GURU Beard Oil

GURU Beard Oil

Share

People use beard oil to keep their beards looking fuller, softer.It’s also sometimes used to promote beard growth.

28/05/2026

Happy Eid Mubarak to all Muslim brothers and sisters 🌙

May Allah bless you all 🤲

21/05/2026

ဘယ်တော့များမှ ထွက်မှာလဲ ?

တချို့က အသက် ၁၆ နှစ်မှာ မုတ်ဆိတ်အပြည့် ထွက်နေပြီ။

တချို့ကတော့ ၂၆ နှစ်အထိ စောင့်နေရတုန်းပဲ။

မုတ်ဆိတ်ထွက်တာက ယောကျ်ားတစ်ယောက်စီတိုင်း မတူညီပါဘူး။

ဘယ်အချက်တွေက အရေးကြီးတာလဲဆိုတော့

မျိုးရိုးဗီဇက အရေးကြီးပါတယ်။

ဒါ့အပြင် ဗီဇကောင်းလို့ထွက်လာတဲ့ မုတ်ဆိတ်ကိုပုံမှန်ထိန်းသိမ်းနိုင်မှုကလည်း အရေးကြီးပါတယ်။

အဲ့တော့ တကယ့်မေးခွန်းက—

ဘော်ဒါ ဘယ်တုန်းက မုတ်ဆိတ်စထွက်ခဲ့တာလဲ ?

စထွက်တဲ့ အသက်ရွယ်ကို မန့်ခဲ့ပေးကြည့်

16/05/2026

ညတိုင်းမှာ အိပ်စက်မှ မုတ်ဆိတ်က သိပ်ထွက်မှာပါ။

ညဖက်မှာ သင်ဘာလုပ်သလဲဆိုတာက သင့်ရဲ့ Facial Hair တွေဖြစ်တဲ့ ဆံပင်၊မုတ်ဆိတ်၊နှုတ်ခမ်းမွေးတွေအတွက်လည်း အရေးကြီးပါတယ်။

မုတ်ဆိတ်မွေးက ပိုပေါက်ဖို့ အားစိုက်နေချိန်တိုင်းမှာ ကြီးထွားလာတာ မဟုတ်ပါဘူး။

အနားယူနေချိန်မှာ ကောင်းကောင်းအနားယူမှ ကြီးထွားလာတာပါ။

ဒါကြောင့် မအိပ်ခင်မှာ သင့်မုတ်ဆိတ်မွေးကို အာဟာရပေးပါ ပြီးရင်တော့ အိပ်ရေးဝအောင်အိပ်စက်အနားယူလိုက်ပါ။

ဒီညပဲစတင်လိုက်ပါ လက်လွတ်မခံပါနဲ့ ဘော်ဒါတို့ ။

12/05/2026

ယောက်ျားတိုင်းက မုတ်ဆိတ်မွေးအရှည်ကြီး ထားချင်ကြတာတော့ မဟုတ်ဘူးနော်...

တချို့ဆိုရင် မုတ်ဆိတ်မွေးတွေကို အမြဲတမ်းဖယ်ရှားပစ်ဖို့အတွက်တောင် ငွေကုန်ကြေးကျခံနေကြတာပါ။ ⚡ အခုနောက်ပိုင်း အမျိုးသားတွေကြားမှာ Beard Laser ရိုက်ပြီး မုတ်ဆိတ်မွေး အမြစ်ပြတ်ဖယ်ရှားတာတွေ ခေတ်စားလာရတဲ့ အကြောင်းအရင်းကတော့ -

• မုတ်ဆိတ်မွေးက ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ညီညီညာညာမထွက်တာ
• ခဏခဏ ရိပ်နေရလို့ အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး ယားယံတာ
• မုတ်ဆိတ်ရိပ်ရာကနေ အဖုအပိမ့်တွေနဲ့ ဝက်ခြံတွေထွက်တာ
• အမြဲတမ်း ပြုပြင်ထိန်းသိမ်းနေရတာကို စိတ်ပျက်တာ
• ကိုယ့်အသက်ထက် ပိုကြီးနေသလို ခံစားရတာ ... စတဲ့အချက်တွေကြောင့်ပါပဲ။

ဒါပေမဲ့ တကယ့်အမှန်တရားကတော့...
အမျိုးသားအများစုက သူတို့ရဲ့ မုတ်ဆိတ်မွေးကို မုန်းနေကြတာ မဟုတ်ပါဘူး။
စနစ်တကျမရှိဘဲ ဖရိုဖရဲထွက်နေတဲ့ မုတ်ဆိတ်မွေးတွေကိုသာ မုန်းကြတာပါ။

တကယ်တော့ ကျန်းမာသန်စွမ်းတဲ့ မုတ်ဆိတ်မွေးတစ်စုံရှိနေတာက -
✔ ကြည့်ကောင်းပြီး သပ်ရပ်စေတယ်
✔ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေတယ်
✔ မျက်နှာကျကို ပိုပြီးပေါ်လွင်စေတယ်
✔ ယောကျ်ားပီသတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်စေတယ်

ဒါကြောင့်မို့လို့ မုတ်ဆိတ်မွေးကို စနစ်တကျ ဂရုစိုက်ဖို့က တကယ်ကို အရေးကြီးတာပါ။
လုံးဝဖယ်ရှားပစ်ဖို့ မဆုံးဖြတ်ခင်မှာ အရင်ဆုံး ပြုပြင်ထိန်းသိမ်းကြည့်ဖို့ အကြံပေးပါရစေ။

အစိုဓာတ်ထိန်းပေးပါ၊ အာဟာရဖြည့်ပေးပါ၊ ပြီးတော့ ကောင်းမွန်တဲ့ Beard Oil ကို အသုံးပြုပေးပါ။

ဘာလို့လဲဆိုတော့ တစ်ခါတလေမှာ ပြဿနာက မုတ်ဆိတ်မွေးဖြစ်နေတာမဟုတ်ဘဲ အဲဒီအပေါ်မှာ သင်ဘယ်လို ဂရုစိုက်သလဲဆိုတဲ့ အချက်ကြောင့် ဖြစ်နေနိုင်လို့ပါပဲ။

07/05/2026

မုတ်ဆိတ်ဆီ က ဘော်ဒါတို့ ထည့်နေကြ 92/95 လိုထည့်လိုက်ရုံနဲ့မပြီးပါဘူး 👎

အဓိက က နေ့တိုင်းမှန်မှန်ကန်ကန်လုပ်နေဖို့ပဲလိုတာပါ။

✅မှန်မှန်ကန်ကန် မုတ်ဆိတ်ဆီထည့်နည်းလေးကတော့ -

-မုတ်ဆိတ်ကို ရေနွေးလေးနှင့် အရင်သန့်ရှင်းရေးလုပ်ပါ။

-မုတ်ဆိတ်ဆီအနည်းငယ်ကိုထည့်ပါ အများကြီးသိပ်မသုံးပါနဲ့။

-ပြီးရင် လက်ထဲမှာနွေးအောင်အရင်ပွတ်လိုက်ပါ။

-မုတ်ဆိတ်တင်စိုရုံမဟုတ်ဘဲ အရေပြားထဲနှစ်ဝင်သွားအောင်နှိပ်နယ်ပေးပါ။

-ပြီးရင် မုတ်ဆိတ်တလျှောက် ညီညီညာညာဖြန့်လိုက်ပါ။

အဲဒါပါပဲ။

လုပ်ငန်းစဥ်အရ ရိုးရှင်ပေးမယ့် တကယ့် ရလာဒ်ကိုလိုချင်ရင်တော့ နေ့စဥ်ပုံမှန်ဇွဲကောင်းကောင်းနဲ့လုပ်သွားဖို့ပဲလိုပါတယ်ညီကိုတို့ ။

01/05/2026

ယနေ့ကျရောက်သော May Day International Workers’ Day ကို ကျွန်တော်တို့ GURU မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

29/04/2026

အဆင်မပြေတဲ့ ညီကိုတွေအားလုံး ကျွန်တော်တို့ GURU နှင့်လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ 🙏

Page Messenger, Comment မှာလာရောက်မေးမြန်းနိုင်ပါတယ်ဗျ ။🤙

23/04/2026

ကျွန်တော်တို့မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကဆိုရင် ဆံပင်ညှပ်ဆိုင်ဆိုတာ ဆံပင်ညှပ်ဖို့ သက်သက်ပါပဲ။ ဆံသ ဆိုင်ခေတ်ပေါ့ ။

အဲဒီ့ကနေ Saloon တွေစတင်ပေါ်လာပြီး မိန်းကလေးတွေအတွက် တော်တော်အဆင်ပြေခဲ့ပါတယ်။ ယောက်ျားလေးတွေကတော့ ဆံပင်တွေဆေးဆိုးတဲ့ Emo ခေတ်ဘာညာကနေ _ _

အခုတော့ ဆံပင်ညှပ်ဆိုင်တွေဟာ အရင်ကထက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ Berbershops တွေဖြစ်လာပါပြီ။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း မြန်မာအမျိုးသားတွေဟာ သူတို့ရဲ့ ရုပ်ရည်သွင်ပြင် အပေါ်မှာ ပိုပြီး အလေးထား ရင်းနှီးမြှုပ်နှံလာကြတာကို တွေ့ရမှာပါ။

ဒါဟာ ခေတ်ရေစီးကြောင်းနောက် လိုက်တာ မဟုတ်သလို၊ သူတစ်ပါးရဲ့ အာရုံစိုက်မှုကို လိုချင်လို့လည်း မဟုတ်ပါဘူး။

ဒါဟာ မိမိကိုယ်ကိုယ် ဖော်ပြတဲ့ 'ကိုယ်ပိုင်ဟန်' (Identity) အတွက် ဖြစ်ပါတယ်။

မန္တလေးကနေ ရန်ကုန်အထိ ဘယ်နေရာမှာမဆို သင် ဒါကို မြင်တွေ့နိုင်ပါတယ်။

ပိုပြီး စမတ်ကျတဲ့ ဆံပင်ပုံစံတွေ၊
ပိုပြီး သပ်ရပ်တဲ့ မုတ်ဆိတ်ဒီဇိုင်းတွေနဲ့ ပိုပြီး မြင့်မားလာတဲ့ စံနှုန်းတွေ...

ဒါတွေဟာ အပေါ်ယံ ပြုပြင်မွမ်းမံမှု သက်သက် မဟုတ်တော့ပါဘူး 'ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု' (Self-respect) ပါ။

ဒီလုပ်ငန်းကဏ္ဍကြီးကလည်း ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေပါတယ်။

အဓိက မေးခွန်းကတော့— သင်ကော ဒီအပြောင်းအလဲမှာ နောက်ကျကျန်နေခဲ့ပြီလား ?

13/04/2026

နှစ်ကူးမယ့် အတာသကြ်န်မှာ ညီကိုတို့အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့်လိုရာပန်းတိုင်ခရီးကို ရှေ့ဆက်လျောက်လှမ်းနိုင်ပါစေလို့ ကျွန်တော်တို့ GURU မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ ။ 👏💦

08/04/2026

I ပေးထားချက်တူတဲ့ ယောက်ျားနှစ်ယောက် I

အသက်တူတူပဲ။
အလားအလာလည်း အတူတူပဲ။

ဒါပေမဲ့ စံနှုန်းတွေကတော့ မတူဘူး။

တစ်ယောက်က အသေးစိတ်ကို ဂရုစိုက်တယ်။
တစ်ယောက်ကတော့ ဂရုမစိုက်ဘူး။

တစ်ယောက်က ကိုယ့်ရုပ်ရည်ကို တည်ဆောက်တယ်။
တစ်ယောက်ကတော့ ပေါက်လာရင်ကောင်းမှာပဲဆိုပြီး မျှော်လင့်နေတယ်။

ဒါဟာ မုတ်ဆိတ်ပေါက်ခြင်းမပေါက်ခြင်းပေါ်ထက်

အဲ့ဒီနောက်ကွယ်က လုပ်တဲ့လူအပေါ်မှာပဲ မူတည်တာပါ။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay