I'Aura with Smart Lady
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I'Aura with Smart Lady, Beauty, cosmetic & personal care, 107 108 Between 71st Street, Mandalay.
08/04/2023
Aloe Vera ၏အကျိုးကျေးဇူးများ...💯
ရှားစောင်းလက်ပတ်ဂျယ်လ်သည် မျက်နှာပေါ်လိမ်းပေးသည့်အခါ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သော သဘာဝပါဝင်ပစ္စည်းတစ်ခုဖြစ်တယ်
မျက်နှာအတွက် ရှားစောင်းလက်ပတ်ဂျယ်လ်ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးအချို့မှာ
အစိုဓာတ်ထိန်းပေးခြင်း - Aloe vera gel သည် အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်သော အကောင်းဆုံးသော အစိုဓာတ်ထိန်းဆေးဖြစ်သည်။
သက်သာစေခြင်း- ရှားစောင်းလက်ပတ်ဂျယ်လ်သည် အရေပြားယားယံခြင်း၊ နီခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို သက်သာစေသည့် ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများ ပါဝင်သည်။
Anti-aging: Aloe vera gel မှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို အထောက်အကူဖြစ်စေတဲ့ free radicals တွေကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါဝင်ပါတယ်။
ဝက်ခြံကုသခြင်း- Aloe vera gel သည် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်ပြီး ဝက်ခြံနှင့်ဆက်စပ်နေသော ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည့် ဘက်တီးရီးယားပိုးမွှားဆိုင်ရာ ဂုဏ်သတ္တိများရှိသည်။
အမည်းစက်များကို သက်သာစေခြင်း- Aloe vera gel တွင် aloin ပါ၀င်သော သဘာဝဒြပ်ပေါင်းတစ်ခုသည် အရေပြားပေါ်ရှိ အမည်းစက်များနှင့် အရေပြားပေါ်ရှိ အမဲစက်များကို သက်သာပျောက်ကင်းစေပါသည်။
အအေးခံခြင်း- Aloe vera gel သည် နေလောင်ခြင်း၊ အင်းဆက်ကိုက်ခံရခြင်းနှင့် အခြားသော အရေပြားယားယံခြင်းအမျိုးအစားများကို သက်သာစေသော အေးမြသောခံစားမှုပါရှိသည်။
ယေဘုယျအားဖြင့် ရှားစောင်းလက်ပတ်ဂျယ်လ်သည် အရေပြားအတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သော စွယ်စုံရ သဘာဝပါဝင်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုလို့ရပါတယ်
Aloe Vera Gel - 12900ks
u can order now 📌
09454831187
08/04/2023
တင်းတိပ်တွင် ရှောင်ရမည့်အစားအစာများ📌
--------------------------------------
* ပဲနို့၊ တို့ဖူး၊ ပဲပိစပ်
* အုတ်ဂျုံ၊ ပြောင်း၊ အစေ့အဆန်
* စပျစ်သီးခြောက်၊ စားတော်ပဲ
* နှမ်းစေ့၊ နှမ်းကြတ်စေ့
* ပဲသီး၊ ပဲစိမ်း၊ ပဲတောင့်ရှည်
* လူဆန်ပဲပင်(alfalfa)
* အရက်၊ ဝိုင်
* ဂျင်ဆင်းအားဆေး
* ကိုယ်ဝန်ဆောင်တားဆေး
* ဟော်မုန်းဆေး
Credit Dr. Aye Min Htoo
05/04/2023
ပါးအဖြူကွက်
ပါးပြင်အဖြူကွက်က ကလေးတွေမှာ အဖြစ်များတယ်။ ယောကျာ်းလေးတွေ ပိုဖြစ်တယ်။ ဒီအဖြူကွက် ဖြစ်ပွါးသူရဲ့ ၉၀% က အသက် ၃-၁၂ နှစ်ကြား ကလေးတွေဖြစ်ကြပါတယ်။ သို့သော် ဆေးခန်းမှာတော့ မိန်းကလေးတွေမှာ ပိုတွေ့ရပြီး အများစုက အသက် ၈နှစ်နဲ့ ၁၄နှစ်ကြား အရွယ်တွေ ဖြစ်ကြတယ်။အီဂျစ်နဲ့ မာလီလို အပူပိုင်းဒေသတွေမှာ ကလေးငယ်တွေရဲ့ ၂၀% နီးပါးက ဒီအဖြူကွက်မျိုး ဖြစ်ကြတယ်လို့ ဆိုတယ်။
ရောဂါလက္ခဏာအနေနဲ့ ပါးပြင်နဲ့ မေးရိုးကြား ကျပ်ပြားစေ့အရွယ် အနီကွက်မျိုး အရင် ပေါ်လာတယ်။ တဖြည်းဖြည်းကြာလာတာနဲ့အမျှ အနီကွက်က အဖြူရောင်အဖြစ် ပြောင်းလာတယ်။ တကယ်ဆေးခန်းလာပြတဲ့အချိန်မှာ အဖြူကွက်အဆင့်ရောက်နေကြသူပဲ များတယ်။ နွေရာသီမှာ အဖြူကွက်က ပိုထင်းလာတတ်တယ်။ ဆောင်းရာသီမှာ အသားခြောက်တာ၊ အဖြူဖတ်လန်တာက ပို အဖြစ်များတယ်။ ဒီအချက်က ခရုသင်းနဲ့ ခွဲခြားရာမှာ အသုံးဝင်တယ်။ အရေပြားဆရာဝန်အချို့က ခွဲရခက်တဲ့ အရေပြားရောဂါတွေမှာ dermatoscope (ဆဲလ်မှန်ဘီလူး) သုံးပြီး ခွဲခြားနိုင်တယ်။
Pityriasis alba ကို လေ့လာကြည့်တဲ့အခါ နာတာရှည် အရေပြားရောင်ရမ်းတဲ့ လက္ခဏာ(chronic dermatitis)မျိုး တွေ့ရတယ်။ အကျိုးဆက်အနေနဲ့ မယ်လနင်ထွက်တဲ့ ဆဲလ်အလုပ်မလုပ်တော့ဘဲ အမဲရောင်ခြယ်ထုတ်လုပ်မှုက တဖြည်းဖြည်း ကျဆင်းသွားတယ်။ ဒါ့ကြောင့် ဖြစ်တဲ့နေရာလေးကွက်ပြီး အဖြူကွက်အဖြစ်မြင်နေရတာပါ။ အရေပြားဆဲလ်က ရောင်ပြီး ရှုံ့တာ(skin atrophy) ရှိိတယ်။ အမှန်တော့ ပါးပြင်အဖြူကွက် (pityriasis alba)ဆိုပေမယ့် တခြားနေရာတွေမှာလည်း အကွက်တွေ ပေါ်တတ်တယ်။ တချို့က တနှစ်အတွင်း ပျောက်နိုင်တယ်။
အကြံပြုချက်များ
(၁) နေလောင်ကာလိမ်းဆေးလိမ်းပါ။
(၂) ရနံ့မပါ အစိုဓာတ်လိမ်းဆေး နေ့စဉ် လိမ်းပေးသင့်တယ်။
(၃) ဆပ်ပြာခဲနဲ့ မျက်နှာသစ်ဆေး အပြင်းစားတွေ မသုံးပါနဲ့။
(၄) ရနံ့ပါတဲ့ လိမ်းဆေး (သို့) အမြှုပ်ထွက် ဆပ်ပြာတွေ မသုံးပါနဲ့။
(၅) လိုအပ်ရင် ဆရာဝန်နဲ့ သေချာပြပါ။ သေချာကုရင် ၁-၃လအတွင်း ပျောက်ကြတယ်။
Credit Dr. Aye Min Htoo
05/04/2023
#မျက်နှာအဆီပြန်ရင်ဘာသုံးမလဲ❓
အဆီပြန်တဲ့အသားအရေဟာ ဝက်ခြံထွက်တာ လူတိုင်းသိတယ်။ အသားအရေထိန်းသိမ်းရာမှာလည်း သူများထက် ကရိကထ ပိုများတယ်။ သို့သော် ကံကောင်းတာတခုက အဆီပြန်သူအများစုဟာ အသားအရေပျက်စီးမှုမှာလည်း သူများထက် ပိုမို နှေးကွေးတာဖြစ်ပါတယ်။ အရေးအကြောင်း၊ အတွန့်အခေါက်တွေဟာ အသားအရေခြောက်သွေ့သူတွေထက် နောက်ကျပြီးမှသာ ဖြစ်တယ်။ မျက်နှာ အဆီပြန်လို့ စိတ်တော့ မညစ်နဲ့။ ကိုယ်နဲ့သင့်တော်တာကို ရွေးချယ်အသုံးပြုနိုင်ရင် လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။
(၁) salicylic acid
အများစုဟာ မိုးမခအခေါက်က ထုတ်တာများတယ်။ BHA(beta hydroxy acids) အုပ်စုဝင်ဖြစ်တယ်။ အဆီပြန်တဲ့အသားအရေတိုင်း salicylic acid ပါတာ သုံးသင့်တယ်။ ကောင်းတာက အဆီဂလင်းအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက် သန့်စင်နိုင်တယ်။ ဝက်ခြံကို ဖြစ်စေတဲ့ sebum, ဆဲလ်သေတွေနဲ့ တခြားမလိုအပ်တာတွေ ဖယ်ရှားပေးတယ်။
salicylic acid က အရေပြားအပေါ်ယံလွှာနဲ့ ပေါင်းပြီး ပျော်ဝင်သွားတယ်။ အာနိသင်က အပေါ်ယံအရေပြားကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ဖြစိစေတယ်။ အမဲစက်၊ အသားအရောင် မညီညာတာတွေကို ကာကွယ်ပေးတယ်။ ဝက်ခြံမပေါက်အောင် ကာကွယ်တားဆီးနိုင်တယ်။
(၂) Hyaluronic acid and glycerol
မျက်နှာအပေါ်ယံလွှာဆဲလ် ခြောက်သွေ့ခြင်းဟာ sebum ထုတ်လုပ်မှုကို များစေတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းဆေးတွေကို အဆီပြန်တဲ့အသားအရေအတွက် မဖြစ်မနေ သုံးလာကြတယ်။ သမားရိုးကျ အစိုဓာတ်ထိန်းဆေးတွေမှာ အဆီလွှာပါတယ်။ ဒီ အဆီက အပေါ်ယံအရေပြားကို ဖုံးအုပ်ပြီး ရေဓာတ်ဆုံးရှု့ံးခြင်းကို တားဆီးပေးတာဖြစ်တယ်။ သို့သော် မျက်နှာအဆီပြန်တဲ့သူတွေမှာတော့ ဒီလို oil-based moisturizers တွေ မသုံးသင့်ပါဘူး။ တကယ်သုံးသင့်တာက ပတ်ဝန်းကျင်က အစိုဓာတ်ကိူ စွဲယူထိန်းသိမ်းနိုင်တဲ့ ပစ္စည်းမျိုးသာ ဖြစ်ပါတယ်။ glycerin , hyaluronic acid, sodium hyaluronate စတာတွေက အဆီပြန်တဲ့ အသားအရေအတွက် သုံးသင့်တဲ့ အစိုဓာတ်ထိန်းဆေးတွေဖြစ်ပါတယ်။
ဒီထဲမှာ Hyaluronic acid နဲ့ sodium hyaluronate တွေက အကောင်းဆုံးဖြစ်ပါတယ်။ ပါဝငိမှုအချိုးအဆပေါ်မူတည်ပြီး အစိုဓာတ်ကို အဆ (၁၀၀၀)ထိ ထိန်းသိမ်းနိုင်တယ်။ စိုထိုင်းစ နည်းတဲ့ အခြေအနေမှာတောင် အစိုဓာတ်ကို အကောင်းမွန်ဆုံးထိန်းနိုင်တဲ့ ပစ္စည်းတွေ ဖြစ်တယ်။
(၃) Degreasing ingredients
မျက်နှာအဆီမပြန်အောင် သုံးတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ နေ့ပိုင်း အဆီပြန်တဲ့အခါ မျက်နှာဝင်းမနေအောင် ကာကွယ်ပေးတယ်။ kaolin or bentonite (ရွံ့စေးတမျိုး)က မျကိနှာအဆီကို တားဆီးပေးတယ်။ Primers နဲ့ masks အများစုမှာ ဒီပစ္စည်းတွေပါဝင်လေ့ရှိတယ်။ အဆီပြန်သူတိုင်းအတွက် မပါမဖြစ်မဟုတ်ပေမယ့် mask တွေကိုတော့ တပတ် ၁-၂ခါ ဆိုသလို သုံးစွဲနိုင်တယ်။
(၄) benzoyl peroxide
ဝက်ခြံထွက်သူတွေမှာ သုံးလေ့ရှ်တဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။ အာနိသင်တွေကလည်း များတယ်။ ဝက်ခြံဗက်တီးရီးယားကို သေစေတယ်။ အပေါ်လွှာ အရေပြားကို ခွာပေးတယ်။ အသားအရေခြောက်သွေ့စေတယ်။ အဆီဂလင်းအတွင်းပိုင်းထိ သန့်စင်ပေးတယ်။ ဒါ့ကြောင့် အဆီပြန်သူတွေအဓိကသုံးသင့်တယ်။ မကောင်းတာတွေလည်း ရှ်ပါသေးတယ်။ benzoyl peroxideက အရေပြားနဲ့ထိရင် ဓာတ်တိုးပြီး benzoic acid နဲ့ oxygen အဖြစ် ကွဲထွက်လာတယ်။ ဓာတ်တိုးပစ္စည်း(oxidizing agent)တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစိစေတယ်။ ဒါ့ကြောင့် benzoyl peroxide ပါတာတွေ သုံးမယ်ဆိုရင် အင်တီအောက်စီးဒင့်အာနိသင်ရှ်တဲ့ ပစ္စည်း တွေနဲ့ ရောစပ်အသုံးပြုသင့်တယ်။
သတိပြုစရာ
• ရေဓာတ်အခြေခံပစ္စည်းအဓိကသုံးပါ။
• စကားလုံးနောက်ဆုံးမှာ “-icone” ပါတာတွေ ရှောင်ပါ။ (ဥပမာ silicone ပါတာမျိုး)
• အဆီဓာတ်အခြေခံ paraffin, cocoa butter, နဲ့ oils ပါတာတွေရှောင်သင့်တယ်။
• petrolatum ပါတာထက် Dimethicone ပါတဲ့ဆေးမျိုး ရွေးသုံးပါ။
• အစိုဓာတ်ထိန်းပစ္စည်းရွေးတဲ့အခါ အရည်အပျစ်၊အကျဲကို တချက်ကြည့်ပါ။
• အဆီပြန်တဲ့အသားအရေမှာ အရည်ကပျစ်ရင် creams နဲ့ lotions ရှောင်ပါ။
• အဲဒီအစား ဂျယ်၊ လိုးရှင်းအကျဲစတာတွေက ပိုသင့်တော်တယ်။
• အဆီပြန်တဲ့အသားအရေက ပုံမှန်အားဖြင့် နည်းနည်းထူလေ့ရှိတယ်။ ဒါ့ကြောင့် အပေါ်ယံအရေပြားကို ကွာစေတဲ့ lactic acid, glycolic acid နဲ့ salicylic acid ပါတာတွေ သုံးသင့်တယ်။
Credit Dr. Aye Min Htoo
31/03/2023
ဝက်ခြံအတွက် အကောင်းဆုံး တိုနာ
ဝက်ခြံ၊အဆီပြန်တဲ့အသားအရေအတွက် တိုနာ(toner)သုံးကြတယ်။ တိုနာကို သန့်စင်တဲ့ ဆေးရည်အဖြစ်သိကြပါတယ်။ မျက်နှာသစ်ပြီးစမှာ ပိုမိုသန့်ရှင်းအောင် တိုနာသုံးရတယ်။ ပြီးမှာ အစိုဓာတ်လိမ်းဆေးသုံးရတယ်။ ခက်တာက တိုနာအများစုမှာ ပါတဲ့ပစ္စည်းတွေက လူတိုင်းနဲ့မတဲ့ပါ။ propylene glycol, harsh exfoliating acids, alcohol, mineral oil, glycerin, fragrance နဲ့ dyes ဆိုးဆေးတွေက အရေပြားကို ထိခိုက်စေတယ်။ တချို့ဝက်ခြံပိုထွက်တာရှိတယ်။ အဲလိုမဖြစ်အောင် လူတိုင်းနဲ့သင့်တော်တဲ့ အိမ်လုပ်တိုနာလုပ်နည်းကို ဖော်ပြပါမယ်။ ဒီနည်းက ဝက်ခြံ၊အဆီပြန်တဲ့အသားအရေအတွက် အထူးကောင်းမွန်တယ်။
Toner လုပ်ဖို့ ဘာတွေလိုလဲ
လက်ဖက်စိမ်းရည်(green tea) - ခွက် လေးပုံသုံးပုံ
ပန်းသီးရှာလကာရည်(apple cider vinegar) - ခွက် လေးပုံတစ်ပုံ
လက်ဖက်စိမ်းရည်နဲ့ ပန်းသီးရှာလကာရည်ကို ရောပြီး ဂွမ်းနဲ့ တို့လိမ်းပေးရမှာဖြစ်ပါတယ်။ပန်းသီးရှာလကာရည်ရွေးတဲ့အခါ အဖြူထက် အညိုရောင်အနှစ်ပါတာပိုကောင်းတယ်။ ဖြစ်နိုင်ရင် bragg တံဆိပ်ရွေးပါ။ တချို့စီးတီးမတ်တွေမှာ ဝယ်လို့ရနိုင်တယ်။ acetic acid ပါတယ်။ လက်ဖက်စိမ်းရည်က pH level ထိန်းညှိပေးတယ်။ အာနိသင်ကောင်းဖို့ မျက်နှာသစ်ပြီး ညစဉ်သုံးဖို့တော့လိုတယ်။ တခါရောပီးသား toner အရည်ဟာ နှစ်ပတ်ထိပဲ သုံးလို့ရတယ်။
ဘာအာနိသင်တွေရှိလဲ
(၁) Green tea က အရောင်ကျတယ်။ အင်တီအောက်စီးဒင့်အာနိသင်ရှိတယ်။ အရေပြားပျက်စီးတာကို ကာကွယ်နိုင်တယ်။ အသက်အရွယ်ကြောင့် အရေပြားတွန့်တာကို ကာကွယ်ပေးတယ်။ ဝက်ခြံအမဲစက်တွေမှာ ကောင်းတယ်။
(၂) apple cider vinegar ကacetic acid ပါလို့ အရေပြား သဘာဝ pH ကို ထိန်းညှိပေးတယ်။ ဝက်ခြံပေါက်တာက pH မြင့်တက်လာလို့လည်း ဖြစ်နိုင်တယ်။ acetic acid က ဗက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးတယ်။
အနံ့နဲ့ အာနိသင်ပိုကောင်းအောင် အဆီတွေလည်း ထည့်လို့ရသေးတယ်။Essential oil ထဲ့ရင် ၂-၅စက်ထက် ပိုမထည့်သင့်ဘူး။
- Orange essential oil (အဆီဂလင်းကိုထိန်းပေးတယ်။ ကိုလာဂျင်ထွက်စေတယ်)
- Lavender essential oil (ပိုးသေစေတယ်။အရောင်ကျစေတယ်)
- Lemon juice (အသားရောင် ကြည်လင်စေတယ်။ အရေပြားတင်းရင်းစေပြီး အမဲစက်တွေကို ကာကွယ်ပေးတယ်။ အမာရွတ်အတွက်လည်းအသုံးဝင်တယ်)
နေ့စဉ်မျက်နှာမှာ သုံးခြင်းအားဖြင့် အဆီပြန်ခြင်းကင်းစေတယ်။ ချွေးပေါက်ကျဉ်းစေတယ်။ အရေပြားတင်းရင်းစေတယ်။ pH level ထိန်းညှိပေးလို့ ဝက်ခြံမထွက်အောင်လည်း ကာကွယ်ပေးနိုင်တယ်။ ဒီနည်းက အဆီပြန်တဲ့လူတွေနဲ့ သင့်တော်တဲ့ အလွယ်ဆုံး အိမ်လုပ်တိုနာ တမျိုး ဖြစ်တယ်။
Credit Dr. Aye Min Htoo
31/03/2023
I'AURA Gel
ဝက်ခြံသမားတွေတွက် အဓိကသုံးသင့်တာလေး
တနေ့နှစ်ကြိမ်သုံးပေးခြင်းဖြင့်
မျက်နှာအသားရည်ကိုစိုပြေကြည်လင်ဝင်းပစေပါတယ်
အသားအရေခြောက်သွေ့ခြင်းမှလဲကင်းဝေစေပါတယ်
ဝက်ခြံများကိုလျော့ပါးစေပြီး နောက်ထပ်မထွက်အောင်လဲကာကွယ်ပေးတယ်
နူးညံ့ ချောမွေ့ စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်ချင်သူတိုင်းသုံးစွဲသင့်တဲ့
1 ဝက်ခြံချပ်
2 အဆီဖုချပ်
3 အမဲစက်ပျောက်
4 ရေဓာတ်ဖြည့်
6 အသားအရည် တင်းတင်းရင်းရင်းဖြစ်စေနိုင်
စတဲ့ အကျိုးအာနိသင် ကို ဒီတမျိုးထဲ နဲ့ ရရှိစေမှာပါ
Aloe Vera Gel 12900ks
09454831187
27/03/2023
ဝက်ခြံတွင်ရှောင်ရမည့်အစားအစာများ.. 📩📩
(၁) ဝက်ခြံထွက်စဉ် နို့နဲ့ နို့ထွက်ပစ္စည်းတွေ အဓိကရှောင်သင့်တယ်။ အထူးသဖြင့် ရောင်ရမ်းနာဝက်ခြံတွေမှာပါ။ နွားနို့က ဝက်ခြံပေါက်ခြင်းနဲ့ ဆက်စပ်နေတယ်။ နွားနို့သောက်ခြင်းဟာ IGF-1 ပမာဏကို 10-20% နှုန်း မြှင့်တက်စေတယ်။ နို့ထွက်ပစ္စည်းမှာပါတဲ့ betacellulin ဓာတ်က ဆဲလ်ကွဲပွားခြင်းနဲ့ မျက်နှာအဆီပြန်ခြင်းကို ဖြစ်စေပြီး ဝက်ခြံထွက်လာစေတယ်။
(၂) ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။ သွေးတွင်း ဂလူးကို့စ်ပမာဏ ရုတ်တရက်တက်ရင် အင်ဆူလင်ပမာဏရုတ်တရက်များပြီး အဆီဂလင်းက ပိုထုတ်ရတယ်။ ချောကလက်စားပြီး ၄ ရက်မြောက်နေ့မှာ ဝက်ခြံဖြစ်နှုန်း ၁၄၀% တိုးပွားလာပြီး (၇) ရက်မြောက်နေ့မှာ ၁၆၀ % ထိ တိုးပွားလာတာတွေ့ရတယ်။ ဒါ့ကြောင့် ချောကလက်စာစတာတွေ ဝက်ခြံထွက်စဉ်ရှောင်ရမယ်။
(၃) ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ insulin ပမာဏကို ရုတ်တရက် မြှင့်တက်စေနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။ ဒီအချက်ကြောင့် ခေါက်ဆွဲခြောက်ထုပ်နဲ့ အသင့်စားတွေ ရှောင်ရတာဖြစ်တယ်။
(၄) ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊whey protein တွေလည်း ရှောင်သင့်တယ်။ တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။ သီအိုရီတစ်ခုအရ အဆီဂလင်းကထုတ်တဲ့ sebum နဲ့ ကြက်ဥအနှစ်က ပါဝင်ဖွဲ့စည်းပုံချင်းတူလို့ ဖြစ်တယ်။
(၅) အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးချောင်းကြော်တွေဖြစ်ပါတယ်။ ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့ လိုပါတယ်။
Credit Dr. Aye Min Htoo
27/03/2023
သုံးဖူးသူတိုင်း ထပ်ပြီးသုံးဖြစ်နေတယ်ဆိုရင် သူမှာအကြောင်းတစ်ခုခုတော့ရှိမယ်.?
ဘာကြောင်းလည်းဆို Aloe Vera Gel ရဲ့အံ့မခန်း ကောင်းကြောင်းကောင်းတွေပါ
ဝက်ခြံနှင့်ခြောက်သွေ့သောအသားအရေအတွက် အစိုဓာတ်ထိန်း Gel ကိုမဖြစ်မနေအသုံးပြုရမှာပါ။
တစ်ဘူးထဲစမ်းအသုံးပြုကြည့်ရုံဖြင့် ALOE VERA Gel သိသာသောရလဒ်ကိုရရှိစေမှာဖြစ်ပါတယ်။မျက်နှာအသားအရေကိုပြန်လည်စိုပြေစေပြီး မျက်နှာတွင်းပိုင်းမှရေဓာတ်ကိုထိန်းသိမ်းပေးကာ ဝက်ခြံနှင့်အဆီဖုများကိုလျှော့ကျစေတယ်။
#တောင်ကိုရီးယားနိုင်ငံJejuကျွန်းမှစိုက်ပျိုးထုတ်လုပ်သောသဘာဝရှားစောင်းလက်ပတ်နှင့်Collagenတို့ပါဝင်ပါသည်။
မြို့နယ်ပေါင်း 90 ကျော်ကိုအိမ်အရောက် ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည် ။
Aloe Vera Gel 12900ks
09-454831187
26/03/2023
ALOE VERA Gel သည်အသားအရေကိုပြန်လည်စိုပြေစေပြီး မျက်နှာတွင်းပိုင်းမှရေဓာတ်ကိုထိန်းသိမ်းပေးကာ ဝက်ခြံနှင့်အဆီဖုများကိုလျှော့ကျစေတယ်။
#တောင်ကိုရီးယားနိုင်ငံJejuကျွန်းမှစိုက်ပျိုးထုတ်လုပ်သောသဘာဝရှားစောင်းလက်ပတ်နှင့်Collagenတို့ပါဝင်ပါသည်။
👩🔬အရေပြားအထူးကုဆရာဝန်ကြီးများ၏ထောက်ခံချက်လက်မှတ်များနဲ့အတူGMP,ISOလက်မှတ်များရရှိထားပြီးနိုင်ငံတကာအဆင့်မှီစက်ရုံမှ ထုတ်လုပ်ထားသောကြောင့် စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါသည်။
price - 12900 ks
26/03/2023
ဲ့AloeVeraGelဒီနာမည်သာမန်ပေါ့သေးသေးတော့မဟုတ်ပါဘူး😊
#ဝက်ခြံလျော့နည်း စေတဲ့နေရာမှာတော့ကျွန်မတို့ကနံပါတ်တစ်နေရမှာရှိပါတယ်
#အသားအရေထန်းသိမ်းတဲ့နေရာမှာလည်း ဘယ်သူ့နောက်ကမှမဟုတ်ဘူးနော်
ရှားစောင်းလက်ပတ်ဂျယ်ရဲ့ကောင်းမြတ်ခြင်းတွေကအဲဒီလောက်နဲ့မကုန်သေးပါဘူး
ပြုစု ကာကွယ် ထိန်းသိမ်း #တစ်ဘူးထဲမှာအပြည့်အစုံပါဝင်လို့
အခြားပုံစံအမျိုးမျိုးနဲ့လည်းသုံးလို့ရပါသေးတယ်
စမ်းပြီးသုံးကြည့်စေချင်ပါတယ် သုံးပြီးသွား
ရင်တော့အရည်အသွေးတွေနှစ်သက်သွားပါလိမ့်မည် 💚
#အော်ဂဲနစ်ရှားစောင်းလက်ပတ် ဲ့ရှားစောင်းလက်ပတ်
price - 12900 ks
26/03/2023
#ချွေးပေါက်ကျဉ်းအောင်ဒါတွေနေ့စဥ်လုပ်ပါ 📧
(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)
(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။
(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။
(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဥ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။
အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆ်ိုင်နိုင်ကြပါစေ။
Credit .Dr Aye Min Htoo
24/03/2023
ဝက်ခြံမထွက်အောင် ဘာတွေလုပ်သင့်လဲ
(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်-သုံးကြိမ် ထက် မျက်နှာပိုမသစ်ပါနဲ့)
(၂) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၃) အဆီပြန်တဲ့ မျက်နှာမှာ လိမ်းဆေးအဆီ oil ဆွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။
(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။
(၅) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ဆီကြော်စာ ၊နို့၊ကြက်ဥ၊ ပင်လယ်စာ မစားပါနဲ့။ အသီး၊အရွက်၊အစေ့အဆန်၊ အိုမီဂါသရီးပါတာ များများသားပေးပါ။ ရေများများသောက်ပါ။ အားဆေးတွေထဲမှာ vitamin A,C,B3,B5 ပါတာတွေ ကောင်းတယ်။
(၆) လိမ်းဆေးတွေထဲမှာ AHA(alpha hydroxy acids) နဲ့ BHA( beta hydroxy acids) ပါတာတွေ ပြောင်းလိမ်းပါ။ ဒီ chemical လိမ်းဆေးတွေက ဝယ်လို့ရတယ်။ အဆီဂလင်း ဖွဲ့စည်းမှုကို တားဆီးတဲ့ပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တယ်။ ဒီထဲမှာ BHA (salicylic acid)က ပိုကောင်းတယ်။
(၇) ဝက်ခြံထွက်နေစဉ် whitening cream, နေလောင်ကာတွေ မသုံးပါနဲ့။ အရည်ကျဲတဲ့ serum နဲ့ essence စတာတွေ ပြောင်းလဲသုံးစွဲသင့်တယ်။
(၈) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် cream တွေကြောင့်ဖြစ်တာ တွေ့ရှိရတယ်။
Credit Dr. Aye Min Htoo
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
