Natural SeaSar

Natural SeaSar

Share

သဘောဝ အဆီအနှစ်များနဲ့ပြုလုပ်တဲ့Skincare

04/10/2024

Natural SeaSar Page မှကြိုဆိုပါတယ်
ဒီ Page က post တင်ရင် error ဖြစ်နေလို့ပါ။
NSeaSar Page တွင်
သဘာဝပစ္စည်းများနဲ့ လှပအောင် ပြုလုပ်နည်းများကို မျှဝေထားပါတယ်ရှင့်
အောက်ကလင့် မှ တဆင့်ဝင်ရောက်လို့ရပါတယ်ရှင့်
https://www.facebook.com/profile.php?id=61564251073733&mibextid=ZbWKwL

NSeaSar Make Beauty with Nature

Photos from Natural SeaSar's post 20/06/2022

ဝက်ခြံ
ဝက်ခြံ ဆိုတာ မွှေးညှင်းပေါက်အရင်းမှာရှိတဲ့ အဆီအိတ်လေးတွေနဲ့ဆဲလ်သေတွေ၊မိတ်ကပ်၊ဖုန်မှုန့်၊အညစ်အကြေးတွေ ပေါင်းစပ်ပြီး မွှေးညင်းပေါက်လေးတွေကိုပိတ်ဆို့တဲ့အခါဖြစ်လာပါတယ်။

ဝက်ခြံဖြစ်ရခြင်းအကြောင်း
Androgen ဟော်မုန်း က အဆီအိတ်တွေကိုပိုကြီးထွားစေလို့ အဆီပိုထွက်စေပြီး ဝက်ခြံပိုဖြစ်စေတယ်။ယောကျာ်း​ေတွမိန်းကလေးတွေ အရွယ်ရောက်လာရင် Androgen ဟော်မုန်းအထွက်များပါတယ်။
ကိုယ်ဝန်တားဆေးကြောင့် ထွက်တဲ့ ဟော်မုန်းကလဲ အဆီပိုထွက်စေလို့် ဝက်ခြံပိုဖြစ်စေတယ်။
Steroid ပါတဲ့ဆေးတွေ၊Androgen နဲ့Lithiumပါတဲ့ဆေးတွေကလည်း ဝက်ခြံပိုထွက်စေပါတယ်။
သကြားဓာတ်များတဲ့အစားအစာ၊ကာဗွန်ဟိုက်ဒရိတ် ပါတဲ့အစားအစာတွေကလည်း ဝက်ခြံဖြစ်ခြင်းကိုအားပေးစေပါတယ်။

ဝက်ခြံသက်သာဖို့လုပ်ဆောင်ရန်
အပြင်က ပြန်လာရင် မိတ်ကပ်ဖျက်ပါ။
မျက်နှာကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီးမှ အိပ်ရာဝင်ပါ။
ဝက်ခြံကို ကုတ်ခြစ်ခြင်းများရှောင်ပါ။
အဆီများသော အလှကုန်များမလိမ်းပါနဲ့။
နေ့စဥ် ရေများများသောက်ပါ။ရေဓာတ်ပါတဲ့ အစားအစာများစားပေးပါ။(သစ်သီးများ)
ဝမ်းမချုပ်ပါစေနဲ့။

ဝက်ခြံအတွက် သဘာဝနည်းများ
ပျားရည်(Honey) က အသားအရေ အတွက် အလွန်ကောင်းတဲ့ ဆေးတခုပါ။ဝက်ခြံ များ ကို လိမ်းပေးလျှင်သက်သာစေတယ်။ ဝက်ခြံညှစ်ပြီးလျှင်လဲ ပျားရည် လိမ်းပေးပါက အနာကျက်မြန်စေပြီး အမာရွတ်များကျန်ခြင်းကိုသက်သာစေတယ်။

Tea tree အဆီ က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကိုသေစေပြီး ၊မျက်နှာအဆီပြန်ခြင်းကို လျော့ချပေးပါတယ်။ချွေးပေါက်အတွင်းက ပိတိဆို့နေတဲ့အညစ်အကြေးများကို သန့်စင်ပေးရာမှာ ကူညီပေးတယ်။

ရှားစောင်းလက်ပတ် (Aloe) က အသားရည်ကို ရေဓာတ်ဖြည့်ပေးတယ်။ရောင်ရမ်းနေတဲ့ ဝက်ခြံများကို ရှားစောင်းလက်ပတ် အနှစ် ကပ်ပေးခြင်းဖြင့် သက်သာစေတယ်။

Credit -on doctor မှကောက်နုတ်မျှဝေ

Photos from Natural SeaSar's post 18/06/2022

လူတိုင်း မှာပင်ကိုယ်အလှတရားတွေရှိကြပါတယ်။ဒါပေမဲ့ မျက်နှာပေါ်က ဆဲလ်သေများနဲ့အဆီ၊ဖုန်မှုန့်တို့်ပေါင်းစပ်သွားတာကြောင့် မျက်နှာကိုမဲညစ်ပြီး ဝက်ခြံ၊ဆားဝက်ခြံတွေ ထွက်လာစေပါတယ်။ဒီလို အလှအပျက်စေတဲ့ အရာများကို ဖယ်ရှားပေးဖို့
ကော်ဖီ မှုန့် ၂ဇွန်း
့Vitamin E ၁လုံး
ရှားစောင်းလက်ပတ် အနှစ် ၁ဇွန်း
ပျားရည် ၁ဇွန်း အားလုံးကို ရောမွှေပြီး မျက်နှာပေါ် လိမ်းပေးပါ။ မိနစ်၃၀ခန့်ထားပြီး ရေအေးနှင့်မျက်နှာသစ်ပေးပါ။ တပတ်တကြိမ် ပုံမှန်လုပ်ပေးခြင်းဖြင့် မှန်ကြည့်တိုင်း စိတ်ချမ်းသာတဲ့မျက်နှာလေးကို ရရှိစေပါတယ်။
အလုပ်များတဲ့သူများအတွက် Natural SeaSar က ကော်ဖီ၊ Vitamin E၊ ဒိန်ချဥ်၊ ပျားရည်၊ ရှားစောင်းလက်ပတ် ၊Shea butter၊ Rosemary ဆီ၊ Peppermint ဆီ တို့နဲ့ ပေါင်းစပ်ထားသော မျက်နှာသစ် ဆပ်ပြာထုတ်ပေးလိုက်ပါပြီ။
သဘောဝ ကော်ဖီ မျကိနှာသစ် ဆပ်ပြာကို နေ့နှင့်ည ပုံမှန်သုံးစွဲပေးခြင်းဖြင့် ဖုံးကွယ်နေတဲ့ ပင်ကိုယ်အလှများကို ပြန်လည်ရရှိစေပါတယ်။

Photos from Natural SeaSar's post 10/06/2022

တနေ့လုံး ဖုန်းနဲ့ကွန်ပြူတာနဲ့အလုပ်ရှုပ်သူတွေမှာ မျက်လုံးအာရုံအလွန်စိုက်ရလို့ တဖြည်းဖြည်းမျက်အိဖောင်းတာ၊မျက်ကွင်းညိုတာ၊မျက်လုံးနီမြန်းတာတွေ ြဖစ်တတ်ပါတယ်။အဲလိုမျိုးဖြစ်နေတဲ့မျက်နှာက အသက်အလွန်ကြီးနေတဲ့ပုံဖြစ်စေပါတယ်။မျက်လုံးလေးအနားပေးရင်း မျက်လုံးတဝိုက်အသားရည်ပျက်စီးမှုကို သက်သာစေတဲ့အလွယ်ဆုံးနည်းလေးများကိုမျှဝေပေးလိုက်ပါတယ်။

သခွားသီး လေးကို ပါးပါးလေးလှီးပြီး မျက်ခွံနဲ့ မျက်ကွင်းပေါ် ၁၀မိနစ်ခန့် ကပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။

လက်ဖက်ခြောက်အိတ်
သောက်ပြီး လက်ဖကိခြောက်ထုပ်ကို ရေခဲကိုရေခဲသေတာထဲ ၃၀မိနစ်ခန့်ထားပြီး ရင် မျက်လုံးပေါ် ၁၀မိနစ်ခန့်တင်ပေးခြင်းဖြင့်လဲ သက်သာစေပါတယ်။

နှင်းဆီပေါင်းခံရည် ကို ဂွမ်းလုံးနဲ့ စွတ်ပြီး မျက်ခွံနဲ့ မျက်ကွင်းပေါ် ၂၀မိနစ်ခန့် ထိထားပေးခြင့်ဖြင့် သက်သာစေပါတယ်။

ရှားစောင်းလက်ပတ် ရဲ့အတွင်းပိုင်းဂျယ်အနှစ်ကိုယူပြီး ရေခဲသေတာ ထဲပြီးခဲထားပါ။ ရလာတဲ့ ရှားစောင်းလက်ပတ် ရေခဲ တွေကို မျက်လုံးတဝိုက်ကပ်ပေးခြင့်ဖြင့် သက်သာစေပါတယ်။

အပေါ်က ပြောပြထားတာတွေကို လုပ်ဖို့ အရမ်းအလုပ်များနေရင်

နှင်းဆီပေါင်းခံရည်
ရှားစောင်းလက်ပတ် အဆီ
လက်ဖက် အဆီ တို့နဲ့ပေါင်းစပ်ထားတဲ့ Natural SeaSar ရဲ့မျက်နှာလိမ်းခရင် ကို မျက်လုံးတဝိုက်လိမ်းပေးခြင်းဖြင့် မျက်ကွင်းညိုခြင်း၊မျက်အိတ်ဖောင်းခြင်း၊မျက်ခွံတွဲကျခြင်း နဲ့မျက်လုံး တဝိုက် အရေးကြောင်းများကို သိသာစွာ သက်သာစေပါတယ်။ရွှန်းလဲ့တောက်ပတဲ့ မျက်လုံးလေးကိုရရှိစေပါတယ်။

Photos from Natural SeaSar's post 08/06/2022

Natural SeaSarရဲ့မျက်နှာလိမ်းခရင်မှာပါတဲ့ Green tea oil ရဲ့ အသားရည်အတွက်ကောင်းကျိုးများ

Green tea oil ( လက်ဖက်ဆီ)
-ဝက်ခြံ၊ဆားဝက်ခြံများကိုပျောက်ကင်းစေတယ်။
-အရေပြားအတွင်းပိုင်းထိ ရေဓာတ်ဖြည့်ပေးလို့ မျက်နှာအဆီပြန်ခြင်းကင်းပြီး အသားရည်စိုပြေစေတယ် ။
-နေရောင်ခြည်UV​ ကြောင့်ြဖစ်တဲ့ နေလောင်ဒဏ်များကို ကုပေးတယ်။
-မျက်နှာပေါ် ကဆဲလ်သေများကို ဖယ်ရှားပေးပြီး အရေးကြောင်းများကိုလျော့ပါးစေလို့ အရွယ်တင်နုပျိုစေတယ်။
-မျက်ကွင်းညိုခြင်း၊မျက်အိတ်ဖောင်းခြင်းများကို သက်သာစေတယ်။

Photos from Natural SeaSar's post 07/06/2022

Tea Tree အဆီရဲ့ကောင်းကျိုးများ
ဝက်ခြံများကို သက်သာပျောက်ကင်းစေတယ်။ဝက်ခြံများ နောက်ထပ်မဖြစ်အောင်ကာကွယ်ပေးတယ်။
မျကိနှာပေါ်က အမဲစက်များ၊နေလောင်ကွက်များကို ပျောက်ကင်းစေတယ်
မျက်နှာအသားရည်ခြောက်သွေ့ြခင်း၊မျက်နှာအဆီပြန်ပြီးမဲညစ်ခြင်းများကို Tea treeအဆီက ရေဓာတ်ပြန်လည်ဖြည့်ပေးလို့် အသားရည်ဖြူဝင်းစိုပြေစေတယ်

ဦးရေပြားဘောက်ထခြင်း၊သန်းများခြင်းအတွက် Tea treeအဆီအနည်းငယ်ကို shampoo ထဲထည့်ပြီးခေါင်းလျှော်ပေးခြင်းဖြင့် ဘောက်နဲ့ သန်းများကိုသေစေတယ်။နောက်ထပ် သန်းများမနေနိုင်အောင်ကာကွယ်ပေးတယ်။

ပွေး၊နှင်းခူရောဂါများအတွက် အုန်းဆီလက်ဖက်စားဇွန်းတစ်ဇွန်းကို Tea treeအဆီအနည်းငယ်နဲ့ရောပြီးလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေတယ်

ပိုးမွှားကိုက်လို့ယားယံခြင်းအတွက် Tea treeအဆီလိမ်းပေးခြင်းဖြင့်သက်သာစေပါတယ်။

အသားမာများ၊ခြေထောက် သဲဝဲများ ဖြစ်တဲ့နေရာကို Tea treeအဆီလိမ်းပေးပြီး ပတ်တီးပါးပါးစည်းထားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေတယ်။

ကြွက်နို့စဖြစ်ဖြစ်ချင်း ဂျိုဂျိုဘားအဆီနဲ့Tea treeအဆီရောပြီး လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေတယ်။

06/06/2022

Natural SeaSar ရဲ့ မျက်နှာလိမ်းခရင်ကို
ကော်ဖီ
နှင်းဆီပန်းအဆီ
ကော်လာဂျင်(Collagen)
ဗီတာမင် အီး(VitaminE )
ဗီတာမင် စီ(Vitamin C)
Hydraulic acid
ဂျိုဂျိုဘားဆီ(JoJoba oil)
ရှားစောင်းလက်ပတ်
ထောပတ်သီးအဆီ
လက်စိမ်း
ပျားရည်
ရှီးဘတ်တာ
Chamomile
YlangYlang
သဘာဝ အဆီနှစ်များစွာ ပါဝင် သောကြောင့်အပြစ်အနာဆာကင်း မျက်နှာအသားရည်ဖြူဝင်းပြီး ကြည်လင်တောက်ပစေပါတယ်

06/06/2022

Natural SeaSar ရဲ့ မျက်နှာလိမ်းခရင်ကို နေ့နှင့်ညပုံမှန်သုံးစွဲပေးခြင်းဖြင့်
ဝက်ခြံ၊တင်းတိတ်၊မှဲ့ခြောက်နေလှောင်ကွက်၊အမဲစက်များကို ပျောက်ကင်းစေတယ် ။
မျက်နှာအသားရည်ခြောက်သွေ့ခြင်း၊အဆီပြန်ခြင်းများကိုသက်သာတယ်။
ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားရည်ဖြူဝင်းတောက်ပစေတယ်။
အရေးကြောင်းများကို လျော့ပါးစေလို့ အရွယ်တင်နုပျိုစေတယ် ။
မျက်နှာအသားရည်ကို စိုစိုအိအိလေးနဲ့ Glow စေတယ်

05/06/2022

မျက်နှာလေးဖြူဝင်းစေပြီး အဆီနဲ့ဝက်ခြံများ ကိုပျောက်ကင်းစေတဲ့ Coffee နဲ့ ဒိန်ချဉ် ပေါင်းစပ်ထားတဲ့ သဘာဝအသားဖြူ မျက်နှာသစ်ဆပ်ပြာ

01/06/2022

မင်္ဂလာပါ Natural SeaSar brand မှ ကြိုဆိုပါတယ်🙏

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay