Beauty Bunny

Beauty Bunny

Share

Beauty Bunny is here to sell certified vegan & Cruelty-free authentic cosmetics from USA, Korea and

Photos from SATANG BANK​'s post 18/04/2021
18/04/2021

FYI
If you’re interested in vegan and cruelty free cosmetics, Beauty Bunny is here . 🐰💕

For ladies‼️‼️
🐰🐰🐰
Cosmetics brandအများစုက
တိလေးတွေကို စမ်းသပ်ပီးမှထုတ်တာ
ရက်စက်လွန်းတယ်
တိုးတက်ပြောင်းလဲလာတဲ့
ခေတ်အဆက်ဆက်မာ အခုထိ
တိလေးတွေက အစမ်းသက်ခံဖစ်နေတုံးပါ
ဒါကြောင့်
ဖစ်နိုင်ရင် တိလေးတွေနဲ့ စမ်းသပ်ပီးမှ ထုတ်ထားတဲ့
Brandမဟုတ်တဲ့ထဲက အားပေးစေချင်ပါတယ်

အောက်ကပုံထဲက brandလေးတွေ
တတ်နိုင်သမျှ ရှောင်ကြပါနော်
မသုံးလည်းရတယ်ဆို မသုံးတာအကောင်းဆုံးပါပဲ

Tik tok vd link⬇️

https://vt.tiktok.com/ZSJhvEDgb/

cmtထဲမာ vdတွေဝင်ကြည့်နိုင်ပါတယ်နော် 😪

Photos from Beauty Bunny's post 13/11/2020

Liquid lipstick from Dose of Colors 👄

✔️ 40 color shades
✔️Dry in a few minutes
✔️24 hrs long lasting
✔️Gluten free
✔️Paraben free

Color လေးတွေက ၄၀ တောင်ရှိတာမို့ ဖြေးဖြေးချင်းတင်ပေးမယ်နော်🤩

39000 ks

Waiting time: 4 to 7 weeks ⏳
Preorder 🛒
Direct from USA 🇺🇸 💯 authentic



https://www.facebook.com/110640227372243/posts/182873386815593/?d=n

Photos from Beauty Bunny's post 08/11/2020

Liquid lipstick from Dose of Colors 👄

✔️ 40 color shades
✔️Dry in a few minutes
✔️24 hrs long lasting
✔️Gluten free
✔️Paraben free

ခုလောလောဆယ် Ladies first လေးယူမယ်ဆိုရင် တအားတန်တာနော် ပုံမှန်၁ချောင်း 39000 ks ကို ခု 19500 ks ထဲနော်👄💕

ကျန်တာတွေလေးကတော့ ၁ချောင်းကို 39000 ks ပါရှင်။

Color လေးတွေက ၄၀ တောင်ရှိတာမို့ ဖြေးဖြေးချင်းတင်ပေးမယ်နော်🤩

Waiting time: 4 to 7 weeks ⏳
Preorder 🛒
Direct from USA 🇺🇸 💯 authentic



https://www.facebook.com/110640227372243/posts/184473196655612/?d=n

Photos from Beauty Bunny's post 08/11/2020

𝐃𝐎𝐒𝐄 𝐎𝐅 𝐂𝐎𝐋𝐎𝐑𝐒

USA အခြေစိုက် “Dose of Colors” ဆိုတဲ့ beauty and cosmetics brand ပေါ်ပေါက်လာခဲ့ပုံက freelance makeup artist , influencer တစ်ဦးဖြစ်တဲ့ Anna Petrosian ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ Influencer , makeup artist တစ်ဦးဖြစ်တာနဲ့အညီ လက်ရှိ beauty industry မှာ trend ဖြစ်နေတဲ့အရာတွေ ၊ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို အစဉ်မပြတ် ထိတွေ့ခွင့်ရဖို့ Dose of Colors ဆိုတဲ့ brand ဟာ ဖြစ်ပေါ်လာခဲ့ပါတယ် ။

2013 မှာစပြီး တည်ထောင်ခဲ့တဲ့ Dose of Colors ဟာ DOSE ဆိုတဲ့ အက္ခရာလေးလုံးနဲ့ သူ့Brand ရဲ့ အဓိပ္ပာယ်ကိုဖော်ပြထားပါသေးတယ်။

✍🏻“Diversity”, “Design” , “ Development” ကို ကိုယ်စားပြုတဲ့

✍🏻"Oraginality” , “ Openess to world” ကို ကိုယ်စားပြုတဲ့

✍🏻“Style” , “ Sophistication” , “ Self-confidence” , “Success” ကို ကိုယ်စားပြုတဲ့

✍🏻“Edgy” , “ Easy to use” , “Excellent” ကို ကိုယ်စားပြုတဲ့

ဒီလို အဓိပ္ပာယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Dose of Colors ဟာ Cruelty-free product တွေသာထုတ်လုပ်တဲ့ Beauty brand တစ်ခုဖြစ်ပါတယ်။ 🌱

Liquid lipstick

https://www.facebook.com/110640227372243/posts/182873386815593/?d=n

Photos from Beauty Bunny's post 13/10/2020

Pacifica ကထုတ်တဲ့ Cleanser တွေကို သုံးလည်းသုံးကြည့်ချင်တယ် ကိုယ့်skin နဲ့ တည့် မတည့်ဖြစ်မှာလည်းစိတ်ပူတယ်ဆိုရင် 40 ml (travel size ) လေးနဲ့ စမ်းသုံးကြည့်ကြည့်နော်။ 🥬


13000 ks ( 40 ml )
25000 ks (147 ml)

Waiting time: 4 to 7 weeks ⏳
Preorder 🛒
Direct from USA 🇺🇸 💯 authentic

Photos from Beauty Bunny's post 12/10/2020

ပေါ့ပေါ့ပါးပါး Daily look makeup လိုမျိုးခြယ်ဖို့အတွက်ဆိုရင် EcoTools ရဲ့ Start the day beautifully kit လေးရှိရင်ကိုလုံလောက်ပြီနော်။✨

🌿 First step ဖြစ်တဲ့အတွက် လိမ်းထားတဲ့foundation ညှိဖို့အတွက် Angled foundation brush

🌿ပြီးတာနဲ့ concealer အတွက် က Blurring brushလေး သူက eyeshadow base အတွက်ပါသုံးလို့ရပါတယ်။

​ 🌿Eye color shade အတွက်ရိုးရိုးရှင်းရှင်းခြယ်ပြီးညှိဖို့အတွက်က Defined crease brush

🌿သူမပါရင် မပြီးဘူးဖြစ်တဲ့ Eyeliner ညှိပေးဖို့အတွက် က Angled Liner

🌿Final step ဖြစ်တဲ့ powder လေးပါပါးလေးပုတ်ပေးဖို့က Full blush brush

ဒါမျိုး၅ချောင်းပါ kit တဘူးရှိရုံနဲ့တင် save time , save money ဆိုတော့ အဆင်ပြေတယ်လေနော့်။

Price : 19500 ks
Waiting time: 4 to 7 weeks ⏳
Preorder 🛒
Direct from USA 🇺🇸 💯 authentic

Photos from Beauty Bunny's post 01/10/2020

🌿 What is the term “Ecotools” ?🌿

Cosmetics အသုံးပြုနေသူတိုင်းအတွက် Make up brushes က မရှိမဖြစ်လိုအပ်တဲ့အရာလေးပါဘဲ။ ကိုယ့်ရဲ့ make up သားကို လိုသလိုညှိနိူင်အောင် စွမ်းဆောင်ပေးသလို တချို့တွေဆိုပါးနီ ညှိတဲ့အခါလဲ အသုံးပြုကြလို့ brush တခုထဲရှိထားတာနဲ့တင် ပြည့်စုံနေပါပြီနော်။

ဒါပေမဲ့ သတိထားမိကြလားမသိဘူး ။ကိုယ်သုံးခဲ့တဲ့ Make up brush အများစုရဲ့ 95 %လောက်က တိရိစ္ဆာန်တွေရဲ့ အမွှေးတွေကနေပြုလုပ်ထားတာပါ။ ဒီလို brushတွေဟာ များသောအားဖြင့် Squirrel (ရှဉ့်)🐿, mink (အမွှေးရှည်မြွေပါး) ,sable (ဆတ်ခလောက် ,ဖျံတို့နဲ့မျိုးတူသတ္တဝါ), horse (မြင်း)🐎,goat hair (ဆိတ်အမွှေး)🐑တို့တွေနဲ့ပြုလုပ်ထားကြတာ ဖြစ်ပါတယ်။ Mink နဲ့ sable ကတော့ fur industry မှာအများဆုံးအသုံးချခံတိရိစ္ဆာန်လေးတွေပါ။💉

တချို့ တွေကျတော့ လူကိုယ်တိုင်ပုံဖော်ထုတ်လုပ်ထားတဲ့ Synthetic makeup brushes တွေကို အခုနောက်ပိုင်းမှာ ထုတ်လုပ်လာကြပါတယ်။သူကတော့ man-made material (ဥပမာ- Nylon, taklon ဒါမှမဟုတ် polyester fibers)တွေကိုအခြေခံပြီးပြုလုပ်ထားတဲ့ brushအမျိုးအစားပါ။

ဒါဆို အခု Bunny က အပေါ်က လို တိရီစ္ဆာန်တွေကို အသုံးမပြုဘဲ ထုတ်လုပ်ထားတဲ့ burshလေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ “EcoTools” လို့ခေါ်တဲ့ brush လေးတွေပါ။ Vegan & cruelty free ဖြစ်တဲ့အပြင် Packaging ကိုလဲ recycle ပြန်လည်အသုံးပြုလို့ ရအောင်လုပ်ထားတဲ့ Paper packaging နဲ့ Plastics packaging ဆိုပြီး၂မျိုးလာပါတယ်။ Plant-based material ကိုအခြေခံပြီးအသုံးပြုထားတဲ့ Paper packaging ကိုတော့ လွှင့်ပစ်မယ့်အစား မြေဆီလွှာထဲမှာတောင် အသုံးပြုနိုင်ပါသေးတယ်။ Plastics packaging ကလည်း recycled PET နဲ့ထုတ်လုပ်ထားတာပါ။

EcoTools မှာဘာတွေရနိုင်လဲ?

⏊Makeup Brushes

EcoTools ကထုတ်တဲ့ makeup brushes တွေက တိရိစ္ဆာန်အမွှေးအမျှင်ကနေထုတ်လုပ်ထားတာမျိုးမဟုတ်ပဲ cruelty-free bristles, recycled aluminum နဲ့ renewable bamboo materials တွေကနေထုတ်လုပ်ထားတာပါ။

⏊Makeup Sponges

USDA certified EcoFoam နည်းပညာကိုအခြေခံကာSugarcane bio-based ကုန်ကြမ်းမကနေထုတ်လုပ်ထားလို့ makeup sponges တွေကလဲ အရည်အသွေးကောင်းတဲ့ sponge လေးတွေဖြစ်ပါတယ်

⏊Body & bath items

ECO Tools ရဲ့ body & bath items တွေက Recycled materials နဲ့ harvested plant- based ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်

ဒါ့အပြင် Makeup blenders , skincare tools နဲ့ hair brushes တွေကိုလည်အစုံအစုံရနိုင်သေးတာမို့ တခုချင်းကို Beauty Bunny ကပြောပြပေးဦးမှာနော်။

❗️❗️❗️စာသားများကိုကူးယူရေးသားခြင်းသည်းခံပါ။ ❗️❗️❗️

Start the day beautifully kit

https://www.facebook.com/110640227372243/posts/171540754615523/?extid=0&d=n

Photos from Beauty Bunny's post 19/09/2020

လူ့သဘာဝအရ အချိန်တန်ရင် အိုမင်းရင့်ရော်လာတာမှန်ပေမဲ့ အခုနောက်ပိုင်း လူနေမှုစနစ်တွေအရ အိပ်ချိန်မမှန်တာ ၊ အနေအထိုင်အစားအသောက်မမှန်တာတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာတာတွေဖြစ်တတ်ကြပါတယ်။ ဒီလို အခြေအနေတွေကိုကြိုတင်ကာကွယ်ဖို့ collagen ပါတဲ့ skincare တွေ၊ ဆေးဝါးတွေ မှီဝဲလာကြတာဟာလည်း ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံတစ်ခုပါ။ 👱🏻‍♀️

Collagen တွေထဲမှာမှ တိရိစ္ဆာန်တွေရဲ့အဆီ၊အသား၊အမျှင် ဘာဆိုဘာနဲ့မှပြုလုပ်ထားခြင်း မရှိဘဲ အသီးအနှံ ၊ အပင်တွေနဲ့သာ ရာနှုန်းပြည့် ပြုလုပ်ထား တဲ့ PACIFICA ရဲ့ Vegan Collagen Skincare Set လေးရှိပါတယ်ရှင့်။ 🧖‍♀️

အသေးစိတ်နဲ့ စျေးနှုန်းလေးတွေကို တပုံချင်းဆီမှာထောက်ကြည့်ပေးပါနော်။🦌

Set လိုက်လေးယူလို့ရသလို ခွဲယူလည်းရပါတယ်ရှင့်။🤍

Set လိုက်ယူမယ်ဆိုရင် 210000 ks ပါ။

ရန်ကုန်, မန္တလေး, မိတ္ထီလာ မှ မှာယူသူများအတွက် Cash on delivery ပါရှင့်။ ကျန်မြို့နယ်မှ မှာယူသူများအတွက် half prepaid ပါရှင့်။


𝐔𝐩𝐠𝐫𝐚𝐝𝐞 𝐲𝐨𝐮𝐫 𝐜𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐰𝐢𝐭𝐡 𝐕𝐄𝐆𝐀𝐍 𝐂𝐎𝐋𝐋𝐀𝐆𝐄𝐍 𝐩𝐫𝐨𝐝𝐮𝐜𝐭𝐬

Waiting time: 4 to 7 weeks ⏳
Preorder 🛒🌐
Direct from USA 🇺🇸 💯 authentic

Photos from Beauty Bunny's post 19/09/2020

𝖣𝗂𝖿𝖿𝖾𝗋𝖾𝗇𝖼𝖾 𝖻𝖾𝗍𝗐𝖾𝖾𝗇 𝖢𝗋𝗎𝖾𝗍𝗅𝗒-𝖿𝗋𝖾𝖾 & 𝖵𝖾𝗀𝖺𝗇?

နောက်ပိုင်း အတွေ့များလာတဲ့ ဒီအသုံးအနှုန်း ၂ခုက တူသယောင်နဲ့ ကွာတာလေးတွေရှိလို့ မင်မင်ကတဆိတ်လောက်ပြောပြမယ်နော်။

Cruelty free

Cruelty free ဖြစ်တဲ့အလှကုန်တွေဟာ လူသားတွေရဲ့ အသားအရေနဲ့ ဓာတ်တည့်မှုရှိမရှိ ကို တိရိစ္ဆာန်တွေရဲ့အရေပြားတွေနဲ့ အသုံးချစမ်းသပ်ခြင်း လုံးဝမပြုလုပ်ထားတာမျိုးဖြစ်ပါတယ်။ cruelty free မဟုတ် တဲ့ products ထုတ်လုပ်သူတွေဟာ သူတို့အလှကုန်တွေအတွက် စမ်းသပ်ရင် ပူးလေးတွေ၊ ယုန်လေးတွေ နဲ့ ကြွက်လေးတွေစတဲ့ တိရိစ္ဆာန်အများစုနဲ့ပြုလုပ်ကြလို့ သူတို့လေးတွေကတော့ အစမ်းသပ်ခံဖြစ်ကြရပါတယ်။

Vegan

Vegan အလှကုန်ဆိုတာ အလှကုန်ထဲမှာပါဝင်တဲ့ ingredients တွေအားလုံးက တိရိစ္ဆာန်လေးတွေရဲ့ အဆီအနှစ်တွေ ပါဝင်ထားခြင်းမရှိပဲ သဘာဝကရတဲ့ သစ်သီး သစ်ဥ တွေနဲ့သာ ပြုလုပ်ထားတာမျိုးကို ဆိုလိုပါတယ်။

အဲ့တော့ ဒွိဟဖြစ်လာစရာတစ်ချို့ရှိလာပါတယ်။
vegan products တိုင်း cruelty-free ဖြစ်သလား? Cruelty- free products တိုင်းကော vegan ဖြစ်လား? ဆိုတာပေါ့ ။

ဟုတ်ကဲ့၊ ဒါနဲ့ပက်သက်လို့ မင်မင်ရဲ့ အမြင်အရပြောရရင်တော့ နည်းနည်းရှုပ်ထွေးတယ်လို့ဘဲဆိုရမှာပါ။

တိရိစ္ဆာန်အဆီအနှစ်တွေကို အသုံးမပြုပဲထုတ်လုပ်ထားလို့ အဲ့အလှကုန်ဟာ vegan ဖြစ်တယ်လို့ပြောနိုင်ပါတယ်။
တိရိစ္ဆာန်တွေအပေါ်စမ်းသပ်ခြင်းမရှိခဲ့ဘူး ၊ အရင်ကထဲကအဲ့လိုစမ်းသပ်တာတွေ ရှိနေဆဲလည်း မဟုတ်ဘူးဆိုရင်တော့ အဲ့အလှကုန်ဟာ Cruelty- free ဖြစ်တယ်လို့ပြောနိုင်ပါတယ်။

ဒါပေမဲ့ အလှကုန်တော်တော်များမှာ ပါဝင်လေ့ရှိတဲ့ ingredientsတစ်ချို့တလေတွေကြောင့် Cruelty-free certified ဖြစ်တဲ့ အလှကုန်အချို့က vegan ဖြစ်ချင်မှဖြစ်လိမ့်မယ်။

အများအားဖြင့် Common ingredients တွေက -

1. Lanolin ( အလှကုန်ထုတ်လုပ်ရာမှာသုံးတဲ့သိုးမွှေး ကရတဲ့အဆီ)
2. Beeswax ( ပျားဖယောင်း )
3. Royal jelly ( ပျားသုဒ္ဒါ )
4. Honey ( ပျားရည် )
5. Collagen( တိရိစ္ဆာန်အဆီအနှစ်ပါဝင် e.g - fish)
6. Silk amino acids (ပိုးချည်မျှင်အမီနိုအက်စစ်)
7. Snail mucin (ခရုကနေထွက်တဲ့ အချွဲ)
8. Milk-derivatives (နို့ထွက်ပစ္စည်းများ)
9. Squalene from fish liver oil (ငါးအသည်းအဆီ)
စတဲ့ ingredients တွေပါလာတဲ့ cruelty-free certified တွေကို vergan ဖြစ်တယ်လို့ သေချာပေါက်ပြောလို့မရနိုင်ပါဘူး။

ထိုနည်းလည်းကောင်းပဲ vegan ဖြစ်တဲ့အလှကုန်အချို့ဟာလည်း cruelty- free certified ဖြစ်တယ်ဆိုပြီး တထစ်ချပြောလို့မရပါဘူး ။ အလှကုန်ထုတ်လုပ်သူအများစုဟာ အနည်းနဲ့အများတော့ တိရိစ္ဆာန်တွေကိုအသုံးပြုပြီးစမ်းသပ်လေ့ရှိကြလို့ဖြစ်ပါတယ်။

ဒါဆို တိရိစ္ဆာန်လေးတွေအပေါ် စမ်းသပ်မှုမပြုလုပ်ထားတဲ့vegan_cosmeticsတွေကောရှိပ့ါမလား?

ဟုတ်ကဲ့ ရှိပါတယ်။
ဒီလို အလှကုန်တွေကို အသုံးပြုဖို့ စိတ်ပါလာပြီဆိုရင်တော့ ကိုယ်လက်ရှိသုံးနေတဲ့ အလှကုန်တွေဟာ
Vegan & cruelty-free ဖြစ်မဖြစ်သိထားဖို့လဲ လိုတာပေါ့။

ဒါ့ကြောင့် မိမိလက်ရှိသုံးနေတဲ့ အလှကုန် ဟာ Vegan & cruelty-free ဖြစ်မဖြစ်ဆိုတာသိနိုင်ဖို့ ဒီလို Third party တွေထဲကနေတဆင့် စစ်ဆေးကြည့်လို့ရပါတယ်။

PETA

https://crueltyfree.peta.org/

Leaping Bunny

https://www.leapingbunny.org/guide/brands

Ethical elephant

https://ethicalelephant.com/cruelty-free-brand-list/

Cruelty-free kitty

https://www.crueltyfreekitty.com/list-of-cruelty-free-brands/

Vergan & Cruelty-free products အကြောင်းကို မင်မင်သိသလောက်လေး ရေးထားတာ ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ ကိုယ့်အသိတွေဖြစ်ဖြစ် ၊ ကိုယ်ကိုယ်တိုင် ဒီလို ပစ္စည်းတွေ စသုံးနေရင်ဘဲဖြစ်ဖြစ် သုံးရတဲ့အတွေ့အကြုံလေးတွေရှိရင်လဲ ဝေမျှသွားပါဦးနော်။

Reference

Ethical elephant on 31st May 2019

Photos from Beauty Bunny's post 16/09/2020

𝙳𝚛𝚎𝚊𝚖 𝙱𝚒𝚐 𝙻𝚊𝚜𝚑 𝙴𝚡𝚝𝚎𝚗𝚍𝚒𝚗𝚐 7 𝚒𝚗 1 𝙼𝚊𝚜𝚌𝚊𝚛𝚊 𝚋𝚢 𝙿𝚊𝚌𝚒𝚏𝚒𝚌𝚊

တစ်ချောင်းထဲ နဲ့ထူးတဲ့ စွယ်စုံရလေး။ ဒီတစ်ချောင်းလေးထဲရှိရုံနဲ့ 7 မျိုးသုံးလို့ရတဲ့ Dream Big က ဘယ်လိုစွမ်းသလဲဆိုတော့🌚

🐬မျက်တောင်ကော့ချင်သူတွေ။

🐬Lash Serum အဖြစ်သုံးချင်သူတွေ။

🐬သဘာဝအတိုင်းရှည်စေမယ့် မျက်တောင်ပိုင်ဆိုင်ချင်သူတွေ။

🐬မျက်တောင်ထူထူလေးတွေ ဖြစ်ချင်သူတွေ။

🐬မျက်တောင်သား မပျက်စီးချင်သူတွေ။

🐬အရောင်စိုစို လေးမှ ကြိုက်သူတွေ။

🐬ကော့တာ ရှည်တာ ၂မျိုးသုံး 2 in 1 brush ကြိုက်သူတွေ အတွက် အထူးထုတ်လုပ်ထားတာကြောင့် ပေးရတဲ့ဈေးနဲ့ တန်အောင်သုံးလို့ရတဲ့ Model လေးဖြစ်ပါတယ်။

USA Brand ဖြစ်ပြီး 100% Vegan and Cruelty-Free ဖြစ်တဲ့ product လေးပါ။

Price : 30000 ks
Waiting time: 4 to 7 weeks ⏳
Preorder 🛒
Direct from USA 🇺🇸 💯 authentic

13/09/2020

Hello my dear beauties

Admin ကိုယ်တိုင် Beauty Bunny page လေးဘက်မလှည့်ဖြစ်တာ ကြာရောပေါ့နော်။😢 လွမ်းလည်းလွမ်းလှပါပြီ။🥺

ဒါပေမဲ့စိတ်မပူပါနဲ့ မကြာခင် ပိုမိုကောင်းမွန်တဲ့ vegan & cruelty free cosmetics တွေနဲ့ ပြန်လာဦးမယ်ဆိုတာ လာပြောပြတာနော်။🥰😘

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

Aung San Road, Thazi Township
Mandalay