲ့အခါ ကိုယ်တွင်းကလီစာ များစွာကို ဖျက်စီးပစ်ပါတယ်
ရောဂါဖြစ်ပြီး ၄ပတ်ကျော်မှ စ,ဖြစ်တာတော့ မဟုတ်ပါဘူး
ရှေ့မှာကတည်းက ဖျက်စီးခံလိုက်ရတာတွေက မပျောက်ပဲ ကျန်ခဲ့တာပါ
🔶️ အဆုတ် - အဆုတ် ဒဏ်ရာရခြင်း၊ အမာရွတ်ကျန်ခြင်း၊ ကျုံ့ခြင်း၊ လေအိတ်ပေါက်ခြင်း
🔶️ နှလုံး - နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း၊ နှလုံးကြွက်သား ရောင်ခြင်း၊ ကျုံ့ခြင်း၊ နှလုံး ပတ်ပတ်လည် ရေဝိုင်းခြင်း
🔶️ ဦးနှောက် - ဦးနှောက်ရောင်းခြင်း၊ အာရုံကြောရောင်ခြင်း
🔶️ ကျောက်ကပ် - ကျောက်ကပ်ရောင်ခြင်း၊ ပျက်စီးခြင်း
🔶️ မျက်စိ - မျက်စိရောင်ခြင်း၊ အမြင်ကွယ်ခြင်း
🔶️ ဟော်မုန်း - ဆီးချို၊ လည်ပင်းကြီး၊ အရိုးပွရောဂါတို့ အသစ်ဖြစ်ပေါ်ခြင်း၊ နဂို ဖြစ်ဖူးလျှင် ပိုဆိုးလာခြင်း
🔶️ သွေး - သွေးခဲခြင်း၊ သွေးမတိတ်ရောဂါဖြစ်ခြင်း (ITP)
🔶️ စိတ် - ကာလကြာရှည်စွာ စိတ်ဒဏ်ရာရခြင်း
ဗဟုသုတ ရစေရန် ရည်ရွယ်ပါသည်
ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ
Credit:
Dr. NI (ဒေါက်တာနီနီ)
Vitamin D ချို့တဲ့ပါက
၁။ မောပန်းလွယ်သည်။အားကစားသမားများတွင် အထူးသိသာသည်။
၂။ဆံပင် ဆုံးရှုံးသည် ။အသက် ၁၈ နှင့် ၄၅ ကြား အမျိုးသမီးများ ဆံပင်ဆုံးရှုံးမှုမှာ Vit D ချို့တဲ့၍ဖြစ်ကြောင်း ကိုင်ရို တက္ကသိုလ် လေ့လာမှု က တွေ့ရှိခဲသည်။
၃။Vit D ဓါတ်နည်းပါက သွေးတိုးရောဂါ ဖြစ်နိုင်ခြေမြင့်ကြောင်း Havard တက္ကသိုလ် လေ့လာမှု တွေ့ရှိထားသည်။
၎။အရိုး နှင့် အဆစ်အမြစ်များ နာကျင်မှု သည် Vit D မလုံလောက်၍ ဖြစ်နိုင်ကြောင်းလေ့လာမှုများက တွေ့ရှိထားသည်။
၅။ ကယ်လ်စီယမ် နှင့် Vit D မလုံလောက်ပါက အရိုး ကျိုးခြင်း အက်ခြင်းများ အလွယ်တကူဖြစ်ပေါ်နိုင်သည်။
၆။ Vit D ချို့တဲ့ပါက အနာကျက်နှေးသည်။
၇။Vit D က ကိုယ်ခံအား စနစ်ကို တောင့်တင်းခိုင်မာစေပြီး ရောင်ရမ်းမှုကိုလည်းတားဆီးပေးသည်။Vit D ချို့တဲ့ပါက မကြာခဏအအေးမိ နှာစေး နေမကောင်းဖြစ်လွယ်သည်။
၈။ကြွက်သားများ အားလျော့ခြင်းနှင့် နောက်ကြော နာကျင်မှုများသည် Vit D ချို့တဲ့မှုနှင့် ဆက်စပ်နိုင်ကြောင်း သုတေသန များကတွေ့ရှိထားသည်။
၉။ကြွက်သား အရိုးအဆစ် နာကျင်မှုများနှင့်အတူ Vit D ချို့တဲ့မှုကြောင့် ကိုယ်အလေးချိန်တက်နိုင်သည်။အားကစားလိုက်စားသူများသည် Vit D level ကိုတိုးမြှင့်လိုက်ပါက ခါးနှင့် တင်ပါး အဆီပိုများကို အလွယ်တကူ လျော့ချနိုင်သည်။
၁၀။စိုးရိမ်ပူပန်မှုများခြင်း နှင့် စိတ်ကျရောဂါ များသည်လည်း နေရောင်ခြည် ဗီတာမင် ဟု ခေါ်သော် Vit D မလုံလောက်မှုနှင့် ဆက်စပ်သည်။
၁၁။အလွယ်တကူမောပန်းခြင်း စိတ်အလိုမကျဖြစ်ခြင်း နာကျင်ရောင်ရမ်းခြင်း မကြာခဏ နာမကျန်း ဖြစ်ခြင်းများ အားလုံးသည် ခန္တကိုယ်၌ Vit D မလုံလောက်ခြင်းကြောင့် ဖြစ်နိုင်သည်။
၁၂။ဗီတာမင်ဒီ ဓါတ်သည် အသက်ရှူ လမ်းကြောင်အထက်ပိုင်းတွင်ရောဂါပိုးဝင်ရောက်ခြင်းကို တားဆီးပေးပြီး အထူးသဖြင့် ကလေးငယ်များတွင် ပို၍ အကျိုးရှိသည်။ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်သည်။
၁၃။ဗီတာမင် ဒီ လျော့နည်းခြင်းသည် နှလုံးရောဂါ အန္တရာယ် ကိုလည်း မြင့်တက်စေကြောင်း ၂၀၁၃ ခုနှစ် ဘော်စတွန် တက္ကသိုလ် လေ့လာမှု ကတွေ့ရှိခဲ့သည်။
၁၄။အမျိုးသမီးများတွင် ဗီတာမင် ဒီ ချို့တဲ့ ပါက မျိုးပွားနိုင်စွမ်းလျော့ကျပြီး လမစေ့ပဲ မွေးဖွားခြင်မျိုး ဖြစ်နိုင်သည်။
၁၅။နို့စို့ အရွယ် ကလေးများတွင် ခေါင်းချွေးပြန်ခြင်းမှာ မိခင်၌ ဗီတာမင် ချို့တဲ့ခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဗီတာမင် ဒီ ချိုတဲ့ခြင်း ဖြစ်နိုင်သည်။
၁၆။မိမိမျိုးရိုးထဲတွင် ကိုယ်ခံအား ကစဥ့်ကလျား ဖြစ်မှု ရာဇဝင်ရှိသူများအနေဖြင့် ဗီတာမင်ဒီ ဖြည့်စွက် စားသုံးရန် စဉ်းစားသင့်သည်။ယင်းဓါတ်က ကိုယ်ခံအား စနစ်ကို တောင့်တင်းခိုင်မာစေသောကြောင့်ဖြစ်သည်။
