MEL THIDA

MEL THIDA

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MEL THIDA, Mandalay.

09/08/2023

ဒါမျိုး​တွေကို​ရှောင်ပါ​နော်
Photo.credit

24/12/2022

သင်ရဲ့ဆံနွယ်တွေကောင်းချင်ပါသလား?
Hair Dryerသုံးတာကိုရှောင်ကျဥ်ပါ

မရှောင်နိုင်သေးရင်လေအေးနဲ့အသုံးပြုပါရှင့်

23/12/2022

ခေါင်း​လေး​တွေ​သေချာ​လျှော်ကြမယ်
Credit..video

Photos from MEL THIDA's post 03/08/2021

ကူးယူဖေါ်ပြ

အောက်စီဂျင် က အဖြေမဟုတ်ပါဘူး။

၁။ ကိုယ်သိသလောက် အောက်စီဂျင်ရှူရတဲ့သူ တော်တော်များများ သေသွားကြပါပြီ။

၂။ အောက်စီဂျင် ရှူပြီး ပြန်ကောင်းလာတဲ့သူ များများစားစားမတွေ့ပါ။

၃။ အဲ့တော့ အောက်စီဂျင် ထက်အရေးကြီးတာတွေကို ပိုအာရုံစိုက်ကြပါ။

၄။ အသက်ရှု ကြပ်စေတာက
👉ချွဲ သလိပ်ကပ်ခြင်း
👉နှာစီး နှာပိတ်ခြင်း
👉ချောင်းဆိုး ရင်ကြပ်ခြင်းတွေပါ။

ဒါတွေ အဖြစ်မခံပါနဲ့
ချွဲပျော်ဆေး
နှာစီး နှာပိတ်ပျောက်ဆေး
ရင်ကြပ်ပျောက်ဆေး တွေ
အချိန်မှီသောက်ပါ။

Vitamin C ကြိုသောက်ခြင်းက နှာစီးနှာပိတ်ကို ကာကွယ်တာပါ။

အားရှိအောင်စားပါ။

အဆီအဆိမ့်ရှောင်ပါ။

ရေနွေးပူပူသောက်ပါ။

👉ဘာဖြစ်ဖြစ် ဖြစ်တာနဲ့ ကုပါ။

👉ခေါင်းကိုက်လား ဖျားလား ပါရာစီ‌တမော့ ပြေးသောက်ပါ။

👉အသက်ရှူကြပ်ချင်နေပြီလား
အသက်ရှူလေ့ကျင်ခန်း ကြိုးစားလုပ်ပါ။

👉ချောင်းဆိုး ချွဲကြပ် ချင်နေပြီလား
ချောင်းဆိုးပျောက်ဆေး or ဂျင်းပြုတ် မြန်မြန်သောက်ပါ။

💪ရောဂါ ကူးစပ်ခံရပြီလို့ ထင်တာနဲ့
မိမိကိုယ်ကို သတိနဲ့နေပါ။

👎ရောဂါဆိုးလာမှ အောက်စီဂျင် ပြေးမရှာပါနဲ့။

👎အောက်စီဂျင်က အဖြေမဟုတ်ပါဘူး။

🥵အရေးပေါ် အဆင့်ဖြစ်ပါတယ်။
ဆောင်ထားတာတော့ မမှားပေမယ့် သူက
အဖြေမဟုတ်ပါဘူး။

👉နေ့စဉ်ဘဝ မှာ ခပ်ခွာခွာ ပြန်နေကြပါ။

👉လက်ဆေးပါ။

😷Mask တပ်ပါ။

💦ပိုးသတ်ဆေး ဖြန်းပါ။

ကျန်းမာအောင်နေကြပါ။

မှတ်ချက်။ ။ ကူးစပ်ခံရပြီး ၃၊ ၄ ၊ ၅၊ ၆၊ ၇ ရက်တွေမှာ အထူးဂရု စိုက်ကြပါ။ အသက်ရှူရခက်လာ နိုင်ပါတယ်။ သတိထား ကြိုးစား ရှူကြပါ။

02/08/2021

မှန်ကန်သောခေါင်းလျှော်ခြင်း

-ခေါင်းလျှော်ရာမှာ ရေပန်းနဲ့ဖြစ်စေ ၊ ရေခွက်နဲ့ဖြစ်စေ ဆံပင်ပေါ်မှာ ရေလောင်းတဲ့နည်းဟာ အကောင်းဆုံးပါပဲ။

-ခေါင်းလျှော်ရည်ကို အမြှပ်ထွက်အောင်လျှော်ပါ ။ ဒီဆပ်ပြာအမြှပ်က ဆံပင်မှာ တွယ်ကပ်နေတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကိုဖယ်ရှားပေးမှာ ဖြစ်ပါတယ် ။ ဆပ်ပြာအမြှပ်နဲ့ ဦးရေ ပြားကို အသာအယာနှိပ်နယ်ပေးပါ ။

-လက်သည်းအရှည်ကြီးများနဲ့ ဦးရေ ပြားဆံပင်သားကို ကုတ်ခြစ်ပြီးလျှော်ခြင်းမျိုးကို ရှောင်ပါ ။ ဆံပင်သားများ လုံထွေးခြင်းနှင့်အတူ ပြတ်ထွက်၊ ကျွတ်ထွက်ခြင်းများ ဖြစ်စေလို့ပါ ။

-ခေါင်းလျှော်ရာမှာ ဆံပင်သားကို ပွတ်ချေတာမျိုးမလုပ်ပဲ ဦးရေ ပြားကို အသာအယာ နှိပ်နယ်ပြီး ဆံပင် အရင်းမှ အဖျား အထိ ဆပ်ပြာအမြှပ်ဖြင့် နေရာနှံ့အောင် လက်ဖြင့် ပွတ်သပ်ပေး ရုံဖြင့်ရပါတယ်။

-ရေနဲ့ဆေးချတဲ့အခါမှာတော့ ဆပ်ပြာအမြှပ်များ ကုန်စင်အောင်လျှော်ပေးပါ ။ ဆပ်ပြာရည်မစင်တဲ့အခါ ခေါင်းလျှော်ရည်တွင်ပါ၀င်သည့် ဓာတုဆေးများ က ဆံသားကို ပျက်ဆီးစေလို့ပါ ။

-ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း မျက်နှာသုတ်ပဝါနဲ့ ခပ်ကြမ်းကြမ်းမသုတ်ပဲ ဆံပင်မှရေများကို အသာအယာညှစ်လိုက်ပြီး ငါးမိနစ်ခန့်မျက်နှာသုတ်ပဝါဖြင့်ပတ်ထားပေးပါ။ ။

THIDA

Credit

27/07/2021

medical field ကမဟုတ်သော မိတ်ဆွေများအတွက်ပါ
~~~~~~~~~~~~~~~~~~~~~~~~~~~
❌Hair dryer ကနေ oxygen ရပြီး ရှူလို့ရတယ်ဆိုတာ မဟုတ်ပါ။

❌ရင်ကြပ်ရင် ရှူလို့ရတဲ့စက် (Nebulizer) နဲ့ အရေးပေါ် oxygen ရှူလို့ရတယ်ဆိုတာ မဟုတ်ပါ။

❌Covid ကရေနဲ့မတည့်ဘူးဆိုတာ မဟုတ်ပါ။ ရေချိုးလို့ရပါတယ် (oxygen ကျနေချိန် /ရောဂါပြင်းနေချိန်/နောက်ဆက်တွဲဖြစ်နေချိန်မှာတော့ ထပြီးလှုပ်ရှားရင် ဒုက္ခရောက်နိုင်ပါတယ် မလှုပ်ရှားသင့်တဲ့ အချိန်ဖြစ်နေရင် ရေပတ်တိုက်ပေးပါ)။

❌ကိုယ်မသိသော ( ပါဝင်ပစ္စည်းကို အဂ်လိပ်လိုရေးမထားသော ) တခြားနိုင်ငံမှဆေးများ အလွယ်မသောက်သင့်ပါ။

❌ကိုယ်မမြင်ဖူးသော အမြစ်အဖုများ/အပင်များ ကျိုချက်သောက်သုံးရန်မသင့်ပါ။

❌ဝက်သားရှောင်ပါ မျှစ်နဲ့မတည့်ပါ စတာတွေ မဟုတ်ပါ။

❌အသုပ်စုံစားပါ ငပိရည်စားပါဆိုတာတွေ မမှန်ပါ အသုပ်စုံ အစပ် များသည် အခန့်မသင့်ပါက ဝမ်းလျောစေနိုင်ပါသည်
Covid 19 ကိုယ်တိုင်ကြောင့်လည်း ဝမ်းလျောစေနိုင်သဖြင့် မစားသင့်ပါ။

✔ လုပ်သင့်သောအရာများ
~~~~~~~~~~~~~~~~~
✔ ဘာကြောင့်ဖျားဖျား/ ချောင်းဆိုး/မောမော Covid ဟုသာသံသယထားမှတ်ယူပါ။

✔ အိမ်သားများနှင့် ဝေးစွာနေပါ mask တပ်ထားပါ။

✔ စတင်သောရက်ကို မှတ်ထားပါ နေ့စဉ်ဖြစ်သော လက္ခဏာကို ဆန်းစစ်ပါ။

✔ ကိုယ် တိုင်ပင်ဆွေးနွေးနိုင်မည့် ဆရာဝန်ကို ရှာဖွေပါ ဆက်သွယ်ပါ( ရောဂါအခံရှိပါက အကုန်ပြောပြထားပါ)။

✔ ဆရာဝန်ညွှန်ကြားချက်အတိုင်း စစ်ဆေးရန်လိုသည်များကို စစ်ဆေးပါ (သွေးဖောက်ခြင်း ဓါတ်မှန်ရိုက်ခြင်း)။

✔ oxygen အိမ်တွင်မရှိပါက ရနိုင်မည့်နေရာများကို ဆက်သွယ်ထားပါ။

✔ လက္ခဏာစပြသည်မှစပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ oximeter ဖြင့်တိုင်းပါ ။ မှောက်အိပ်ပါ။ ( မှောက်အိပ်ခြင်း = proning)

✔သန့်ရှင်းလတ်ဆတ်သော အာဟာရပြည့်ဝသော အစာများများစားပါ ရေများများသောက်ပါ အနားယူပါ အိပ်ရေးဝဝအိပ်ပါ။

✔ လက်ရှိသောက်နေသော အားဆေးများအပြင် ဆရာဝန်ညွှန်ကြားသောဆေးများ သောက်ပါ(မိမိသဘောဖြင့် မသောက်ရပါ)။

✔ ရောဂါ အတိုးအလျော့အား ဆရာဝန်ထံလိုအပ်သလို ပြောကြားရန်လိုပါသည်။

✔ လိုအပ်ပါက oxygen ရှူခြင်း ထိုးဆေးထိုးရန်လိုအပ်ခြင်း ဆေးရုံတက်ကုသရန်လိုအပ်ခြင်းများကိုဆရာဝန်မှ ညွှန်ကြားပေးပါလိမ့်မည်။

to original uploader

04/07/2021

Mask N95 ကို ၃ နာရီ ဆက်တိုက် မတပ်ပါနှင့်..
၃ နာရီ ကျော် လျှင် ဘေးကင်းတဲ့နေရာမှာ
နာရီဝက်ခန့် Mask ဖွင့်ပြီး
နားပါ............

အဘယ်ကြောင့်ဆိုသော်
၃ နာရီကျော် ဆက်တိုက် တပ် ထားလျှင်
သွေးထဲမှာ အောက်စီဂျင် နည်းပြီး
အက်စစ်ဓာတ် ဖြစ်ပေါ်လာပါသည်.....

အဲ့လိုဖြစ်လာလျှင် မူးဝေ လာတတ်ပါသည်.....

၃ ထပ်ပါ အပြာအစိမ်း Mask တွေသည်
၄ နာရီ တစ်ကြိမ်...

ပိတ်စ နှင့် ပြုလုပ်ထားသော
Mask သည် ၄ နာရီ တစ်ကြိမ် ဖွင့်ပြီး
ဘေးကင်းသောနေရာတွင်
အသက်ရူ ရပါသည်......

သွေးထဲအောက်စီဂျင် နည်းပြီ အက်စစ်ဓာတ် ဖြစ်ပေါ်ပြီ
အသက်ရူမဝဘဲ သေတတ်သည် ။
Credit

05/06/2021

ဆံပင်ထိန်းသိမ်းနည်း
(ဗဟုသုတဖြစ်အောင် တင်ပေးလိုက်ပါတယ်ရှင့်)

မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ်။ ဆံသား လှပဖို့ အတွက် သင့်အနေ နဲ့ ဆံသား ကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်းစောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။

၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ဖြီး ပေးပါ။

၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်၂ နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြု ပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ ခေါင်း လျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အ သုံးပြုပါ။

၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေ၃ ပြီး ဆံပင်တွေ ပြတ်စေပါတယ်။

၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအ တိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာ ကြောင့်ပါ။

၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှ ရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင် ရှားပါ။

၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံ လောက်ပါက ဖြည့်စွက်သောက်သုံးပါ။

၇။ဆံပင်ကောက်ပြီးတဲ့အခါ ဘရပ်ရှ် နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲ ညင်သာစွာ ဖြီးပါ။

၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ် ကျပ် စည်းနှောင်တာကိုလည်း ရှောင် ရှားပါ။

၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြု သင့်ပါ။

၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံ သားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။

၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

၁၂။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ။

၁၃။ဗီတာမင် ဘီ၊ စီ၊ အီး ကြွယ်​ဝတဲ့ အစားအစာတွေကို စားသုံးပါ။

၁၄။သင်စားတဲ့အစားအသောက်ထဲ မှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင် အောင် စားပေးပါ။

၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။
Credit

01/06/2021

" အယူမှားပြီဆိုရင် "
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

အယူမှားပြီဆိုရင်
ဒုက္ခဖြစ်နေတာတောင်
အမှန်တရားပါလို့ ခံယူကြပါတယ်။

အယူမှားပြီဆိုရင်
အင်မတန် အရုပ်ဆိုးသွားတာတောင်
အလှအပတစ်ခုလို့ ခံယူကြပါတယ်။

အယူမှားပြီဆိုရင်
အမှန်ပြောသူတွေကို
ရန်သူလို့ ခံယူကြပါတယ်။

အယူမှားပြီဆိုရင်
အမှားလုပ်ရတာကို
ပျော်စရာလို့ ခံယူကြပါတယ်။

အယူမှားသူတို့သည်
အမှားကို အမှန်မြင်တတ်ကြလေသောကြောင့်
သံသရာခရီးအတွက် အေးချမ်းမှုဝေးရာ၏။
Crd. အရှင်ပညိန္ဒ ရမည်းသင်း

အရှင်ဝိသုတ (ရေစကြို)
copyright
via.sein linn hza.

24/05/2021

ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာ၀န်ကြီးရေးထားတဲ့

ရေချိုးခန်းထဲက လူသတ်သမား

ဆပ်ပြာ... ခေါင်းလျှော်ရည်...
သွားတိုက်ဆေး ...စတာတွေမှာ
( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ်..

SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက်စေတဲ့အပြင် အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ..

SLS ဟာ အဆီ ကြေးညှော်တွေ သန့်စင်ရုံမက အရေပြားထဲက အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့ တကယ်တမ်းကျတော့ အမြှုပ်ထွက်တိုင်း
မကောင်းပါဘူး.. သိပ် အန္တရာယ်ကြီးလှပါတယ်..

ဒါ့ပြင် အခန့်မသင့်ရင်
အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်...

ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့ မျိုးမအောင်တာ
ဖြစ်နိုင်တယ်လို့ ဆိုပါတယ်..

ဒီ SLS က ခန္ဓာကိုယ်ထဲ ၀ငျသှားပွီးရငျ ပြန်မထွက်တော့ပါဘူး..

ဒါ့ကြောင့် SLS ကို ရေချိုးခန်းထဲက လူသတ်သမား
( Killer in Bathroom) လို့ ခေါ်ကြပါတယ်..

ဒ့ါကြောင့် အခုနောက်ပိုင်း ဆပ်ပြာသွားတိုက်ဆေးခေါင်းလျှော်ရည်.. အလှပြင်ပစ္စည်း စတာတွေမှာ ဆိုတဲ့ အာမခံစာတမ်းကို သုံးစွဲသူတွေ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချစွာ
အသုံးပြု ၀ယျယူနိုငျစဖေို့
ရေးထည့်ထားပေးကြပါတယ်..

မိမိသုံးမယ့် အသုံးအဆောင်ထဲက ဟာမိမိအတွက် ဘယ်ရွေ့ဘယ်မျှ အန္တရာယ်ရှိနေတယ်ဆိုတာ သိထားပြီးတဲ့နောက် ၀ယျသုံးရတော့မယျဆိုရငျ ဆိုတဲ့ စာတမ်းလေးများ တွေ့လိုတွေ့ငြား သတိထားကြပါ

Credit

11/01/2021

ဆံပင်ကျွတ်သက်သာအောင် ဆံသားထိန်းသိမ်းနည်း (၆)မျိုး
-----
ဆံပင်တွေ မကြာခဏအဆီပြန်ခြင်း၊ ညစ်ပတ်ခြင်းတို့ကြောင့် စိတ်ပျက်ရပါတယ်။
ဒီတော့ ဆံပင်ကိုခဏခဏလျှော်ချင်လာကြပါတယ်။ ခေါင်းခဏခဏလျှော်ရင်
ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်းနဲ့ အခြားဆံသားပြဿနာတွေ
ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်သက်သာစေမယ့် ခေါင်းလျှော်နည်း (၆)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ရေနွေးနွေးလေး သုံးပေးပါ

ပုံမှန်သုံးနေကြ ရိုးရိုးရေတွေက သင့်ရဲ့ဆံပင်စတိုင်လ်ကိုပျက်စီးစေပါတယ်။
ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပေးခြင်းက နောက်နေ့တွေထိ သင့်ရဲ့ဆံပင်တွေကို
သန့်ရှင်းနေစေပါတယ်။ ရေအပူချိန်ဟာ 38°С လောက်ရှိသင့်ပါတယ်။

၂။ ဆံပင်ဖျန်းဆေးရဲ့ကောင်းကျိုး

ဆံလုံးသေးသူနဲ့ ဆံသားပျက်စီးလွယ်သူတွေအတွက် အာရဖြည့်ထုတ်ကုန်တွေဟာ
အသုံးမတတ်ရင် ပျက်စီးလွယ်စေပါတယ်။ ခေါင်းလိမ်းဆီဆိုလည်း တစ်ပတ်ကို
နှစ်ခါလောက်ပဲ အသုံးပြုပေးသင့်ပါတယ်။ စပရေးဖျန်းချင်တဲ့အခါဆိုလည်း
လိုအပ်တဲ့ပမာဏအနည်းငယ်လောက်ကိုသာ အသုံးပြုပေးပါ။

၃။ ဘီးကိုသာအသုံးပြုရန်

သင်ဟာ ဆံပင်ကိုဘရက်ရ်ှနဲ့မကြာခဏ ဖြီးနေတတ်သူဆိုရင် ဆံပင်ကျွတ်
သက်သာအောင် ဘီးကိုပဲအသုံးပြုပေးသင့်ပါတယ်။ ဘရက်ရ်ှဘီးနဲ့ ဖြီးပေးခြင်းဟာ
ဆံပင်ကို ညစ်ပတ်မြန်စေပြီး ဆံသားတွေကို တအားကျွတ်စေပါတယ်။
ဘီးနဲ့ဖြီးတဲ့အခါ သင့်ရဲ့ဦးရေပြားကို ဖိပြီးမဖြီးမိအောင် သတိထားပါ။

၄။ သဘာဝကျတဲ့ စတိုင်လ်

ဆံပင်နဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကတော့ ထွက်နေတာပဲ။ ကိုယ့်ဆံပင်နဲ့
မကိုက်ညီရင်လည်း ဘာမှလုပ်လို့မရဘူး။ဆံသားတင်းတင်းကျပ်ကျပ် စည်းပါများတဲ့အခါ
ဘေးခွဲ အလယ်ခွဲ ခွဲပါများသောအခါ
နဖူးခွဲကြောင်းလိုက်ပြီဆံပင်တွေကျဲသွားတာ တတ်တယ်။(Twenty-9 Shampooက သုံးပြီနှစ်ပတ်လောက်နဲ့ baby hairလေးတွေ ပြန်ထွက်လာပါလိမ့်မယ်
ဆံပင်ကျွတ်လို့🤷‍♀️🤷‍♂️ နဖူးပြောင်မှာ ထိပ်ပြောင်မှာ မဆိုးရိမ်ရတော့ဘူးနော် မှာယူချင်ပါ Cb or 09798493625 ကိုဆက်သွယ်မှာယူလို့ရပါတယ်နော်)

၅။ ဆံသားနဲ့အဆင်ပြေစေမယ့် ခေါင်းလျှော်ရည်အသုံးပြု

ကိုယ့်ဆံသားဟာ ခြောက်သွေ့လား၊ အဆီထွက်များလား ၊ ပုံမှန်ဆံသားပဲလား
ဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကိုယ်ဆံပင်နဲ့မတည့်တဲ့ ခေါင်းလျှော်ရည်ကို
သုံးမိရင် ညစ်ပတ်လွယ်စေပြီး ဆံသားကိုလည်းထိခိုက်ပျက်စီးလွယ်စေပါတယ်။

၆။ ဆံပင်ဖြောင့်စက်တွေ သုံးတဲ့အခါ

ဆံပင်ဖြောင့်စက်( သို့) ကောက်စက်သုံးတဲ့အခါ အနိမ့်ဆုံးအပူချိန်ပဲပေးပြီး
ဆံပင်ကိုဖြောင့်/ ကောက်ပေးပါ။ မဟုတ်ရင် အလွန်ပြင်းတဲ့အပူရှိန်ကြောင့်

07/01/2021

ဆံသားကျွတ်တာတွေသက်သာဖို့ခေါက်ဆွဲပြုတ်စားတာတွေလျော့လိုက်ပါစို့

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay