Htet Htet Yoon

Htet Htet Yoon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Htet Yoon, Mandalay.

Photos from Htet Htet Yoon's post 04/03/2024

သိပ်ချစ်မိသွားတဲ့အခါ
မာနတွေထားဖို့ မေ့သွားခဲ့တယ်

😌😌😌

20/11/2023

သူများနဲ့ယှဉ်ပြီးသိမ်ငယ်နေစရာ
မလိုဘူး
လူဆိုတာကိုယ့်တန်ဖိုးနဲ့ကိုယ် အရာရာလှနေပီးသား💜

30/10/2023

သာလည်း မပေါင်းဘူး
ညာလည်း မပေါင်းဘူး
စိတ်မပါရင် အရောကိုမဝင်တာ
ရှင်းရှင်းပဲ 🙂

01/10/2023

မှီခိုတဲ့ ...
တစ်စုံတစ်ယောက်အပေါ်
မှီခိုနေရခြင်းတွေ
တစ်ယောက်ယောက် မျက်နှာကို
ကြည့်ပြီး
ရှင်သန်ရခြင်းတွေက

တစ်ခါတစ်လေ
အသက်ရှူနေရုံလောက်ပဲ
ရှိနေတော့တာပါ ...

တစ်ခါတစ်လေမှာ
ကိုယ် လုပ်နိုင်ခြင်းတွေ
ဆုံးရှုံးရတယ်

တစ်ခါတစ်လေမှာ
ကိုယ့် ဖြစ်တည်ခြင်းတွေ
ပျောက်ဆုံးရတယ် ...

အိပ်မက်တွေ
ပန်းတိုင်တွေ
ရည်မှန်းချက်တွေ
ပြိုလဲပျက်စီးရတာတော့ အခါခါပေါ့ ...

တစ်စုံတစ်ယောက်ရှိလာမယ်ဆိုရင်တောင်လေ
ကျွန်မ ...
ကိုယ့်ခြေထောက်ပေါ်ပဲ
ကိုယ်ရပ်နေချင်တယ် ...

အဲ့ဒီတစ်ယောက်က
ကိုယ့်လမ်းကို ပိတ်ထားမယ့်
လူမျိုးမဟုတ်ပဲ
ကျွန်မနဲ့ လမ်းအတူလျှောက်မယ့်
လူစားမျိုးပဲ ဖြစ်စေချင်တယ်

တချိန်က ...
ပိုင်ဆိုင်ခဲ့ပါတယ်ဆိုတဲ့
အရာအားလုံး ပျောက်ရှခဲ့ပြီးသွားပြီ ...

ဒီရှေ့လျှောက်တော့
ကျွန်မ ...
ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ချင်တယ် ။

#

15/06/2022

Good Night ... လူကြီးလေးရေ ...

တစ်ခါတစ်လေ
မင်းက သိပ်ရင့်ကျက်ချင်ယောင်ဆောင်တတ်တဲ့
လူကြီးလေးတစ်ယောက်နဲ့
တူတယ်လေ ...

နာကျင်နေလဲ မနာကျင်ဟန်ဆောင်တတ်တယ်
ငိုချင်နေလဲ
အဆင်ပြေပါတယ်လို့ ညာတတ်တယ်

အမြဲတမ်း ဟန်ဆောင်နေရတာ
မပင်ပန်းဘူးလားလို့မေးရင်
မျက်ရည် တွေ အတိုးနဲ့ငိုချတော့မှာသိတာပေါ့

မငိုပါနဲ့
ပြီးတော့ ...
မပြိုလိုက်ပါနဲ့

မင်းအနားမှာ
ဘယ်ချိန် လဲပြိုသွားမလဲဆိုပြီး
စောင့်နေတဲ့ လူတွေ အများကြီးရှိတယ်

ငိုရင် ...
ဘာလို့လဲဆိုပြီး
စကားနာ ထိုးကြမယ့်လူတွေရှိတယ်

ရင့်ကျက်ချင်ယောင်ဆောင်ထားတဲ့
လူကြီးလေးရေ ...
ပင်ပန်းနေရောပေါ့

ဒီနေတော့ ...
စောစောလေးနားပါနော်

အိပ်ပျော်အောင်အိပ်ပါ
အိပ်မက်လှလှလေးမက်အောင်အိပ်ပါ

အနားမှာရှိနေပါတယ်ဆိုတဲ့ စကားတွေ
မပြောဖြစ်တာကလွဲရင်
အနားမှာ အမြဲတမ်းရှိနေပေမယ့် လူတစ်ယောက်ရှိတယ်ဆိုတဲ့
အသိလေးနဲ့
ဒီနေ့ တစ်ညတော့ အိပ်ပျော်အောင်အိပ်ပါ ။ .......

14/06/2022

တချို့ကောင်မလေးတွေ သူတို့​ကောင်​လေးကို အရမ်း​ချစ်​​​​​​နေ​​တာကို အပြစ်​မ​​ပြောနဲ့လေ

သူတို့ ကောင်လေး ချစ်ပေး​​​တာ​ကလည်း
သဲသဲလှုပ်ကိုး အသေးအဖွဲ့ကိစ္စလေးတွေက အစ
သူတို့ ကောင်မလေး မျက်နှာတစ်ချက်ငြိုးသွားမှာကို
တွေးပူပေးနေတာ ဆိုတော့လည်း
ဒီလို ကောင်လေးမျိုးကို ဘယ်ကောင်မလေးက
မချစ်ပဲ သဘောမကျပဲနေမှာလဲ

အချစ်ခံရတဲ့သူတိုင်းကတော့ သူတို့ခံစားချက်အတိုင်း ချပြချင်ကြတာ သဘာဝပဲ

''​ကိုယ်နဲ့ သင့်တော်တဲ့လူတစ်ယောက်က အချိန်တန်ရင်ပေါ်လာမှာမလို့ ကိုယ့်အတွက်မဟုတ်တဲ့ လူတစ်ယောက်ကိုအရင်ဆုံးစွန့်လွှတ်နိုင်မှ ကိုယ့်အတွက်ဆိုတဲ့လူကို ရပါလိမ့်မယ်♥︎''

ကျွန်မ သူကိုစွန့်လွှတ်ဖိုအချိန်တန်ပြီးထင်ပါရဲ...😇

11/03/2022

တခုခုဆိုရင် ကိစ္စအသေးကအစ ......

အဆုံးထိ လျှောက်တွေးပြီး

ဝမ်းနည်းတတ်တဲ့ အကျင့်တခု ရှိတယ်😔

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Address

Mandalay