၁၇။ဗီတာမင် ဒီ သည် နှလုံး နှင့် အဆုတ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပြီး ကျောက်ကပ် အတွက်လည်း ကောင်းသော်လည်း ကြာရှည် သောက်သုံးပါက ကျောက်ကပ်၏ ဗီတာမင်ဒီ အား ခြေဖျက် နိုင်စွမ်းကို ထိခိုက်သဖြင့် K2 နှင့် တွဲသောက်သင့်သည်ဟု အကြံပေးကြသည်။
Ref:
Credit Original Writer
03/07/2021
Credit
တတိယလှိုင်းကို ကာကွယ်ဖို့နိုင်ငံတကာမှာ Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ။ တပ်လည်းတပ်နေကြပါပြီ။
အရင်ဆုံး Surgical Mask ကို Mask အရင်းနားလေးမှာထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ ပိုးဝင်ပေါက်မရှိအောင်ပါ။ မဟပါစေနဲ့။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့ Mask ကို ထပ်အုပ်ပြီး တပ်ပေးပါ။ အဝတ် Mask ကတော့ ထုံးစရာမလိုပါဘူး။ အမျိုးအစားတူတဲ့ Mask 2ထပ် မတပ်ရပါSurgical Mask နှစ်ထပ် မရပါ။ အဝတ် Mask နှစ်ထပ်မရပါ။ အောက်ခြေက Surgical Mask ကို ထုံးပြီးတပ်ပါ။ ပြီးရင်အပေါ်က အဝတ် Mask ထပ်သုံးပါ။ဒီတစ်နည်းပဲ ရပါမယ်။
KN 95 ပေါ်ဆိုရင်တော့ ဘာ Mask မှ မတပ်ရပါ။
ပုံမှန် တပ်နေကျလိုမျိုး Surgical Mask တခုထဲကို မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။ ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။ရိုးရိုး အဝတ် Mask တခုထဲ တပ်ရင်၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။ ထုံးထားတဲ့ Surgical Mask ပေါ်အဝတ် Mask အုပ်ပြီး နှစ်ထပ်တပ်ရင် ၈၅.၄ % ကအထိ ကာကွယ်နိုင်လို့ပါ။
မလိုအပ်ရင်အိမ်အပြင်မထွက်တာ အကောင်းဆုံးပါ။ ထိုင်းမှာလည်း အခြေအနေတော်တော်ပြန်ဆိုးနေပါတယ်။ ဒီမှာလည်တော်တော်ကူးစက်နေပါပြီ။ သေဆုံးတွေလည်းများနေပါပြီ။
လူငယ်မို့ ကိုယ်ခံအားကောင်းတယ် ဖြစ်လည်းပြန်သက်သာမှာ မတွေးပါနဲ့။ ဒီဗီဇအသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့မလွယ်ပါ။
ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီကကူးမယ့် ကိုယ်ခံအားနည်းတဲ့ အဖိုးအဖွားတွေ၊ ကလေးတွေ၊ ငွေကြေးမတတ်နိုင်သူတွေ ရဲ့အသက်ကို ကိုယ်ကစပြီး ကယ်တင်ပေးပါ။ ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။
Tain Htet Yan
တတိယလှိုင်း ဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါလက္ခဏာများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
⛔️ ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၎။ ပုံမှန်အတိုင်း အစားအသောက်မပျက်။
⛔️ ၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5°C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၎။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။
⛔️ ၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5°-36.7°C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
⛔️ ၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37° C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၎။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။
⛔️ ၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4°-37.8°C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၎။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။
⛔️ ၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38°C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၎။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။
⛔️ ၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၎။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။
ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။
အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၎။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ
25/02/2021
【ချစ်ရသောမိတ်ဆွေအားလုံးမေးနေသော မေးခွန်းတစ်ခု ....】
မေး❓-
Lambestက Travel Set-ခရီးဆောင်ဘူးသေးရှိတယ်ဟုတ်လားရှင့်?
ဖြေ🅰️-
ဟုတ်ပါတယ်ရှင့် ,Customerခရီးရက်ပိုင်းထွက်ဖို့အတွက် ဘူးကြီးသယ်ယူဖို့အစဉ်မပြေမူရှိခဲ့သော် ခုလိုရက်ပိုင်းသုံး"Travel Set"လေးထုတ်ပေးထားပါတယ်ရှင့် ❤️
မိတ်ဆွေအားလုံးSkin Careဝယ်သောအခါ စိတ်ပူတတ်သော :"ကိုယ့်အသားရေနဲ့အစဉ်ပြေ/မပြေ"စမ်းသုံးဖို့ရန်အတွက်လည်း Travel Setကိုထုတ်ထားပါတယ်ရှင့်❤️
Travel Set -တစ်ဆက်မှာ ၆မျိုးပါဝင်ပါတယ်ရှင့်
1⃣️မျက်နှာသစ် -5g
2⃣️တိုနာ -5ml
3⃣️Essence -4ml
4⃣️နေ့လိမ်းရွှေ/ငွေ-5g(ပုံမှန်အသားရေ,ပေါင်းစပ်အသားရေ,အထိခိုက်မခံသောအသားရေ, အဆီပြန်သူအတွက်=Refresh Creamငွေရောင်
အသားရေခြောက်သူအတွက်=Moisture Creamရွှေ)
5⃣️နို့ရည်-5ml
6⃣️ညလိမ်း-5g
ရွှေရောင်Lambest Travel Setအိတ်ထဲထည့်ပြီး
6မျိုးတစ်ဆက်ကို 28000ကျပ်ဖြင့် ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
အမြဲအားပေးသောမိတ်ဆွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်...
မှာယူချင်တယ်ဆိုရင်တော့ Ph -09951043779 or Cb
Credit
30/01/2021
🔵ဝကျခွံထှကျစတေဲ့ အခကျြ (၆) ခကျြ🔵
ဒီခေတ်ကြီးထဲမှာ ဆယ်ကျော်သက်အရွယ်ကစပြီး
ဝက်ခြံတွေ စထွက်နေကြပါပြီ 😞
ဒါကြောင့်တော်တော်လေး ဂရုစိုက်ဖို့ လိုအပ်ပါတယ်🤷🏻♀️
လူတိုင်း တန်ဖိုးအထားဆုံးဖြစ်တဲ့ မျက်နှာလေးကို ✨
ဝက်ခြံရန်က လွတ်အောင် မင်မင်က အသေးစိတ်ရှင်းပြပေးသွားမယ်နော်🤩
🔴1. Very Oily Skin
လွန်ကဲစွာ အဆီပြန်တဲ့ အသားအရေ တွေက ဝက်ခြံထွက်ဖို့ အရမ်းကို လွယ်ကူတဲ့ အသားအရေပါ💥
ဒါကြောင့် ကိုယ်သုံးတဲ့ skin care တွေကို Liquid & Gel တွေပဲ အဓိကထားသုံးပေးပါ🍀
🔴2.Bacteria
Bacteria ပိုးတွေကလဲ ကိုယ့်အသားအရေကို ဒုက္ခအကြီးကြီးပေးတဲ့ ပိုးမွှားပါ💥
ဒါကြောင့် ကိုယ့် မျက်နှာလေးကို သန့်သန့်စင်စင်လေးထားပါ💦
🔴3.Hair
ဆံပင်ရဲ့ Bacteria တွေက ဝက်ခြံထွက်လာစေတယ်နော်💥
ဒါကြောင့် ဆံပင်ကိုလဲ သေချာ သန့်စင်ပါ💆🏼♀️
🔴4.Stress
စိတ်ဖိစီးမှု များခြင်းကလဲ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်💥
ဒါကြောင့် ပျော်ပျော်လေးပဲနေပါ 👯♀️
🔴5.Food
အရမ်းချိုလွန်းတဲ့ အစားအစာ🍩 ၊ ချဉ်🥗 ၊ ငံ🥪 ၊ စပ်🥘 တွေကလဲ ဝက်ခြံ ဖုကြီးတွေ
မထင်ရင် မထင်သလိုထွက်တက်ပါတယ်💥
ဒါကြောင့် လျော့စားပါ
🔴6.Hormones
ဒါကတော့ ဆယ်ကျော်သက်လေးတွေ အဓိက သတိထားရမှာပါ
ဟော်မုန်းပြောင်းလဲတဲ့အခါလဲ ဝက်ခြံထွက်ပါတယ်💥
အဲ့ဒီ့အချိန်မှာ skin ကိုသေချာဂရုစိုက်ပါ 🌟
ဂရုမစိုက်ပဲ ပြစ်ထားရင် ပိုဆိုးလာပါလိမ့်မယ်😱
ကဲ..... ဒီနေ့ကတော့ ဒီလောက်ပါပဲ နော်✨✨
မင်မင်ပြောသွားတာလေးတွေ သဘောကြ ကြိုက်နှစ်သက်တယ်ဆိုရင်
Like & Share လေး လုပ်သွားပေးအုံးနော် 🤩
Crd
Photo crd
29/01/2021
COVID-19 ကာကွယ်ဆေး မထိုးသင့်သူများ
——————————————————————
1.) ၁၈ အောက် ကလေးများ မထိုးရပါ
2.) ကိုယ်ဝန်ဆောင် မိခင်များ မထိုးရပါ
3.) နို့တိုက်နေသော မိခင်များ မထိုးရပါ
4.) တခြားသော ကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူများ မထိုးရပါ
5.) COVID-19 ရောဂါ လက်ရှိ ခံစားနေရသူများ မထိုးရပါ
6.) COVID-19 ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများ မထိုးရပါ
7.) အခြားသော ကာကွယ်ဆေးများထိုးသည့်ရက်နှင့် ၁၄ ရက်ခြားပြီးမှ ထိုးရပါမည်
( ဥပမာ.. ခွေးရူးပျံကာကွယ်ဆေး၊ ဘီပိုး၊ စီပိုးကာကွယ်ဆေး )
ခုခံအားကျဆင်းနေသူများ ၊ ကိုယ်အင်္ဂါအစားထိုးထားသူများ ၊ ခုခံအားကျဆင်းစေသောဆေးဝါးသောက်သုံးနေသူများ ကိုဗစ်ကာကွယ်ဆေးထိုးသင့်မထိုးသင့်ကို မိမိပြသနေသော ဆရာဝန်ကြီးများနှင့် တိုင်ပင်ပေးပါ။
ကာကွယ်ဆေးကို (၂)ကြိမ်ထိုးရပါမည် ။
ဒုတိယအကြိမ်ကို ၂၈ ရက်အကြာ ( တစ်လခြားပြီး ) မှ ထိုးရပါမည် ။
ကိုယ်ဝန်ရှိ-မရှိ မသေချာလျှင်.. စစ်ဆေးပြီးကိုယ်ဝန်မရှိမှထိုးပါ
ပထမအကြိမ်ထိုးပြီး တစ်လအတွင်း ကိုယ်ဝန်မရှိအောင်နေပါ
တစ်လကြာပြီးမှ ဒုတိယအကြိမ်ထပ်ထိုးရပါမည် ။
နှလုံး ၊ သွေးတိုး ၊ လေးဘက်နာ ၊ အဆစ်အမြစ်ရောင်ဂေါက်ရောဂါ ၊ ပန်းနာရင်ကြပ် စသောရောဂါများအတွက် ဆေးသောက်နေသူများ ကာကွယ်ဆေးထိုးလို့ရပါသည် ။
ရောဂါပြင်းထန်စွာ ခံစားနေရလျှင် ဆရာဝန်နှင့် ပြသပြီးမှ ထိုးပါ ။
.
29/01/2021
SPF ဆိုတာ ဘာလဲ ⁉️⁉️⁉️
👇👇👇မရှိမဖြစ်နေကာ ခရင်မ်လိမ်းရမယ်ဆိုတာ သိထားပြီးဖြစ်မှာပါနော် .. အထူးသဖြင့် တင်းတိပ်အမဲစက်ရှိသူတွေပိုပြီးတော့ လိမ်းသင့်ပါတယ် ..
🧐🧐🧐SPF လို့သာခေါ်နေတာ SPF ရဲ့ အရှည်ကောက်က ဘာလဲ ဘာတွေလုပ်ပေးလဲဆိုတာ အသေးစိတ်မသိကြဘူး ...
🌞🌞🌞Sun Protection Factor လို့ခေါ်ပါတယ် …
ဥပမာအားဖြင့် - နေကာခရင်မ်မလိမ်းဘဲ နေပူထဲနေရင် (၁၅) မိနစ်ကြာတာနဲ့ နေလောင်ခံရပါတယ်
👌ဒီတော့ SPF 10 ပါတာကို လိမ်းထားမယ်ဆိုရင် (၁ဝ) ဆ ပိုပြီး ကြာကြာနေနိုင်လို့ ၂.၅ နာရီကြာအောင် နေလောင်မခံရဘူးလို့ ဆိုလိုတာပါ ..
👌တကယ်လို့ SPF 30 လိမ်းပြီးအပြင်သွားမယ်ဆိုရင်တော့ ပုံမှန် (၁၅) မိနစ်ကြာလို့ နေလောင်ခံရတာထက် (၅) နာရီကြာ ပိုပြီး ခံနိုင်ရည်ရှိသွားတာပါ …
👍👍👍ကဲ ခုလိုသိပြီဆိုတော့ နေပူထဲ ဘယ်လောက်ကြာကြာသွားမလဲ ….
🤔SPF ဘယ်လောက်ပါတာကို ရွေးလိမ်းမလဲဆိုတာ သိပြီပေါ့နော် ..
❤❤❤ဗဟုသုတလေးတစ်ခုခုပိုရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလဲ ရှယ်ပေးသွားဖို့ မမေ့နဲ့နော် ..
😘😘😘လိုအပ်ချက်လေးတွေရှိခဲ့ရင်လဲ ဖြည့်စွက်ပြီး ကွန်မန့်မှာ လက်တို့သွားပါဦးလို့ ..
crd💕
25/01/2021
Lambest ကထုတ်တဲ့ Mask လေးကပ်ကြည့်လိုက်နော်....အခြားသော Mask တွေနဲ့မတူတဲ့ခံစားမှုမျိုးကိုပေးစွမ်းနိုင်တဲ့အပြင် Mask အထူ 0.2mm သာရှိလို့ပါးလွှာပြီး Asia face size နဲ့ ပြုလုပ်ထားလို့ ကပ်လိုက်ရင် ကြီးနေတာ သေးနေတာ မဖြစ်တော့ Ok မှာစိုပြေနေရော....အပြောမဟုတ် လက်တွေ့မို့ ဒီနေ့ပဲစမ်းသုံးကြည့်လိုက်နော်...
25/01/2021
#အဆီဖုတွေထပ်မပေါက်တော့အောင်
ဘာတွေ လုပ်သင့်လဲ ?
ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ
၁. ရေများများသောက်ပါ.
၂. ဝမ်းမချုပ်စေပါနဲ့
၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့
၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ
၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ
၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့
၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)
၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ
၉. ဆံပင် စည်းထားပါ
၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့
၁၁. အိပ်ရေးမပျက်စေပါနဲ့
ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်. အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.
အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ...
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
#အဆီဖုနှင့်ပတ်သက်သမျှ
crd Dr Aye Min Htoo
24/01/2021
💢 အသားအရေစိုစိုလေးဖြစ် ဖို့ နည်းလမ်း 7 ခု 💢
📌 ရေသောက်ရုံနဲ့ အသားမစိုဘူးနော်။ 🙅🙅
သောက်သမျှရေအကုန်လုံး အသားအရေဆီရောက်တာ မဟုတ်တဲ့ အတွက် (ဥပမာ - ချွေးထွက်တာ၊ဆီးသွားတာ) အသားရေ အတွင်းဘက်ကရော အပြင်ဘက်ကရော ရေဓာတ်ဖြည့်ပေးဖို့လိုပါတယျ။
📌 ဒါဆိုရင် အသားအရေစိုအောင် ဘယ်လိုရေဓာတ်ဖြည့်မလဲ❓❓❓
1. လုံလောက်တဲ့ ရေပမာဏသောက်ပေးပါ။
အနည်းဆုံး ရေဖန်ခွက် 8 ခွက်။ တနေ့တာ ခန္ဓာကိုယ် လုပ်ရှားမှုနဲ့ ကိုယ့်ဝိတ်ပေါ်မူတည်ပြီး ပိုသောက်ပါ။
2.Water-based cream တွေသုံးပါ။
အသားအေရကို ထိုးဖောက်ပြီး ရေဓာတ်ကို သယ်ဆောင်ပေးတဲ့ ingredient တွေပါတဲ့ ( Hyaluronic acid, Glycerin, Urea, Ceramics, Pantheno ) Skincare တွေသုံးပေးပါ။
3.ရေပူချိုးတာနဲ့ ရေကြာကြာချိုးတာကိုရှောင်ပါ။
ဒါက အသားအရေရဲ့ အစိုဓတ် သာမက အစိုဓာတ်ထိန်းပေးတဲ့ သဘာဝအဆီတွေကိုပါ ဖယ်ရှားပစ်ပါတယ်။
4.Face Mask/ Sheet တွေသုံးပါ။
ဒီ mask တွေ ၊ sheet တွေ အကုန် နီးပါးမှာ ရေဓာတ်ဖြည့်ပေးတဲ့ ingredient တွေ တော်တော်များများ ထည့်ထားတာမို့ နေ့စဉ်သုံးပေးသင့်ပါတယ်။
5.Humidifier ( ရေငွေ့ထုတ်စက် ) သုံးပေးပါ။
ကိုယ့်ပတ်ဝန်းကျင်လေထုက ခြောက်သွေ့တယ်ဆိုရင် (ဥပမာ- အဲကွန်းခန်း ) ရေငွေ့ထုတ်စက်လေးက လေထုကို အစိုဓာတ်ရအောင် လုပ်ပေးတဲ့အတွက် အသားအရေရဲ့ ရေဓာတ်ကို ထိန်းထားပေးရာရောက်ပါတယ်။
6.Sunscreen သုံးပါ
SPF 30 နဲ့အထက်ပါတဲ့ sunscreen သုံးပါ။
နေရောင်ထိတာက ရေဓာတ်ဆုံးရှုံးဆုံးစေပါတယ်။
7.ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ။
Vitamin A နဲ့ Vitamin B3 ပါတဲ့ အသီးအရွက်နဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ ရှောက်သံပုရာမျိုးနွယ်ဝင် အသီးတွေ စားသုံးပေးပါ။
ကဲအခုလောက်ဆိုရင် ရေပဲဇွတ်သောက်နေတဲ့ ချိဖချိမတို့ သိလောက်ပြီထင်ပါတယ်။ 😆😆
Credit Orginal post
Skincare City
19/01/2021
မျက်နှာ စတီးရွိုက်ထိခြင်း
စတီးရွိုက်ထိလို့ မျက်နှာအသားအရေပျက်ဆီးသူတွေ တော်တော်များနေပါပြီ။ အရင်တုန်းက အဲ့ဆေးအများစုဟာ ထိုင်းနိုင်ငံထုတ် အလှအပပစ္စည်းတွေမှာသာ ပါနေပေမယ့် ဒီနေ့ခေတ်မှာတော့ ကိုရီးယားနိုင်ငံထုတ်ပစ္စည်းတချို့မှာပါ ပါဝင်နေတဲ့သဘောမှာ ရှိတယ်။ တချို့ ပစ္စည်းတွေဟာ ကိုရီးယားနိုင်ငံထုတ်ဆိုပေမယ့် ကိုရီးယားမှာ မရှိတဲ့ product တွေ ဖြစ်လို့ တနည်းအားဖြင့် တရားဝင်မဟုတ်တဲ့ ပစ္စည်းတွေပေါ့။
ဒီဖက်ခေတ်မှာ တရားဝင်မဟုတ်တဲ့ အလှကုန်ပစ္စည်းတွေမှာ စတီးရွိုက်အနည်းနဲ့အများဆိုသလို ပါလေ့ရှိပါတယ်။ ဒါမှလည်း ဝယ်ယူသုံးစွဲသူသဘောကျ အာနိသင်က ချက်ချင်းသိသာမှာကိုး။ အထူးသဖြင့် အရေပြားလိမ်းဆေးတွေမှာ အသားအရေ ချက်ချင်းချောမွေ့ပြီး ဖြူဖွေးသွားတယ်ဆိုတာ စတီးရွိုက်ပါလို့ပါ။ ရေတိုမှာတော့ ဝမ်းသာစရာကြီး။ သို့သော် ရေရှည်သုံးရင် ဆိုးကျိုးတွေဖြစ်လာတာ လူသိနည်းတယ်။ ဖြတ်လိုက်တာနဲ့ အရေပြားက ရစရာမရှိအောင် ပျက်ဆီးသွားပါတယ်။ ဘယ်လောက်ပျက်ဆီးမလဲဆိုတာ ပါဝင်တဲ့ စတီးရွိုက်အပြင်းအပျော့နဲ့ဆိုင်ပါတယ်။ ဒီထဲမှာ clobetasol ပါတဲ့ဆေးတွေက အပြင်းဆုံးနဲ့ အရေပြားကို ဒုက္ခအပေးဆုံးပါ။ hydrocortisone ပါတဲ့ဆေးတွေက အဲလောက်မပြင်းဘူး။ မပြင်းတာတောင် သုံးဖို့သတိထားရတယ်။
စတီးရွိုက်ဆေးတွေရဲ့ အာနိသင်က မနည်းလှပါ။ အရောင်ကျစေတယ်။ နေ့စဉ်သုံးရင် အသားအရေပါးပြီး သွေးကြောလေးတွေ ပေါ်လာတတ်တယ်။ အဲဒီထက်ပိုဆိုးတာက အဆီထုတ်လုပ်မှုကို အဆမတန်များစေတာမို့ ဝက်ခြံတွေ ထွက်လာတယ်။ သုံးနေတုန်းတော့ မသိသာဘူး။ ရပ်လိုက်ရင် ဝက်ခြံတွေ ပရပျစ်ထွက်လာလိမ့်မယ်။
စတီးရွိုက်လိမ်းဆေးတွေသုံးပြီး ဖြစ်တဲ့ ဝက်ခြံကို steroid induced rosacea ခေါ်တယ်။ steroid acne ဆိုတာလည်းတခုရှိသေးတယ်။ ဒီ နှစ်ခုက မတူပါ။ steroid acne ဆိုတာ စတီးရွိုက်သောက်ဆေးတွေ အလွန်အကျွံသောက်ပြီး ဖြစ်တာကို ခေါ်တာ။ ဒီနေရာမှာ steroid rosacea အကြောင်း ဦးစားပေးဖော်ပြပါမယ်။
ဆေးပညာမှာ မျက်နှာရဲတာကို rosacea ခေါ်တယ်။ သွေးကြောတွေ ပါးပြီး ကျယ်လာ၊ ဖောင်းလာလို့ဖြစ်တာ။ စတီးရွိုက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးပါ။ အရင်ဆုံး လိမ်းတဲ့နေရာက ရဲလာမယ်။ နောက်ခြောက်သွေ့ယားလာမယ်။ ဒါစတီးရွိုက်သုံးသူတိုင်း ဖြစ်တဲ့ ကနဦးပြောင်းလဲမှုပါ။ ပြီးရင် အဆီဂလင်းတွေ ပွားများလာပြီး အဆီထွက်များလာတယ်။ အဆီများတဲ့အသားရေဟာ ဝက်ခြံပေါက်တာ လူတိုင်းသိတယ်။ အဆီနဲ့အတူ ရောဂါပိုးမွှား၊ အညစ်အကြေးတွေ ကပ်ညှိလာတယ်။ ဗက်တီးရီးယားနဲ့ ဖုန်တွေက မွှေးညှင်းပေါက်ကိုပိတ်ဆို့စေတယ်။ ဗက်တီးရီးယားတွေ ခိုအောင်းတာနဲ့ ဝက်ခြံဆိုတာ ဖြစ်တယ်။ အရင်ဆုံး pastuleခေါ်တဲ့ ပြည်တည်ဖု သေးသေးလေးတွေ စပေါက်လာတယ်။ သုံးတာကြာတာနဲ့အမျှ ပိုဆိုးလာပြီး မျကိနှာတပြင်လုံးရဲပြီး အဖုပိန့်တွေ ထွက်လာလိမ့်မယ်။ သုံးတာ ဖြတ်လိုက်ရင် ဆိုးကျိုးတွေ သိသိသာသာ ဖြစ်လာပြီ။
အဆီများတဲ့ ဝက်ခြံက သိသာတယ်။ အဖုပိန့် အနီဖုကြီးတွေ ထလာတာမျိုး။ သုံးတဲ့ဧရိယာကျယ်သလောက် မျက်နှာတပြင်လုံးဖြစ်နိုင်တယ်။ ခန္ဓာကိုယ်မှာ ခုခံအားဆိုတာ ရှိတယ်။ ခုခံအားစနစ်မှာ cytokine ထွက်လာရင် ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။ ဒါပေမယ့် လောလောဆယ် မသိသာသေးပါ၊ ဘာ့ကြောင့်လဲဆိုတော့ အရောင်ကျစေတဲ့ စတီးရွိုက်သုံးထားတာကိုး။ သုံးတဲ့ဆေးကို ရပ်လိုက်ရင်တော့ ငရဲစကျပါပြီ။ စောစောက မြုံနေတာတွေပြန် ထလာလိမ့်မယ်။ အင်္ဂလိပ်လို rebound flare ခေါ်တယ်။ ဘောလုံးတလုံးကို ပုတ်လိုက်ရင် အပေါ်ပြန်တက်လာတာကို rebound လို့သုံးတယ်။ မြန်မာလို ပြန်ကန်ထွက်လာတာတဲ့။ ဒီအခြေနေက အဆိုးဆုံးပဲ။ မြုံနေတာတွေ ပြန်ကန်ပြီး မျက်နှာတပြင်လုံး ရစရာမရှိအောင် အဖုပိန့်တွေ ထွက်လာလိမ့်မယ်။
လိမ်းတဲ့ ဆေးထဲမှာ အားပြင်းတဲ့ စတီးရွိုက်သုံးလေ အခြေအနေဖြစ်နိုင်ချေပိုများလေပဲ။ ဆေးထဲမှာ clobetasol လို ပြင်အားအများဆုံးသုံးထားရင်တော့ ကုဖို့ ပိုခက်တယ်။ ဒီလို ပြောင်းလဲမှုတွေက စတီးရွိုက်တင်လားဆိုတော့ မဟုတ်ဘူး၊ tacrolimus , pimecrolimus cream လို နှင်းခူအရေပြားမှာ သုံးတဲ့ဆေးတွေလည်း ဒီတိုင်းဖြစ်တယ်။ အဆိုပါဆေးတွေက ပုံမှန်အားဖြင့် နှစ်ပတ်ထက် ပိုသုံးသင့်တဲ့ဆေးတွေ မဟုတ်ကြပါ။ ဆရာဝန်ညွှန်မှသာ သုံးရတယ်။
ကိစ္စတခု ဖြစ်သွားရင် ကုသဖို့နဲ့ နောင်မဖြစ်ဖို့ပဲ လုပ်ရတော့မယ်။ ဘာဆက်လုပ်မလဲ။
သုံးနေတဲ့ဆေးကို သေချာပေါက် ဖြတ်ပစ်ရမယ်။ ဒါပေမယ့် ဒီတိုင်းဖြတ်လို့ မရပါဘူး
ပညာရှိနည်းနဲ့ ဆေးကို ဖြေးဖြေးချင်း အကြိမ်ရေတွက်လျှော့ပြီး ဖြတ်ပါ။
ဒီနေရာမှာ လိုအပ်ရင် စတီးရွိုက်အပျော့စား hydrocortisone (သို့) bethamethasone အစားထိုးပြီး ဖြတ်လို့ရတယ်။ ပုံမှန်ကတော့ မသုံးသင့်ပါ။ ကြားထဲမှာ အဆီပါတဲ့ဆေး လုံးဝမသုံးရပါ။ အဆီပါတဲ့အစားအသောက်တွေ လုံးဝရှောင်ကြဉ်ရမယ်။ သောက်ဆေးထဲမှာ ပိုးသတ်ဆေး tetracycline (သို့) doxycycline သောက်ဆေးကို အချိန်ကြာစွဲသောက်သင့်တယ်။
tetracycline 250mg (သို့) doxycycline 100mg တနေ့နှစ်ကြိမ် အနည်းဆုံး သုံးလသောက်ရမယ်။tetracyclineရဲ့တခြားအားသာချက်က အဆီထုတ်လုပ်မှု လျှော့နည်းစေတာဖြစိတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်နဲ့ (၈)နှစ်အောက်ာကလေးတွေမှာ မသုံးရပါ။
မျက်နှာပြင်ရဲတာ ပူတာ အရေပြားခြောကိတာ အတွက် ရေဓာတ်အခြေခံ aquaphor oinment သုံးပါ။ အဆီပါတဲ့ မိတိကပ်အောက်ခံ ဘာဆိုဘာမှမသုံးပါနဲ့။ ပုံမှန်အသားအရေဖြစ်တဲ့ထိ ဘာမှမသုံးပဲ ဒီတိုင်းထိထားပါ။ မျက်နှာ ခြောက်သွေ့ရင် ရှားစောင်းလပ်ပက်ကို ထက်ခြမ်းခြမ်းပြီး မျက်နှာပေါ်တင်ပေးပါ။ ကြားထဲမှာ ရေများများ သောက်သင့်တယ်။ မျက်နှာရဲတာအတွက် ရေခဲကို သုံးနိုင်တယ်။ အရေပြားသိပ်ယားယံလာရင် fexofenadine 120mg တနေ့ တလုံးနေ့စဉ်သောက်နိုင်တယ်။အရေပြားသစ်ဖွဲ့စည်းဖို့ vitamin A, C, E ပါတဲ့ antoxyl forte(သို့) Axiona ဆေးမျိုးသောက်ပါ။ Biotin 5mg က အရေပြားအတွက်ကောင်းတယ်။
ကုသနည်း
လေ့လာမှုတွေအရ Tacrolimus ointment 0.03% တနေ့ နှစ်ကြိမ် တစ်လလောက် လိမ်းပြီး doxycycline 100mg တနေ့ နှစိကြိမ် သုံးလ သောက်ရင် အများစု သက်သာလာတယ်။ မသက်သာသေးရင် doxycycline တနေ့တစ်လုံး (၆)လ ဆက်သောက်ရမယ်။ ဒီဆေးနှစ်မျိုးနဲ့ ပြန်ကောင်းလာနိုင်တယ်။ ဒါပေမယ့် ဝမ်းသာအားရမလုပ်ပါနဲ့။ ဆက်ဖတ်ပါဦး။ doxycycline က ပိုးသတ်ဆေးမို့ပြဿနာမရှိပေမယ့် tacrolimusက ခုခံအားကို ကျဆင်းစေတာမို့ တချို့လူနာတွေမှာ ပိုဆိုးလာတာရှိတယ်။ တော်တော်လေး သတိထားရတယ်။ ဒီနေရာမှာ ကျွမ်းကျင်ဆရာဝန်လိုတယ်။ ကိုယ့်ဘာသာ သောက်ဖို့မစဉ်းစားပါနဲ့။ acne rosaea လို အဆိုးဆုံးဝက်ခြံဖုတွေမှာ isotretinoin(accutane)သောက်ဆေးမျိုး ပေးနိုင်တယ်။ ဒီဆေးက vitamin A toxic dose မို့ အရေပြားဆရာဝန်တွေက လွဲရင် မသုံးသင့်ပါ။
ဆရာဝန်မပြပဲ မိမိဘာသာ ကုသချင်တယ်ဆိုရင်
မျက်နှာကို ဘာမှမသုံးပဲ ဒီတိုငိးထားလိုက်ပါ။ နောက်ဆုံး tonar မသုံးပါနဲ့။ သောက်ဆေးထဲမှာ tetracycline (သို့) doxycycline သုံးလသောက်ပါ။ လိမ်းဆေးထဲမှာ metrogel တနေ့နှစ်ကြိမ်လိမ်းလို့ရတယ်။ အစိုဓာတ်ထိန်းတဲ့ aquaphor oinment နဲ့ vaseline ကို ညစဉ် ပါးပါးလေးလိမ်းပြီး အိပ်ပါ။ ဘာမှမရှိရင် zinc oxide လိမ်းပါ။ မျက်နှာရဲပြီး အရေပြားခြောက်သွေ့ရင် ရှာစောင်းလက်ပပ်အနှစ်ကို ညဖက် သုံးနိုင်တယ်။ အရေပြား ပူတာမျိုးရှိရင် ရေခဲဝတ်ကပ်လို့ရတယ်။ ဗီတာမင် စီနဲ့အီးပါတဲ့ ဆေးမျိုးထည့်သောက်ပါ။
ဘာတွေရှောင်မလဲ
(၁) နေပူထဲသွားတာရှောင်ပါ၊ အပြင်သွားရင် အဆောင်းအကာ ယူသွားပါ။
(၂) ပူတဲ့စပ်တဲ့ အစားအသောက်၊ အဆီများတဲ့ အစားအစာ လုံးဝရှောင်ပါ။
(၃) အချိုကဲတဲ့အစားအသောက် ရှောင်ပါ။ ကော်ဖီ၊လက်ဖက်ရည်၊ ဂတ်စ်ပါတဲ့အချိုရည်။
(၄) အရက်၊ ဘီယာ၊ဝိုင် လုံးဝမသောက်သင့်ပါ။
(၅) အကြေးခွံပါတဲ့ငါး၊ ပင်လယ်စာ၊ ပုဇွန်စတာတွေ ရှောင်ပါ။
(၆) အဆီပါတဲ့ လိမ်းဆေး လုံးဝမသုံးရပါ။
ပျောက်ကင်းဖို့
ပုံမှန်အားဖြင့် သုံးလနေရင် ထူးခြားလာပြီ။ အများစုက ၆လ-၁နှစ်လောက်နေရင် ပျောက်ကင်းနိုင်တယ်။ ဒါကြောင့် အားပေးချင်တာက စိတ်အားမလျှော့ပါနဲ့။ စနစ်တကျနေထိုင်ကုသရင် သက်သာလာမှာပါ။ အရေပြားတထောက်စာဟာ လူတယောက်အတွက် အရေးကြီးဆုံးဖြစ်တာမို့ နောက်ဆိုဂရုစိုက်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
၁၅.၉.၁၆
Crd original post
Click here to claim your Sponsored Listing.
