Second but perfect thrift
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Second but perfect thrift, Beauty, cosmetic & personal care, wundwin mandalay, Mandalay.
28/10/2021
🛍️Vintage clothing 🛒
Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့
Bale ဆိုတာ English လို အစီးကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အိတ် ဖိနပ် ဦးထုပ် ခါးပတ် အမျိုးးအစား အစုံပါပါတယ်...
နိုင်ငံတကာမှာ Vintage Store တွေ Thrift Shop/Thrift Market တွေ အများကြီး ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆို Weekend Thrift Market အကြီးကြီးဖြစ်တဲ့ ChauktuChauk ရှိပါတယ်...လူစည်ချက်ကတော့ မျက်စိလည်.... မူးတောင်သွားမယ်။
ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်မှာလည်း ဘေထုပ်ဒိုင်စျေးကြီး Rong Khruea Market ရှိပါတယ်..
မြဝတီ-မဲဆောက်ဘက်မှာလည်း Vintage Stores တွေရှိပါတယ်..
Europe က နိုင်ငံတော်တော်များများမှာလည်း Thrift Store တွေ Vintage Clothings Shop တွေ ရှိပါတယ်... မြန်မာပြည်မှာလို လေဟာပြင်စျေးတန်းတွေသာမက Ocean လို Super Market နဲ့ကို second hand, good quality တွေရောင်းတာနော်....အဲ့မှာဆိုရင် ကိုယ်လို Vintage ဝတ်ရတာ...ရှာရတာ ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေးကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
Vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...ဘယ်သူနဲ့မှကို မတူချင်တဲ့ သူတို့ စတိုင် Inspiration တွေက Vintage wears တွေမှာ ရှာတွေ့နိုင်လို့ပါပဲ..(တချို့တွေကို customize ဖြတ် ညှပ် ကပ် ပြန်ပြင်ပါတယ်)..... နာမည်ကြီး အဆိုတော် Taylor Swift , fashion မမ Kylie Janner , လူမည်းအဆိုတော် Chris Brown, Rihana, Justin Bieber အဆုံး Hollywood က ကြယ်ပွင့်တော်တော်များများကို vintage wears တွေနဲ့ ထသွားထလာတွေရော ပွဲတက်လာတာတွေရော တွေ့နိုင်ပါတယ်။
အဆိုတော် Macklemore တောင် Thrifting ဘေထုပ်နှိုက်တဲ့ အကြောင်း သီချင်းတောင် စပ်ဆိုထားသေးတယ်.... အဲသီချင်းများ နာမည်ကြီးချက်...song title ကိုက ‘Thrift Shop’... တော်တော်များများ သိပြီးကြမှာပါ.... မသိသေးရင် သူ့ရဲ့ Music Video ကို Download လုပ်ပြီး နားထောင်ကြည့်လိုက်ပါဦး...
ကိုယ်တွေက အဲ့သီချင်းပေါ်ခါစကဆို အဲ့သီချင်းဆိုပြီးတော့ကို ဘေထုပ်နှိုက်ခဲ့တာ...ကိုယ့်ကိုယ် ဘေဆရာကြီးပေါ့လေ....
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....
✅၂ အချက်💲 စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ရှင် ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )
✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...
✅၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့.....အပေါက် အပြဲ အစွန်းအထင်းတွေပါတာ ရွေးလာမိတာ သိရင် ဂွမ်းပေါ့....
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
Credit..
28/10/2021
အခုတလောVintage Fashion တွေ
ပြန်လည် ခေတ်စားလာတာကို
လူတိုင်း အသိပါနော်…..
အဓိက အကြောင်းအရင်းကတော့
လူငယ် တော်တော်များများဟာ
80s 90s Outfit လေးတွေ
ဝတ်ရတာကို prefer ဖြစ်လာကြလို့ပါပဲ …..
ရှုပ်ယှက်ခတ်ပြီး ခေတ်ဆန်တာမျိုးတွေ
ဝတ်တာထက်Vintage Style လေးတွေကို
တဖန်ပြန်လည်ဆန်းသစ်ပြီး ဝတ်တာက
လူတွေရဲ့ အမြင်အာရုံကို ပိုဖမ်းစားနိုင်မှာ
အသေအချာပါပဲ…
ဒီမှာadminက thrift clothing လေးတွေကိုညွှန်ပေးချင်တယ်
Good Quality Made in (USA,Japan,Thailand,Korea)
တွေမို့လည်း လူငယ်တော်တော်များများဟာ
Vintage ဆန်တာလေးတွေ
Retro Vibe လေးတွေနဲ့ Back to 80s 90s Fashion လေးတွေကို စျေးတန်တန် အထည်များများ
ဝတ်ရတာကြောင့် ပို အကြိုက်တွေ့လာရခြင်း
ဖြစ်ပါတယ် ……တခါတလေ ကံကောင်းရင်
Limited Edition တွေပါ ရနိုင်ပါတယ်နော်….
အဲ့ဒီတော့ပိုက်ဆံချွေတာချင်တဲ့ လူငယ်တွေ ၊အပြင်မှာရှာလို့မရတဲ့မိမိုက်နေတဲ့ဒီဇိုင်းတွေ၊
အဝတ်အစားအတွက်် ပိုက်ဆံသိပ်မသုံးချင်တဲ့ လူငယ်တွေအတွက် Outfit တစ်စုံကို စျေးကြီးပေးဝယ်မယ့်အစားVintage Branded တွေကို တစ်ထည်ပြီးတစ်ထည်
ဝတ်ဖို့ကိုသာ recommend ပေးချင်ပါတယ် ❤
crd #
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
