Healthy & Beauty Tips by Thiri

Healthy & Beauty Tips by Thiri

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy & Beauty Tips by Thiri, Health/Beauty, Mandalay.

09/09/2023

🎈🎈 ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး🎈🎈
================================

ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

၂. ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။

၄. အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

၇. အသားအရေခြောက်ပြီး

ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။

၈. မူးဝေအော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

၉. ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။
Credit
#ဒါကိုလီ🇲🇲

11/07/2021

စတင်ဖို့ ဘယ်တော့မှ မကြောက်ပါနဲ့
မင်မင်ကတော့ ဘယ်တုန်းကမှမကြောက်ခဲ့ဘူး 😊

သူများအလုပ်က ဘယ်လောက်ထိပင်ပန်းလဲ ဆိုတာ ကောင်းကောင်းကြီးနားလည် ထားပြီးပြီ💁
ဒါတောင် အလုပ်လုပ်တာ ၁၀နှစ် မပြည့်သေးဘူး နှစ်ရှည်လများသူများအလုပ်လုပ်ဖို့ဆိုတာ တော်တော်လေး တွေးယူရလိမ့်မယ် 🤯🤯🤯

ကိုယ်နှစ်သက်တဲ့အလုပ်တစ်ခုကို စတင်ဖို့ကြိုးစားပါ
အခြေနေတွေ‌ ပေးတာမပေးတာမဆိုင်ပါဘူး🙅🙅 အခွင့်အရေးဆိုတာ စောင့်နေရင် ဘယ်တော့မှ လုပ်ဖစ်မှာ မဟုတ်တော့ဘူး 🤷🤷

စတင်ဖို့ကြိုးစားပါ နောက်ပိုင်းကြုံလာတဲ့အခက်အခဲတွေက တစ်ဆင့်ချင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်😊💪

အသက် ၂၀ အရွယ်ရောက်လာပြီဆိုတာနဲ့ ကိုယ်နှစ်သက်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်တစ်ခုကို မဖစ်မနေစတင်ဖို့ လိုပါတယ်နော်💪💪💪

Online Bussiness ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ မင်မင် နဲ့လက်တွဲနိုင်ပါတယ် အခွင့်အရေးတွေ အများကြီး plan အမိုက်စား သင်ယူခွင့် အမိုက်စား ရှိတဲ့ Brand နဲ့ လက်တွဲထားတာမို့ ဖိတ်ခေါ်ပါတယ်




09400374944

30/05/2021

#မျက်နှာကိုသံပုရာသီးနဲ့မပွတ်ပါနဲ့ ❎
အင်တာနက်ပေါ်ကယုံတမ်းတွေကြောင့် မျက်နှာပေါ်ကို သံပုရာသီးလို အက်ဆစ်များတဲ့ အရာတွေနဲ့မပွတ်မိပါစေနဲ့။

Vitamin-C ကြွယ်ဝတဲ့အတွက် သံပုရာသီးကို အခြေခံပြီးထုတ်တဲ့ Cosmetics တွေ၊ Skin Care တွေရှိပေမယ့် သူတို့ကို နည်းပညာနဲ့ အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ပြီးမှ ဘေးကင်းတဲ့ပစ္စည်းဖြစ်လာတာပါ။

သံပုရာသီးကို မျက်နှာပေါ် တိုက်ရိုက်ပွတ်မိရင် ရောင်ရမ်းတာ၊ နီတာ၊ အသားအရည်ခြောက်တာနဲ့ အရေပြားကွာတာတွေဖြစ်တတ်တဲ့အတွက် သတိပြုစေလိုပါတယ်။

မေတ္တာဖြင့် -
Crd;

29/05/2021

"ပိုက်ဆံရှာရာမှာ... ဘယ်တော့မှ
ဝင်ငွေတစ်ခုတည်းပေါ်မှာ မရပ်တည်ပါနဲ့"

ဘယ်တော့မှ ..
ဝင်ငွေတစ်ခုတည်းပေါ်မှာ
မရပ်တည်ပါနဲ့။
အခြားသော ..
ဒုတိယဝင်ငွေ ဝင်နိင်အာင်
ရင်းနှီးထားပါ။

လူတစ်ယောက်ဟာ
ဝင်ငွေတစ်ခုထဲကို ..
ခြေစုံပစ် ရပ်တည်နေရင်
အဲ့ဒီဝင်ငွေ ရပ်တန့်သွားတဲ့နေ့
ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်ရတတ်ပါတယ်။
ဘဝမှာလည်း အားလုံး
ဗြောင်းဆန် သွားတတ်ပါတယ်။

ဒါ့ကြောင့် ..

ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို
အမြဲရှာထားပါ။

❋ ပိုက်ဆံသုံးရာတွင်

သင့်မှာ မလိုအပ်တဲ့ပစ္စည်းတွေ
ဝယ်ပါများရင် ..
သင့်မှာ လိုအပ်တဲ့ ပစ္စည်းတွေ
စွန့်လွှတ်ရတတ်တယ်။

တစ်ချိ့ုတွေက လူသာ မချမ်းသာတာပါ။
ကိုင်တဲ့ အသုံးအဆောင်တွေကတော့
အပျံစားတွေ ချည်းပါပဲ။
ရေရှည်ကို မကြည့်ပဲ ..
ရေတိုပဲ ကြည့်တတ်တဲ့ သူမျိုးတွေပါ။

သူများလုပ်တာ လိုက်လုပ်ချင်တယ်။
ဒါပေမယ့်... သူများလို
သူမချမ်းသာသေးဘူး ဆိုတာကို
မေ့နေတတ်ကြပါတယ်။

ကိုယ်က မချမ်းသာသေးချိန်မှာ
ချမ်းသာတဲ့သူတွေနဲ့...
iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။
သင်ပဲရှုံးသွား ပါလိမ့်မယ်။

မလိုတာတွေ ဝယ်နေတဲ့အတွက် ..
လိုတဲ့အခါ သုံးစရာမရှိ ဖြစ်တတ်ပါတယ်။

❋ ပိုက်ဆံစုရာတွင်

သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။
စုပြီးလို့ ပိုတာကို သုံးပါ။

သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့
ဒီတစ်သက် ..
သင်စုဖြစ်ဖို့မလွယ်လောက်ပါဘူး။

ပိုက်ဆံဝင်လာရင် ..
အရင်ဆုံး သင်စဉ်းစားရမှာက
ဘယ်လောက်စုမလဲ ဆိုတာပါပဲ။
ပြီးမှ ပိုတာကိုသုံးပါ။

စုဆိုတာကလည်း ..
တစ်သက်လုံး စုဘူးထဲမှာ
အဲ့ဒီိပိုက်ဆံကို ထားဖို့
ပြောတာ မဟုတ်ပါဘူး။
သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ
အသုံးချဖို့ပါ။

သင့်ရဲ့ တန်ဖိုးမြင့်ဖို့..
သင့် အရည်အချင်းတွေကို မြှင့်တင်ရပါမယ်။
အဲ့ဒီလိုလုပ်ဖို့သင်တန်းတွေ တက်ရပါမယ်။
စာအုပ်တွေဖတ်ရပါမယ်။
အဲ့ဒီအတွက် သင့်မှာ ပိုက်ဆံလိုပါတယ်။
အဲ့ဒီိစုငွေတွေကို သုံးနိုင်ပါတယ်။

❋ စွန့်စားရာတွင်

ရေအတိမ်အနက်ကို ..
ခြေ ၂ ချောင်းလုံးချပြီး မစမ်းပါနဲ့။

မစွန့်စားနဲ့လို့ပြောတာ မဟုတ်ပါဘူး။
မစွန့်စားပဲနဲ့လည်း မအောင်မြင်နိုင်ပါဘူး။
ဒါပေမယ့် စွန့်စားရာမှာတော့
ပါးနပ်ဖို့လိုပါတယ်။

အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို
ရှိသမျှ ပိုက်ဆံတွေ ..
ပုံအောလိုက်တာမျိုးတော့ မလုပ်ပါနဲ့။

❋ ရင်းနှီးမြှုပ်နှံရာတွင်

ကြက်ဥတွေအားလုံးကို ..
ဘယ်တော့မှ ခြင်းတောင်းတစ်ခုထဲမှာ
စုပြုံမထည့်ထားပါနဲ့။

အရင်းအနှီးလုပ်ပြီဆိုရင်လည်း
ရှိသမျှ ပိုက်ဆံတွေ အားလုံးကို
တစ်နေရာထဲမှာ စုပြုံ မရင်းနှီးပါနဲ့။

လုပ်ငန်းဆိုတာ... မြတ်နိုင်သလို
ရှုံးလည်း ရှုံးနိုင်ပါတယ်။

အားလုံးကို တစ်နေရာတည်း
စုပြုံရင်းနှီးထားရင်... ရှုံးတဲ့အခါ
တစ်ပြားမှမကျန် ဖြစ်သွားပါလိမ့်မယ်။

❋ မျှော်လင့်ရာတွင်

ရိုးသားခြင်းဆိုတာ ရှားပါးစျေးကြီးတဲ့
လက်ဆောင်မွန် တစ်ခုပါ။
ဒါ့ကြောင့် ခပ်ပေါပေါ လူတွေဆီက
မမျှော်လင့်ပါနဲ့။

သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့
ဘယ်တော့မှ ..
အသေအချာ တွက်မထားပါနဲ့။

ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ
တော်တော်ကို ရှားပါးတဲ့ အရာပါ။

ဒါ့ကြောင့် ရူးရူး မိုက်မိုက်နဲ့
ဒီတန်ဖိုးကြီးပစ္စည်းကို ..
လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။

-Warren Buffet စကားမှားကို ကိုးကား၍
မိုးရှင်း (I.M.T) ဖြည့်စွက်ရေးသားသည်။
Naylinn

29/05/2021

ချွေးပေါက်ကျယ်ရတဲ့ အကြောင်းရင်းလေး သိပြီးကြပြီလား

၁. သေသေချာချာ သန့်ရှင်းရေး မလုပ်နိုင်လို့
တခ်ျု့တွေမှာ မျက်နှာသစ်ဆေးတော့ သုံးပါရဲ့ အသားရေရဲ့ အတွင်းထဲထိ သန့်ရှင်းပေးနိုင်ခြင်းမရှိတာကြောင့် ချွေးပေါက်တွေကျယ်လာတတ်တယ်။

၂. ဆားဝက်ခြံတွေ အညစ်ကြေးတွေ မွှေးညင်းပေါက်လေးတွေထဲ ကျန်ခဲ့တဲ့အခါမျိုးမှာ ချွေးပေါ်လေးတွေလည်း တဖြည်းဖြည်းအရွယ်စားချဲ့လာရတာကြောင့်ပဲ .. ဒီတော့ ဆားဝက်ခြံတွေလဲ သတိထားဖို့လိုမယ်နော်

၃. နေရောင်ခြည်ကိုတိုက်ရိုက်ထိတွေ့တဲ့ အသားရေတွေမှာ UV Rays ကြောင့် အရေပြားတွေ ထူလာမယ် ... လျော့တိလျော့ရဲဖြစ်လာမယ် .. အဲ့ဒါတွေကြောင့် ချွေးပေါက်တွေလဲ ကျယ်လာနိုင်ပါတယ်

၄. မိမိအသားရေနဲ့ မတည့်တဲ့ မိတ်ကပ်အလှပြင်ပစ္စည်းများ အသုံးပြုခြင်း

၅. အသားရေအောက်ဆုံးလွှာက အဆီတွေအများကြီး ထုတ်လွှတ်လိုက်တဲ့အခါ ချွေးပေါက်လေးတွေက အဲ့အဆီညစ်တွေကို စွန့်ထုတ်ဖို့ ချွေးပေါက်လေးတွေ ချဲ့ပေးရင်းကနေကျယ်လာနိုင်တယ် .. အဆီပြန်တဲ့သူတွေ ကြည့်လိုက် ချွေးပေါက် အကျယ်ကြီး ပိုင်ဆိုင်ထားကြတယ်😞

ကဲ ... ဒီကနေ ဗဟုသုတလေးတွေ ရပြီး သတိထားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ....

ကိုယ်ချစ်တဲ့ သူငယ်ချင်းလေးတွေကိုလည်း မျှဝေကြဖို့မမေ့နဲ့နော် 😘😘😘

အခြားသိချင်တဲ့ အကြောင်းရာလေးရှိရင် Comment မှာ ချန်ထားခဲ့ပါနော် (သိသလောက် မှတ်သလောက်လေး မျှဝေပေးသွားပါမယ်)

#အားလုံးအလှတိုးကြပါစေ

28/05/2021

#ကိုယ့်အသည်းတွေကိုလှစေချင်လို့ ရှာပေးထားတယ်😍😍

1.စိုပြေလှပသော မျက်နှာအသားအရေလေး ရရှိစေရန် ပေါင်းတင်နည်း

ခရမ်းချဉ်သီး (၁)လုံး + နွားနို့ (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။ အိပ်ရာ မ၀င်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။

2.

20/05/2021

လူရယ်လို့ဖြစ်လာရင်!

သင့်ကို အားကျတဲ့လူ ရှိသလို .......... ချစ်တဲ့ လူ လည်းရှိမယ်။
မုန်းတဲ့ လူလည်း ရှိမယ်။

သင့်ကို မနာလိုတဲ့ လူ ရှိသလို .........
ချီးမွမ်းမယ့် သူလည်း ရှိမယ်။
အထင်သေးတဲ့ လူလည်း ရှိမယ်။

ဒါဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။

သင်ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ် နာခံကြိုးစားကြိုးစား
လူတိုင်းကို ကျေနပ်အောင်တော့
သင် မစွမ်းဆောင်နိူုင်ပါဘူး။

ဒါကြောင့်မို့လို့သူများ အကြိုက်ကို
လိုက်လုပ်ပြီး သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို
လုံးဝ အထိခိုက် မခံပါနဲ့။

သင့်ခံယူချက်အပေါ် သင်ကာကွယ် သင့်ပါတယ်။

သိထားဖို့က….....။

သူများ ပါးစပ်ဖျားပေါ်က ” သင် ” ဟာ
ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ….....။
မျက်စိချင်း တူသော်ငြားလည်း .......
အမြင်ချင်း မတူပါဘူး။

နား ချင်း တူသော်ငြားလည်း .......
ကြားပုံချင်း မတူပါဘူး

ပါးစပ်ချင်း တူသော်ငြားလည်း .......
ပြောဆိုပုံချင်း မတူပါဘူး။

ဦးနောက်ချင်း တူသော်ငြားလည်း .......
အယူအဆချင်း မတူနိုင်ပါဘူး။

လူချင်း တူသော်ငြားလည်း .......
အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။

ဒီအတွက်ကြောင့်….....။
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန် .......
နားလည်တဲ့ လူနဲ့ တွေ့ဦးမှ။

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် .......
ကျေးဇူးတင်တတ်တဲ့ လူနဲ့ တိုးဦးမှ။

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား .......
ယုံကြည်မှုရှိတဲ့ လူနဲ့ ဆုံဦးမှ။

သင်ဘယ်လောက်ပဲ နှိမ့်ချနှိမ့်ချ .......
တန်ဖိုးထားတတ်တဲ့ လူနဲ့ ကြုံဦးမှ။

နောက်ဆုံးတော့….....။
သိတာလည်း အားလုံးမပြောနဲ့။
မြင်တာလည်း အားလုံးမယုံနဲ့။
သင့်ကို လူတွေဘယ်လောက် ချစ်တယ် ခင်တယ်ပဲ ဆိုဆို သူတို့နဲ့
အဆင်မပြေတဲ့ အချိန်မှာ သင်ဟာ သူတို့ရဲ့ ရှုံ့ချဝေဖန်မှုတွေနဲ့
ရင်ဆိုင်ရလိမ့်မယ်။

ဒါ့ကြောင့် .......။
သင့်အလုပ်ကိုသာ သင် ဆက်လုပ်ပါ။
သင့် အနာဂတ်သည် .......
သင်ကိုယ်တိုင်ပင်ဖြစ်သည်။

အားလုံးကို ကျေးဇူးးတင်ပါတယ်။
စေတနာ မေတ္တာဖြင့်..........။
Crd

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

Mandalay