Moe Kyoe
တော်လှန်ရေးရဲဘော် အရာရာစွန့်လွတ်ခဲ့သူ
21/12/2025
"လူ ချင်းတူပေမယ်.
အသိတရားရှိတာချင်း မတူပါဘူး"
တခါတလေ
ငါ လူကဲခတ် မှား သွားတာက
ငါ ကန်းနေလို့ မဟုတ်ပါဘူး
ငါ ရိုးသား ကြင်နာ တတ်လို့ပါ။
တခါတလေ
ငါ လူ ချစ်မှား သွားတာက
ငါ တုန်း အ လို့မဟုတ်ပါဘူး။
ဒီသံယောဇဉ်တွေကို
ငါ အလေးနက်ထားလို့ပါ။
တခါတလေ
ငါငိုကြွေးနေတာတွေက
ငါ ဝမ်းနည်းလို့ မဟုတ်ပါဘူး
ငါ မတရားခံရလို့ပါ။
တခါတလေ
ငါသည်းခံတာတွေက
ငါ့ မှာ အကြောင်းပြချက်
မရှိလို့မဟုတ်ပါဘူး
ငါ လုယက် ငြင်းခုန်မူကို မကြိုက်လို့ပါ။
တခါတလေမှာ
ငါ့ဘက်ကမကောင်းလို့မဟုတ်ပါဘူး။
လူ့စိတ်ဆိုတာ
ထိုးထွင်း မြင်ရတာမျိုးမှ မဟုတ်တာ။
ဒါပေမဲ့
ငါ နဂိုရှိတဲ့ စိတ်ကောင်းနှလုံးကောင်းကိုပဲ
ငါက အမြဲထာဝရ ထိန်းသိမ်းထားမှာပါ။😍
စိတ်ကောင်းထားရင်
လောကကြီးက
သိပ့်လှပ တယ်ဆိုတာ လေးလေးနက်နက်
ငါ ယုံကြည်ထားပါတယ်။ 😍
ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြရတဲ့
သူ တွေကို ချစ်တဲ့ စိတ်နဲ့ ကြည့်ခဲ့လို့
သူတို့အားလုံးက
ချစ်စရာကောင်းပါတယ်"😍
လောကကြီးမှာ ချစ်ရသူရဲ့ အပြင်မှာ ဘယ်သူမှ မရှိပါဘူး
01/11/2025
မင်းအမြင့်ကိုရောက်လို့
နေရာတစ်ခုကို ရောက်ခဲ့ရင်...
မင်းကိုအားပေး တွန်းတင်ခဲ့တဲ့
လက်အစုံတိုင်းကို ကျေးဇူးဆပ်ဖို့
မမေ့ပါနဲ့...
မထီမဲ့မြင် မလေးမစား
ကျေးဇူးကန်းစကား မဆိုမိစေနဲ့...
မင်းဒုက္ခရောက်ချိန်မှာ
ကူညီခဲ့ဖူးတဲ့ လက်တစုံကို
မှတ်ထားပေးပါ..
သူတို့ကမိသားစု အပြင်က
မိသားစုတွေပဲ မို့ပါ...
ကျေးဇူးကန်းတက်တဲ့ သူပေါတဲ့
ခေတ်ကြီးထဲမှာ မင်းဘယ်တော့မှ
ကျေးဇူး ရှိသူကို
ကျေးဇူးဆပ်ဖို့ မမေ့နဲ့....။
#စာပေ
25/10/2025
#အရီးဒေါ်ပုံသမိုင်းမှတ်တမ်းကဗျာ
"ကြားလား ကြားလား"ဆိုတော့ "ရထား ရထား"လို့ ပြန်ပြောကြ။ပြီးခဲ့တဲ့အပတ်က မြို့လယ်ခေါင်ပွဲမှာ သပိတ်ဝင်အိတ်ဝင် လာဘ်ရထားသူက တစ်ယောက်။ပလ္လင်ပေါ်ကလာတဲ့ ပလန်တွေ ပလုံသွားတဲ့ အတုအယောင် အကုသိုလ်ကိုယ်တော်က တစ်ပါး။များများသိရင် မြန်မြန် အသတ်ခံရနိုင်တယ်ဆိုတဲ့ သူတို့တတွေရဲ့ကြား ဘာမှမသိတဲ့ နလပိန်းတုံးပုံစံနဲ့ သွားနေကျ စားနေကျ ဆာလောင်နေတဲ့ လူအုပ်ကြီးကတစ်အုပ်။"မီးဟာ စိမ်းနေပြီ၊မီးဟာ စိမ်းနေပြီ"လို့ စက်နဲ့ ပေါက်သံရဲ့နောက်မှာ "အဖျင်းတော်ပုံ အောင်ရမည်၊အဖျင်းတော်ပုံ အောင်ရမည်"ဆိုတဲ့ ငါးဖျင်းစလက် ဖျပ်ဖျပ်လူး လူငါးတစ်ကောင်ရဲ့ ကျီးမမည်ကြက်မမြောက် အာကလိအောက်အောက်ကလိအာ အသံစာစာကို ပြန်ကြားရ။"လူတွေအုံနေတာ ယင်တွေအုံနေသလိုပဲ"လို့ နောက်ကျောဘက်က အသံတစ်သံ ထွက်ကျလာလို့ ကြည့်လိုက်တော့ ကျီးကြည့်ကြောင်ကြည့်၊မျက်စိ တောင်တစ်လုံး မြောက်တစ်လုံးနဲ့ လူတစ်ယောက်။သူ့လက်ထဲက အော်လံနဲ့ သူဟာ အော်ကြော့လန်တစ်ယောက်ဖြစ်တဲ့အကြောင်း အော်အော်ပြီး ပြောနေ။အစိမ်းရောင်ဝမ်းဆက် နတ်ကတော်အဝတ်အစားနဲ့ "အမေလာနေပြီ အမေလာနေပြီ၊လမ်းရှင်းထား လမ်းရှင်းထား၊ရထားဖြစ်လား ရထားဖြစ်လား"ကို "အဝီစိထိ ရှင်းတယ် အဝီစိထိ ရှင်းတယ်"ဆိုပြီး နောက်ပြောင်နေကြတဲ့ လူအုပ်ကြီးထဲက ကတုံးဆံပင်ပေါက်နဲ့ လူငယ်အချို့။ပုဆိုးကို သင်းပိုင်လို လိပ်လိပ်ပြီး ဝတ်ဆင်ထားတဲ့ စင်မြင့်ထက်က အရူးချီးပန်းကလည်း တောင်စဉ်ရေမရ ငမျောက်ငခြောက်၊မီးကျိုးမောင်းပျက် စကားလုံး အပဲ့အရွဲ့တွေနဲ့ မြောက်ကြွမြောက်ကြွ ထောက်တည်ရာမရ ဖြစ်နေဆဲ။"နှစ်ထောင့်နှစ်ဆယ်မှာ နေ့တွက် လေးထောင့်လေးရာရရှိရေး"လို့ တစ်ယောက်က ထဖောက်တော့ အငိုက်မိသွားတဲ့ လူအုပ်ကြီးဟာ "တို့အရေး တို့အရေး"ဆိုပြီး ကြွေးကြော်သံမဟုတ်တဲ့ ကြွေးကြေသံ ဗျောက်ကို ယောင်ယောင်ကန်းကန်း ထပ်မံ ဖောက်ကွဲပြကြရင်း မျိုးရိုးက အထက်တန်းစားတွေ စာသားပါတဲ့ သီချင်းနဲ့ အခမ်းအနားကို ယုတ်ယုတ်မာမာ ရုတ်သိမ်းခဲ့ကြ။
#ညီမင်းညို
19 2 2019
17/10/2025
လူကောင်းတစ်ယောက်မဟုတ်သလို
လူလိမ္မာလည်း မဟုတ်ပြန်ဘူး
ဒါပေမယ့် သိပ်ရိုးရှင်းသော
သာမန်လူတစ်ယောက်ပါ
တတ်နိုင်သလောက် ကူညီလိုက်တယ်
တန်ပြန် ကျေးဇူးတရားတွေကို
မျှော်လင့်မထားဘူး
အကောင်းဆုံး ချစ်ပေးလိုက်တယ်
ဘာမှမမျော်ဘူးဘာကြောင့်ဆို.....
တချို့က
ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကိုမသိတာထက် တစ်ဖက်လူရဲ့တန်ဖိုးကိုမသိတာ
ဒါကြောင့်
လူတွေကိုသံယောဇဥ်ရှိခြင်းထက်
ပန်းတွေနဲ့စာအုပ်တွေကို ပိုတွယ်တာမိတယ် သူတို့က ငါ့ကို ဘယ်တော့မှ
နာကျင်အောင်မလုပ်နိုင်တဲ့
အေးချမ်းခြင်းတွေ ဖြစ်နေလို့ပဲ။
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ
👋 စာပေ Channel လေးပါ 👋
📓 Tele ✓ t.me/sarpay210 📓
15/10/2025
"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။
ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုတဲ့စိတ် မရှိခဲ့ဘူး
ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်း
နိုင့်ထက်စီးနင်း
ပြုမူတယ်ဆိုတာ မရှိခဲ့ပါဘူး
ကိုယ်ကတော့သာစေ သူများတော့
နာပါစေဆိုတဲ့
အတ္တတွေနဲ့လည်း မရှင်သန်ခဲ့ဘူး
ဘယ်သူအပေါ်ကိုမှ
အနိုင်မယူတတ်ခဲ့သလို
မောက်မာချင်းမရှိခဲ့တာတောင်
ကိုယ့်အပေါ်ကိုကြ
ယုတ်မာ ကောက်ကျစ်တဲ့သူက
ခပ်များများရယ် ပါ။
ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့
ဘဝကိုရပ်တည်နေပါစေ
ကိုယ့်ရဲ့ဘဝကိုတော့
ဖြူစင်တဲ့ စိတ်ထားနဲ့သာနေထိုင်ပါတယ်။
သူများမကောင်းတာက သူများပဲလေ
ကိုယ်ကကောင်းအောင်နေထိုင်ရမှာက
ကိုယ့်ရဲ့ တန်ဖိုးပဲ မဟုတ်လား
ကိုယ့်ရဲ့ စိတ်ထား မှန်ခဲ့ရင်
တစ်နေ့ကြ အကျိုးပေးလာလိမ့်မယ်လို့
ကျွန်မယုံကြည်မိပါတယ်...
စိတ်ထားတတ်ရင်မြတ်ပါတယ်လို့.. နော်
#ဦးအောင်သင်း #စာပေ #စာဖတ်ပါ #စာပေဟောပြောပွဲ ゚viralシfypシ゚viralシ
04/10/2025
#ချီဂွေဗားရားနှင့်သူ့ချစ်သူ...
ချီဂွေဗားရားက
ကျူးကျော်သူတွေကို
တော်လှန်ဖို့ တောခိုမယ်ပြောတော့
သူ့ချစ်သူက မသွားဖို့ကိုတားခဲ့တယ်.
ဒီတော့ ချီဂွေဗားရားကပြောတယ်
"ငါဟာ ဖိနှိပ်မှုအခန်းကျဉ်းထဲမှာ
မွေးဖွားသန့်စင်ခဲ့ရတယ် .....
တရားမျှတမှုမရှိတဲ့ ထမင်းကို
စားပြီးကြီးပြင်းလာတယ် .....
မနေ့က ငါ့အတွေးထဲမှာ
အိုတဲ့အထိ ကျွန်ခံရမှာကို
ကြောက်စိတ်ဝင်ခဲ့မိတယ် .....
ဒါ့ကြောင်း
ဒီနေ့မှာအထုပ်အပိုးလေးတွေနဲ့
လာပြီးနူတ်ဆက်တာ" ပြောတော့
ချီဂွေဗားရားချစ်သူက ချီဂွေဗားရားကို
ဒါဆိုကျမကိုချစ်တယ်ဆိုတာလိမ်ခဲ့တာလား
ဆိုပြီးထပ်မေးခဲ့တယ် ......
ဒီတော့ ချီဂွေဗားရားက လက်ကိုလှမ်းကိုင်ပြီး
ငါ့မှာအချစ်တွေအများကြီးရှိနေတယ်
အဲဒီများလွန်းတဲ့အချစ်တွေကြောင့်
အိပ်မရညပေါင်းများခဲ့ရသေးတယ် .....
အဲဒီများလွန်းတဲ့အချစ်တွေဟာ
ငါ့ကိုတော်လှန်ရေးသမားလုပ်ဖို့
တွန်းပို့ပေးနေခဲ့တယ်လို့ ပြန်ပြောတော့
သူ့ချစ်သူက သူ့လက်ကိုဆွဲပြီးငိုခဲ့တယ်
ပြီးတော့ပြောပါတယ်
အတူတူနေမယ်ဆိုတဲ့ကတိကိုဖျက်ဆီးလိုက်ပီပေါ့တဲ့
ဒီတော့ ချီဂွေဗားရားကပြန်ပြောလိုက်တယ်
မင်း မွေးဖွားလာချိန်မှားနေခဲ့တယ်တဲ့ ......
ငြိမ်းချမ်းတဲ့ပြည်ထဲကငြိမ်းချမ်းတဲ့မြို့နယ်
ငြိမ်းချမ်းတဲ့မြို့နယ်ထဲကငြိမ်းချမ်းတဲ့ရွာ
ငြိမ်းချမ်းတဲ့ရွာလေးထဲကငြိမ်းချမ်းတဲ့အိမ်
အဲဒီငြိမ်းချမ်းတဲ့အိမ်ထဲမှာ
မိသားစုတစ်စုငြိမ်းချမ်းစွာနေနိုင်ဖို့
ငြိမ်းချမ်းအောင်အရင်လုပ်ဖို့သွားတာပါ
မင်းဂုဏ်ယူစမ်းတဲ့ ..
crd
25/09/2025
ကိုယ့်စီးပွားရေးလဲ ကိုယ်မလုပ်ဘူး
ကိုယ့်မိဘလဲ ကိုယ်လုပ်မကျွေးဘူး
ကိုယ့်အရေးလဲ ကိုယ်မလုပ်ဘူး
ကိုယ့်မှာဘာရှိလဲ ကိုယ်မတွေးဘူး
ကိုယ့်ဘဝအတွက်လဲ ကိုယ်မလုပ်ဘူး
ကိုယ့်အကြောင်းလဲ ကိုယ်မတွေးဘူး
ဘာလို့လဲ...??????? သိကြလား...
သက္ကရာဇ်အမှားတွေမှာ မွေးဖွားလာတဲ့..လူမို့
ကိုယ့်ဖာသာကိုယ်..တွေးပြီး..ရင်နာလို့..ရှက်လို့
ကျန်ရှိနေသေးတဲ့ ကိုယ့်ဘဝလေးကို
ဝါသနာတူ အနစ်နာခံသူတွေနဲ့ပေါင်းစပ်ပြီး
နောင်လာ နောင်သားတွေ သက္ကရာဇ်ရက်စွဲ
အမှန်မှာ..လူ..ဖြစ်မှန်ဖို့..တစ်ထောင့်တစ်နေရာကနေ
ပါဝင်ကြိုးစားနေတဲ့...
ငါက..သူရူး...သူတော်စင်)))))
18/09/2025
အခုတော့တောင်းနေရတာ အဆင်မပြေဘူးကွယ်😞
16/09/2025
စီးပွားရေးသမားဟူသည်...
ချေဂွေဗားရားသည် ပုန်းအောင်းနေရာမှ အဖမ်းခံလိုက်ရသည်။ သူ့ကိုဖမ်းမိစေရန် သတင်းပေးသော လယ်သမားကို အာဏာပိုင်တွေက မေးသည်။
“မင်းတို့အခွင့်အရေးအတွက် သူ့ဘဝနဲ့ရင်းပြီး အကာအကွယ်ပေးနေတဲ့သူကို ဘာဖြစ်လို့ မင်းက သစ္စာဖောက်ရ တာလဲ”
လယ်သမားကပြန်ဖြေသည်။
“သူတို့စစ်ဖြစ်နေတာ ကျုပ်သိုးတွေ လန့်ကုန်လို့” ဟုဆိုသည်။
ကျွန်တော်ဖတ်ဖူးသည့် မှတ်တမ်းအရ ချေဂွေဗားရားကို ဘိုလီးဗီးယားတွင် ဖမ်းမိသည်မှာ လယ်သမားတစ်ဦး၏ သတင်းပေးမှုကြောင့်ဖြစ်သည်။ ထိုဒေသခံလယ်သမားကိုလည်း အာဏာပိုင်တွေက ငွေကြေးများ ပေးခဲ့ သည်ဟု ဆိုပါသည်။
တော်လှန်ရေးသမားတွေအမြင်အရ ချေသည် ပြည်သူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦး ဖြစ်သော် လည်း သာမန်လယ်သမား တစ်ယောက်အတွက်မူ ဘာမျှမဟုတ်သည်ကိုတွေ့ရသည်။ ထိုသူက သူ့ကိုယ်ပိုင် ဘဝ ငြိမ်းချမ်းရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက်သာကြည့်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ဆိုသည့် သဘောကို နားမလည်သူဟု ယူဆရမည်ဖြစ်သည်။
သာမန်လူကိုမပြောနှင့် ချမ်းသာသူတွေကရော တိုင်းပြည်အပေါ် မည်သို့သဘောထားကြသနည်းဆိုခြင်းကို အခြားဥပမာလေးတစ်ခုဖြင့် ဖော်ပြလိုပါသည်။
နပိုလီယံစိုးမိုးသည့် ခေတ်ကာလတွင် အီဂျစ်နိုင်ငံကို သိမ်းပိုက်ရာ၌ အီဂျစ်ခေါင်းဆောင် မိုဟာမက် ကာရင် သည် ပြင်သစ်တို့ကိုတော်လှန်ရာ၌ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကာရင်ကို နပိုလီယံ တပ်က ဖမ်းမိသည်။ သူ့ကို သေဒဏ်စီရင်လိုက်သည်။ သို့သော် နပိုလီယံက သူ့ကို ခေါ်တွေ့သည်။
“ကျွန်ုပ်သည် သူ့တိုင်းပြည်နှင့် လူမျိုးအတွက် သတ္တိရှိစွာ ခုခံတော်လှန်ပေးနေသူ တစ်ဦးကို အဆုံးစီရင်ရ မည်အား စိတ်မကောင်းပါ။ ကျွန်ုပ်သမိုင်းကိုလည်း သူ့တိုင်းပြည် သူ့လူမျိုးအတွက် တော်လှန်ပေးနေသူ တစ်ဦးအား အဆုံးစီရင်ခဲ့သူတစ်ဦးအနေဖြင့် မှတ်တမ်းအတင်မခံနိုင်ပါ။ သို့ဖြစ်ရာ သင့်အသက်ကို ချမ်းသာ ပေးလိုက်မည်။ ငါ့အား ရွှေဒင်္ဂါး အပြားတစ်သိန်း ပေးဆောင်ရမည်။ ကျွန်ုပ်စစ်သားတွေ ဆုံးရှုံးခဲ့ရသည့်အတွက် လျော်ကြေးဖြစ်သည်” ဟု ပြောလိုက်သည်။
မိုဟာမက် ကာရင်က ပြုံးလိုက်ပြီး
“ကျွန်ုပ်မှာ ထိုမျှများပြားသော ငွေကြေးမရှိ။ သို့ရာတွင် ကျွန်ုပ်ထံ၌ ရွှေဒင်္ဂါး တစ်သိန်းမက ထိုက်တန်သော သူဌေးကုန်သည်များစွာရှိသည်”
နပိုလီယံလည်း သူ့သေဒဏ်ကို ရက်ရွှေ့ဆိုင်းပေးလိုက်ပြီး သူ့ကို ရွှေဒင်္ဂါးပြားများ စုဆောင်းရန် အချိန်ကန့်သတ် ပေးလိုက်သည်။
ကာရင်သည် နပိုလီယံစစ်သားတွေနှင့်အတူ ကုန်သည်များစုဝေးရာ ဈေးကိုလာခဲ့သည်။ ကာရင်က သူ့ကို ထောက်ခံခဲ့ဖူးသော ကုန်သည်များနှင့်တွေ့ပြီး သူအသက်ချမ်းသာရေးအတွက် ရွှေဒင်္ဂါးများ ထောက်ပံ့ပေးပါရန် အကူအညီတောင်းသည်။ သို့သော် မည်သည့် သူဌေး သူကြွယ် ကုန်သည်တွေကမျှ သူ့ကို တစ်ပြားတစ်ချပ် မထောက်ပံ့ကြပေ။ မထောက်ပံ့သည့်အပြင် ကာရင်ကိုပင် သူတို့စီးပွားရေးပျက်ပြားအောင် လုပ်နေသူဟု စွပ်စွဲ ပြစ်တင်ဝေဖန်လိုက်ကြသေးသည်။
ကာရင်ကို နပိုလီယံစစ်သားတွေက ပြန်ခေါ်လာသည်။ ကာရင်က ကြေကွဲဝမ်းနည်းစွာဖြင့်
“သင့်ကို ငါတစ်ပြားမျှ မပေးနိုင်ပြီ” ဟု ဆိုလိုက်သည်။
နပိုလီယံက
“သင်သည် ကျွန်ုပ်တို့ကို တော်လှန်သော်လည်း သင့်ကို ငါမသတ်။ အဘယ်ကြောင့်ဆိုသော် သင့်လိုကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်စွန့်ပြီး လုပ်ဆောင်နေသူတစ်ဦးနောက်တွင် ရေသာခို အချောင်လိုက် နေသူတွေ အများကြီး ရှိနေကြောင်း သင်သဘောပေါက်စေချင်သည်။ သင်အားထားယုံကြည်နေသည့် အခွင့် အရေးသမားတွေမှာ အမှန်တကယ် အရေးကြုံလာသော် သင့်ဘက်မှာမရှိကြောင်း သင်သိလျှင်တော်ပြီ။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို သင့်လိုလူမျိုးက မည်မျှလုပ်ပေးနေသည်ဆိုစေ အရေးကြုံလာလျှင် ကိုယ်လွတ်ရုန်းပြေးသူတွေရှိနေကြောင်း သင်သိလျှင်တော်ပြီ။ သင့်ကို အပြစ်ဒဏ်မှ လွှတ်လိုက်သည်”
(An Ignorant Society ကို မြန်မာမှုပြုထားခြင်းဖြစ်သည်)
တင်ညွန့်
၁၄.၉.၂၀၂၅
Click here to claim your Sponsored Listing.
Address
Mandalay
�
