Chit ko
နေ့သစ်
19/06/2023
နည်းနည်း ဖတ်ကြည့်
မင်းဘာပဲလုပ်လုပ်
အမြဲဝေဖန်အပြစ်တင်နေတဲ့သူကို
ပတ်ဝန်းကျင်လို့ခေါ်တယ်
မင်းကြိုးစားနေချိန်မှာ မဖြစ်နိုင်ပါဘူး၊
လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးမင်းကိုပြောတာလဲ
ပတ်ဝန်းကျင်ပဲ
မင်းကျရှုံးနေတဲ့အချိန် လက်ညှိုးထိုးပြီး
ကဲ့ရဲ့ကြတာလည်းပတ်ဝန်းကျင်ပဲ
မင်းကိုယ်တိုင်ကြိုးစားလို့အောင်မြင်သွားရင်တောင်
အရမ်းကံကောင်းလို့ပါကွာ ဆိုပြီး
ဘာမှမဟုတ်သလိုပြောတာလည်း ပတ်ဝန်းကျင်ပဲ.
ပတ်ဝန်းကျင်ကိုဂရုစိုက်နေသ၍
မင်းရဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ဘူး
အဲ့ပတ်ဝန်းကျင်ရဲ့ပြောစကားတွေ၊လျစ်လျူရှုမှုတွေ
လှောင်ပြောင်မှုတွေ၊တိုက်ခိုက်မှုတွေ
တွန်းအားအဖြစ်ယူပြီး သူတို့ကို
မင်းလုပ်နိုင်တယ်ဆိုတာကိုသက်သေပြနိုင်အောင်
ကြိုးစားလိုက်ပါ
မင်းချစ်ရတဲ့သူတွေအတွက်
ပတ်ဝန်းကျင်ဆိုတာကြီးကိုခေါင်းထဲမထည့်ပါနဲ့
အောင်မြင်မှုကမင်းရဲ့လက်တစ်ကမ်းမှာပါ
crd.
#ဘဝရဲ့ခရီးသည်
နေ့သစ်
05/06/2023
နိုင်ငံခြား မလာပါနဲ့
**************
ဒီအချက်တွေ နဲ့ ငြိနေ ရင် လုံးဝ နိုင်ငံခြားမလာပါနဲ့
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
🔺အိပ်ရေး ပျက်တာ မခံ နိုင် ရင် ပြည်ပနိုင်ငံ မလာပါနဲ့..
🔺သည်းမခံ နိုင် ရင် ပြည်ပနိုင်ငံမလာပါနဲ့ ...
🔺stress မရ ချင် ရင် ပြည်ပနိုင်ငံ မလာပါနဲ့ ....
🔺အစား အစာ ဂျီး များ လွန်း ရင် ပြည်ပနိင်ငံ မလာပါနဲ့( တခါတလေ otဆင်းရရင် ညနက်အလုပ်ပြန်ရ မြန်မာအစားအစာ ဘယ်မှာ မှန်းမသိပါဘူး ကြက်ဥ မာမား ရေသောက် ဗိုက်မှောက်အိပ်)
🔺ကိုယ့်အိမ်မှာလို ဇိမ်လေးနဲ့ထမင်းစားမှစားတတ်ရင်ထမင်းကိုမြန်မြန်ဆန်ဆန်မစားတတ်ရင် ပြည်ပနိုင်ငံ မလာပါနဲ့ -
🔺ပေါ့ပေါ့ နေ ပေါ့ပေါ့စား လုပ် ချင် ရင် ပြည်ပနိုင်ငံ မလာပါနဲ့ -
🔺မျက်ရည် မကျရင် ပြည်ပနိုင်ငံ
မလာပါနဲ့ (ရောက်သူ တိုင်း မျက်ရည် တစ်ခါ လောက် တော့ ကျ ဖူး ကျ လို့ပါ)
🔺. မိဘ ဆွေမျိုး ချစ်သူ ယောက်ကျား/မိန်းမ မခွဲနိုင် ရင် ပြည်ပနိုင်ငံမလာပါနဲ့ ....
🔺. တစ်ယောက်တည်း မရပ်တည် မနေတတ် ရင် ပြည်ပနိုင်ငံမလာပါနဲ့
( ကိုယ့်အ၀တ် ကိုယ်လျှော် ကိုယ့်ထမင်း ကိုယ်ချက်စား ကိုတစ်ယောက်တည်း ရပ်တည် ရတာ ကို ဆို လို ပါတယ် ဘယ်သူမှ ကိုယ်အလုပ် လာ မလုပ် ပေးပါဘူး )
🔺မနေတတ် မထိုင်တတ် အမြဲတမ်း ရန်ဖြစ် ချင်ရင် ပြည်ပနိုင်ငံမလာပါနဲ့ ၊
🔺သူဌေးသား သူဌေး သမီးလို ဘော်ကြော့ နေရမယ် ထင် ရင် ပြည်ပနိုင်ငံမလာပါနဲ့ (အလုပ်ကို ကျွဲလိုနွားလို လုပ်ရလို့ပါ)
🔺လမ်းမြန်မြန် မလျှောက်တတ်ရင် ပြည်ပနိုင်ငံမလာပါနဲ့ (မြန်မြန် လုပ် မြန်မြန် စား အချိန်နဲ့ အလုပ်လုပ်နေရလို့ပါ)
🔺အလုပ် တစ်ခုက မပီးသေးဘူး
နောက်ထပ် အလုပ်တစ်ခု ထပ်ခိုင်းတာ မခံနိုင်ရင် ပြည်ပနိုင်ငံ မလာပါနဲ့ 😊
🔺သူများကိုပဲအားကျပီး စိတ်ကူး
တေနဲ့မလာပါနဲ့သေချာစဉ်းစားပါ
🔺အမြဲဖုန်းကိုင်ပြီး အင်တာနက်ဖွင့်
Fb အမြဲ သုံးခြင်တဲ့ဘ၀မျိုးဆိုမလာပါနဲ့
🔺( အရေးကြီး ဆုံး အချက် ) လာမယ်ဆိုရင် ဒီအချက်တွေ လုပ်နိုင်ရင်တော့ နိုင်ငံခြားထွက်ဖို့ စဉ်းစားပါ
ိုလေးစားစွာဖြင်ံ🙏
Click here to claim your Sponsored Listing.
Category
Website
Address
နေ့သစ်များရဲ့တန်ခိုးရှင်
