W Star 09.750087756
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from W Star 09.750087756, Health/Beauty, ပုသိမ်ကြီးမြို့နယ် ၁၉လမ်း, Mandalay.
15/11/2021
"သြဇာ(၃)ရွက် သွေးတိုးပြတ်"
🌿🌿🌿🌿🌿🌿🌿 ရဲမျိုးသူ (ဗောဓိမြိုင်)
🌿🌿🌿🌿🌿🌿
🌿အမျိုးမျိုးအကြောင်းကြောင့်
သွေးတိုးနေကြသည်။
သွေးတိုးရှိသူတို့
သွေးတိုးအမြစ်ပြတ်စေရန်
ဆေးရွက်သည်ကား
သြဇာရွက်ဖြစ်ကြောင်း
ဘိုးတော်သိန်းပြောဖူးသည်။
"သွေးတိုး....
အရိပ်အယောင်မြင်တာနဲ့
သြဇာရွက်ကို
ဘုရားဆေး
တရားဆေး
သံဃာဆေးအဖြစ်နဲ့
နေ့တိုင်းဝါးစားတာပဲ"
"ဆေးဆိုတော့ ...
သကြားလုံးလိုတော့
ဘယ်ချိုမလဲ
ငါပြောသလိုသာလုပ်
သွေးတိုးတယ်ဆိုတာ
မကြားစေရပါဘူးကွာ"
🌿နက္ခတ္တရောင်ခြည်
=============
နေ့စဉ်အရက်သောက်
အလုပ်အလုပ်ပင်ပန်းခြင်းကြောင့်
အအိပ်အစားပျက်သူ
"မူးတယ်မူးတယ်"ဆိုကာလှဲသွား၏။
အကြောင်းက....
သွေးတိုးခြင်းဖြစ်သည်။
သွေးတိုးကျဆေးမရှိ
အရေးပေါ် ...
အသက်ကယ်လိုက်သည်က
သြဇာရွက်ဖြစ်သည်ဆိုသည်။
အရွက်၎-၅ရွက်
ခူးပြီး ဝါးစေ၍
ရေအေးဖြင့်တိုက်လိုက်ခြင်းသာ။
အမှန်ပင် ...
သက်သာပျောက်ကင်းခဲ့သည်။
ထိုဆေးရွက်က...
သြဇာရွက်သာဖြစ်သည်။
သြဇာ၃ရွက်မှန်မှန်စားပါက
သွေးတိုးစေခြင်း
အရှင်းကင်းပါကြောင်း
သိမီသမျှ။
စာကိုး။ နက္ခတ္တရောင်ခြည် အမှတ်၃၆၈
သွေးတိုးရောဂါအတွက်သြဇာရွက်
အားလုံးအဆင်ပြေကြပြီး ဗဟုသုတ
ကြွယ်ဝပါစေ။
10/11/2021
" ဆင်တုန်းမနွယ် သက်စောင့်ဆေး "
🍶🍶🍶🍶🍶🍶🍶🍶🍶🍶🍶🍶
ဆေးနည်း ---
၁ ။ ဆင်တုန်းမနွယ် = လက်ငါးဆစ်
၂ ။ ထညက် ( ထန်းလျှက် ) = ငါးခဲ
( အခါးမသောက်ချင်ရင်ထဲ့
မထည့်လည်းရပါတယ် )
၃ ။ ဆန် ( အိမ်ချက်ဆန် ) = သုံးဇွန်း
( ဟင်းခပ်ဇွန်းဖြင့် )
၎ ။ စပရိုက်ဗူး ( ကော်ဗူးကြီး ) = တစ်ဗူး
၅ ။ ရေကျက်အေး =
စပရိုက်ဗူးတဗူးစား
( ဆေးစိမ်ရန် အတွက် )
" ဆေးပြုလုပ်ပုံ "
- ဆင်းတုန်းမနွယ်ကို
အခွံအားပါးပါးခြစ်ပြီး
အချောင်းလိုက် စပရိုက်ဗူးထဲထည့်ပါ ။
- ဆန်သုံးဇွန်းကို
( ရေဆေးလည်းရ မဆေးလည်းရ)
ထိုဗူးထဲသို့ထည့်ပါ ။
- ထညက်( ထန်းလျှက်)
ထည့် ပြီး ရေကျက်အေးထည့်ပါ ။
ထိုဆေးဗူးကို သုံးရက်ထားပြီး
မနက်/ ည လဖက်ရည်သောက်
ပန်ကန်လုံးသောက်ပေးပါ
နည်းပိုလည်းရပါသည် ။
အတိုင်းအစထက်ပိုမသောက်သင့်ပဲ
စိမ်ရည်ကိုလည်းသုံးရက်စိမ်ပြီး
သောက်တာပိုသင့်လျှော်ပါတယ် ။
ထိုတဗူးကုန်လျှင်
ထပ်မှန်ဆေးဖေါ်ပြီး
သောက်သုံးလည်းရပါသည် ။
ဆန်နှင့်ထန်းလျှက်ပါသဖြင့်
လတ်ဆတ်တာပိုကောင်းပါသည် ။
ဆေးသောက်ပြီးနောက်တစ်နေ့ မနက်
ဝမ်းသွားမည် ဝမ်းထဲမှအပူ
အပုတ်များသွားပါမည် ။
ထို့နောက်လူပေါ့ပါးလန်းဆန်းပြီး
အကြောတက် ခေါင်းကိုက် ဒူးနာ
ခါးနာ အစာအိမ်သမားများပါ
ပျောက်ကင်းသည် ။
"တမာန်သလင်းပေါ်အိပ်ပြီးလေထိ၍
လမ်းမလျောက်နိုင်သူ တစ်ဦးအား
ရှမ်းတိုင်းရင်းဆေးဆရာကြီးတစ်ဦးမှ
ယခုဆေးနည်းပေးသဖြင့်
ပြုလုပ်သောက်သုံးခဲ့ရာ
တစ်လအကြာလမ်းပြန်လျှောက်ပြီး
သက်သာပျောက်ကင်းခဲ့သည့်
ဆေးနည်းဖြစ်ပါသည် "
ထိုဆေးနည်းအား
အထက်ပါရောဂါ
သမားများကိုပြန်လည်ပြီးပြောပြပေးသဖြင့်
အမှန်တစ်ကယ်
တန်ဖိုးနည်းပြီးထိရောက်သည့်
သက်စောင့်ဆေးဖြစ်ပါသည် ။
ဒူးနာ/ခါးနာ ပေါင်အကြောကိုက်ခဲသူများ
အညောင်းသမားများသက်သာခဲ့ပြီး
သက်ကြီးရွယ်အိုများနှင့်လည်း
အသက်ကြီးလျှင်ဆင်စီးပါဟူသော
စကားအတိုင်းပင်
အထူးသင့်လျှော်သောဆေးဖြစ်ပါသည် ။ ။
#သတိ
ဖန်ပုလင်း (ဗူး ) မသုံးပါနှင့်

ဆေးမှာဆူသဖြင့်
ပုလင်း( ဗူး ) ကွဲပါသည် ။
ဆေးဗူးဖွင့်လျှင်အဖုံးကို
သတိထားပြီးဖြေးဖြေးဖွင့်ပါ
ဆေးဆူပြီး အပြင်ပန်းထွက်ကုန်တတ်ပါသည် ။ ။
တိုင်းရင်းဆေးဆရာကြီး
ဦးတင်ထွေးအား ဂါရဝပြုပြီး ဖေါ်ပြပါသည် ။
အနာနှင့်ဆေးတွေကြပြီး
အားလုံးကျန်းမာ ချမ်းသာသုခများ
ထာဝရပိုင်ဆိုင်နိုင်ပါစေ … …
Credit :-)W Star
Credit to :-) မူရင်းပိုစ့် :-) မြန်မာဆေးစွမ်းကောင်းများနှင့် အစာလည်းဆေး ဆေးလည်းအစာ FB
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
🇲🇲🇲🇲🇲🇲☺👍😽😐🌷🌴🌼🌱®🔍🚩🏠🇲🇲🇲🇲🇲🇲 ❤❤❤
အားလုံးအဆင်ပြေကြပြီး
ဗဟုသုတများ ကြွယ်ဝပါစေ :-)
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
1995
