Mavis Thinzar Phyoe

Mavis Thinzar Phyoe

Share

🌷

01/04/2025

ငလျင်လို သဘာဝဘေးအန္တရာယ်တွေကြုံရရင် ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေ၊ နှလုံးသားတွေ၊ မျှော်လင့်ချက်တွေ တုန်လှုပ်ပျက်ဆီးရတဲ့အပြင် မြေအောက်ရေတွေလဲ ပျက်ဆီးဆုံးရှုံးကြရပါတယ်။
မြေငလျင်ကြောင့် မြေအောက်ရေဆိုးစနစ်တွေနဲ့ မြေအောက်မိလ္လာရေဆိုးကန်တွေ ပြိုကျပျက်ဆီးနိုင်ပြီး မသန့်ရှင်းတဲ့ရေတွေဟာ မြေအောက်/မြေပေါ် ရေတွေထဲကို ရောနှောဝင်ရောက်လာကာ နဂိုသန့်ရှင်း‌နေတဲ့ ‌ရေအရင်းအမြစ်တွေထဲ ကျန်းမာရေး အန္တရာယ်ဖြစ်‌စေတဲ့ ပိုးမွှားနဲ့ ဓာတ်ပစ္စည်း‌တွေ ရောနှောဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဝမ်းရောဂါကပ်တွေပါ နောက်ဆက်တွဲဖြစ်လာနိုင်လို့ မိမိအသုံးပြု၊ သောက်သုံးမယ့်ရေဟာ သန့်ရှင်းဖို့ အထူးအရေးကြီးလာပါတယ်။

အရေးပေါ်အခြေအနေမှာ သောက်ရေပြဿနာဖြေရှင်းနည်းတွေကို ဖတ်ဖူးသလောက် ပြန်မျှဝေပေးပါမယ်။ သောက်ရေသန့်ဗူးတွေရှိရင်တော့ အရေးပေါ်အခြေအနေမှာ သောက်ရေသန့်ဗူးတွေကို အရင် အားထားသင့်ပါတယ်။ အခုအောက်မှာဆက်ပြောမယ့် နည်းလမ်းတွေကတော့ သောက်စရာ စိတ်ချရတဲ့ ရေသန့်ဗူးမျိုး မရနိုင်တဲ့ အနေအထားမျိုးအတွက် ဖြစ်ပါတယ်။

Standard guideline အရတော့ နည်းကတော့ ၃ နည်းရှိတယ်လို့ အကြမ်းဖျင်းခွဲလို့ရမယ်။

1. Boiling - ကျိုချက်တဲ့နည်း

2. Disinfecting - ပိုးသတ်နည်း

3. Filtering - ဇကာစစ်နည်း

1. Boiling - ကျိုချက်တဲ့နည်း
Guideline အရကတော့ ရေကို အနည်းဆုံး ပွက်ပွက်ဆူနေအထားမှာ 1 မိနစ် ကျိုချက်ရပါမယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ 6500 အထက်ဆိုရင် 3 မိနစ်ကျိုချက်ရပါမယ်။ ရေက အနည်အမှုန်အရမ်းများတဲ့ အနေအထားဆိုရင် Boiling မလုပ်ခင် 3 pots sedimentation လိုမျိုး အိုး ၃ အိုးနဲ့ အနည်ထိုင်စေခြင်းနည်းကို လုပ်သင့်ပါတယ် (သို့) filter၊ အဝတ်ဇကာ၊ coffee filter စသဖြင့် ရှိရင် filter နဲ့ အရင်စစ်တာမျိုးလုပ်သင့်ပါတယ်။ 3 pot sedimentation ဆိုတာ အနည်ပါတဲ့ ရေကို ပထမအိုးထဲထည့်၊ အနည်ထိုင်ပြီဆိုမှ အပေါ်ရေကြည်ကို ဒုတိယအိုးထဲ ထပ်ပြောင်း၊ ထပ်အနည်ထိုင်စေပြီး ဒုတိယအိုးက ရေကြည်ကို နောက်တတိယအိုးထဲထပ်ထည့်ပြီးမှ နောက်ဆုံး တတိယအိုးက အပေါ်ရေကြည်ကို ယူတဲ့ နည်းပါ။ အနည်ထိုင်ချိန်ကို အနည်းဆုံး ပထမအိုးမှာ ၁-၆ နာရီ၊ ဒုတိယအိုးမှာ ၁-၂ နာရီ၊ တတိယအိုးမှာ ၀-၃၀ မိနစ် အနည်းဆုံး အနယ်ထိုင်ချိန်ပေးရပါမယ်။ ရေအနည်ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး အနည်ထိုင်ချိန်တွေ ကွာနိုင်ပါတယ်။ ဘယ်လိုပြောပြော အရေးပေါ်အခြေအနေမှာ ရေကို အမြင်အရပဲ အရင်ဦးစွာ ဆုံးဖြတ်ရမှာပါ။ ရေကို စနစ်တကျ ကျိုချက်ခြင်းက ရေထဲက ပိုးမွှားတွေ၊ bacteria, virus တွေနဲ့ parasites တွေကို ‌ေ-သ စေနိုင်ပါတယ်။ ကျိုချက်ပြီးရင်တော့ ရေကို သန့်ရှင်းပြီး လုံခြုံတဲ့ ဗူး/ပုလင်းတွေထဲ ထည့်သွင်းသိုလှောင်သင့်ပါတယ်။

2. Disinfecting - ပိုးသတ်နည်း
ရေကို ကျိုချက်ဖို့ လုံးဝအဆင်မပြေတဲ့ အရေးပေါ် အနေအထားမျိုး၊ ကိုယ့်ဆီမှာ ‌အရေးပေါ် ရေသန့်ဆေးရည်၊ ဆေးပြား၊ ကလိုရင်းအရည်/အနံ့မပါတဲ့ household chlorine bleach လိုမျိုး chemical ရှိခဲ့ရင် အဲ့ဒါတွေနဲ့ ပိုးသတ်လို့ရပါတယ်။ အိမ်သာသုံး bathroom bleach ၊ အနံ့ ထည့်ထားတဲ့ bleach တွေ လုံးဝမသုံးရပါ။ ရှေ့ကလိုပဲ အနည်များတဲ့ ရေဆို အနည်အရင်စစ်ပြီးမှ chemical disinfection လုပ်သင့်ပါတယ်။ chemical ဗူးပေါ်က instruction တွေကို သေချာဖတ်ပြီးမှ chemical ကို ရေထဲ ထည့်သင့်ပါတယ်။ Chlorine ခပ်ပြီးရေကို အနည်းဆုံး မိနစ် ၃၀ စောင့်ပြီးမှ သုံးစွဲသင့်ပါတယ်။ အကယ်လို့ instruction အညွှန်း မပါဘူးဆိုရင် ဗူးပေါ်မှာပါတဲ့ sodium hypochlorite ရဲ့ % ကို ကြည့်ပြီး comment ထဲက ဇယားနဲ့ တိုက်ကြည့်လို့ရပါတယ်။ အချို့အရေးပေါ်သုံး ရေသန့်ဆေးပြားတွေကိုသုံးမယ်ဆိုလဲ ဆေးပြားရဲ့ အညွှန်းကို သေချာဖတ်ဖို့ အကြံပြုပါတယ်။ Chlorine disinfection စနစ်က bacteria နဲ့ virus ကို ထိန်းချုပ်နိုင်ပေမယ့် resistance ကောင်းတဲ့ parasites အချို့ (Cryptosporidium , Giardia, etc) ကို ထိန်းချုပ်ဖို့ ခက်ခဲတတ်တာကို ဂရုပြုရပါမယ်။ ကိုယ့်ဆီမှာ ရှိနေတဲ့ ရေသန့်ဆေးရည်၊ ဆေးပြားတွေ အသုံးမပြုတတ်တာမျိုးဖြစ်နေရင် ကျွန်တော့ကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်။ (WaterLab by Dr. Sai Consultation Hotline (Viber): 09965718943)

ပိုးသတ်နိုင်တဲ့ chemical မရှိတဲ့ အခြေအနေမျိုးမှာဆိုရင် နေရောင်ခြည်အသုံးပြုပြီး ပိုးသတ်နိုင်ပါတယ်။
Solar Water Disinfection (SODIS) ပြုလုပ်ရန် ရေ၊ ရေထည့်ရန် သန့်ရှင်းသော ပလက်စတစ်ရေဗူး (PET ဗူး) အကြည် နဲ့ နေရောင်ခြည် လိုအပ်ပါတယ်။

၁။ ရေဗူးအကြည်ထဲ ရေထည့်ပါ။ ရေကို အရင်ဦးဆုံး အတိုင်းအတာ တစ်ခုထိ အတတ်နိုင်ဆုံး ကြည်လင်အောင် ဇကာစစ်/အနည်ထိုင်ပြီးမှ အသုံးပြုနိုင်ရင် ပို‌ထိရောက်ပါတယ်။
၂။ နေ‌ရောင်တိုက်ရိုက် ကျသောနေရာမှာ ရေဗူးကို အနည်းဆုံး ၆ နာရီ ထားထားရပါမယ်။ တိမ်ထူးရင်တော့ အနည်းဆုံး ၂၄ နာရီ ထားရပါမယ်။
၃။ နေရောင်ထဲက UV ဓာတ်ရောင်ခြည်က ရေထဲမှာရှိနေနိုင်တဲ့ bacteria, virus နဲ့ parasite တွေကို ‌tay စေနိုင်ပါတယ်။
၄။ ရေဗူးကို အလင်းပြန်နိုင်တဲ့ သွပ်ပြား၊ သံပြား‌မျိုးတွေပေါ်မှာ ထားရင် ပိုမိုထိရောက်တဲ့ SODIS စနစ်ကို ရစေပါတယ်။ (Comment ထဲမှာ ပုံထည့်ထားပါတယ်။)

3. Filtering - ဇကာစစ်နည်း
ကျွန်တော့ တစ်ဦးထဲ အမြင်ဆိုရင် filtering လုပ်တာတစ်ခုထဲက safe မဖြစ်ပါဘူး။ Filtering နည်းက parasites တွေကို ဖယ်ရှားတာ အဆင်ပြေပေမယ့် bacteria နဲ့ virus ကိုထိထိရောက်ရောက်ဖယ်ရှားနိုင်ဖို့ကတော့ filter ရဲ့ membrane အမှေးပါးဇကာ အပေါက်အကျယ်၊ အမျိုးအစား၊ brand တွေပေါ် အများကြီးမူတည်ပါသေးတယ်။ Filtering နည်းကို မဖြစ်မနေ သုံးရမယ်ဆိုရင်တော့ ကိုယ်သုံးမယ့် filter အမျိုးအစားကို သေချာကြည့်ပါ။ အချို့ filter တွေက အနည်အမှုန်လောက်ပဲ ဖယ်ရှားပါတယ်၊ အချို့ filter တွေက ရေထဲက ပိုးမွှားတွေ၊ သတ္တုဓာတ်‌တွေ အထိ ဖယ်ရှားနိုင်ပါတယ်။ အသုံးပြုမယ့် Filter အညွှန်းစာရွက်ကို သေချာဖတ်ပါ။ Filter စနစ်တွေက တော်ရုံ မရင်းနှီးတဲ့သူတွေအတွက် အသုံးပြုရတာ ခက်ခဲတတ်လို့ ကိုယ့်ဆီက Filter အဆင်ပြေမပြေ သိချင်ရင်လဲ ကျွန်တော့ကို အချိန်မရွေး လှမ်းမေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ filter လုပ်ပြီးသားရေကို ကျိုချက်(boiling) (သို့) ပိုးသတ် (chemical disinfection) (သို့) SODIS ပြန်လုပ်ပြီးမှ သောက်သုံးတာ အကောင်းဆုံးပါ။

--------------

ဖြည့်စွက်အကြံပေးချင်တာကတော့ ရေတစ်ခုက လူ့ကျန်းမာရေးကို ဒုက္ခပေးနည်း ၂ နည်းရှိပါတယ်။

1. Microorganism (ပိုးမွှား) Bacteria, Virus, Parasites တွေက တဆင့် ဒုက္ခပေးတာရယ်

2. Chemical - ပျော်ဝင်ဓာတ်ပစ္စည်းတွေက ဒုက္ခပေးတာရယ်ပါ။

ဒီ ၂ ချက်မှာ Microorganism ပိုးမွှားတွေကတော့ လူ့ကျန်းမာရေးကို ချက်ချင်းထိခိုက်နိုင်လို့ အရေးပေါ်အခြေအနေဆိုရင် သူ့ကို ကာကွယ်ဖယ်ရှားတာက အရေးအကြီးဆုံးနဲ့ အရင်ဆုံးလုပ်ရမှာပါ။

Chemical တွေထဲမှာလဲ လူ့ကျန်းမာရေးကို ချက်ချင်းပြဿနာပေးနိုင်တဲ့ chemical တွေရှိပေမယ့် အများစုက ထိတွေ့ချိန်ကြာမြင့်လာမှ ပြဿနာပေးတာမျိုးဖြစ်လို့ တကယ် emergency အရေးပေါ် အခြေအနေဖြစ်လာရင် chemical တွေကို အသေးစိတ်လိုက်ဂရုစိုက်နေဖို့ လက်တွေ့မှာ မလွယ်ပါဘူး။ Guidelines တွေအရလည်း အရေးပေါ်အခြေအနေမှာ သောက်မယ့်ရေကို ပိုးမွှားကင်းစင်စေဖို့က ပထမဦးစားပေးဖြစ်ပြီး ပိုးကင်းပြီဆိုမှ ရေထဲက ဓာတ်ပစ္စည်းတွေကို ဒုတိယဦးစားပေးအဖြစ် စဉ်းစားကြပါတယ်။

ထပ်ပြောချင်တာ ဘယ် ပိုးသ-တ်chemical, ဘယ် filter ကိုသုံးသုံး အညွှန်းစာရွက်ကို သေချာဖတ်သင့်ပါတယ်။ သောက်ရေသန့်ဗူး အနီးအနားမှာ ရနိုင်ရင်တော့ သောက်ရေသန့်ဗူးတွေကို အရင် ဦးစားပေး အသုံးပြုတာ အကောင်းဆုံးပါ။ ဘာမှ မလုပ်တတ်ရင် ရေကို SODIS လုပ်သောက်ပါ၊ ကျိုချက်သောက်ပါ။

လူသားအားလုံး သန့်ရှင်းသောရေ ရရှိနိုင်ကြပါစေ။
ဘေးကင်းကြပါစေ။

ဖြည့်စွက်
ရေသန့်စက် အလှူလုပ်ဖို့ စဉ်းစားထားတဲ့သူတွေ ထိရောက်တဲ့ အလှူဖြစ်အောင် ရေသန့်စက် စနစ်တွေအကြောင်းပါ။
https://www.facebook.com/share/p/15LZNn49nc/

RO စနစ် / UF စနစ် အကြောင်း post
https://www.facebook.com/share/p/15z24zAnTZ/

#သောက်ရေအရေးပေါ်

01/04/2025

🙏🏻

သဘာဝ ဘေးအန္တရာယ်ကြုံပြီးနောက်မှာ ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာရော အကူအညီ အထောက်ပံ့တွေ လိုပါတယ်။

လိုအပ်တဲ့ အကူအညီများကို ရယူနိုင်ဖို့ တတ်နိုင်သလောက် Link လေးတွေ စုစည်းပေးထားပါတယ်။ အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ

Counselling နှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရနိုင်သောနေရာများ

Counselling Corner-https://www.facebook.com/counsellingcornermyanmar
(အခမဲ့ Consultation Services နှင့် CISM workshop များပြုလုပ်ပေးနေပါသည်။)

Seit Mate Swe-https://www.facebook.com/seitmateswe
(အခမဲ့ Counselling Services၊ အခမဲ့ Workshop များပြုလုပ်ပေးနေပါသည်။)

တိုင်ပင်ဖော် စိတ်ကျန်းမာရေးဝန်ဆောင်မှု-https://www.facebook.com/taingpinphaw
(အခမဲ့ Counselling Servicesပြုလုပ်ပေးနေပါသည်။)

Mind Healers စိတ်ကျန်းမာရေးဝန်ဆောင်မှု-https://www.facebook.com/share/18u1Cg5ejy/?mibextid=wwXIfr
(အခမဲ့ Psychosocial Support များရယူနိုင်ပါသည်။)

Serenity Counselling- https://www.facebook.com/serenitymentalhealthservice
(Emergency Emotional Support Session နှင့် Volunteer Registration များလက်ခံနေပါသည်။)

Citta Counselling-https://www.facebook.com/Cittaconsultancy
(အခမဲ့ Emotional Support Groupများ ပြုလုပ်ပေးနေသည်)

Honest Hour-https://www.facebook.com/honesthourmyanmar
(အခမဲ့ Emotional Support Session များ ပြုလုပ်ပေးနေပါသည်။)

Healing Garden-
https://www.facebook.com/profile.php?id=61554276522376
(အခမဲ့ Counselling Servicesပြုလုပ်ပေးနေပါသည်။)

Being With You-https://www.facebook.com/bwithu2022
(အခမဲ့ Counselling Servicesပြုလုပ်ပေးနေပါသည်။)

Open Heart Mental Health Support-https://www.facebook.com/OpenHeartMentalHealthSupport
(အခမဲ့ Counselling Servicesပြုလုပ်ပေးနေပါသည်။)

To Day Psychology Classes-https://www.facebook.com/today.psyclasses
(On ground Volunteers များအတွက် Supervision Support Sessions များ ပြုလုပ်ပေးနေပါသည်။)

Mental Heal-https://www.facebook.com/mentalhealmm
(အခမဲ့ PFA သင်တန်းများ ပြုလုပ်ပေးနေပါသည်။)

Art of Healing-https://www.facebook.com/aohmentalhealthservice
09989809938
(အခမဲ့ phone call နှင့် online PFA ဝန်ဆောင်မှုများ ပြုလုပ်ပေးနေပါသည်)

Passionate Heart-https://www.facebook.com/profile.php?id=100075651559328
(အခမဲ့Youth to Youth Psychological Support Session ပြုလုပ်ပေးနေပါသည်)

Love and Light Counselling-https://www.facebook.com/LoveNLightCounselling
(အခမဲ့Support Session ပြုလုပ်ပေးနေပါသည်။)

Purple Window-
https://www.facebook.com/profile.php?id=100063863212524
(အခမဲ့ Online Emergency MHPSS Support များပြုလုပ်ပေးနေပါသည်။)

PositivePsy hacks-https://www.facebook.com/norapsychological
(Mental Health Support Sessions တွေပြုလုပ်ပေးနေပါသည်။)

Counseling with Craton-https://www.facebook.com/profile.php?id=100089015193623
(အခမဲ့ online Free Counseling နှင့် Mentoring Services များပြုလုပ်ပေးနေပါသည်။)

Happy and Co-https://www.facebook.com/profile.php?id=100086899312246

Mental Playground-https://www.facebook.com/profile.php?id=100089127837461

Healing with Andrea-https://www.facebook.com/Andrea4Counselling

Care and Counselling Project,MIT-https://www.facebook.com/CareandCounselingProject.MIT

Metanoia စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/1BGsSVZ9ZH/?mibextid=wwXIfr

Call Me Today-https://www.facebook.com/CallMeToday.Service

Caltha Wellness-https://www.facebook.com/profile.php?id=61558318686776

Aung Clinic Mental Health Initiatives-https://www.facebook.com/aohmentalhealthservice
+95 95186951, +95 9958219602
(အခမဲ့ Individual Consultation Session for Disaster ပြုလုပ်ပေးနေပါသည်)

Lilly Multicultural Coaching & Counseling Academy-https://www.facebook.com/laycounselingandcoaching
(အခမဲ့ PFA သင်တန်းများ ပြုလုပ်ပေးနေပါသည်။)

MegaTrends--https://www.facebook.com/share/p/1A6hdTyqRb/
(အခမဲ့ PFA သင်တန်းများ ပြုလုပ်ပေးနေပါသည်။)

Energetic Mya-https://www.facebook.com/profile.php?id=61561479329747&mibextid=wwXIfr&rdid=iFlntNjiq4KqCWLQ&share_url=https%3A%2F%2Fwww.facebook.com%2Fshare%2F162Zv5ATDX%2F%3Fmibextid%3DwwXIfr #
(အခမဲ့ Mental Health Support များပြုလုပ်ပေးနေပါသည်။)

စိတ်ကျန်းမာရေး အထူးကု ဆေးခန်းနှင့် Psychiatric Consultation ရရှိနိုင်သောနေရာများ

တယ်လီကျန်းမာ- https://m.me/telehealthmm
https://t.me/TLKMReception
(အခမဲ့ Psychiatric and Physical Teleconsultationများပြုလုပ်ပေးနေပါသည်။)

Mind Diary(Psychiatric Consultation and Mental Health Services)-https://www.facebook.com/profile.php?id=100064233721349
(PFA training များပြုလုပ်ပေးနေပါသည်။)

Mental Health by Dr. De De-https://www.facebook.com/MentalhealthByDr.DeDe
(အခမဲ့ Psychiatric Consultation နှင့် Mental Health Support များပြုလုပ်ပေးနေပါသည်။)

Hepta Mental Health Clinic-https://www.facebook.com/HeptaMentalHealth
(အခမဲ့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများအပြင် ဆေးဝါးများကိုပါ အခမဲ့ ထောက်ပံ့ကူညီပေးနေပါသည်)

Kaung Htet Thar Mental Health Clinic-https://www.facebook.com/psyandmh

Yadanarbone Mental Health Hospital-https://www.facebook.com/yadanarponehospital

ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး-09 766 308781

Su***de Hotlines နှင့် 24 hour Helpline ဝန်ဆောင်မှုများ

Zero Su***de Hotlines-https://t.me/zeroscbot

Su***de Prevention Myanmar-https://www.facebook.com/Su***dePreventionMyanmar

Jue Jue’s Safe Space)-https://www.facebook.com/share/p/1FizhGgviN/
(24 hour Helpline services for Disasterဆောင်ရွက်ပေးနေသည်။)

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး Emergency Contact Number-0951256112 or 01 256131.

အခမဲ့ဆေးကုသမှု ဝန်ဆောင်မှုများ

တယ်လီကျန်းမာ- https://m.me/telehealthmm
https://t.me/TLKMReception
(အခမဲ့ Psychiatric and Physical Teleconsultationများပြုလုပ်ပေးနေပါသည်။)

FOC Teleclinic-
https://www.facebook.com/share/p/19N3aM2cjw/
(အခမဲ့ Tele consultation များပြုလုပ်ပေးနေပါသည်။)

Pun Hlaing Hospital-https://www.facebook.com/healbyPunHlaing
(အခမဲ့ Tele consultation များပြုလုပ်ပေးနေပါသည်။)

Dr Thura
https://www.facebook.com/profile.php?id=100082834433419
(အခမဲ့ Tele consultation များပြုလုပ်ပေးနေပါသည်။)

Dr Htila-https://www.facebook.com/homehealthcaredoctor
(အခမဲ့ Tele consultation များပြုလုပ်ပေးနေပါသည်။)

Life Saving Hands-https://www.facebook.com/profile.php?id=100086232168155
(အခမဲ့ First Aid Training များပြုလုပ်ပေးနေပါသည်။)

Shwe Ohh Pharmancy(Mandalay)-https://www.facebook.com/shweohhpharmacy
ကယ်ဆယ်ရေးအဖွဲ့များ အနေဖြင့် လိုအပ်သည့် အရေးပေါ် 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစ္စည်းများ 𝐒𝐡𝐰𝐞 𝐎𝐡𝐡 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 - ရွှေအိုးဆေးဆိုင်များတွင် ပစ္စည်းရှိသလောက် အခမဲ့ ယူနိုင်ပါသည်

Psychological First Aid( စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုနည်း) အကြောင်းလေ့လာနိုင်သော Postများ

https://www.facebook.com/share/p/1B1EZWhJUQ/

https://www.facebook.com/share/p/15afS38fBv/

https://www.facebook.com/share/p/15afS38fBv/

https://www.facebook.com/share/p/18iLBHNEoj/

https://www.facebook.com/share/p/14qSzFen68/

https://www.facebook.com/share/p/19N3aM2cjw/

https://www.facebook.com/share/p/14fK1A6tgy/

https://www.facebook.com/share/p/18Lijv3dtP/

https://www.facebook.com/share/p/19xHaJZqKh/

Grounding Techniques များအကြောင်းလေ့လာရန်

"စိတ်ဖိစီးမှုကြုံတဲ့အခါ လုပ်သင့်တာတွေ လုပ်ကြမယ်"

https://www.who.int/myanmar/activities/doing-what-matters-in-times-of-stress-in-myanmar-language

Photos from Thanaka's post 01/04/2025

💔

Photos from Alyssa's post 10/03/2025

🌊💙

10/03/2025

❤️‍🔥

09/03/2025

Classy dresses from Alyssa
✨Try on haul by me✨
Comment your favorite one နော်
All Rights Administered by Rightful Original Owners
We do not own the MUSIC
No copyright infringement intended / Don't reupload.

Photos from Luffy Photography's post 27/01/2025

🤍

Photos from Mavis Thinzar Phyoe's post 19/04/2024

Back again 🐈‍⬛

This Guy Shoots

𝗞𝗵𝗿𝗶𝘀 𝗙𝗼𝗿 𝗬𝗼𝘂 𝗠𝗮𝗸𝗲-𝘂𝗽 𝗦𝘁𝘂𝗱𝗶𝗼

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay